ဘာေုကာင့်မြန်မာပြည်မှာမလုပ်နိ်ုင်ရတာလဲ

same kyawAugust 1, 20121min1426

အမှန်ပြော ရင်စာရေးပြင်းတယ်။ ဒါပေမဲ့ဝါတနာပါတယ်။

မနေ့ က ဆောင်းပါးရှင် နေခြည်(မကွေး)ရဲ့ ရိုးရာလေး အင်တာ နက်စာထဲမှာ ပါတဲ့ ဆေးရုံမှာ ငွေ ရှင်းပေးမဲ့လူ မရှိလို့လူနာ ကို ဘာမှ မလုပ်ပေးဘဲ  ပြစ်ထားတယ် ဆိုတဲ့ ဆောင်းပါး ကို

ဖတ်ပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု့ဟာ ထင်တာထက် ပိုဆိုးလာတယ်လို့ ထင်ပါတယ်။နယ်ဆို ပိုဆိုးပြီးပေါ့။

ကိုယ်ရောက်ဘူးတဲ့ နေရာနဲ့ နှိုင်းယှဉ်ကြည့်မိပါတယ်။

တခြားတိုးတက်တဲ့ တိုင်းပြည် ကို မရောက်ဘူးတော့ မပြောတတ်ဘူး ။ကိုယ်သိသလောက် ပြန်ပြောပြတာပါ။

အာဆိယမ် နို်င်ငံတွင်း ဘဲ ကြည့် ပါ ။ ဥပမာ မလေးရှား

မလေးရှား က သူ့နိုင်ငံသားတွေ ကို ကျန်းမာရေးစောင့်ရှောက်မှု့ အရမ်းပေးပါတယ်။

ဥပမာ ဆေးရုံ ပြမယ်ဆို သူတို့ရဲ့ i/c ပြလိုက်ရုံဘဲ မှတ်ပုံတင်ကျေး က သာမန်ဆို မလေး ၅RM ကောက်ပါတယ် senior citizen ဆို တပြားမှ မပေးရပါဘူး။(အသက် ၇ဝ အထက်)

နိုင်ငံခြားသားတွေ ဆေးရုံတခါပြဘို့ မှတ်ပုံတင် ရင် မလေး၆၀RM ပေးရတယ်။ဘယ်လောက်ကွာလဲကြည့်။

ဆေးရုံတက် ရင် မလေးတွေ က deposit မပေးရဘူး။နိ်ုင်ငံခြားသားတွေ က မလေး၄၀ဝ ပေးရတယ်။OG နဲ့ ပတ်သက် ရင် နို်င်ငံခြားသားတွေ က ၈၀ဝပိုပေးရပါတယ်။

ဆေးရုံတက် ပြီးဆိုပါတော့ ဆေးရုံ က breakfast ,lunch, dinner ,တို့ က ကျွေးပြီးသား။ဆေးရုံ အဝတ်ဘဲ ဝတ်ရပါတယ်။ဆေးရုံတက်နေသမျှ အိမ်သားတွေ  ညနေ သွားကြည့်ရုံဘဲ။ဘာမှ မလိုဘူး။ရောဂါ အလိုက် အစာကို ကျွေးပါတယ်။ဥပမာ ဆီးချိုဆို တမျိုး စသဖြင့်ပေါ့။

တကယ်လို့ ခွဲစိတ်မယ့်လူနာ ဆို မလေး တွေ က ၂၀ဝ လောက်ဘဲကျတယ်။ senior citizen ဆို မပေးရပါ။

နို်င်ငံခြားသားဆို မလေး ၂၀၀ဝမှ ၅၀၀ဝထိ ကျပါတယ်။ဒါဟာလဲ ခွဲစိတ်မှု့ အကြီးအသေး လိုက်ပေးရတာပါ။

အဲ့ဒါက အစိုးရ ဆေးရုံတွေမှာပါ။ဒါပေမဲ့ အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ်  ဆေးရုံ semi government hospital  ဆိုလဲ အဲ့ဒီအတိုင်းဘဲ။

X’ray, ultrasond,CT,MRI ,mammogramနဲ့သွေးစစ်တာ တို့ ကမလေးတွေ ကမပေးရပါ။န်ိုင်ငံခြားသားဆိုပေးရပါတယ်။ဥပမာ CTဆို နို်င်ငံခြားသားတယောက် ၉၀ဝ ပေးရပါတယ်။MRI  ဆို ပိုဈေးကြီးလို့ သူတို့လဲ မရိုက်ပေးပါ။သူတို့နို်င်ငံသားအတွက်လို ဖြစ်နေတယ်။တအားလိုမှ ရိုက်တယ်။ဥပမာ အကြောတွေနဲကပတ်သက် ရင်ပေါ့ ။ဒါတောင် ၁၅၀ဝပေးရပါတယ်။နို်င်ငံခြားသားတို အန္တရာယ်ရှိသော ဈေးပေါသော  CT ကိုဘဲ သုံးတာများတယ်။

