ခဲတံပုံပြင်

စာရေးဆရာ Paulo Coelho (Author of the alchemist) ရဲ့ Like the Flowing River စာအုပ်ထဲက The Story of the Pencil ဆိုတဲ့ စာလေးကို သဘောကျလို့ ဘာသာပြန်လိုက်ပါတယ်။

 

စာလေးကတော့ အရမ်းလွယ်ပါတယ်။ စာလုံးတွေတော်တော်များများကိုလည်း သိပါတယ်။ ဒါပေမယ့် တကယ်တမ်း မြန်မာလို စာချောအောင် ဘာသာပြန်ဖို့ကတော့ ကျွန်မအတွက် တော်တော်လေး ခက်ခဲပါတယ်။ အခု ဒီစာကို ကြိုးစားပြီးတော့ ဘာသာပြန်ထားပါတယ်။ ဆရာမ TTNU နဲ့ ရွာသူရွာသားတွေက ဖတ်ကြည့်ပေးပြီး မှားတာရှိရင် ပြောပြပေးစေချင်ပါတယ်။

 

ခဲတံပုံပြင်

 

ကောင်လေးတစ်ယောက်က သူ့အဖွားစာရေးသည်ကို ကြည့်နေခဲ့ပါသည်။

တစ်နေရာတစ်ယောက်တွင် သူက မေးလိုက်သည်။

 

“ကျွန်တော်တို့လုပ်ပြီးထားတဲ့ အကြောင်းအရာတွေကို ရေးနေတာလား။ အဲဒါ ကျွန်တော့်အကြောင်းလားဟင်။”

 

အဖွားက စာရေးတာကို ရပ်ပြီး မြေးငယ်ကို ပြောလိုက်သည်။

 

“တကယ်တော့ အဖွားက မြေးလေးအကြောင်းကို ရေးနေတာ။ ဒါပေမယ့် စာလုံးတွေထက် ပိုအရေးပါတာက အဖွားသုံးနေတဲ့ ခဲတံပဲ။ ငါ့မြေးလေးကြီးလားရင် ဒီခဲတံလေးလို ဖြစ်လာလိမ့်မယ်လို့ ထင်မိတယ်။”

 

စိတ်ဝင်စားစိတ်နဲ့ ကောင်လေးက ခံတံကို ကြည့်လိုက်သည်။ ဘာထူးခြားမှုမှလည်း မရှိ။

 

“ဒါပေမယ့် ဒါက ကျွန်တော်မြင်နေကျ ခဲတံတွေလိုပဲလေ။”

 

“ဒါက မြေးလေး ဘယ်လိုကြည့်လဲဆိုတဲ့ပေါ်မှာ မူတည်တာပေါ့။ ဒီခဲတံမှာ ဂုဏ်ရည် (၅) ချက်ရှိတယ်။ မင်းသာ အမိအရ ဆုပ်ကိုင်နိုင်ခဲ့မယ်ဆိုရင် အဲဒီဂုဏ်ရည်တွေက မင်းကို လောကကြီးနဲ့ အမြဲတမ်းသဟဇာတ ဖြစ်နေတဲ့ လူတစ်ယောက် ဖြစ်စေနိုင်တယ်။

 

“ပထမဂုဏ်ရည်- မင်းဟာ ကြီးကျယ်မြင့်မြတ်တဲ့ အရာတွေကို လုပ်နိုင်တယ်။ ဒါပေမယ့် မင်းရဲ့ အဆင့်တိုင်းမှာ လမ်းညွှန်ပေးနေတဲံ လက်တစ်ဖက်ရှိတယ်ဆိုတာ ဘယ်တော့မှ မမေ့ရဘူး။ ငါတို့ကတော့ အဲဒီလက်ကို ဘုရားသခင်လို့ ခေါ်ကြတယ်။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ငါတို့ကို အမြဲတမ်း လမ်းညွှန်သွားတာလေ။

 

“ဒုတိယဂုဏ်ရည်ကတော့- တစ်ခါတစ်လေမှာ အဖွားက စာရေးတာကို ရပ်ပြီး ခဲတံချွန်ရတယ်။ ခဲတံကိုတော့ နည်းနည်းအထိနာစေတာပေါ့။ ဒါပေမယ့် ပြီးတဲ့အခါမှာ ခဲတံက ပိုပြီး ချွန်ထက်သွားတယ်။ ဒါကြောင့် မင်းလည်းပဲ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေကို ရအောင် သင်ယူရမယ်။ အဲဒါတွေက မင်းကို ပိုတော်တဲ့လူတစ်ယောက် ဖြစ်စေမှာမို့လို့ပေါ့။

 

