ထီနောက်က မိုဘိုင်းဖုန်း

ကြောင်လေးAugust 15, 20121min43127

ထီနောက်က မိုဘိုင်းဖုန်း

ကျနော်တို့နယ်ဘက်မှာလိမ်နည်းတမျိုးတိုးလာပြန်ပါပြီ။

လိမ်နည်းတိုးတယ်ဆိုပေမဲ့  တကယ်တော့ပုံစံတူပါပဲ။

အကြောင်းပြချက်လေးပဲကွာသွားတာပါ။

ထီထိုးထားလို့ကံစမ်းမဲပေါက်တယ်။ ငွေဘယ်လောက်ထုတ်ရမယ်။

မှတ်ပုံတင်အမှတ်နဲ့ ငွေဘယ်လောက်အရင်ပို့လိုက်ပါဆိုတာကို ရွာထဲမှာတွေ့ဖူးပြီးသားပါ။

အခုကတော့ ထီမဟုတ်ပါဘူး။

မိုဘိုင်းဖုန်းပါတဲ့ခင်ဗျာ။

လူကြီးမင်းရဲ့ ဖုန်းနံပါတ်က ကံစမ်းမဲပေါက်နေပါတယ်။သိန်း သုံးရာ ထုတ်ရပါမယ်။

အဲဒါကြောင့် မှတ်ပုံတင်မိတ္တူနှစ်စောင်ရယ်၊ ဖုန်းစာချုပ်တွေရယ်ကိုစာတိုက်ကပေးပို့ပြီး ငွေ ခုနစ်သိန်းခွဲ ကိုဘဏ်ကနေလွှဲပေးရမယ်ဆိုပြီးဖုန်းဆက်တယ်လို့ဆိုပါတယ်။

ဆက်လာတဲ့နံပါတ်က  0973104129  ကပါတဲ့။

အဆက်ခံရတဲ့ဖုန်းက ကျေးလက်တောရွာက ဖုန်းတစ်လုံးပါ။

အသိတစ်ယောက်ကပြောပြလို့ သိရတာနဲ့  ရွာသူ/သားမျာရော ဖတ်မိသူများပါ သိစေရန် အတွက်ရယ်

ကျေးလက်မှာရှိတဲ့ မိမ်ဆွေမျိုးမိတ်ဆွေများကို သတိပေးထားကြနိုင်ရန်အသိပေးလိုက်ပါတယ်။

မသိနားမလည်သူနဲ့လောဘကြီးသူတွေကို ပုံစံအမျိုးမျိုး နဲ့လိမ်နေကြတာပါလား။

 

အားလုံးကို

ခင်မင်လေးစားစွာဖြင့်

ကြောင်လေး။ ။

7 comments

  • ko khin kha

    August 15, 2012 at 2:49 pm

    ကံစမ်းမဲက ဖုန်းပြောအကြောင်းကြား သူပေါက်တာလား၊ ဖုန်းလက်ခံသူပေါက်တာလား၊
    အခုအတိုင်းဆို ပြောတဲ့သူက ကံစမ်းလိုက်တာဖြစ်မယ်၊ ငွေများလွဲပေးမိရင်တော့ဖြင့်—–။
    ပေါက်သွားပြီး ကံစမ်းမဲ။

  • etone

    August 15, 2012 at 3:57 pm

    လိမ်နည်းတွေက .. အမျိုးမျိုးပါပဲလား …
    သူတို့ အဓိက တားဂတ်ထားပြီး လှုပ်ရှားတာ … နယ်က ဖုန်းဖြစ်မယ်ထင်တဲ့ နံပါတ်မျိုးကိုပါ ။ (သူတို့စိတ်ထင်)
    မြို့ပြနဲ့ ဝေးလွန်းပြီး … ကြားဖူးနားဝ ဗဟုသုတမရှိလေ … လိမ်စားရလွယ်လေပါပဲ … ။
    အခုလို ဖုန်းကနေ ကံစမ်းမဲပေါက်တယ်ဆိုတာတော့ မကြုံဘူးသေးဘူး ….. ။ ဟိုးတလောကတော့ …….. ထီက ကံစမ်းမဲပေါက်တယ်ဆိုပြီး လိမ်တဲ့အကြောင်းလေး … ရေးခဲ့ဖူးသေးတယ် … အဲ့ဒီတုန်းကလည်း .. ဖုန်း လိုင်းပြတ်သွားတာနဲ့ တိုက်ဆိုင်လို့ …. နည်းနည်း ပြန်မမွှေလိုက်ရဘူး … ။ recording လုပ်ထားတဲ့ အသံတော့ … evidence ရှိထားပါတယ် ။ ဖုန်းလိုင်းက recording လုပ်ထားလျှင် ခဏကြာတာနဲ့ ပျက်ကျတာကြောင့် … သူလည်း မလိမ်လိုက်ရသလို ကိုယ်လည်း ငပွေးမလုပ်လိုက်ရဘူး … ။ 🙄

