ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း၏ Southern Weekend(China)တရုတ်သတင်းစာပါပြောကြားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ

ဘဲဥAugust 20, 20121min18315

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း၏
Southern Weekend(China)တရုတ်သတင်းစာပါပြောကြားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ
ရည်ညွှန်းချက်
၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဋ္ဌာနချုပ်၏ (၂၈.၇.၂၀၁၂) ရက်စွဲပါ၊ စာအမှတ်၊၁၁/၇/ ပြည်ခိုင်ဖြိုး/၂၀၁၂(၁၀၄)
စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ
၂။ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းပါသည်-
(က) ဥက္ကဋ္ဌ ဦးတင်ထွတ်၊ ဗဟိုအတွင်းရေးမှူး
(ခ) အဖွဲ့ဝင် သူရဦးအေးမြင့်၊ ဗဟိုအလုပ်အမှုဆောင်
(ဂ) အဖွဲ့ဝင် ဦးသိန်းဆွေ၊ ဗဟိုအလုပ်အမှုဆောင်
စွပ်စွဲခံရသူ
၃။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း
စုံစမ်းဖေါ်ထုတ်ရန်အချက်များ
၄။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် Southern Weekend(China)ဟု ဖေါ်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖေါ်ပြချက်များအား Internet စာမျက်နှာများနှင့် ပြည်တွင်းဂျာနယ်များတွင် ဖေါ်ပြထားမှုနှင့်ပတ်သက်၍ အောက်ပါတို့ကို စုံစမ်းစစ်ဆေးရန်ဖြစ်ပါသည်-
(က) အဆိုပါရေးသားဖေါ်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၏ အမှန်တကယ်ပြောကြားချက်များအတိုင်း ဖေါ်ပြထားခြင်း ဟုတ်/မဟုတ်။
(ခ) ပြောကြားချက်များတွင် ပါတီစည်းကမ်းနှင့်ငြိစွန်းနေသောအချက်များပါရှိခြင်း ရှိ/မရှိ။
စစ်ဆေးတွေ့ရှိချက်များ
၅။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဦးအောင်သိန်းလင်းထံမှ ထွက်ဆိုချက်ကို လက်မှတ်ရေးထိုး စေလျှက် ရယူပြီး ပူးတွဲ(က)အတိုင်းတင်ပြပါသည်။
၆။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရေးသားဖေါ်ပြခဲ့သော အောက်ပါဂျာနယ်(၃)စောင်မှ တာဝန်ရှိ သူများကို ရန်ကုန်မြို့ Hotel Yangon တွင် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ(၃)ရက်၌ တွေ့ဆုံပြီး စစ်ဆေး မေးမြန်းခဲ့ပါသည်။
(က) Weekly Eleven ဂျာနယ်
(၁) Eleven Media Group CEO ဦးသန်းထွဋ်အောင်
(၂) Weekly Eleven အယ်ဒီတာချုပ် ဦးဝေဖြိုး
(ခ) မော်နီတာဂျာနယ်
(၁) CEO ဦးမြတ်ခိုင်
(ဂ) သံတော်ဆင့်ဂျာနယ်
(၁) ဦးဆန်းဝင်းထွန်း(တာဝန်ခံအယ်ဒီတာ)
(၂) ဦးပြည့်စုံထွန်း(သတင်းအယ်ဒီတာ)