“တတိယဂုဏ်ရည်- အမှားတွေကို ဖျက်ပစ်ဖို့အတွက် ခဲတံက ငါတို့ကို ခဲဖျက်သုံးခွင့်ပေးထားတယ်။ ဆိုလိုတာကတော့ ငါတို့လုပ်ခဲ့တံ အမှားကို ပြန်ပြင်တယ်ဆိုတာ မကော်းတဲ့အရာတော့ ဖြစ်မနေပါဘူး။ ငါတို့ကို လမ်းမှန်ပေါ်မှာ ဆက်ရှိနေဖို့ ကူညီပေးပါတယ်။

 

“စတုတ္ထဂုဏ်ရည်- ခဲတံရဲ့ တကယ့်ဝိသေသအရာက အပြင်က သစ်သားမဟုတ်ဘူး။ အထဲက ခဲသားပဲ။ ဒါကြောင့် မင်းရဲ့ အတွင်း အဇ္ဈတ္တမှာ ဘာတွေဖြစ်နေလဲဆိုတာ အမြဲတမ်းသတိထားပါ။

 

“နောက်ဆုံးအချက်၊ ခဲတံရဲ့ ပဉ္စမမြောက်ဂုဏ်ရည်- ခဲတံဆိုတာ အမြဲတမ်း အမှတ်အသားတစ်ခု ချန်ခဲ့တယ်။ ဒီလိုပဲ မင်းဘဝမှာ လုပ်သမျှအရာတိုင်းဟာလည်း အမှတ်အသားကျန်ခဲ့မယ်ဆိုတာ သိထားသင့်တယ်။ ဒါကြောင့် မင်းရဲ့ ပြုမူချက်တိုင်းမှာ သတိရှိနေဖို့ ကြိုးစားပါ။”

 

 

The Story of the Pencil

 

A boy was watching his grandmother write a letter.

 

At one point, he asked:

“Are you writing a story about what we’ve done? Is it a story about me?”

 

His grandmother stopped writing her letter and said to her grandson:

 

“I am writing about you, actually, but more important than the words is the pencil I’m using. I hope you will be like this pencil when you grow up.”

 

Intrigued, the boy looked at the pencil. It didn’t seem very special.

“But it’s just like any other pencil I’ve ever seem!”

 

“That depends on how you look at things. It has five qualities which, if you manage to hang on to them, will make you a person who is always at peace with the world.

 

“First quality: you are capable of great things, but you must never forget that there is a hand guiding your steps. We call that hand God, and He always guides us according to His will.

 

“Second quality: now and then, I have to stop writing and use a sharpener. That makes the pencil suffer a little, but afterwards, he’s much sharper. So you, too, must learn to bear certain pains and sorrows, because they will make you a better person.

 

“Third quality, the pencil always allows us to use an eraser to rub out any mistakes. This means that correction something we did is not necessarily a bad thing; it helps to keep us on the road to justice.

 

“Fourth quality: what really matters in a pencil is not its wooden exterior, but the graphite inside. So always pay attention to what is happening inside you.

 

“Finally, the pencil’s fifth quality: it always leaves a mark. In just the same way, you should know that everything you do in life will leave a mark, so try to be conscious of that in your every action.”

14 comments

  • surmi

    July 5, 2012 at 10:57 am

    ကျွန်နုပ်တွင် ခဲတံတစ်ချောင်းရှိခဲ ့ဘူးပါသည်
    ထိုခဲတံဖြင် ့ပင်အကောင်းအဆိုးတို ့ကိုရေးခဲ ့သည်
    ကောင်းသည် ့အရာတို ့ကို ဖွ ရေးမိသည်
    မကောင်းသည် ့အရာတို ့ကို ဖိ ရေးမိသည်
    ကောင်းသည်က မထင်
    ဆိုးသည်ကထင်၍ ခဲတံလည်းကျိုးခဲ ့ပါပြီ
    မကြခဏ ချွန်ခဲ ့ရပြီး
    ကျွန်နုပ်နှင် ့အတူ နေဝင်ချိန်ကို ကြိုရပါတော ့မည် ၊။။။၊ ၊။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 5, 2012 at 11:02 am

    အရမ်းကောင်းတဲ့…
    ပုံပြင်လေးပါနော်….
    အားပေးဖတ်ကြည့်သွားပါတယ်….
    ခဲတံနဲ့တူတဲ့……
    လူသားများဖြစ်ကြပါစေ…
    ပုံပြင်လေးကို ကူးသွားပါတယ်နော်…။

