ဆေးဖက်ဝင်အသီးအနှံများအနက် ထောပတ်သီးအကြောင်း

zaylayJune 22, 20101min771

ဆေးဖက်ဝင်အသီးအနှံများအနက် ထောပတ်သီးအကြောင်း PDF Print E-mail
ထောပတ်သီး
(က) သရုပ်ဖော်ခြင်း
ထောပတ်သီးသည် ကြီးမားသော အသားပြည့်သည့် ပဲပုံသဏ္ဍာန် ဘယ်ရီသီးမျိုးဖြစ်သည်။ ၎င်းအပြင် တစ်ခုတည်းသော ကြီးမားသည့် အစေ့ပါရှိကာ ယင်းအစေ့ကို ထောပတ်လို သဏ္ဍာန်တူသော

အသားနှင့် မာသော အခွံများက ဝန်းရံထားသည်။ အသီးသည် စိမ်းဝါရောင်မှ နီညိုရောင်၊ ခရမ်းရောင်ရှိသည်။ ထောပတ်သီးပင်သည် အမြဲစိမ်းသစ်တောတွင် ပေါက်ရောက်သောအပင်ဖြစ်သည်။

အမြစ်မှာ ခပ်နက်နက်တွင် မရှိပဲ၊ မြင်သာသော အမွှေးအမှင်လည်း မရှိကြပေ။

(ခ) မူးရင်းဇာတိနှင့် ပြန့်နှံ့မှု
ထောပတ်သီးပင်သည် ဗဟို အမေရိကတိုက်တွင် စတင်ပေါက်ဖွားသည်။ ရှေးဦး စပိန်စူးစမ်းရှာဖွေသူများက ၎င်းအပင်များ စိုက်ပျိုးမှုကို မက္ကဆီကိုမှ ပီရူးအထိကြောင်း မှတ်တမ်းတင်ခဲ့သည်။ ၁၆၁၀

ခုနှစ်တွင် ထောပတ်သီးကို တောင်ပိုင်းစပိန်သို့ ယူဆောင်ခဲ့သည်။ ၁၇၈ဝ ခုနှစ်တွင် ထောပတ်သီးကို မောရစ်သျှကျွန်းတွင် စတင်မိတ်ဆက်ခဲ့ပြီး ၁၉ ရာစု အလယ်ပိုင်းတွင် အာရှတိုက်တွင် ပျံ့နှံ့သွား

သည်။ ယခုအခါ ထောပတ်သီးကို အပူပိုင်းဒေသနှင့် အောက်ပိုင်းအပူပိုင်းဒေသနိုင်ငံများတွင် စိုက်ပျိုးကြရာတောင်အာဖရိကနှင့် ဩစတြေးလျနိုင်ငံတို့ ပါဝင်ကြသည်။

(ဂ) အစားစာတန်ဖိုး
ထောပတ်သီးသည် သံလွင်သီးများမှလွဲ၍ အခြားသီးများထက် အဆီဓာတ်ပိုမိုပါဝင်သည်။ ၎င်းတွင်ပါဝင်သော အဆီမှာ အမြင့်မားဆုံးအရည်အသွေးရှိသည်။ အဆိုပါ အဆီတွင် မနှစ်မြို့စရာ ဗျူတိုင်

ရစ်အက်ဆစ် (Butyric) မပါခြင်းဖြစ်သည်။ အဆီအများစုမှာ ဗျူတိုင်ရစ်အက်စစ်ဖြင့် ညစ်ပေနေသည်။ ထောပတ်သီးတွင် ဗီတာမင်အလုံအလောက်ပါရှိရာ ဘက်တီးရီးယားရောဂါပါ အဆင့်မြင့်တွန်းလှန်

နိုင်သော အာနိသင်ရှိသည်။
ထောပတ်သီးတွင်ပါဝင်သော ပရိုတင်းဓာတ်မှာအကောင်းဆုံးအရည်အသွေးရှိပြီး ပေါင်မုန့်နှင့် အခြားကောက်နှံများတွင်ပါဝင်သော ပရိုတင်းထက်သာလွန်နေသည်။ ထောပတ်သီး၏ ဖွဲ့စည်းမှုသည် နို့

