ACER ချစ်သူများ အတွက် ဝမ်းမြောက်ဖွယ် Facebook တွင် Fun Club ဝင်နိုင်ပြီ

kyawgyiJuly 2, 20101min783

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် လူကြိုက်များ ထင်ရှား လှသော Acer အမှတ် တံဆိပ် ကွန်ပျူတာ ထုတ်ကုန်များကို ဝယ်ယူ သုံးစွဲကြသော Acer ချစ်သူများ အတွက် Facebook တွင် Fun Club တစ်ခုကို ဖွဲ့စည်းပေးလိုက်ပြီ ဖြစ်ကြောင်း ဝမ်းမြောက် ဖွယ်ရာ သတင်းရရှိပါသည်။ ထိုကဲ့သို့ Facebook တွင် အသင်းဝင် ဖွဲ့စည်းပေးလိုက်သဖြင့် Acer ချစ်သူ အချင်းချင်း နည်းပညာ အခက်အခဲများ မျှဝေ ဖြေရှင်းနိုင်ပြီး ဈေးနှုန်း အနိမ့်အမြင့် အတက်အကျ များကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်တော့မည် ဖြစ်သည်။ Acer ကို မြန်မာ နိုင်ငံသို့ ဖြန့်ချိခွင့် ကိုယ်စား လှယ် တရားဝင် ရရှိထားသူမှာ ရန်ကုန်၊ လမ်းမတော်မြို့နယ် အခြေစိုက် ရွှေလမင်း နဂါး ကုမ္ပဏီ ဖြစ်ပြီး ဝယ်ယူ အားပေးသော မိတ်ဆွေ များကို ကျေးဇူး တုံ့ပြန်သော အားဖြင့် အဖွဲ့ဝင်များအား အထူး ဈေးနှုန်းများ သတ်မှတ်ပေးခြင်း၊ Promotion ကာလများတွင် ကံစမ်းမဲနှင့် အထူး အစီအစဉ်များ ပြုလုပ်ပေးခြင်း တို့ကို ရရှိမည် ဖြစ်ကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် Facebook အတွင်း၌ Acer ချစ်သူ ပရိသတ် ပေါင်း ၃၅ဝ ခန့် ရှိပြီး၊ ဇူလိုင်လ ဒုတိယပတ်မှ စတင်၍ အဖွဲ့ဝင် ကတ်ပြားများက စတင် ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း ရွှေလမင်း နဂါးမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ ပါသည်။

3 comments

  • mgbakyaing

    July 2, 2010 at 5:40 am

    သတင်းကောင်းပဲဗျ
    မိုက်တယ်
    မန်ဘာဝင်အုံးမှပဲ
    ကျေးဇူးးးးဗျို့ းx)

  • etone

    July 2, 2010 at 7:27 am

    member ဝင်တဲ့လူကိုလျှော့ပေးမှာလား ။ ဒါဆိုမြန်မြန်ဝင်ရမယ် ။

  • youthstar

    July 3, 2010 at 3:56 am

    ဘယ်လို ဝင်ရမှာလဲ

Leave a Reply