Semi government hospital(HUKM)
ဆေးရုုံကီးရဲ ့တစိတ်တပိုင်းဖြစ်တဲ့ O&G ward

အားလုံးကောင်းတာတွေ ဟာ သူတို့န်ိုင်ငံသားအတွက်ပါ။

အထူးသဖြင့် ကိုယ်ဝန်စောင့်ရှောက်မှု့ အရမ်းကောင်းပါတယ်။သူတို့ က ကလေး ကိုသိပ်ဦးစားပေးတဲ့နိုင်ငံဘဲ။

ကိုယ်ဝန် ၃ လ မှာ သူတို့ က မြန်မာအခေါ် ဒေသန္တရ ဆေး ခန်းကို ဗိုက်အပ် ရတယ်။အဲ့ဒီ မှာ ဆီးချို သွေးချိုးနဲ့ သွေး ပေါင်ချိန် ကို အဓိကထားစစ်တယ်။ကိုယ်ဝန်ဆောင်အားဆေးပေးတယ်။

အဲ့ဒါ နို်င်ငံသားရော နိ်ုင်ငံခြားသားရောတူတယ်။မှတ်ပုံတင်ကျေးပေးရတာဘဲ မတူဘူး။ကိုယ်ဝန် ၈လ နောက်ပိုင်းဆို ဒေသန္တရ က သူနာပြုတွေ က အိမ်အထိလိုက်လာပြီး ကိုယ်ဝန်ကိုတပတ်တခါ လာ စစ်တယ်။အဲ့ဒါ ကိုယ်ဝန်ဆောာင်အား လုံး တန်းတူ အခွင့်အရေး ရတယ်။နို်င်ငံသား န်ိုင်ငံခြားသားအားလုံးတူတယ်။

တကယ်လို့ မွေးခါနီး မှာ ဆီးချိုတွေ နဲ့ သွေးပေါင်တက်တဲ့ သူတွေ ဆို ဆေးရုံ ကိုမမွေးခင်တလအလို ကတည်းက လွဲပေးလိုက်တယ်။

မွေးလူနာ ကသူတို့နို်င်ငံသားဆို ၆၀RM ပေးရတယ်။န်ိုင်ငံခြားသားဆို ၈၀၀RM deposit တင်ရတယ်။

ဆေးရုံမှာဆို ဗိုက်နာပြီးဆို os 8cm လောက်မှ သူတို့ က ကုတင်ပေါ်ရောက်တယ်။နိ်ုမို့ က အပြင်မှာ လမ်းလျှောက်နေပေတာ့။ကုတင်မပေးသေးဘူး။အပြင်ဆိုတာ OG Ward ရဲ့ အတွင်းပိုင်း ကိုပြောတာ။

ဆေးရုံမုတ်ပုံတင်တာနဲ့ သူတို့ဆေးရုံ က အဝတ်ကို မမွေးခင်ကတည်း ကဝတ်ပေးလိုက်တယ်။မွေ ပြီးရင် ကလေးကို သူတို့အကုန်လုပ်ပေးပြီးအကုန်ပေးတယ်။နိ်ု့တိုက်ခါနီးမှ မိခင်ကို ပေးလိုက်တယ်။

ဆေးရုံမှာ နေရင် သူတို့ အကုန်ကျွေးတယ်။အိမ်သားတွေ ဘာမှ ပို့စရာမလိုဘူး။ကိုယ့်ဘာသာ အချိုအချဉ်စား ချင်ဝယ်စားပေါ့။

ကလေးမွေးပြီးတာနဲ့ BCG  နဲ့ HEPကို တန်းထိုးးပေးတယ်။

သူတို့န်ိုင်ငံသား ပုံမှန် ရိုးရိုး ကလေးတယောက်မွေးရင် ၆ဝ RM ကုန်ပြီး နိ်ုင်ငံခြားသား မွေးရင် ၁၂၀၀RM နီးပါးကုန်ပါတယ်။ဒါကရိုးရိုးမွေးတာ။တကယ်လို့ ခွဲမွေးရင် သူတို့န်ိုင်ငံသား က ၆၀ဝ ကနေ ၁၀၀ဝေ့ပးရတယ်။နို်င်ငံခြားသားဆို ၂၀၀ဝနဲ့ ၃၀၀ဝကြားပေးရတယ်။ကွာတယ်ဆိုတာ ဆေးသုံးတဲ့အပေါ်မူတည်ပါတယ်။

