မိုင်းကိုင်မြို့လေးရဲ့ ကြေကွဲဖွယ် မှတ်တမ်း တစ်ပုဒ် (သို့မဟုတ်) ခွန်ဆမ်လောနဲ့ နန်းဦးပြင်

khinmintatthuJune 22, 20101min672

မိုင်းကိုင် – တောင်ကြီးကနေမိုင်းကိုင်ကို သွားမယ်ဆိုရင်….
မိုင်တရာကျော်ဝေးပါတယ်…။ ရှမ်းတောင် ကနေပြီး.. ရှမ်းအရှေ့ဘက်ကို သွားတဲ့
လမ်းအတိုင်းသွားမယ်ဆိုရင်တော့..

..တောင်ကြီး>ဟိုပုံး>မိုင်းပွန်>လွယ်လွိုင်
အထိသွားပြီး.. လွယ်လွိုင်မြို့မှ.. လမ်းခွဲထွက်ကာ..ပင်လုံ > လဲချား>
မိုင်းကိုင်..မြို့ကိုရောက်ပါတယ်.. ။ နန်းဦးပြင်နေတဲ့မြို့ပေါ့…။

ခွန်ဆမ်လောကတော့ ကုန်သည်တဦးဖြစ်ပြီး… ကျိုင်းတောင်း မြို့မှာနေတာဖြစ်ပါတယ်…

ကျိုင်းတောင်းမှ.. မိုင်းကိုင်ကိုလာမယ်ဆိုရင်…
ရှမ်းအရှေ့ဘက်ကနေ.. ရှမ်းတောင်ကို လာတဲ့ လမ်းအတိုင်း.. ကျိုင်းတောင်း> နမ့်စန်>
လွိုင်လင်> ပင်လုံ >လဲချား> မိုင်းကိုင် မြို့ကိုရောက်ပါတယ်..
ကြားထဲမှာ..မိုင်  ၁၀ဝ ကျော်ဝေးပါတယ်..။တရွာသူ နန်းဦးပြင်ကို ချစ်ကြိုက်မိတဲ့
ခွန်ဆမ်လောဟာ
မိုင်တစ်ရာကျော်ခရီးကို မြင်း စီးပြီး လူပျိုလှည့်ခဲ့ပါသတဲ့။
သူတို့ ချစ်သူ နှစ်ဦးဟာ
နမ့်တိန်းချောင်းကလေးအနီးမှာ…ဆုံတွေ့ပြီး ချစ်စကားပြောလေ့ရှိကြတယ်..။
နံဘေးက နမ့်တိန်းချောင်းရေစီးသံ ကဆူညံနေတဲ့အတွက် ချစ်သူ ခွန်ဆမ်လောပြောတဲ့
ချစ်စကား
လေးတွေကို.. နန်းဦးပြင်လေးဟာ ကေင်းကောင်း မကြားရဘူးဖြစ်နေပါတယ်။
ဒီအခါ နန်းဦးပြင်ဟာ  “ နမ့်တိန်းချောင်းရယ်.. ပီဆမ်လောပြောလာမဲ့စကားကို
နားထောင်ပါအုံး…မဆူနဲ့ ”လို့ပြောတော့တာပေါ့။
အဲဒါနဲ့  နမ့်တိန်းချောင်းလေးဟာနန်းဦးပြင် အလိုကျ တိတ်ဆိတ်
ငြိမ်သက်သွားလိုက်တာ…..ခုချိန်အထိတိုင်အောင်
ရေစီးသံ မကြားရတော့ဘူးလို့ ဆိုပါတယ်..။
နန်းဦးပြင်ပြောလိုက်လို့..နန့်တိန်းချောင်းဟာ
ငြိမ်သက်သွားတယ်လို့ခေတ်အဆက်ဆက်လက်ခံ
ယူဆ ခဲ့ကြပါတယ်..။
မိုင်းကိုင်မြို့ရဲ့ ထူးခြားချက်တွေထဲက တစ်ခုဆိုပါတော့။