    နောက်တစ်ခါများ ကြုံလာခဲ့လျှင် … လူလိမ်တွေကို တယောက်ပဲ ရရ နှစ်ယောက်ပဲ ရရ … ဖော်ထုတ်ကြည့်ရအောင်လားနော် … ။

  • ကြောင်လေး

    August 15, 2012 at 5:00 pm

    ×သေချာတာပေါ့ ကိုခင်ခရယ်။ သူဖုန်းတကောဆက်ရင် ကုန်လှ ၁၅ဝ ပေါ့။ ၁ဝ ကောလောက်ဆက် လို့ တခွင်ညိလိုက်ရင် သူ့အတွက် ခိုင်သွားပြီလေ။ ဒါကြောင့် ကံစမ်းတာနေမှာ။
    ×အိတုန်ရေ အခုဆက်ခံရသူတွေကတော့အဲဒါတွေနားလည်မည်မထင်။ အိတုန်တို့လိုလူမျိုးတွေနဲ့တွေ့မှ ဒီကိစ္စတွေက နည်းနည်း အုပ်မိမှာပါ။ပွေးသာပွေးပါ၊အားပေးပါတယ်။ သူတို့ ဆက်တဲ့ဖုန်းနံပါတ်ကို လိုက်စုံစမ်းရင်လည်းလမ်းဘေးဆိုင်လေးတွေကဖုန်းဖြစ်ဖို့များပါတယ်။ ပြန် ပြောပြတဲ့သူရဲ့စကားထဲကအတိုင်း နံပါတ်ထည့်ရေးလိုက်တာ။ တကယ်တော့ အဲ့နံပါတ်က အသုံးမတည့်ပါဘူး။

    • မောင်ပေ

      August 15, 2012 at 8:52 pm

      လမ်းဘေးဆိုင်ကဖုန်းဆိုပေမယ့်လဲ ၊ အချိန်းအချက်တစ်ခုတော့ရှိမှာပါ
      ဥပမာ ဖုန်းဆိုင်ကို ဘယ်ဖုန်းနံပါတ်က ခေါ်ရင် သူ ့ကို လာခေါ်ပေးပါဆိုသလိုမျိုးပေါ့
      ဖမ်းပြီး ထိထိရောက်ရောက်အရေးယူပစ်သင့်တယ်ဗျာ

  • manawphyulay

    August 15, 2012 at 5:29 pm

    သေချာစဉ်းစားပေါ့ ကြောင်လေးရယ်… ကံစမ်းမဲပေါက်တယ်လဲဆိုသေး ငွေလည်း လွှဲပေးရဦးမယ်။ ကံစမ်းမဲဆိုထဲက ဘာလို့ ငွေလွှဲပေးရမှာတုန်း ဖုန်းကို ပေးချင်ပေး မပေးချင်နေပေါ့ ဟုတ်ဘူးလား။

  • ဟုတ်တယ်ဗျာ အရင်ကလဲ ပုံစံတူဖြစ်ခဲ့ဖူးတယ်လေ။မနှစ်ကလဲ ထီပေါက်နေလို ့ဆိုပြီး
    သံတွဲက မြို ့ခံတွေဆီက (၂၀)သိန်းလောက်ပါသွားသေးတယ်ဗျာ။

  • ကြောင်လေး

    August 15, 2012 at 9:36 pm

    ×ဟုတ်တယ် ကိုပေရေ တနည်းနည်းနဲ့ ဖမ်းမိအောင် လုပ်သင့်တယ်။ သူတို့က ငွေကို ဘဏ်ကိုလွှဲခိုင်းတာများတယ်၊ အဲဒီလို လွှဲလိုက်ပြီး ဘဏ်မှာသွားထုတ်တဲ့အချိန်စောင့်ဖမ်းရင်ရနိုင်တယ်၊ သူတို့လွှဲခိုင်းတဲ့ဘဏ်နဲ့ ကြိုညှိထားရမှာပေါ့။ သက်ဆို်င်ရာဌာနတွေတော့ ပါရမှာပေါ့။
    ×မနောရေ ကြောင်လေးကတော့စဉ်းစားပါတယ်။ ဒါပေမဲ့မစဉ်းစားကြတဲ့သူတွေ ကိုသန်းထွဋ်ဦးပြောသလို ထီကိစ္စကတည်းက ခံခဲ့ရတာတွေရှိတယ်လေ။
    ×ကိုသန်းထွဋ်ဦးရေသိန်းနှစ်ဆယ်တောင်မနဲပါလားဗျ၊မသိနားမလည်သူတွေခံလိုက်ရတာပဲ။
    အဲလိုအကြောင်းအရာမျိုးနဲ့ ငွေလွှဲခိုင်းရင် လိမ်လည်တာဖြစ်နိုင်တဲ့အတွက် သတိထားကြပါရန်ဆိုပြီး တချို့ဘဏ်တွေမှာ သတိပေးစာကပ်ထားတာတွေ တွေ့ဖူးတယ်။

Leave a Reply