ဖွဲ့စည်းမှုနှင့် တူညီသည်။ အကယ်စင်စစ်ထောပတ်သီး၏ အတွင်းသားတွင် အမျှင်ဓာတ်မပါသဖြင့် ၎င်းအသီးတွင် ရေနှင့်ရောလိုက်ပါက နူးညံ့သောအရည်ဖြစ်ပေါ်လာရာ နို့နှင့် သိပ်သည်းမှုအသွင်အပြင်

တွင် အနီးကပ်တူညီကြောင်းတွေ့ခဲ့ရသည်။ အကယ်စင်စစ် ထောပတ်သီး၏ အတွင်းသားတွင် အမျှင်ဓာတ်မပါသဖြင့် ၎င်းအသီးကို ရေနှင့်ရောလိုက်ပါက နူးညံ့သော အရည်ဖြစ်ပေါ်လာရာ နို့နှင့်သိပ်

သည်းမှုအသွင်းအပြင်တွင် အနီးကပ်တူညီကြောင်းတွေ့ခဲ့ရသည်။ အဆီဓာတ်များစွာပါဝင်မှုနှင့် ဗီတာမင်စီ ချို့ယွင်းမှုမှလွဲ၍ ၎င်းထောပတ်သီးသည် နို့အစားထိုးနိုင်သည့် အလွန်ကျေနပ်ဖွယ်ရာမ

ပစ္စည်းအဖြစ်အသုံးပြုနိုင်သည်။ ၎င်းကို တစ်နှစ်အောက်ကလေးများနှင့် အားအင်နည်းသော နာမကျန်သူများအား အန္တရာယ်ကင်းစွာပေးနိုင်သည်။

(ဃ) သဘာဝအကျိုးတရားနှင့် ကုသနိုင်သည့်အရေည်အသွေးများ
ထောပတ်သီးသည် ထူးခြားသော ကောင်ကျိုးများ ပိုင်ဆိုင်ထားသည်။ သန့်စင်ခြင်း၊ အာဟာရဖြစ်စေခြင်း၊ အစာကြေလွယ်ခြင်း၊ လူသားလိုအပ်ချက်များကို ပြုပြင်ပြောင်းလဲပေးရာ၌ ထောပတ်သီးကို

ယှဉ်ပြိုင်နိုင်သော ပြိုင်ဆိုင်မှုအနည်းငယ်သာရှိသည်။

(င) အစာခြေစနစ် ချို့ယွင်းချက်များ
ထောပတ်သီးသည် ရုတ်တရက်ဖြစ်သော အစာချို့ယွင်းချက်များအတွက် အကောင်းဆုံးအစားအစာကုထုံးဖြစ်သည်။ ထောပတ်သီး၏ နူးညံခြင်းက အစာအိမ်ရှိ အူသိမ်ဦးတို့၏ ထိတွေ့လွယ်သော

မျက်နှာပြင်များကို လျှင်မြန်စွာ သက်သက်သာသာရှိစေသည်။ ထောပတ်သီးတွင် ပါဝင်သော များပြားလှသည့် ဗီတာမင်များက ရောင်ရမ်းပြီး မသန်စွမ်းသော ဆဲလ်များကို ပြန်၍ ကောင်းမွန်စေသည်။
တရုတ်သမားတော်များက ထောပတ်သီးအရည်သည် အစာအိမ်တွင် ထိုးနာခြင်း၊ ချမ်းအေးခြင်းများအတွက် ဆေးကုသကြသည်မှာ ရာစုနှစ်များစွာရှိသည်။ ဂျပန်များကလည်း တူညီသော ကုထုံးကို

အူအနာကုသရာတွင် အသုံးပြုကြသည်။
ထောပတ်သီးသည် အူအတွင်းရှိ ပိုးများကို ဖြည့်စွက်ရာတွင် စွမ်းရည်ရှိသော အထောက်အကူဖြစ်ပေရာ မိမိ၏ အစာအိမ်အတွင်း အဆိပ်အတောက်ဖြစ်ခြင်း၊ အူရောင်ခြင်းတို့ကို တိုက်ဖျက်နိုင်သည်။

အစာအိမ်တွင် အက်စစ်များသော အခြအနေမျိုး၌ ထောပတ်သီးနှင့်မှည်ေ့နေသာ သင်္ဘောသီးတို့သည် အဓိကဓာတ်စာအဖြစ် အသုံးပြုကြသည်။ ၎င်းအသီးမျိုးမှာ အူသိမ်ဦးရောင်ရမ်းသောရောဂါ နှင့်