ခွန်ဆမ်လောကို… ခွန်ဆမ်လော အမေက သူ့ရွာမှာ..သွက်သွက်လက်လက် ရှိတဲ့နန်းဦးပျဉ်း
နဲ့တိတ်တဆိတ်သဘောတူထားတာပါ…။
ခွန်ဆမ်လောကို နန်းဦးပျဉ်းနဲ့လက်ထပ်ပေးမယ်လို့လဲ.. နန်းဦးပျဉ်းကို
ကတိပေးထားတာပေါ့..။ ခွန်ဆမ်လော ကတော့
သူ့ချစ်သူ နန်းဦးပြင်ကိုပဲ လက်ထက်နိုင်မယ်လို့ပြောပြီး.. နန်းဦးပြင်ကိုပဲ…
လက်ထပ်ပြီး.. သူနေတဲ့ ကျိုင်းတောင်းမြို့လေးကို ခေါ်ဆောင်လာသတဲ့..။
ဒါကြောင့်ခွန်ဆမ်လောရဲ့ အမေက နန်းဦးပျဉ်းကိုပေးထားတဲ့ ကတိ နန်းဦးပြင်ကြောင့်
ပျက်ရတယ်
ဆိုပြီးတော့ နန်းဦးပြင်ကို မနှစ်သက်၊ မကြည်ဖြူ ပါဘူး.. ။
ဒါကြောင့် ခွန်ဆမ်လောရဲ့ အမေဟာ နန်းဦးပြင်လေး အိမ်မှာ မနေနိုင်အောင်.. အိမ်ပေါ်က
ဆင်းသွားအောင်.. ခွန်ဆမ်လော.. အိမ်မှာမရှိတဲ့ အခိုက်… နန်းဦးပြင်
စားမဲ့ထမင်းထဲမှာ.. ဆူးတွေ ထည့်ထားတာတို့ ၊
ကောက်ညင်းဆန်ကို..အပ်တွေထည့်ပြီးပေါင်း.. ပြီးမှ နန်းဦးပြင်ကို
ခူးခိုင်းတာ…စသဖြင့်
နည်းပေါင်းစုံနဲ့ နန်းဦးပြင်လေးကို အမျိုးမျိုးနှိပ်စက်ပါတော့တယ်.. ။
နန်းဦးပြင်လေးကတော့… ခွန်ဆမ်လောကို
ချစ်လွန်းတာကြောင့်..ဘယ်လိုနည်းနဲ့နှိပ်စက် နှိပ်စက် ခင်ပွန်းသည် ခွန်ဆမ်လော
စိတ်မကောင်းဖြစ်မှာစိုးလို့…. ဖွင့်မပြောပဲနဲ့.ကြိုတ်မှိတ်ပြီးနေရှာပါတယ်…။

