ယောက်ျားနှင့် မိန်းမ

devilsniperJune 30, 20101min340

၉၀%က သွားဝယ်ဖြစ်ရင်လည်း မိန်းမတို့ရဲ့ စေခိုင်းမှုကြောင့်ဖြစ်တယ်။

၉၀% သော ယောက်ျားများဟာ ယောက္ခမအိမ်ကို အလည်အပတ် မသွားချင်ကြဘူး။ ၉၀%က သွားဖြစ်ရင်လည်း ဇနီးကို မျက်နှာသာ ပေးခြင်းတာဖြစ်တယ်။

၉၀% သော ယောက်ျားများဟာ သူဌေးအိပ်မက်ကို မက်တတ်ကြတယ်။ ချမ်းသာရင် သားသမီးကလွဲလို့ အရာအားလုံးကို လဲပစ်ချင်ကြတယ်။ ဒါပေမဲ့ ၉၀% က ဘယ်မှ မလဲဖြစ် ကြဘူး။

၉၀% သော ယောက်ျားများဟာ မိန်းကလေးတွေနား ချည်းကပ်ပြီး ကိုယ့်ရဲ့ ကောင်းတဲ့ အပြုအမှုနဲ့ မိန်းကလေးတွေကို စောင့်ရှောက်ရဖို့ မျှော်လင့်တတ်ကြတယ်။ ဒါပေမဲ့ ၉၀% က မျှော်လင့်ချက် မပြည့်ခဲ့ကြဘူး။

၉၀% သော ယောက်ျားများဟာ တဏှာနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်ကြတယ်။ ဒါပေမဲ့ ၉၀%က သူတို့ စိတ်ကူးယဉ်တဲ့ အထဲမှာ အိမ်က မိန်းမ ပါမနေဘူး။

၉၀% သော ယောက်ျားများဟာ ကိုယ်လုပ်သမျှ အကောင်းချည်းလို့ ထင်ကြပေမဲ့ ၉၀%က မိန်းမတွေရဲ့ အပြစ်ပြောတာကို ခံရတယ်။

၉၀% သော ယောက်ျားများဟာ မိန်းမကို ပစိပစပ်များတယ်လို့ ထင်ကြပေမဲ့ ၉၀%က အဲဒီ ပစိပစပ်ကိုပဲ နားထောင်နေရတယ်။

၉၀% သော ယောက်ျားများဟာ ကိုယ့်ရဲ့ အားနည်းချက်ကို သိတယ်။ ဒါပေမဲ့ ၉၀%က ပြုပြင်လို့ မရခဲ့ဘူး။

၉၀% သော ယောက်ျားများဟာ မိန်းမလှလေးကို မြင်ရင် ၉၀%က သူဘယ်သူနဲ့ ဖြစ်နေလဲ။ ငါ မရလိုက်တာ နာသကွာဟု တွေးတတ်ကြသည်။

ပေါ့ပေါ့ပါးပါးပါပဲ… ဖတ်ဖူးတာလေးပါ ယောက်ျားနှင့် မိန်းမ

၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေးတယ်ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဉာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရတယ်။ ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူ ပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင်တတ်ကြသည်။

၂) မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body language) ကို နားလည်တဲ့ အစွမ်းရှိတာကြောင့် ယောက်ျားလေးတွေကို ကိုယ်အမှုအရာတွေနဲ့ လှည့်စားလို့ရတယ်။

၃) မိန်းကလေးတွေက တစ်ဖက်မှာ စကားကို အကျယ်ကြီး ပြောရင်း တစ်ဖက်မှာ စဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလို မဟုတ်ဘူး။ ဒါကြောင့် ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ် များတယ်လို့ ထင်ကြတယ်။

၄) မိန်းကလေးတွေက သူတို့မကျေနပ်တာ၊ စိတ်ညစ်တာတွေကို ရင်ဖွင့်တာဟာ စိတ်ဖိအားကို လျော့စေချင်လို့ဖြစ်တယ်။ ယောက်ျားလေးတွေ ဆီကနေ အကြံဉာဏ် ရချင်လို့ မဟုတ်ပါဘူး။ သူတို့ရင်ဖွင့်တာကို နားထောင်ပေးမယ့်လူ ရှိဖို့ပါပဲ။

၅) ယောက်ျားလေးတွေက ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း စိတ်ခံစားမှုကို စာစီပြီး မဖွဲ့နွဲ့ပြတတ်ဘူး။ ဒါကြောင့် ကိုယ့်ချစ်သူကို ကတ်လေးတွေ လက်ဆောင်ပေးတဲ့အခါ ကိုယ်ရေးဖို့နေရာ မရှိအောင် စာတွေ အများကြီးပါတဲ့ ကတ်ကိုပဲ ရွေးဝယ်တတ်ကြတယ်။