၇။ Weekly Eleven ဂျာနယ်သို့ စစ်ဆေးမေးမြန်းချက်
(က) စုံစမ်းစစ်ဆေးရေးအဖွဲ့မှရှင်းလင်းပြောကြားချက်။ ဦးအောင်သိန်းလင်းနှင့် Southern Weekend(China)တို့တွေ့ဆုံမေးမြန်းရေးသားဖေါ်ပြချက်အပေါ် ဂျာနယ်များ တွင် ဖေါ်ပြထားမှုနှင့်ပတ်သက်၍ သိရှိလို၍ ခေါ်ယူမေးမြန်းရခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီသည် ပါတီစတင်ဖွဲ့စည်းစဉ်ကတည်းက ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပါတီ၏ မူဝါဒ၊ သဘောထားများဖေါ်ပြပြီးဖြစ်ကြောင်း။ ပါတီ၏နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကြောင်း၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်နှင့်အညီ နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို ကျင့်သုံးလျှက်ရှိကြောင်း၊ သို့သော်လည်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ “ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး။´´ဟု Southern Weekend(China)မှ တရုတ်လိုဖေါ်ပြချက်ကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ၎င်းမှမြန်မာဘာသာဖြင့် ဂျာနယ်အချို့တွင်ဖေါ်ပြခဲ့ကြောင်း၊ အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအပေါ် ပြောဆိုခဲ့သည့်ဖေါ်ပြချက်မှာလည်း အမှန်တကယ်ပြောဆိုခဲ့ပါက ပါတီ၏မူဝါဒနှင့်ကွဲလွဲနေကြောင်း၊ ထို့ပြင် မြစ်ဆုံကိစ္စ ပြောဆိုချက်ဟုဖေါ်ပြထားခြင်းမှာလည်း အမှန်တကယ်ပြောဆိုခဲ့ပါက ပါတီ၏သဘော ထားနှင့်ကွဲလွဲနေကြောင်း၊ အဆိုးဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်ကို ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်အား လူထုမှလှိုက်လှဲစွာထောက်ခံအားပေးနေကြ ခြင်းမှာ “လူတွေက Crazy ဖြစ်နေကြတာပါ။ လူကြိုက်များရခြင်းမှာ အမျိုးသား ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်လို့ပါ ´´ဟု ဖေါ်ပြထားကြောင်း၊ Crazy ဟူသော အင်္ဂလိပ်စကားကို အချို့ဂျာနယ်က “လူတွေကရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ ကြောင်း၊ ဤအချက်အပေါ်တွင်လည်း လူထုမှအထင်မှားအမြင်မှား ဖြစ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ ဦးအောင်သိန်းလင်း၏ ပြောဆိုချက်များအပေါ် Southern Weekend(China)က တရုတ်လိုဖေါ်ပြ၊ ၎င်းကို အင်္ဂလိပ်ဘာသာပြန်၊ ၎င်းကို ဂျာနယ်များက မြန်မာလိုပြန်၍ ဖေါ်ပြထားမှုများ၏ အခြေအနေမှန်ကို သိရှိလိုသဖြင့် ယခုလိုတွေ့ဆုံမေးမြန်းရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
(ခ) စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။ Weekly Eleven ဂျာနယ်တွင် အဆိုပါ ဦးအောင်သိန်းလင်း၏ ပြောကြားချက်နှင့်ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိပါသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။
Weekly Eleven ဂျာနယ်မှဖြေ။ ထည့်သွင်းဖေါ်ပြခဲ့ပါသည်။ ၂၅.၇.၂၀၁၂ ရက် ထုတ် ဂျာနယ်တွင်ဖြစ်ပါသည်။
မေး။ ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်း အခြေအမြစ်(Source)ကရ၍ ဖေါ်ပြ ခဲ့တာလဲ။
ဖြေ။ Southern China(Weekend)မှ Internet တွင် တရုတ်လိုတင်ခဲ့ပြီး အဆိုပါ အင်တာဗျူးကို www.burmanet.org တွင် Google Translation မှ အင်္ဂလိပ် ဘာသာဖြင့် ဖေါ်ပြချက်အရသိရှိရပါသည်။ အဆိုပါ အင်္ဂလိပ်ဘာသာပြန်မှ ဂျာနယ်က မြန်မာလိုဘာသာပြန်၍ ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။
မေး။ မြစ်ဆုံဆည်ကိစ္စနှင့်ပတ်သက်၍ Southern Weekend(China)၏ ဖေါ်ပြချက် အပေါ် မည်သို့မြင်ပါသလဲ။
ဖြေ။ တရုတ်သတင်းစာနှင့်ဂျာနယ်များသည် တရုတ်အစိုးရ၏ဘက်တော်သားများ ဖြစ်ပါကြောင်း၊ တရုတ်အစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းကို အရမ်းပြန်လုပ်ချင်နေ သဖြင့် မြစ်ဆုံဘက်ကိုလမ်းကြောင်းနိုင်မည့်နည်းလမ်းများ ရှာဖွေလျှက် ရှိကြောင်း၊ တရုတ်အစိုးရအနေဖြင့် မြန်မာအစိုးရအပေါ် အနောက်နှင့်ဆက်ဆံ ပြီး သူတို့ကိုဖယ်နေသည်ဟု ထင်မြင်ရပါကြောင်း၊ သို့ဖြစ်ပါ၍ Southern Weelend(China)မှ မြစ်ဆုံကိစ္စအပေါ် ဦးအောင်သိန်းလင်းအား ဆွဲယူအသုံးချ ၍ မေးမြန်းသွားခြင်းဖြစ်သည်ဟု ယူဆပါသည်။
မေး။ ဂျာနယ်က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ပြန်ရာတွင် တိကျမှုရှိရဲ့လား။
ဖြေ။ ကျွန်တော်တို့က ဘာသာပြန်တာ တော်တော်များများတိကျပါသည်။
မေး။ အင်္ဂလိပ်လို Crazy ဟူသောစကားကို ဂျာနယ်က မည်သို့ဘာသာပြန်ခဲ့ပါသလဲ။
ဖြေ။ “လူတွေကရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ပါသည်။ လူတွေကအရူးတွေဟု ပြန်ခြင်းမဟုတ်ဘဲ အရူးအမူးဖြစ်သည့်သဘောဖြင့် “ရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ခြင်းဖြစ်ပါသည်။
မေး။ “ရူးနေကြတာပါ´´ဟု ပြောခြင်းဟာ အရူးဟု မဆိုနိုင်ဘူးလား။
ဖြေ။ “ရူးနေကြတာ´´လို့ ဘာသာပြန်ရာမှာ ရူးသွပ်တယ်လို့ မဆိုလိုပါ။ ပြည်သူတွေ ဟာအရူးလို့ ဘာသာပြန်ရင်တော့မှားပါတယ်။ ရူးနေကြတာဆိုရင် လက်ခံနိုင် ပါတယ်။ ဥပမာ ဒီအဆိုတော်ကို အရမ်းကြိုက်လု့ိရူးနေကြတာဆိုခြင်းသည် အရူးအမူးနှစ်သက်တာကို ဆိုလိုခြင်းမျိုးဖြစ်ပါသည်။
မေး။ တခြားဂျာနယ်တွေမှာရော ဘယ်လိုရေးကြသလဲ။
ဖြေ။ Envoy, Popular စတဲ့ဂျာနယ်တော်တော်များများကတော့ အရူးအမူးသဘောပဲ ရေးကြတယ်ထင်ပါသည်။
မေး။ မြစ်ဆုံကိစ္စမှာရော ဦးအောင်သိန်းလင်း၏ ပြောကြားချက်ကို ဘယ်လိုဖေါ်ပြခဲ့ပါ သလဲ။
ဖြေ။ မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ Southern Weekend(China)၏ ဖေါ်ပြချက်ပါ ဦးအောင်သိန်းလင်းပြောခဲ့သည်ဆိုသည့်အတိုင်း နိုင်ငံတော်သမ္မတတစ်ဦးရဲ့ ဆုံးဖြတ်ချက်ပါ။ လွှတ်တော်၏ဆုံးဖြတ်ချက်မဟုတ်ပါ။ “မြစ်ဆုံဆည်ကို မဖြစ် မနေပြန်လည်တည်ဆောက်ရမည်´´ဟု ဖေါ်ပြခဲ့ပါသည်။
မေး။ သမ္မတတစ်ဦးတည်းဆုံးဖြတ်ချက်ဟုတ်ရဲ့လား။
ဖြေ။ လွှတ်တော်မှာလည်း ကျွန်တော့အထင်တော့ အဆိုတင်သွင်းပြီး ဝိုင်းထောက်ခံ ကြတယ်လို့ထင်ပါသည်။(ဦးသိန်းဆွေမှ အဆိုကို မိမိကအရေးပေါ်တင်သွင်းခဲ့ပြီး အများစုမှထောက်ခံခဲ့ကြောင်း ဖြည့်စွက်ပြောကြားပါသည်။)
