စိတ်ကူးပေါက်ရာ

ဘဲဥAugust 16, 20121min17714

မြန်မာပြည်ဟာ ဗမာလူမျိုးတစ်စုတည်းအတွက်ဖြစ်နေပြီလားဆိုတဲ့ပြီးမေးထားတာလေးတွေ့မိလို့ပါ။

သူရေးထားတဲ့အထဲမှာ တိုင်းရင်းသားအချင်းချင်းကို ရန်တိုက်ပေးထားတဲ့ပုံစံမျိုး တွေ့ရတယ်ဗျ။ ဖားကန့်ကျောက်စိမ်းမှော်တွေကို အကြောင်းပြထားတဲ့ဟာလေးပါ။ အဲ့ဒီပြည်နယ်မှာရှိတဲ့ ဒေသခံတွေက အကြိုးအမြတ်ဘာမှ မခံစားရဘဲ အားလုံးကို ဗမာတွေချည်းပဲ လက်ဝါးကြီးအုပ်ထားတဲ့ပုံစံမျိုးရေးထားလို့ ၊ စိတ်ထဲမှာ ကလိကလိဖြစ်လာတာနဲ့ ဒီပိုစ့်ကို ရေးလိုက်မိတာပါ။ အဲ့လိုရေးတဲ့သူကို နည်းနည်းမေးကြည့်ချင်ပါတယ်၊ ဖားကန့်ကိုရောက်ဖူးသလား ၊ ဖားကန့် ၊ တောမှော် ၊ လုံးခင်း စတဲ့ဒေသတွေက အကြောင်းအရာတွေကို ခရေစေ့တွင်းကျ သိသလား။ မသိဘဲနဲ့တော့ ရမ်းမတုတ်ပါနဲ့ ။ ကျုပ်က အဲ့ဒီဒေသတွေမှာ သုံးနှစ်ကျော် ကျင်လည်လာခဲ့တာ အဲ့ဒီဒေသအကြာင်းတွေကို အနည်းအကျင်းတော့ တီးမိခေါက်မိရှိသဗျ။

အဲ့ဒီဒေသတွေမှာ ရှိတဲ့ ဒေသခံတွေက အကျိုးအမြတ်မခံစားရဘူးဆိုတာ ဘာကိုကြည့်ပီး ပြောတာလဲ။

အဲ့ဒီမှာ ကချင်ကုမ္ပဏီတွေ အောင်မြင်နေတာ အများအသိပဲ ၊ ဒေသခံတွေလည်း အကျိုးအမြတ်ခံစားနေရတာပဲ။

စုဆောင်းတတ်ပီးတော့ ချမ်းသာသွားကြတဲ့သူတွေလည်း ဒုနဲ့ဒေးပဲ။

မစုမဆောင်းပဲနဲ့ အရက်သောက် ၊ ဖာချ ၊ ဖဲရိုက် ၊ ဖိုးရှူ နေရင်တော့ ဘယ်လိုလုပ် ချမ်းသာနိုင်ပါ့မလဲ။

လွယ်လွယ်နဲ့ ရတဲ့ ပိုက်ဆံကို လွယ်လွယ်ဖြုံးတီးနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အဲ့ဒီ့အခါကျမှ နောင်တရနေလို့လည်း အလကားပဲ။ကျင်းသားတွေက လွယ်လွယ်ရတဲ့ ပိုက်ဆံကို ဘယ်မှာဖြုံးရမလဲလောက်ပဲတွေးနေတာများတယ်။ ဖာဘိတွေကလည်း ပေါချင်းသောချင်းပဲ၊ အဲ့လို ပိုက်ဆံကုန်မယ့်အပေါက်မျိုးတွေကိုပဲ လိုက်စားနေရင်တော့ ပေါလန်မဖြစ်ပဲ (ပေါလန်= Boss) ကျင်းသားဘဝနဲ့တင် အရိုးဆွေးသွားမယ်။ ကံမကောင်းရင် လေးလုံးပါကိုက်သွားမယ်။ တကယ် စုဆောင်းချင်တဲ့ ကျင်းသားတွေလည်းရှိတော့ရှိတယ် နည်းနည်းရှားတယ်။ ကိုယ့်ဘဝကိုတိုးတက်အောင် လုပ်ရမှာ မေ့သွားတဲ့သူတွေက တော်တော်များတယ် ။ဖိုး ဖဲ ဖာ အစုံရတော့ ရည်မှန်းချက်ပျောက်သွားတဲ့သူတွေကိုကြည့်ပီး  အကျိုးအမြတ် မခံစားရဘူး အော်နေရင်တော့ လေကုန်မှာသေချာတယ်။ ကျင်းသားဘဝမှာ နေရင်း စုဆောင်းပီး ချမ်းသာလာတဲ့သူတွေကိုလည်း မေးကြည့်ပါ ။ ဖိုး ဖဲ ဖာ လိုက်စားသလားလို့ တော်တော်များများ ရှောင်တာတွေ့ရလိမ့်မယ်။ ကံအလွန်ကောင်းပီး လမ်းဘေးမှာ သေးပန်းရင်း ချမ်းသာတဲ့သူတွေလည်းရှိတယ် ၊ သေးပန်းတာကို တန်ဖိုးကြီးတဲ့ ကျောက်ပေါ် ပန်းမိပြီးချမ်းသာကုန်ကြတာ။

အဲ့ဒီဒေသမှာရှိတဲ့သူတွေလည်း ကျောက်မှော်တွေကို အားပြုပီး စားသောက်ဆိုင် ၊ စတိုးဆိုင် ၊ စက်သုံးဆီဆိုင်တွေဖွင့်ပီး ကြီးပွားသွားကြတာလည်း အများကြီးပါ။  ကျန်တာတော့ နောက်မှ ဆက်ရေးတော့မယ်နော်  ဘိုင့်…..