အူသိမ်ဦးအနာ (Duodenal Ulcer)တို့တွင် အသင့်လျော်ဆုံးသောအစာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ၎င်းအသီးနှစ်မျိုးမှာ အူသိမ်ဦးနံရံကို ဝေဒနာငြိမ်းအေး အူထဲအလျင်အမြန် ဖြတ်သန်းသွား

သောကြောင့်ဖြစ်သည်။

(စ) ပါးစပ်နံခြင်း
ထောပတ်သီးသည် အခြားပါးစပ်ပလုတ်ကျင်းသောအစာများထက် ပါးစပ်နံခြင်းဝေဒနာတွင် ပိုမိုကောင်းမွန်သောအစာဖြစ်သည်။ ၎င်းအသီးသည် အူလမ်းကြောင်းပုပ်သိုးသော (Putrefaction) ကို

အာနိသင်ရှိစွာ ဖယ်ရှားနိုင်သည်။ လျှာအဖြူဖတ်များကပ်ခြင်း (Coated Tongue) ပါးစပ်နံခြင်း၏ အဓိကအကြောင်းရင်းမှာ အူပုပ်သိုးခြင်းဖြစ်ပေသည်။

(ဆ) ဘရိုက်ရောဂါ (Bright’s Disease)
ထောပတ်သီးသည် ဘရိုက်ရောဂါအတွက် အဓိကအစားအစာအဖြစ် အများအားဖြင့် အသုံးပြုကြသည်။ အဘယ်ကြောင့်ဆိုသော ထောပတ်သီးတွင် ပရိုတင်းပါဝင်မှုနည်းပါးပြီ ထောပတ်သီးတွင် အ

တွင်းသားတွင် အဆိပ်ဖြစ်စေသော ပစ္စည်းများ မပါသောကြောင့်ဖြစ်သည်။

(ဇ) ဂျွတ်ပွ (Psoriasis)
ထောပတ်သီးအဆီသည် ဂျွတ်ပွေးရောဂါကုသရာတွင် အကျိုးများကြောင်း ယူဆကြသည်။ ဂျွတ်ပွေးရှိသောနေရာတွင် ထောပတ်သီးအဆီကို အသာအယာလိမ်းပေးပါ။ အဆီက ဂျွတ်ပွေးအနာဖေး

များ ဖယ်ရှားရာတွင် ကူညီပေးသည်။

(ဈ) အလှအပအထောက်အကူ (Beauty Aid)
ထောပတ်သီးအဆီသည် အလှပြင်ပစ္စည်းဖော်စပ်ရာတွင် အသုံးဝင်သည်။ ထောပတ်သီး အခြေခံအလှအပအထောက်အကူပစ္စည်းများကို ယခုအခါ ဝယ်ယူရရှိနိုင်သည်။ လိမ်းဆေးများ၊သန့်ရှင်းစေ

သည့် ပစ္စည်းများ၊ စိုထိုင်းမှုကို ထိန်းသော ပစ္စည်းများ အများအပြားပါရှိပြီး ယင်းတို့သည် အသက်ကြီးခြင်း၏ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးသည်။ ထောပတ်သီးအဆီသည် အရေပြား အစားအစာ

များ၊ ရေချိုးရာတွင်သုံးသော အဆီများ၊ ရှန်ပူ ခေါင်းလျှော်ရည်များတွင်ပါဝင်သော အမြှပ်ခပ်များများဖြစ်အောင် ပြုလုပ်ပေးသည်။ ဦးခေါင်းရှိ ဦးရေပြား ပျော့ပျောင်းစေသော ဆေးအဖြစ် ခြောက်သွေ့

သော ဆံပင်တို့ကို ပြန်လည်ရှင်သန်စေသည်။

(ည) ထောပတ်သီးကို ချက်ပြုတ်လိုက်ပါက ချဉ်သွားသည်။ အေးခဲသွားအောင် မရပ်တည်နိုင်ပေ။ ထောပတ်သီးကို အစိမ်းလိုက်စားနိုင်သည်။ တတ်နိုင်သလောက် လတ်လတ်ဆတ်ဆတ် စားနိုင်သည်။

အကယ်၍ ထောပတ်သီးကို အချိန်တို သိမ်းထားလိုက်ပါက အခန်းတွင်းအပူချိန်၌ထားပါ။ ရေခဲသေတ္တာထဲ မသိမ်းဆည်းထားပါနှင့်။