မေး။ ဂျာနယ်တွင် နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်ဆိုပြီး“သူတို့ထပ်နိုင် ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေဆောက်မယ်လို့ ဦးအောင်သိန်းလင်းကဆိုရင် ၂၀၁၅ အတွက်အဖြေကထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး´´ ဟု ဖေါ်ပြထားခြင်းမှာ ဘာကိုရည်ရွယ်ပါသလဲ။
ဖြေ။ အဲဒါကတော့ အမှန်အတိုင်းပြောရရင် စေတနာနဲ့ပြောတဲ့စကားပါ။ ဦးအောင်သိန်းလင်းရဲ့စကားဟာ ပါတီရဲ့အာဘော်ဆိုရင် ပါတီသိပ်နစ်နာနိုင်တဲ့ အတွက် သတိပေးဖေါ်ပြခြင်းဖြစ်ပါတယ်။
မေး။ Southern Weekend(China)အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ တရုတ်စာနယ်ဇင်းထဲမှာ ဒီဂျာနယ်ဟာ အကြီးတန်းအဆင့်ထဲပါတယ်လို့ သိရပါ တယ်။ ဂျာနယ်ရဲ့သတင်းထောက်ဟာ မရိုးသားဘူးလို့မြင်ပါတယ်။ သူလိုချင် တာကိုဆွဲပြီးမေးမြန်းသွားတဲ့အပြင် မြစ်ဆုံကိစ္စကိုအခြေခံပြီး အစိုးရနဲ့ပါတီ အပေါ် သိက္ခာကျအောင်လုပ်တယ်လို့ထင်ပါတယ်။
၈။ မော်နီတာဂျာနယ်သို့စစ်ဆေးမေးမြန်းချက်
(က) အပိုဒ် ၇(က)ပါအတိုင်း ရှင်းလင်းပြောကြားပါသည်။
(ခ) စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။ ဂျာနယ်တွင် ဦးအောင်သိန်းလင်း၏ ပြောကြား ချက်နှင့်ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။
ဂျာနယ်မှဖြေ။ ထည့်သွင်းဖေါ်ပြခဲ့ပါသည်။(၂၉.၇.၂၀၁၂)ရက်ထုတ်ဂျာနယ်တွင် ဖြစ်ပါသည်။
မေး။ ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်း အခြေအမြစ်(Source)ကရ၍ ဖေါ်ပြခဲ့တာလဲ။
ဖြေ။ ဒီသတင်း Internet မှာပါလာပြီး အစောကြီးကတည်းကပြန့်နေတာဖြစ်ပါသည်။ Weekly Eleven မှာဖေါ်ပြခဲ့လို့ စာပေစိစစ်ရေးကခွင့်ပြုသည့်သဘောရှိပါသည်။ Internet ကရသည့် သတင်းအခြေအမြစ်ကတဆင့် ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။
မေး။ Internet က တရုတ်ဘာသာဖေါ်ပြချက်ကိုယူပြီး ဖေါ်ပြသလား၊ အင်္ဂလိပ် ဘာသာပြန်ကတဆင့် ဖေါ်ပြတာလား။
ဖြေ။ တရုတ်ကနေ အင်္ဂလိပ်လိုပြန်ရာမှာ မှားနေသလားလို့ မိမိဂျာနယ်ရှိ တရုတ်စာ ကျွမ်းကျင်သောကလေးများကို လေ့လာခိုင်းခဲ့ပါသည်။ တရုတ်လိုရော အင်္ဂလိပ် လိုရောယူ၍ ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။
မေး။ They are crazy ဆိုသောစကားနှင့်ပတ်သက်ပြီး ဂျာနယ်တွင် မည်သို့ဖေါ်ပြခဲ့ ပါသလဲ။
ဖြေ။ ဒါကတော့ ပြည်သူတွေရဲ့အရူးအမူးဖြစ်မှုကြောင့်ပါဟု ဖေါ်ပြခဲ့ပါသည်။
မေး။ အင်္ဂလိပ်ဘာသာ Crazy ရဲ့ အဓိပ္ပါယ်ကို တရုတ်ဘာသာမှာဘယ်လိုဖေါ်ပြထား ပါသလဲ။
ဖြေ။ တရုတ်လိုမှာတော့ စိတ်ခံစားမှု နဲ့ ရူးသွပ်တယ်လို့ ဆိုလိုပါတယ်။
မေး။ ဒါဆိုရင် အရူးတွေလို့ဘာသာပြန်တာမှားတာပေါ့။
ဖြေ။ ဟုတ်ပါတယ်။ အရူးတွေလို့ဘာသာပြန်ရင် ဘာသာပြန်တဲ့လူ လွဲပါတယ်။
မေး။ ဦးအောင်သိန်းလင်းအနေနဲ့ ရန်ကုန်ကို တရုတ်မျက်စိကုအဖွဲ့နဲ့ပါလာတဲ့ Southern Weekend(China)သတင်းထောက်နဲ့ စာရင်းသောက်ရင်း အလွတ် ပြောတာကို ဂျာနယ်ထဲထည့် Internet ကထုတ်တာမျိုးလုပ်ခြင်းဟာ စာနယ်ဇင်းသဘောအရလုပ်ခွင့်ရှိပါသလား။
ဖြေ။ စာနယ်ဇင်းသဘောအရ အလွတ်ပြောတာကို ရေးခွင့်၊ ထုတ်ခွင့်မရှိပါ။ တွေ့ဆုံ မေးမြန်း(Interview)လုပ်ပါမယ်လို့ ပြောပြီးမှသာ ရေးခွင့်ထုတ်ခွင့် ရှိပါတယ်။
မေး။ ယခုကိစ္စနဲ့ပတ်သက်ပြီး Southern Weekend(China)အပေါ် ဘယ်လိုမြင်ပါ သလဲ။
ဖြေ။ ဂျာနယ်သတင်းထောက်ဟာ သူလိုချင်တာဆွဲပြီး မေးမြန်းခဲ့တဲ့အပြင် အလွတ် ပြောတာကို ရေးသားထုတ်ဝေခဲ့တဲ့အတွက် ဥပဒေနဲ့မညီညွတ်ဟု ထင်မြင်ယူဆ ပါတယ်။
၉။ သံတော်ဆင့်ဂျာနယ်သို့ စစ်ဆေးမေးမြန်းချက်
(က) စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အပိုဒ် ၇(က)ပါအတိုင်း ရှင်းလင်းပြောကြားပါသည်။
(ခ) စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။ ဂျာနယ်တွင် ဦးအောင်သိန်းလင်း၏ ပြောကြားချက်နှင့် ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။
ဂျာနယ်မှဖြေ။ ထည့်သွင်းဖေါ်ပြခဲ့ပါသည်။(၂၈.၇.၂၀၁၂)ရက်ထုတ်ဂျာနယ်တွင် ဖြစ်ပါ သည်။
မေး။ ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်းအခြေအမြစ်(Source)က ရ၍ ဖေါ်ပြ ခဲ့တာလဲ။
ဖြေ။ Internet နှင့် Facebook တွေမှာစတွေ့ပြီး ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ Eleven Media Group ကအစောဆုံး မြန်မာလိုဖေါ်ပြခဲ့တာဖြစ်ပါတယ်။
မေး။ Internet က တရုတ်ဘာသာဖေါ်ပြချက်ကို ယူသလား၊ အင်္ဂလိပ်ဘာသာပြန်က တဆင့်ယူပြီး ဖေါ်ပြတာလား။
ဖြေ။ အင်္ဂလိပ်လိုမှတဆင့် ဘာသာပြန်ဖေါ်ပြခြင်း ဖြစ်ပါသည်။
မေး။ အင်္ဂလိပ်လိုမှာ Crazy လို့သုံးနှုန်းတာလား။
ဖြေ။ They are crazy လို့သုံးထားတာတွေ့ရပါတယ်။
မေး။ Crazy ကို မြန်မာလိုဘယ်လိုဘာသာပြန်သလဲ။
ဖြေ။ အရူးအမူးနှစ်သက်ခြင်း၊ စွဲလန်းခြင်းလို့ ပြန်ပါတယ်။
မေး။ ဒီသတင်းအပေါ် ပါတီရဲ့သဘောထားကြေညာချက်ကိုရောသိပြီးပြီလား။
ဖြေ။ သိပြီးပါပြီ။ ဂျာနယ်မှာလည်းဖေါ်ပြခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထင်မြင်ယူဆချက်
၁၀။ တရုတ်နိုင်ငံထုတ် Southern weekend(China)စာစောင်ပါ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် တွေ့ဆုံမေးမြန်းမှု သတင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းနှင့် Weekely Eleven၊ မော်နီတာ၊ သံတော်ဆင့် ဂျာနယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းထွက်ဆိုချက်များ အရ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အောက်ပါအတိုင်း ထင်မြင်ယူဆပါသည်-
(က) ဦးအောင်သိန်းလင်းသည် Southern Weekend(China)စာစောင်မှ သတင်းထောက်အား အလွတ်သဘောဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်ပြီး သတင်းအဖြစ် ထည့်သွင်းဖေါ်ပြခြင်း ပြုမည်/မပြုမည်ကိုလည်း မသိရှိခဲ့ပါ။
(ခ) စာစောင်တွင်ပါရှိသည့် ရေးသားဖေါ်ပြထားချက်များမှာ ဦးအောင်သိန်းလင်း၏ ပြောကြား ချက်များဖြစ်ကြောင်း ယေဘူယျအားဖြင့် မှန်ကန်သည်ကို တွေ့ရှိရပါသည်။