 

 

 

 

 

14 comments

  • Khaing Khaing

    August 16, 2012 at 12:54 pm

    မယ်ဥ …. ပျော်လှချေလား … သတိရနေတာအေ့ …. ခုနတော့ ပို့စ်တင်လာတယ် …. နာထီပေါက်ဦးမယ်သိလား …….. တကယ်တော့ ကျောက်တူးသမားများဟာ လောပန်လောင်းတွေပါ ……

    • ဥဥ

      August 16, 2012 at 4:25 pm

      သများဂို တတိရဒယ်လား တားတားကလည်း အားလုံးဂို တတိရဘာဒယ်နော်

    • ပင်လယ် ပျော်

      August 18, 2012 at 8:19 pm

      အဲဒီလောပန်လောင်း အများစုကမူးယစ်ဆေးဝါးရဲ့သားကောင် ဖြစ်သွားကြပါတယ်…

  • P chogyi

    August 16, 2012 at 1:19 pm

    စိတ်လျော့လိုက်ပါ အဲဒီပို့ရေးတဲ့ကောင်က
    သူအမျိုးထိလို့ ရေးတာ
    သေသေချာချာသိလို့ရေးတာမဟုတ်ဘူး
    စိတ်ထဲထားမနေပါနဲ့။

    • laypai

      August 16, 2012 at 2:05 pm

      ဖိုးဖဲဖာ၊ နိုးပဲကွာ
      ဘီအီးနဲ့ ဘီယာ
      စိုးမိုဆဲ မို့ ပါ။
      ရေ ရွှင်တဲ့ အခါ များ
      ဘီယာ တဂျားပြီး တဂျား
      ဘိုင်ပြတ်ရင် တော့
      ဘီအီး ကို သာ မော့။

      ပုံ
      စိန်ဗိုက်ဗိုက် ပြောတာလို့ မပြောဘူး။

      • ဥဥ

        August 16, 2012 at 4:21 pm

        အဲ့လာ ဘူပေါဒါယဲဟင် 😀

  • လေပြေ ရှိုင်း

    August 16, 2012 at 4:20 pm

    ဖိုး ဖဲ ဖာ ဘီယာ ဘီအီး ဘိုင်ပြတ်
    အထက်ပါ ကြာသာပတေးနံများအား ငယ်စဉ်ကြီးလိုက်စီပါ (၁၀-မှတ်)
    ဖဲ ဘီယာ ဖာ ဖိုး ဘိုင်ပြတ် ဘီအီး

    • ကြောင်လေး

      August 16, 2012 at 10:20 pm

      အက​္ခရာစဉ်အလိုက် စီရင်တော့
      ဖာ၊ ဖဲ၊ ဖိုး၊ ဘီယာ၊ ဘီအီး၊ ဘိုင်ပြတ်
      အဲသလိုရတယ်။

  • shwe kyi

    August 16, 2012 at 4:33 pm

    ဥဥရေ ရွှေကြည်အဲဒီပို့စ်ကိုဝင်လို့မရတော့လို့ မန့်ချင်နေတာ။
    သူကတိုင်းရင်းသားအချင်းချင်းရန်တိုက်ချင်နေတာ။ ရခိုင်နဲ့ရန်တို်က်လို့မရတော့ နောက်တမျိုးကချင်ပြောင်းသွားတယ်။
    အတော်ဆိုးတဲ့သူတွေ။

  • ဥဥ

    August 16, 2012 at 4:37 pm

    အားလုံးပဲ သတိ ရှိကြပါလို့ အသိပေးပါရစေ

  • ဥဥ

    August 16, 2012 at 5:40 pm

    ခေါင်းစဉ်ရေးပီးမှ ဟိုကောင်မ ဖြဲမရေးတဲ့ ပိုစ့်ခေါင်းစဉ်နဲ့ သွားတူနေလို့ ချောဒီးနော် အဟီးးးးးး
    http://myanmargazette.net/107582/creative-writing

  • မဟာရာဇာ အံစာတုံး

    August 17, 2012 at 8:14 pm

    ဟေ့ ဘဲဥမ ..
    ညည်းဂ အဲ့ ဖားကန့်ဘက်မှာ နေခဲ့ဒေါ့ ..
    ငှက်ဖျားမိဖူးမှာပေါ့နော့ ..
    ငှက်ဖျားမိရင် ဘာဆွဲရတယ် ဆိုလားပဲ ..
    ကြားဖူးတာ ..

    • ဥဥ

      August 18, 2012 at 11:10 am

      အာမီလေးနဲ့ ဆတ်သွေး ရောပီးလွှေးလိုက်ရင် လွှတ်ကောင်းတာကလား 😀 [:-bd]

      _________________________
      I added cool smileys to this message… if you don’t see them go to: http://s.exps.me

Leave a Reply