သိပ်စိတ်ဆင်းရဲလာတဲ့ အခါမျိုးမှာ ဆို နန်းဦးပြင်လေးဟာ
အိပ်ယာထဲမှာ တယောက်ထဲတိတ်တဆိတ် ခိုး,ခိုးငိုရရှာပါ သတဲ့…။
ဒီလိုနဲ့  … နန်းဦးပြင်ဟာ.. ခွန်ဆမ်လောရဲ့
ရင်သွေးကိုလွယ်ဖို့ဖြစ်လာပါတော့တယ်…. ။
နှစ်ယောက်သား ကြည့်နူးနေကြတာပေါ့… ဒါပေမဲ့ကိုယ်ဝန်အရင့်အမာ ဖြစ်နေတဲ့
အချိန်မှာတော့.. ခွန်ဆမ်လောက.. ကုန်သွယ်သွားရမဲ့
အချိန်နဲ့တိုက်ဆိုင်နေပါတော့တယ်..။ ခွန်ဆမ်လောကတော့….
ကလေးမမွေးခင်မှာ.အချိန်မှီ ပြန်လာခဲ့မယ်လို့.. နန်းဦးပြင်ကို ကတိတွေ ပေးပြီး..
ခရီးထွက်ခဲ့သတဲ့..။  ခွန်ဆမ်လော ခရီးထွက်သွားတာနဲ့တပြိုင်နက် .ခွန်ဆမ်လော အမေက
နန်းဦးပြင်လေးကို ထုံးစံ အတိုင်း နှိပ်စက်ပြန်ပါတော့တယ်… ။
ကိုယ်ဝန်နဲ့အရင့်မာ ဖြစ်နေတဲ့… နန်းဦးပြင်ကို လှေကားက ပြုတ်ကျအောင်ဆိုပြီး..
လှေကားကို
ပြုတ်ခံနီးအထိ တမင်ဖြုတ်ထားသတဲ့..။ ဒါကိုမသိတဲ့ နန်းဦးပြင်က လှေကားကနေဆင်းတော့
ပြုတ်ကျတော့တာပေါ့..။  ဒီတစ်ကြိမ်မှာတော့ နန်းဦးပင် ခမျာ… မိန်းခလေး
လဲဖြစ်တဲ့ အလျှောက်အားငယ်ပြီး.. သူ့အဖော်နဲ့…
သူ့အမေတွေဆီကိပြန်သွားပါတော့တယ်…။
ကိုယ်ဝန်ကလဲ အရင့်အမာနဲ့ဆိုတော့.. လမ်းခရီး..တဝက်မှာပဲ..ဗိုက်အရမ်းနာလာပြီး…
ကလေးကို ပါလာတဲ့ အဖော်အကူညီနဲ့ပဲ
မွေးဖွားခဲ့ပါတော့တယ်… ။ သို့ပေမဲ့ ကံဆိုးချင်တော့..
ကလေးကအသက်မရှင်ခဲ့ပါဘူး..။
ဒီတော့ နန်းဦးပြင်က စိတ်နှလုံး ထိခိုက်ကြေကွဲစွာနဲ့
“ဪ.. ကံဆိုးလှတဲ့ သားလေးရယ်… နင့်အဖေမျက်နှာကိုတောင် မြင်ခွင့်မရှိပဲ…
လူ့လောက ကနေပြန်လည်ထွက်ခွာသွားရပြီ… နင့်အဖေကိုသွားရှာပါတော့… ” ဆိုပြီး..
ဝါးနှစ်ပင်ရဲ့ ခွကြားမှာ.. တင်ထားခဲ့လိုက်ပါတယ်..။
အဲဒီ ကလေးဟာ.. သေဆုံးသွားပြီး.. ဥဩ ဌက်လေး ဖြစ်သွားသတဲ့… ဒါကြောင့်
သူ့အသံလေးဟာ..
“ပေါ့ဝေ့” (အဖေရေ)လို့ကြားနေရတယ်….။ သူ့အဖေ
ခွန်ဆမ်လောကို…အော်ခေါ်ပြီးလိုက်ရှာ… နေတာလို့..ဆိုကြပါတယ်။
ဒီလိုနဲ့ နန်းဦးပြင်ဟာ..ခရီးကလည်း ပန်း….မီးဖွားပြီးကားစ
လည်းဖြစ်..ရင်သွေးလေး ကလည်း အသက်မရှင် စတဲ့အမျိုးအမျိုး သော
ဒုက္ခဝေဒနာတွေကြောင့် စိတ်ထိခိုက်ပင်ပန်းပြီး
