ရေရောင်းကြသူများ

ကျွန်တော်တို့ခပ်ရွယ်ရွယ် အသက်၁၀~၁၅နှစ်ဝန်းကျင်လောက်က ရန်ကုန်နဲ့မန္တလေး ရထားနဲ့ ခရီးသွားခဲ့ကြစဉ်တုံးက လမ်းခရီးမှာရထားရပ်တဲ့ ကျောက်ဆည်၊ပျဉ်မနား၊ တောင်ငူ၊ဖြူး၊ပဲခူး အဲဒီလိုလမ်းဘူတာတွေမှာ ရထားခေတ္တရပ်နားဖို့ ဆိုက်ရောက်လာပြီဆိုရင် ရေအိုးလေးတွေ ခေါင်းပေါ်ရွက်ပြီး ရေ-ရမယ် ရေ-ရမယ် လို့အော်ပြီး ရထားဘေးနား ရောက်လာတတ်ကြတဲ့ ရေရောင်းကြသူများကိုတွေ့ခဲ့ဘူးတယ်နော်။ သောက်ချင်တဲ့သူတွေ ကလည်း ရေအိုးလေးတွေရဲ့ အဖုံးပေါ်မှာပါတဲ့ ရေခွက်လေးတွေနဲ့ခပ်သောက်ကြ၊ သယ်သွားချင်တဲ့သူတွေအတွက်လည်း သူတို့ကထဲ့ပေးကြ၊ မျက်နှာသစ်ချင် သုံးချင်တဲ့သူ တွေအတွက်လည်း လိုသလောက်ခတ်သုံးကြပြီး ကျသင့်တဲ့တန်ဖိုး အနေနဲ့လည်း သောက်သုံး သူတွေရဲ့ စေတနာ ရှိသလောက်ပေးခဲ့တာကိုဘဲယူတတ်ကြပြီး အဆင်မပြေလို့မပေးခဲ့ကြလည်း ကုသိုလ်ပါလို့ထားတတ်ကြတဲ့ ရေရောင်းကြသူများ ဟိုးတခေတ်တစ်ခါက ရှိခဲ့ကြပါတယ်။ အဲဒီကနေ အချိန်တွေပြောင်းလို့ ၁၉၉ဝကျော်နောက်ပိုင်း အချိန်တွေမှာတော့ ရေသန့် စက်ရုံတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး ဈေးကွက်ထဲရောက်ရှိလို့  ဆိုင်တွေမှာရောင်းလာကြတဲ့ အချိန် ခုနလမ်းဘူတာတွေမှာ ရေအိုးလေးတွေနဲ့ ရေရောင်းသူများရော၊ ရေသန့်ဗူးအဟောင်း … Continue reading ရေရောင်းကြသူများ