မွေးပြီး ၂လ အထိ ဒေသန္တရမှ သူနာပြုဆရာမ က အိမ်ကို မွေးပြီါ်တပတ်အတွင်း နေ့တိုင်းနဲ့ တပတ်ကျော်ရင် ၂ခါနဲ့ တလကျော်ရင် ၂ပတ် တခါ အိမ်ကိုလာ ကြည့်ပါတယ်။အဲ့ဒါနို်င်ငံခြားသား နို်င်ငံသားအတူတူဘဲ စောင့်ရှောက်ပေးတယ်။မွေးပြီတလ ၊၂လ၊၃လ ။စသဖြင့် ကလေး၂နှစ်ထိ ကလေးကာကွယ်ဆေးများ ကို ဒေသန္တရမှာ အလကား ထိုးပေးပတယ်။

ဆင်းရဲတဲ မလေးနို်င်ငံသား တွေ ဟာ ကျန်းမာရေးစောင့်ရှောက်မှု့ အပြည့်ရတယ်။ဒေသန္တရ ကိုသွားသည်ဖြစ်စေ ဆေးရုံကို follow up  သွားပြရင် ဆေး ကို တလ ၂စာတွေ  ကို်အလကားလိုလို ရတယ်။တခါတရံ သူတို့ဆေးတွေ များလွန်းလို့ ကုန်တယ်လို့မတွေ့ရဘူး။တကယ်ပါ။

မလေးရှားနိုင်ငံ ဟာ နို်င်ငံသားအပေါ်ကောင်းသလောက် နိ်ုင်ငံခြားသားတွေ အပေါ် ရက်ရက်စက်စက် အခွန်ကောက်ပါတယ်။သာမာန်န်ို်င်ငံခြားသားတယောက်ကို တလ အနည်းဆုံး မလေး ၁၀ဝ ပေးရတယ်။သူတို့န်ုိင်ငံခြားသားပေါင်း ၁သန်းနီးပါးရှိတယ်လို့ပြောပါတယ်။

ကဲ တလ အခွန်ငွေ ဘယ်လောက် ရနေပြီးလဲ။ဒီလောက်ချမ်းသာတာ ဘာကြောင့်လဲဆိုတာ

ကဲဒီလောက်ဆင်းရဲတဲ့ မြန်မာ နိုင်ငံ ကအခွန်လျှော့မယ်တဲ့????

 

လိုတာ ရှိရင်ပြော ကြပါ။မခံနို်င်တော့ လို့ ရေးမိတာပါ။ဆေးရုံမှာလုပ်တဲ့ ဆရာဝန် နဲ့သူနာပြုတွေ (အားလုံးကို မဆိုလိုပါ။ဒီထဲမှာလဲဆရာဝန်တွေ ရှိတယ်လို့ကြားထားတယ်)ဆရာဝန်ကျင့်ဝတ်နဲ့ နာသုံးနာ တွေ ကကျောင်းထဲ ထားခဲ့ပြီးလားလို့

ဆင်းရဲတဲ့ မြန်မာပြည်သူားများ ကို စေတနာ ထားနို်င်ကြပါစေ။ကိုယ်ကြောင့် အသက်ပေါင်းများစွာ မဆုံးရှုံးပါစေနဲ့။ကိုယ်ချင်းစာ စိတ်လေး မွေးမြူနို်င်ကြပါစေ။တူသော အကျိုးပေးတတ်ပါတယ်။

 

6 comments

  • မောင်ပေ

    August 1, 2012 at 10:52 am

    ယနေ့လက်ရှိအချိန်မှာ ပြည်သူ့ဆေးရုံတွေကို ပြည်သူတွေသိပ်ယုံကြည်အားကိုးခြင်းသိပ်မရှိတော့ပါဘူး
    ပရဟိတ အခမဲ့ဆေးခန်းတွေ ဆေးရုံတွေကိုပဲ အားထားလာပါတယ်
    အဲဒီတွေမှာ မဖြစ်နိုင်တဲ့ အနေအထားမျိုးမှ ပြည်သူ့ဆေးရုံ ကို သွားကြပါတယ်
    သမ္မတအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကျန်းမာရေးအသုံး စရိတ်တွေတိုးသုံးမယ်ဆိုတာကို ဝမ်းသာကြရပေမယ့်
    အကျင့်ပျက် လာဘ်စားခြင်း ခြစားမှုများကို လုံးဝပပျောက်အောင် မရှင်းနိုင်သေးသရွေ့ ရွှေပြည်တော်ဟာဝေးနေဦးမှာပါ
    ဆိုတော့ဗျာ
    တစ်ကယ်အလုပ်လုပ်နေကြတဲ့ ပရဟိတဆေးခန်း ဆေးရုံ အခမဲ့ဆေးပေးခန်းများ အားလုံးကို ကိုယ်တတ်နိုင်သမျှ လှူဒါန်းကူညီခြင်းဖြင့် မွန်မြတ်ခြင်းတရားကို ခံစားကြပါစို့