15 comments

  • ဥဥ

    August 20, 2012 at 10:49 am

    (ဂ) ဦးအောင်သိန်းလင်းသည် ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့်အတွက် ယင်း၏ပြောဆိုချက်များသည် ပါတီ၏စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းရာရောက်ခဲ့ပီး ပါတီအပေါ် ပြည်သူများ၏အမြင်တွင် အနည်းနှင့်အများ ထိခိုက်မှုရှိနိုင်သည်ဟု ထင်မြင်ယူဆပါသည်။
    (ဃ) သို့ဖြစ်ပါရျ် ထိုကဲ့သို့ပြောကြားခဲ့မှုများအတွက်ဦးအောင်သိန်းလင်းတွင်တာဝန်ရှိသဖြင့် ဦးအောင်သိန်းလင်းအား ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ၏ ဆုံးဖြတ်ချက်ဖြင့် ပါတီစည်းမျဉ်းစည်းကမ်းအရ လိုအပ်သလို အရေးယူသွားသင့်ကြောင်းထင်မြင်ယူဆပါသည်။
    ဦးတင်ထွတ်(ဗဟိုအတွင်းရေးမှုး)
    သူရဦးအေးမြင့်(ဗဟိုအလုပ်အမှုဆောင်)
    ဦးအေးမြင့်(ဗဟိုအလုပ်အမှုဆောင်)
    http://a8.sphotos.ak.fbcdn.net/hphotos-ak-ash3/s720x720/551009_425544260825353_122595741_n.jpg