အိမ်ရောက်တာနဲ့…. သေဆုံးသွားရှာပါတယ်..။
နန်းဦးပြင်ဟာ.. သူမ မသေဆုံးခင်မှာ…မိုင်းကိုင်သူတွေ သူ့လိုအဖြစ်ဆိုးနဲ့
ကြုံရမှာစိုးရိမ်ရှာ
တဲ့အတွက်… “မိုင်းကိုင် သူတွေ သူ့လိုမျိုး… အလုံးစုံမပြည့်စုံပါစေနဲ့…
ချို့ယွင်းချက်တခုအမြဲတမ်းရှိနေပါစေ…။
မိုင်းကိုင်က ထွက်တဲ့ ပစ္စည်းတွေအားလုံး သူများတွေထက် အရည်အသွေးကောင်းပါစေ..။ ”
ဆိုပြီး..ကျိန်စာတိုက်ခဲ့ပြီးဆုံးသွားသတဲ့…။
ခွန်စံလောဟာ..ကုန်သွယ်ရာကနေပြန်ရောက်လာတော့…နန်းဦးပြင်သတင်းကိုကြားကြားချ
င်း…
ချက်ချင်းမိုင်းကိုင်ကို မြင်းနဲ့ အပြေးလာခဲ့ပါတယ်..။ အလာကောင်းပေမဲ့
အခါညောင်းသွားခဲ့ပါပြီ… နန်းဦးပြင်လေးဟာ.. သေဆုံးသွားခဲ့ပါပြီ..
ခွန်ဆမ်လောဟာ.. နန်းဦးပြင်တို့အိမ်ကိုရောက်တော့..
ရွာသူရွာသားတွေက..ခွန်ဆမ်လောကို နန်းဦးပြင်အိမ်ထဲပေးမဝင်ပါဖူး..
နန်းဦးပြင်အလောင်းကိုမပြချင်လို့… တံခါးဝမှာ.. ဝိုင်းပိတ်ထားကြတယ်..။
ခွန်ဆမ်လောလဲ သူကုန်သွယ်ရာက ရလာတဲ့ ငွေဒင်္ဂါးငွေကို ကြဲလိုက်ပါတယ်တဲ့..။
သူ့ကိုဝိုင်းပိတ်တဲ့ သူတွေက ငွေင်္ဂါးကိုကိုဝိုင်လုကောက်နေကြတဲ့ အချိန်မှာမှ..
ခွန်ဆမ်လောအိမ်ထဲကိုဝင်ပါတော့တယ်…။ အိမ်ပေါ်ရောက်တော့..
နန်းဦးပြင်အလောင်းကိုတွေ့တော့တာပေါ့….။
ခွန်ဆမ်လောဟာ.. အရမ်းစိတ်ထိခိုက် ကြေကွဲသွားပြီး..
သူ့မှာပါလာတဲ့.. ဆောင်ဓါးနဲ့ပဲ.. သူ့ကိုယ်သူ… အဆုံးစီရင်လိုက်ပါတော့တယ်…
နန်းဦးပြင်အလောင်းပေါ်လဲကျသွားပြီး…..
နန်းဦးပြင်အလောင်းပေါ်မှာပဲသေဆုံးသွားပါတော့တယ်…။
ခွန်ဆမ်လော ဆုံးတဲ့ သတင်းကြားတော့…
ခွန်ဆမ်လောအမေဟာ..အနောက်နေလိုက်လာတာပေါ့…။
သူတို့အလောင်း… ယှဉ်ရက်… ပြင်ထားတာကိုတွေ့တော့.အရမ်းစိတ်ဆိုးသွားပြီး…
နန်းဦးပြင်ကိုအမုန်း မပြေသေးတာကြောင့် သူ့မှာပါလာ တဲ့
ဝါးထမ်းပိုးနဲ့… အလောင်းနှစ်ခုရဲ့ ကြားကို ချထားပြီး ခြားလိုက်ပါတယ်တဲ့..
နောက်ဘဝမှာလဲ သူတို့ နှစ်ယောက်ပြန်မဆုံနိုင်ပါစေနဲ့..
ဆိုပြီး..ကျိန်လိုက်ပါတယ်..။
အဲ့ထမ်းပိုးကိုလဲ….သူတို့ကိုမြုပ်တဲ့နေရာအထိယူဆောင်သွားပြီး…
