ရွာ့အလှူမြင်ကွင်း တစွန်းတစ

ဒီနေ့မနက် ၃း၃ဝ ကတည်းက နိုးနေတယ်။ (နိဗ္ဗာန်ဆော် ဘကြီးပု ရွာထဲကနေ နှိုးဆော်လို့ ထင်တယ်။) 😀 အလှူအတွက် ယူသွားဖို့ လှူဖွယ်ပစ္စည်းတွေ၊ လမ်းမှာ စားဖို့သုံးဖို့ ပစ္စည်းတွေ စုထားလို့ ကားသမားကို မနက် ၅း၃ဝ အိမ်မှာလာခေါ်ဖို့ မှာထားပါတယ်။ စုရပ် ၁ (မြေနီကုန်း ဒဂုံစင်တာ ၂) ကနေ ၆းဝဝ နာရီ စထွက်နိုင်ဖို့ ကြိုခေါ်ထားကာမှ ကားက ဘီးလဲနေလို့ဆိုပြီး အချိန်မီ ရောက်မလာပါဘူး။ လူအများနဲ့ သွားတဲ့ခရီးလည်း ဖြစ်ပြန်၊ အသွားအပြန်အတွက် အချိန်ကို မှန်းဆပြီး တွက်ထားတာလည်းဖြစ်လု့ိ အချိန်နောက်ကျမှာကို စိုးရိမ်မိပါတယ်။ အဲဒါကြောင့် ကားကို အိမ်ကစောင့်ပြီး ပစ္စည်းတင်မယ့် အစီအစဉ်ကို ဖျက်ပြီး အချိန်ကုန်သက်သာအောင် စုရပ် ၁ ကိုပဲ … Continue reading ရွာ့အလှူမြင်ကွင်း တစွန်းတစ