  • YE YINT HLAING

    August 20, 2012 at 10:51 am

    သူ့နာမည်မှာလည်း ရှေက ခရေစီ လေးတပ်ပြီး ခေါ်ကြတာပေါ့ ။ ဆုတောင်းပေး နေမယ်ဗျာ ! မြန်မြန် ပြုတ်ပါစေလို့ —

    • ဥဥ

      August 20, 2012 at 10:53 am

      မေရေ အဲ့သလောက်တောင် ချစ်ရသည် :mrgreen:

  • Thu Wai

    August 20, 2012 at 11:10 am

    ဟောင်ကောင်ကြီး တော့ ချောင်ပိတ်မိနေပြီ ရိုက်တဲ့သူကို အသေအလဲပြန်ကိုက်တော့မယ်

  • ကိုရင်မောင်

    August 20, 2012 at 11:29 am

    အကုသိုလ် အကျိုးပေချိန် ရောက်လာပြီဆိုတော့….
    သူ့စရိတ်နဲ့သူ မြောင်းထဲရောက်ရတော့မှာပေါ့…..သွတ်သွတ်[:-((][:-((]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • shwe kyi

    August 20, 2012 at 11:42 am

    တရုတ်ကြီးရဲ့စေတနာတွေကတော့ ပြောမကုန်အောင်ပါပဲ။ ဦးပြောင်းဖူးကြီးတော့ခံလိုက်ရပြီ။ 😀

    • ဥဥ

      August 20, 2012 at 12:44 pm

      ဟယ် မရွှေကြည် ဒီမှာ သများက ပြောင်းဖူးသွားရောင်းပေးမလို့ စဉ်းစားနေတာ [:*][;)]

  • သုရှင်

    August 20, 2012 at 11:57 am

    အင်း…………………….
    သူက ဗဟို အလုပ်အမှု ဆောင်တာဝန်တော့ ယူထားသေးသဗျ.
    ထပ်တော့ ရှုပ်ဦးမယ့် သဘော။