  • P chogyi

    July 5, 2012 at 11:24 am

    ခဲတံလိုပဲ
    နောက်ဆုံးကျတော့
    လူ့လောကမှ ထွက်သွားရမှာဆိုတဲ့ သဘောလည်းပါမယ်။

  • Khaing Khaing

    July 5, 2012 at 11:50 am

    မမွန်မွန်…… ကိုယ်ကိုတိုင်ကတော့ သူများလို ဘာသာမပြန်တတ်ပါဘူ မဝေဖန်တတ်ပါဘူး ဒါပေမယ့် မမွန်မွန် ပြန်ထားတာလေးကို မှတ်သားသွားပါတယ် ကောင်းတယ်လို့ပဲ ပြောချင်ပါတယ် ………

  • စိန်ဗိုက်ဗိုက်

    July 5, 2012 at 2:32 pm

    ခဲတံလိုပဲ….
    ဟုတ်သလိုလို..မဟုတ်သလိုလို..
    ပြည့်စုံသလိုလို..မပြည့်စုံသလိုလို..
    ထောက်ခံရမလိုလို..မထောက်ခံရမလိုလို..
    ဘာလိုလို..ညာလိုလို….
    (မူရင်းပုံပြင်ကိုပြောဒါနော်..)

    သေချာတာကတော့ ခဲတံလိုပဲ ခြစ်ပါများ ရင် တိုလာသလို..
    လူလဲ နေပါများရင်း တိုလာခဲ့တယ် ဆိုတာလေး..
    (အသက်ကိုပေါဒါနော်..)

  • မောင်ပေ

    July 5, 2012 at 3:41 pm

    ဒီနေ့ခေတ်ကြ ခဲဆံဘောပင် လား ခဲသာဖောင်တိန်ဆိုလား
    အဲဒါတွေသုံးကြတာဆိုတော့
    အဲဒါအတွက်လဲ တစ်ပုဒ်လောက် ရေးပါဦး
    မတူသောအတွေးဖြင့် မန့်ခဲ့သည်။

  • etone

    July 5, 2012 at 3:58 pm

    မွန်မွန်ရေ …

    ခဲတံ ပုံပြင်လေး ဖတ်ပြီး သဘောကျမိပါတယ် … သူဥပမာပေးထားတဲ့ အချက်ငါးချက်ကိုလည်း သဘောကျတယ် ..

    “ဒုတိယဂုဏ်ရည်ကတော့- တစ်ခါတစ်လေမှာ အဖွားက စာရေးတာကို ရပ်ပြီး ခဲတံချွန်ရတယ်။ ခဲတံကိုတော့ နည်းနည်းအထိနာစေတာပေါ့။ ဒါပေမယ့် ပြီးတဲ့အခါမှာ ခဲတံက ပိုပြီး ချွန်ထက်သွားတယ်။ ဒါကြောင့် မင်းလည်းပဲ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေကို ရအောင် သင်ယူရမယ်။ အဲဒါတွေက မင်းကို ပိုတော်တဲ့လူတစ်ယောက် ဖြစ်စေမှာမို့လို့ပေါ့။“Second quality: now and then, I have to stop writing and use a sharpener. That makes the pencil suffer a little, but afterwards, he’s much sharper. So you, too, must learn to bear certain pains and sorrows, because they will make you a better person.

    “တတိယဂုဏ်ရည်- အမှားတွေကို ဖျက်ပစ်ဖို့အတွက် ခဲတံက ငါတို့ကို ခဲဖျက်သုံးခွင့်ပေးထားတယ်။ ဆိုလိုတာကတော့ ငါတို့လုပ်ခဲ့တံ အမှားကို ပြန်ပြင်တယ်ဆိုတာ မကော်းတဲ့အရာတော့ ဖြစ်မနေပါဘူး။ ငါတို့ကို လမ်းမှန်ပေါ်မှာ ဆက်ရှိနေဖို့ ကူညီပေးပါတယ်။
    “Third quality, the pencil always allows us to use an eraser to rub out any mistakes. This means that correction something we did is not necessarily a bad thing; it helps to keep us on the road to justice.

    ဆိုတဲ့စာသားလေးကို မြင်ရပြီး .. စိတ်ခွန်အားတွေ ရရှိစေပါတယ် … ။ ဘာသာပြန်ပေးတာကျေးဇူးပါ … ။ မူရင်းစာပိုဒ်လေးပါ ဖတ်ခွင့်ရတဲ့အတွက် အလွန် အဖိုးတန်တဲ့ပို့စ်လေးပါပဲ … ။

  • ဝမ်းတွင်းရူး

    July 5, 2012 at 6:20 pm

    “နောက်ဆုံးအချက်၊ ခဲတံရဲ့ ပဉ္စမမြောက်ဂုဏ်ရည်- ခဲတံဆိုတာ အမြဲတမ်း အမှတ်အသားတစ်ခု ချန်ခဲ့တယ်။ ဒီလိုပဲ မင်းဘဝမှာ လုပ်သမျှအရာတိုင်းဟာလည်း အမှတ်အသားကျန်ခဲ့မယ်ဆိုတာ သိထားသင့်တယ်။ ဒါကြောင့် မင်းရဲ့ ပြုမူချက်တိုင်းမှာ သတိရှိနေဖို့ ကြိုးစားပါ။”
     