  • P chogyi

    August 1, 2012 at 11:41 am

    နာသုံးနာက သူတို့ကို ပြောတာမဟုတ်ဘူး
    လူနာတွေကိုပြောတာဖြစ်မယ်။

  • ဦးဦးပါလေရာ

    August 1, 2012 at 1:11 pm

    နာ သုံးနာ ဆိုတာကို ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာမောင်သော်က က ဒီလိုအဓိပ္ပါယ်ဖွင့်ပါတယ်။
    ဝါသနာ၊ စေတနာ ၊ ခါနာ(ထမင်း) တဲ့….. 😀
    (မောင်သော်ကဆိုတာကတော့ အဆင့်မြင့်သရော်စာတွေရေးတဲ့ ကျုပ်အကြိုက်ဆုံးစာရေးဆရာပါ။)

    ဆရာဝန်တွေ သူနာပြုတွေဟာ အနစ်နာခံစရာမလိုပါဘူးနော… ။
    စေတနာထားပြီး တာဝန်ကျေ၊ ကျင့်ဝတ်နဲ့ညီညွတ်ရင် တော်ပါပြီ..။
    အဲလို ဆရာဝန်/သူနာပြု ကောင်းတွေလဲ အများအပြားရှိပါတယ်…။
    အင်း…. သူတို့ကောင်းနိုင်ခွင့်ရှိသလောက် ဘောင်ထဲကပေါ့လေ…….။

    ဒီပိုစ့်မှာ မလေးရှားနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု့အကြောင်း တစေ့တစောင်းရေးပြထားတဲ့အတွက် တန်ဘိုးရှိကျေးဇူးများတဲ့ ပိုစ့်ကောင်းတပုဒ်ဖြစ်ပါတယ်။

  • mamanoyar

    August 1, 2012 at 1:31 pm

    ဟူးးးးးးး
    မှန်တာပဲ
    အခုခေတ်အရ ပိုက်ဆံမရှိ သေရုံပဲရှိတော့တယ်

  • ပန်းစံပါယ်

    August 1, 2012 at 2:07 pm

    မလေးရှားရုံးက colleague တစ်ယောက်လေဆာနဲ့ဆီးကြိတ်ချေတာ 4000 ကျတယ်လို့ပြောပါတယ်။ သူက ၁၀% ကျခံရမှာဖြစ်ပြီး ကျန်တာကို insurance ကကျခံပေးမှာလို့သိရပါတယ်။ မလေးရှားမှာ ကလေးတစ်ယောက်မွေးတဲ့ ကုန်ကျစရိတ်က RM 60။ မြန်မာငွေနဲ့တွက်ရင် ၁၅၀၀ဝ ဝန်းကျင်ပေါ့။ မလေးက company တစ်ခုရဲ့ vacancy announcement မှာဖော်ပြပါရှိချက်အရ RM 1200 ဆိုတာ အခုမှလုပ်ငန်းခွင်စဝင်တဲ့ လူသစ်တစ်ယောက်ရဲ့ အနည်းဆုံး တစ်လလုပ်ခလစာရှိပါတယ်။ သူတို့ဆီမှာ ကလေးတစ်ယောက်မွေးဖို့အတွက် အခြေခံအနည်းဆုံးလုပ်ခလစာရဲ့ ၅%လောက်ပဲ ကုန်ကျတဲ့သဘောပေါ့။ မြန်မာပြည်မှာ အစိုးရဆေးရုံတွေမှာတော့ စရိတ်မျှပေး လို့ ရေးထားတာတွေတွေ့တာပဲ……….။ ပုဂ္ဂလိက ဆေးရုံးဆေးခန်းတွေမှာမွေးရင်တော့ သိန်း ဆယ်ဂဏာန်း ကုန်ကျတယ်လို့ပြောကြတာကြားဖူးတာပဲ။ အဓိကအချက်ကတော့ စိတ်ဓာတ်တွေ အကျင့်စာရိတ္တတွေကိုမပြောင်းလဲနိုင်လို့ပါ။

  • သဌ္ဇာနာဂရ

    August 1, 2012 at 6:49 pm

    မကွေးဆေးရုံက သင်ကြားရေးဆေးရုံအဖြစ်သုံးနေဆဲပေမယ့် ခုလို
    အဖုအထစ်တွေရှိနေဆဲပါဘဲ။ကျနော့် ကိုယ်တွေ ့ဘဲလေဗျာ။

Leave a Reply