  • SkyHeart WinKo

    August 20, 2012 at 1:18 pm

    သတိထားကြပါ ဟိုလိုလို သည်လိုလို လူသစ်တွေ ရွာထဲဝင်လာကြပြီ။
    {ငြိမ်းချမ်းရေး၊ အမျိုးသားရေး နှင့် မျိုးချစ်စိတ်ဓါတ်ဆိုတာ} (သင်ပြုသမျှကံ ပဲ့တင်သံ သင့်ထံပြန်လါမည်) {အာဏာရှိသူ ငွေကြေးချမ်းသာသူ လူသားအကျိူး ပိုပြီးလုပ်နိင်မှာပါ။} အမှန်တော့လောကကြီးကို ဘယ်သူမှမပိုင်ပါဘူးကွာ သေရင်ပြီးပြီ၊ မျိုးချစ်စိတ်ရှိသူ ညီအကို မောင်နှမများ ညီညွတ်နိုင်ကြပါစေ။
    (တစ်ခုလောက်စဉ်းစားပေးကြပါ။)သူပုန်တွေ၊ကိုယ်ထင်ရာတွေးခေါ်ပြောဆိုတဲ့သူတွေ၊
    ခေါင်းဆောင်တွေများလွန်းလို့ ယခုအချိန် တိုင်းပြည်ကမပြောင်းလဲ၊ ငြိမ်းချမ်းရေးလဲမရ
    ပြည်တွင်းစစ်နှင့် လက်ပြဲကြီးဖြစ်သွားလျှင် ဘာလုပ်ကြမလဲ?
    (နိုင်ငံရေးငါမသိဘူးကွာ)တိုင်းပြည်တိုးတက်ဖို့အတွက်အတ္တမရှိဘဲ တကယ့်လက်တွေ့လုပ်နေသူတွေ ပေါင်းပြီး လက်ဖြင့်တည်ဆောက်ကြပါ၊ (ဥပမာ) ယခင်က(ပင်လုံစာချုပ်မှလွတ်လပ်ရေး၊လွတ်လပ်ရေးမှပါတီစုံ) ယခု(လက်တွေ့လုပ်နေသူတွေပေါင်းမှဒီမိုကရေစီ၊ဒီမိုကရေစီမှပါတီစုံ) အားလုံးနည်းနည်းလေးမှားနေသလိုဘဲနော်။
    (ပါတီစိက်မဝင်စားပါ)မျိုးချစ်စိက်မှလွဲပြီး ဘာအစွဲမှမရှိပါ၊ တိုင်းပြည်ဦးဆောင်ဖို့ နေရာ လစ်လပ်တယ်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကိုတော့ လက်တွဲပြီးနေရာပေးသင့်တယ်လို့ထင်ပါသည်၊ သူနှင့်ပါတ်သက်သော နိုင်ငံခြားနည်းပညာ အကူအညီများ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ လါရောက်မှသာလျှင် တိုင်းပြည်လျှင်မြန်စွာ တိုးတက်ပြောင်းလည်းမည်ဟုထင်မိပါသည်။ (ပြည်ပကိုအားကိုးခြင်းမဟုက်ပါ)
    (အရေးမကြီးပါ)(ဘာသာတရားဆိုတာ လူသားတစ်ဦးချင်းစီရဲ့ ယုံကြည်ချက်နှင့်သက်ဆိုင်သည့်
    အတွက် မျက်လုံးမှိတ်ပြီးမကိုးကွယ်ပါနဲ့ လွတ်လပ်စွာ လေ့လါပါ ဆန်းစစ်ပါ ဘာသာပြောင်းတိုင်း လူမျိုးမပြောင်းနိုင်ပါ) (MYANMAR@BURMA) တိုင်းပြည်ရဲ့နာမည်-အလံပြောင်းတိုင်း တိုင်းပြည်ပြောင်းမသွားပါဘူးကွာ။
    (အရေအကြီးဆုံးက)အရီးကြီးခေတ်ဆိုတာ ရှိခဲ့တဲ့အတွက် ငါကိုယ်တိုင်မျိုးမစစ်ပေမဲ့ လူစစ်ဖို့ လူပီသဖို့တော့လိုတယ် အမြဲဆန်းစစ်နေတယ်ကွာ၊ တို့ကတာဝန်အရဆိုတဲ့စကား မင်းမိသားစုအတွက်ပါ တိုင်းပြည်အတွက် မဟုက်ပါဘူး ပြန်ဆန်းစစ်ပါအုံးကွာ။ မင်းကောလူသားတွေအတွက် သွားကြားထိုးတံ တန်ဘိုးလောက် လုပ်ပြီးပြီလါး၊ တိုင်းပြည်ဖျက်မဲ့ ငါကဘာကောင် ဘာရာထူးကွ၊ ငါကပါတီခေါင်းဆောင်ကွ၊ ကျောင်းသားခေါင်းဆောင်ကွ ဆိုတဲ့ဝေလေလေ စုန်းပြူးတွေဖယ်ရှားပြီး လက်တွဲကြပါ၊ ကောလဟာလနဲ့ အာချောင်မယ်ဆို ဝေးဝေးနေပေးပါ၊ မင်းကတကယ်ဘဲ တာဝန်အရဘဲဖြစ်ဖြစ် မျိုးချစ်စိက်နဲ့ဘဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်ဖို့ လုပ်မယ်ဆိုရင် (ရှေ့ကသွားရင်အီးမပေါက်နဲ့ နောက်ကလိုက်ရင် ဖိနပ်မနင်းနဲ့ကွာ အရမ်းစိက်ဆိုးတယ်) ငါတို့နိင်ငံက ကမာ္ဘမှာအရမ်းနောက်ကြနေပြီ အချိန်မရှိပါ။ ငါဒို့ဗိုလ်ချုပ်လည်း ဗမာပြည်လွတ်လပ်ရေး အတွက် နည်းမျိုးစုံနဲ့ သခင်လို့ခေါ်တဲ့အင်္ဂလိပ်တို့၊ မုဒိန်းကောင်လို့ခေါ်တဲ့ ဂျပန်တို့နဲ့ပေါင်းရတာကို နားမလည်တဲ့ မျက်နှာရှုးစုန်းပြူးတွေရဲ့အပြစ်ပြောခံခဲ့ရပါတယ် အသေခံမှ အာဇာနည်တဲ့လါး။ ဒို့တစ်တွေ တိုင်းပြည်တိုးတက်ဖို့အတွက် အသေခံရင်တောင် ဖင်ယားတာလို့ ပြောကြအုံးမှာ ဗမာပြည်မှာ ငါအလုပ်မလုပ်ပါဘူး ငါ့ကုမ္မဏီကနိုင်ငံခြားမှာပါ၊ တိုင်းပြည်တိုးတက်ဖို့အတွက် မင်းရဲ့လက်လိုပါတယ်။ ခေါ်တောကုလါးဘဲဖြစ်ဖြစ်၊ ရခီးဘဲဖြစ်ဖြစ် ဘာကောင် ဘာလူမျိုးဘဲဖြစ်ဖြစ် သတ်ရမည့်အသေခံရမည့်သတ္တိတွေ နေရာလွဲနေတယ်ကွာ။ အားလုံးကပြောင်းလဲရေး ဦးတည်ချက်လမ်းပေါ်မှာ အသေအလဲအရေးကြီးတဲ့အချိန်မှာ ဦးဏှောက်မရှိ ကောလဟာလနဲ့ အာချောင်မယ်ဆို ဗိုလ်ချုပ်ပြောသလို ဖါနိင်ငံ ဖြစ်သွားလိမ့်မယ် မဖွပါနဲ့တော့ကွာ။ JJ (CLUB) နားမှာနေပါတယ်။ တစ်ချိန်က သူတို့တွေက အတူတူဆိုပေမဲ့ သူတို့ဝိုင်းပယ်သူတွေကို ဆွဲခေါ်ကြပါ၊ ဖေးမကြပါ၊ အင်အားယူပါ။ စိတ်နာပြီး တွေ့သမျှမောင်းထုက်ရင် အသစ်တွေထပ်တိုးလါတာဘဲ အဖတ်တင်တယ် ငါတို့ရှူံးပြီကွာ။ လူသားအကျိူးပြုဂီတဥယျာဉ် (၀၉၅ဝ ၈၂၈၀၈) တာမွေလူမိုက်ကြီး ဝင်းကိုလှိုင် http://www.facebook.com/media/set/?set=a.482823941733642.110392329.100000181218020&type=3&l=a6af18c97d