  • မြတ်ကျော်သူ

    July 5, 2012 at 6:35 pm

    ပို့စ်ကို အထက်ကနေအောက်ထိ ဖတ်လာလိုက်တာ…
    ကျောက်ခဲတွေရှိတဲ့လမ်းကို လှည်းနဲ့သွားရသလိုပါပဲ…
    နည်းနည်းထောက်တယ်…တစ်ခါတစ်ခါ ချိုင့်ထဲကို ကျရင်ခုံတယ်…
    ဒါပေမယ့် နောက်ဆုံး ခရီးဆုံးကို အရောက်ပို့ပေးတယ်…

  • padonmar

    July 5, 2012 at 8:56 pm

    မူရင်းကောင်းသလို ဘာသာပြန်လေးလည်းကောင်းပါတယ်။

  • မှော်ဆရာ

    July 5, 2012 at 9:55 pm

    ကျွန်တော် လက်မ ထောင်ပေးခဲ့တယ်…
    တကယ့်ကို စိတ်ဓါတ်ခွန်အားရပါတယ်

  • pooch

    July 5, 2012 at 10:30 pm

    ခဲတံနဲ့ ဘဝကို ဖွင့်ဆိုသွားပုံလေးက သိမ်မွေ့လိုက်တာ။ နောက်ဆုံးတော့ ခဲတံများလိုပဲ တို့တွေ ရဲ့ဘဝတွေလည်း တနေ့တော့ကုန်ဆုံးသွားရမဲ့ အချိန်တွေ မလွဲမသွေရင်ဆိုင်ကြရအုန်းမှာပါ။

    လောလောဆယ်တော့ ကျိုးသွားတဲ့ ခဲတံလေး ပြန်ချွန်နိုင်အောင် ကြိုးစားနေပါတယ်။

  • မွန်မွန်

    July 6, 2012 at 11:35 am

    @surmi-
    guiding hand ကြောင့်လို့ ထင်မိပါတယ်။ ခဲတံလေးကတော့ နေဝင်ချိန်ရောက်သည့်တိုင် သူ့တာဝန်ကို ကျေအောင် ဆောင်ရွက်သွားပါတယ်။

    @မိုက်လေး-
    အားပေးသွားတာ ကျေးဇူးပါနော်။

    @P chogyi၊ တွတ်ပီယောက်ဖ
    ခဲတံရဲ့ဘဝပေါ့။ ရေးလိုက်၊ ချွန်လိုက်၊ ပြန်ရေးလိုက်နဲ့ နောက်ဆုံးတော့ ကုန်သွားတာပဲ။

    @ကိုပေ
    ဟုတ်ကဲ့။ ခဲသားခဲတံကို သုတေသန လုပ်နေပါတယ်ချင့်။

    @မခိုင်၊ မအိတုန်၊ အန်တီပဒုမ္မာ၊ ကိုမှော်၊ ဝမ်းတွင်းရူး
    အားပေးတာ ကျေးဇူးတင်ပါတယ်။ မှားတာရှိရင်လည်းပြောပြပေးပါနော်။

    @ကိုမြတ်ကျော်သူ
    ဝေဖန်ပေးတာ ကျေးဇူးပါ။ ဖြစ်နိုင်မယ်ဆိုရင် ချိုင့်လေးတွေကို ဖို့ပေးစေချင်ပါတယ်ရှင်။

    @Pooh-
    နည်းနည်းတော့ အထိနာမယ်နော်။ 🙂

  • mamanoyar

    July 6, 2012 at 11:44 am

    မွန်မွန်ရဲ့ ဘာသာပြန်စွမ်းရည်ကို လေးစားပါတယ်
    “ဒုတိယဂုဏ်ရည်ကတော့- တစ်ခါတစ်လေမှာ အဖွားက စာရေးတာကို ရပ်ပြီး ခဲတံချွန်ရတယ်။ ခဲတံကိုတော့ နည်းနည်းအထိနာစေတာပေါ့။ ဒါပေမယ့် ပြီးတဲ့အခါမှာ ခဲတံက ပိုပြီး ချွန်ထက်သွားတယ်။ ဒါကြောင့် မင်းလည်းပဲ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေကို ရအောင် သင်ယူရမယ်။ အဲဒါတွေက မင်းကို ပိုတော်တဲ့လူတစ်ယောက် ဖြစ်စေမှာမို့လို့ပေါ့။ ဒါလေးကိုတော့ အရမ်းသဘောကျတယ်

Leave a Reply