အလောင်းမြုပ်တဲ့နေရာမှာလဲ…လိုက်ခြားလိုက်တယ်တဲ့..။
ပြီးတော့ ထမ်းပိုးကို နေရာ ရွေ့ မသွားအောင်အာင် စို့
နဲ့ ခိုင်ခိုင်မာမာ ထိုးစိုက်ထား ပြန်ပါသေး တယ်။
ခွန်ဆမ်လောနဲ့ နန်းဦးပြင်တို့ဟာ သေဆုံးသွားပြီးတဲ့နောက်မှာ ကောင်းကင်မှာ
ကြယ်ကလေး တွေ ဖြစ်သွားကြပါသတဲ့..။
သို့သော်လည်းအမေ ဖြစ်သူရဲ့ ကြီးမားတဲ့ အမုန်း
အာဃာတ ကြောင့် ကြယ်ကလေး တွေ ဘဝမှာ တောင် ချစ်သူနှစ်ဦးဟာ
အေးချမ်းစွာပေါင်းဆုံခွင့် မရကြရှာပါဘူး…။
ခွန်ဆမ်လော ရဲ့ အမေ ကြားမှာ
ခြားပေးလိုက်တဲ့ဝါးထမ်းပိုးဟာ အဆစ်သုံးဆစ်ပါရှိတဲ့အတွက်  ကြယ်သုံးလုံး
(မောင်ရင်ဆိုင်းထမ်းကြယ်) အဖြစ် သူတို့ နှစ်ဦးကြားမှာ တန်းကာ ခြားနားထား
လို့မပေါင်းဆုံနိုင်ကြပဲ ရှိပြန်ပါသတဲ့။
ဝါးထမ်းပိုးရဲ့ အဆစ်တဆစ်ဟာ ကြယ်တလုံးအနေဖြစ်ကိုယ်စားပြုတာပေါ့..။
အဆစ်၃ ဆစ်ဆိုတော့.. ၃ လုံးပေါ့ စို့ နဲ့ ရိုက်ထားတဲ့နေရာက တော့ မှေးမှိန်နေတဲ့
ကြယ်တန်း စွေစောင်းစောင်းလေးအဖြစ်
အေဲဒီထမ်းပိုးသဏ္ဍာန် ကြယ်သုံးလုံး ရဲ့ အောက်ခြေ နားမှာ စို့သဖွယ်တည်ရှိနေတာကို
ယနေ့တိုင် မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ.. ကြာပေမဲ့ ခုထိတိုင်  နန်းဦးပြင်ရဲ့ အိမ်မြေကွက်နေရာဟာ..
ဘာအပင်မှ မပေါက်ရောက်ပဲ..၊
မပျောက်ပျက်ပဲတည်ရှိနေပါသေးတယ်…။ မိုင်းကိုင်မြို့ရဲ့အရှေ့ မနီးမဝေးမှာ
တည်ရှိနေပါတယ်…။
နန်းဦးပြင်ရဲ့..မြေကွက်ဘေးတွင်.. စေတီတဆူ ကိုတည်ထားကိုးကွယ်ထားပါတယ်…။
မိုင်းကိုင် မြို့ကိုအလည်အပတ်များရောက်ဖြစ်ရင်..
သွားရောက်လေ့လာဖို့တိုက်တွန်းလိုက်ချင်ပါတယ်…။

မှတ်ချက်။ ။ မေးလ်ထဲမှ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါသည်။

2 comments

  • snow

    June 23, 2010 at 6:29 am

    သနားပါတယ်
    စိတ်မကောင်းစရာပဲနော်

  • yannaingech

    June 23, 2010 at 7:35 am

    မိုင်းကိုင်သူတွေ ချို့ယွင်းချက်တစ်ခုအမြဲပါပါစေလို့ ကျိန်စာတိုက်တာ တကယ်ဖြစ်လာသလား။ အဲလိုဆို…မိုင်းကိုင်သူတွေမှာ ဘာတွေထူးခြားနေမလဲ မသိ…

Leave a Reply