  • kai

    August 20, 2012 at 1:43 pm

    စစ်သားကနေ..နေရာကောင်းတက်ရတဲ့သူပဲ..
    ကိုယ့်စကားကိုယ်..တာဝန်ယူပြီး.. ကိုယ်စကားကြောင့်.. ထိခိုက်စေခဲ့တဲ့.. ကာယကံရှင်တွေကို.. တောင်းပန်ပြီး… နှုတ်ထွက်စာတင်လိုက်စေချင်ကြောင်း..
    အဲဒါဆို…
    အောင်မြင်တဲ့.. စီးပွားရေးသမားတယောက်အဖြစ်… ပြန်ပေါ်ထွက်လာမယ်ဖြစ်ကြောင်း…

  • SkyHeart WinKo

    August 20, 2012 at 2:09 pm

    သတိထားကြပါ ဟိုလိုလို သည်လိုလို လူသစ်တွေ ရွာထဲဝင်လာကြပြီ။
    အမှန်တစ်ကယ်က အစိုးရအရာရှိကြီးများ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု ၊ ဒု-သမ္မတ ရွှေးခြင်း တို့ကိုကြေညာသင့်မသင့် facebook တွင် ပြည်သူတွေ မဲခွဲစေချင်၊
    {ငြိမ်းချမ်းရေး၊ အမျိုးသားရေး နှင့် မျိုးချစ်စိတ်ဓါတ်ဆိုတာ} (သင်ပြုသမျှကံ ပဲ့တင်သံ သင့်ထံပြန်လါမည်) {အာဏာရှိသူ ငွေကြေးချမ်းသာသူ လူသားအကျိူး ပိုပြီးလုပ်နိင်မှာပါ။} အမှန်တော့လောကကြီးကို ဘယ်သူမှမပိုင်ပါဘူးကွာ သေရင်ပြီးပြီ၊ မျိုးချစ်စိတ်ရှိသူ ညီအကို မောင်နှမများ ညီညွတ်နိုင်ကြပါစေ။
    (တစ်ခုလောက်စဉ်းစားပေးကြပါ။)သူပုန်တွေ၊ကိုယ်ထင်ရာတွေးခေါ်ပြောဆိုတဲ့သူတွေ၊
    ခေါင်းဆောင်တွေများလွန်းလို့ ယခုအချိန် တိုင်းပြည်ကမပြောင်းလဲ၊ ငြိမ်းချမ်းရေးလဲမရ
    ပြည်တွင်းစစ်နှင့် လက်ပြဲကြီးဖြစ်သွားလျှင် ဘာလုပ်ကြမလဲ?
    (နိုင်ငံရေးငါမသိဘူးကွာ)တိုင်းပြည်တိုးတက်ဖို့အတွက်အတ္တမရှိဘဲ တကယ့်လက်တွေ့လုပ်နေသူတွေ ပေါင်းပြီး လက်ဖြင့်တည်ဆောက်ကြပါ၊ (ဥပမာ) ယခင်က(ပင်လုံစာချုပ်မှလွတ်လပ်ရေး၊လွတ်လပ်ရေးမှပါတီစုံ) ယခု(လက်တွေ့လုပ်နေသူတွေပေါင်းမှဒီမိုကရေစီ၊ဒီမိုကရေစီမှပါတီစုံ) အားလုံးနည်းနည်းလေးမှားနေသလိုဘဲနော်။
    (ပါတီစိက်မဝင်စားပါ)မျိုးချစ်စိက်မှလွဲပြီး ဘာအစွဲမှမရှိပါ၊ တိုင်းပြည်ဦးဆောင်ဖို့ နေရာ လစ်လပ်တယ်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကိုတော့ လက်တွဲပြီးနေရာပေးသင့်တယ်လို့ထင်ပါသည်၊ သူနှင့်ပါတ်သက်သော နိုင်ငံခြားနည်းပညာ အကူအညီများ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ လါရောက်မှသာလျှင် တိုင်းပြည်လျှင်မြန်စွာ တိုးတက်ပြောင်းလည်းမည်ဟုထင်မိပါသည်။ (ပြည်ပကိုအားကိုးခြင်းမဟုက်ပါ)
    (အရေးမကြီးပါ)(ဘာသာတရားဆိုတာ လူသားတစ်ဦးချင်းစီရဲ့ ယုံကြည်ချက်နှင့်သက်ဆိုင်သည့်
    အတွက် မျက်လုံးမှိတ်ပြီးမကိုးကွယ်ပါနဲ့ လွတ်လပ်စွာ လေ့လါပါ ဆန်းစစ်ပါ ဘာသာပြောင်းတိုင်း လူမျိုးမပြောင်းနိုင်ပါ) (MYANMAR@BURMA) တိုင်းပြည်ရဲ့နာမည်-အလံပြောင်းတိုင်း တိုင်းပြည်ပြောင်းမသွားပါဘူးကွာ။
    (အရေအကြီးဆုံးက)အရီးကြီးခေတ်ဆိုတာ ရှိခဲ့တဲ့အတွက် ငါကိုယ်တိုင်မျိုးမစစ်ပေမဲ့ လူစစ်ဖို့ လူပီသဖို့တော့လိုတယ် အမြဲဆန်းစစ်နေတယ်ကွာ၊ တို့ကတာဝန်အရဆိုတဲ့စကား မင်းမိသားစုအတွက်ပါ တိုင်းပြည်အတွက် မဟုက်ပါဘူး ပြန်ဆန်းစစ်ပါအုံးကွာ။ မင်းကောလူသားတွေအတွက် သွားကြားထိုးတံ တန်ဘိုးလောက် လုပ်ပြီးပြီလါး၊ တိုင်းပြည်ဖျက်မဲ့ ငါကဘာကောင် ဘာရာထူးကွ၊ ငါကပါတီခေါင်းဆောင်ကွ၊ ကျောင်းသားခေါင်းဆောင်ကွ ဆိုတဲ့ဝေလေလေ စုန်းပြူးတွေဖယ်ရှားပြီး လက်တွဲကြပါ၊ ကောလဟာလနဲ့ အာချောင်မယ်ဆို ဝေးဝေးနေပေးပါ၊ မင်းကတကယ်ဘဲ တာဝန်အရဘဲဖြစ်ဖြစ် မျိုးချစ်စိက်နဲ့ဘဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်ဖို့ လုပ်မယ်ဆိုရင် (ရှေ့ကသွားရင်အီးမပေါက်နဲ့ နောက်ကလိုက်ရင် ဖိနပ်မနင်းနဲ့ကွာ အရမ်းစိက်ဆိုးတယ်) ငါတို့နိင်ငံက ကမာ္ဘမှာအရမ်းနောက်ကြနေပြီ အချိန်မရှိပါ။ ငါဒို့ဗိုလ်ချုပ်လည်း ဗမာပြည်လွတ်လပ်ရေး အတွက် နည်းမျိုးစုံနဲ့ သခင်လို့ခေါ်တဲ့အင်္ဂလိပ်တို့၊ မုဒိန်းကောင်လို့ခေါ်တဲ့ ဂျပန်တို့နဲ့ပေါင်းရတာကို နားမလည်တဲ့ မျက်နှာရှုးစုန်းပြူးတွေရဲ့အပြစ်ပြောခံခဲ့ရပါတယ် အသေခံမှ အာဇာနည်တဲ့လါး။ ဒို့တစ်တွေ တိုင်းပြည်တိုးတက်ဖို့အတွက် အသေခံရင်တောင် ဖင်ယားတာလို့ ပြောကြအုံးမှာ ဗမာပြည်မှာ ငါအလုပ်မလုပ်ပါဘူး ငါ့ကုမ္မဏီကနိုင်ငံခြားမှာပါ၊ တိုင်းပြည်တိုးတက်ဖို့အတွက် မင်းရဲ့လက်လိုပါတယ်။ ခေါ်တောကုလါးဘဲဖြစ်ဖြစ်၊ ရခီးဘဲဖြစ်ဖြစ် ဘာကောင် ဘာလူမျိုးဘဲဖြစ်ဖြစ် သတ်ရမည့်အသေခံရမည့်သတ္တိတွေ နေရာလွဲနေတယ်ကွာ။ အားလုံးကပြောင်းလဲရေး ဦးတည်ချက်လမ်းပေါ်မှာ အသေအလဲအရေးကြီးတဲ့အချိန်မှာ ဦးဏှောက်မရှိ ကောလဟာလနဲ့ အာချောင်မယ်ဆို ဗိုလ်ချုပ်ပြောသလို ဖါနိင်ငံ ဖြစ်သွားလိမ့်မယ် မဖွပါနဲ့တော့ကွာ။ JJ (CLUB) နားမှာနေပါတယ်။ တစ်ချိန်က သူတို့တွေက အတူတူဆိုပေမဲ့ သူတို့ဝိုင်းပယ်သူတွေကို ဆွဲခေါ်ကြပါ၊ ဖေးမကြပါ၊ အင်အားယူပါ။ စိတ်နာပြီး တွေ့သမျှမောင်းထုက်ရင် အသစ်တွေထပ်တိုးလါတာဘဲ အဖတ်တင်တယ် ငါတို့ရှူံးပြီကွာ။ လူသားအကျိူးပြုဂီတဥယျာဉ် (၀၉၅ဝ ၈၂၈၀၈) တာမွေလူမိုက်ကြီး ဝင်းကိုလှိုင် http://www.facebook.com/media/set/?set=a.482823941733642.110392329.100000181218020&type=3&l=a6af18c97d