၆) မိန်းကလေးတွေက စပြီး လမ်းခွဲစကား ပြောတာဟာ ယောက်ျားလေးတွေ ပေးကမ်းတဲ့ လက်ဆောင် ပစ္စည်းတွေ မလုံလောက်လို့ မဟုတ်ဘူး။ သူတို့အတွက် အချစ်တွေ မလုံလောက်ဘူးလို့ ထင်လို့ပါ။

၇) မိန်းကလေးတွေက တစ်နေ့ကို စကားလုံးပေါင်း ၂သောင်းကျော် သုံးပြီး စကားပြောတတ်ကြတယ်။ ယောက်ျားလေးတွေက ရထောင်ကျော်ပဲ သုံးတယ်။

၈) အချစ်ရေးမှာ အဆင်မပြေတဲ့ မိန်းကလေးတွေက အလုပ်ကို စိတ်ဝင်တစား မလုပ်တတ်ကြဘူး။ အလုပ်အဆင်မပြေတဲ့ ယောက်ျားလေးတွေက အချစ်ရေးကို စိတ်ဝင်မစားကြဘူး။

၉) ယောက်ျားလေးတွေက တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ လုပ်နိုင်တယ်။ ဥပမာ ကားရပ်ပြီး ကားကက်ဆက်ကို ပိတ်ပြီးမှ လမ်းညွှန်မြေပုံကို ကြည့်တတ်ကြတယ်။ မိန်းကလေးတွေက တစ်ကြိမ်ထဲမှာ အလုပ်အများကြီး လုပ်နိုင်တယ်။ ဥပမာ တီဗွီကြည့်ရင်း ဖုန်းပြောရင်း လက်သည်းတွေ ပြင်နေတတ်သလို ဖုန်းပြောရင်း ကြော်လှော်နေလို့ရတယ်။

၁၀) ယောက်ျားလေးအများစုက ကိုယ့်ချစ်သူနဲ့ ဈေးဝယ်ထွက်ပြီး မိနစ်၂ဝ ကြာရင် ဦးနှောက် သွေးယိုစီးတဲ့ လက္ခဏာ ဖြစ်တတ်တယ်။

၁၁) ယောက်ျားလေးတွေရဲ့ ဦးနှောက်ထဲမှာ ၁၅% ကနေ ၂၀% အထိလောက်က မိန်းကလေးဆန်တဲ့ အစိတ်အပိုင်းရှိပြီး မိန်းကလေးတွေမှာ ၁၀% လောက်သာ ယောက်ျားဆန်တဲ့ အစိတ်အပိုင်းရှိတယ်။ ဒါကြောင့် ယောက်ျားလိင်တူ ချစ်ကြိုက်နှုန်းဟာ မိန်းကလေးလိင်တူ ချစ်ကြိုက်နှုန်းထက် များခြင်းဖြစ်တယ်။ ယောက်ျားနှင့် မိန်းမ ပိုက်ဆံရှိတဲ့ယောက်ျား အိမ်မပြန်ချင်ဘူး ပိုက်ဆံရှိတဲ့မိန်းမ အိမ်ထောင်မပြုချင်ဘူး။ ပိုက်ဆံရှိတဲ့ယောက်ျား မြက်နုကြိုက်တယ် ပိုက်ဆံရှိတဲ့မိန်းမ အငယ်မွေးတယ်။ ပိုက်ဆံရှိ၊ အာဏာရှိတယ်ဆိုရင် လက်ညိုးညွှန်ရာ ရေဖြစ်တယ်။ ပိုက်ဆံမရှိ၊ အာဏာမရှိရင် လက်ညိုးညွှန်တဲ့ ရေဖြစ်တယ်။ ပိုက်ဆံရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ လောဘကြောင့် ပိုက်ဆံမရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ ငွေကြောင့်။ ပိုက်ဆံရှိတဲ့ လူတွေက စကားကြီး စကားကျယ် ပြောတယ်။ ပိုက်ဆံမရှိတဲ့ လူတွေက ရီမောစရာပြောတယ်။ ယောက်ျားတွေရဲ့ အသက်အရွယ်ဟာ ရင့်ကျက်ခြင်း သက်သေ မိန်းမတွေရဲ့ အသက်အရွယ်ဟာ ရင့်ရော်ခြင်း သက်သေ နာမည်ကြီးချင်ရင် လွယ်ပါတယ်။ လူမုန်းတဲ့အလုပ် များများလုပ်ရုံပါပဲ။ အောင်မြင်ချင်ရင် လွယ်ပါတယ်။ လူကြိုက်တဲ့အလုပ် များများ လုပ်ရုံပါပဲ။ အောင်မြင်ဖို့ရာ လွယ်ပါတယ်။ အဲဒီ အောင်မြင်မှုကို ထိန်းဖို့ရာ ခက်တယ်။ စည်းစနစ်များသူကို လူတွေ အပြစ်မဆိုဘူး။ စကားများသူကို လူတွေ အပြစ်ဆိုတယ်။ အကောင်းဖြစ်ဖို့အတွက် အချိန်တစ်ချိန်လိုတယ်။ အဆိုးဖြစ်ဖို့အတွက် တစက္ကန့်တောင် မလိုဘူး။