  • cobra

    August 20, 2012 at 2:43 pm

    ကိုပြောတာကိုတာဝန်ယူရဲရမှာပေါ့
    သူမပြောသလိုလို ဘာသာပြန်တာတွေကမှားနေသလိုလို
    လိမ်ဖို့ဆိုရင်တော့ ထိပ်တန်းတွေပဲ။

  • မဟာရာဇာ အံစာတုံး

    August 20, 2012 at 9:17 pm

    ဟဲ့ .. ဘဲဥမ ..
    ညည်းခေါင်းစဉ်ဂျီးကလည်း အရှည်ဂျီးဘဲ ..
    ငါကတော့ ဒါတွေနဲ့ ပတ်သက်လို့ ဘာမှသိဘူး ..
    ညည်းကဒေါ့ သိမှာပေါ့ ..
    ပုံထဲမှာတောင် ကြည့်ပါ့လား ..
    နာ့ဂို အလေးပြုနေဒါ .. :mrgreen:

  • နေ ့သစ်/ ဘဝသစ်

    August 20, 2012 at 9:22 pm

    စကား စကားပြောဖန်များ စကားထဲကဇာတိပြပါတယ်ဗျာ။
    ခွေးမြီးကောက်ကျည်တောက်စွပ်လဲ ခဏပါဘဲ။

  • ကိုသင်း

    August 21, 2012 at 1:42 am

    စားရင်း သောက်ရင်း ပြောတာဆိုတော့ သွေးကြွပြိး
    ထင်ရာတွေ ပြောတာနေမှာပေါ့ ။ ဒိလူက ဘရိတ်
    မရှိတဲ့လူလေ ၊မင်းသားကြိး မလုပ်ရလို ့ပတ်မကြိး
    ထိုးဖေါက်ကာမှ ယောင်ကန်းကန်းနဲ့ နှဲကြိးနင်းမိလို ့
    ဒုက္မရောက်တဲ့ပုံပဲ။သနားစရာ တစ်ကွက်မှ မရှိဘူး။

Leave a Reply