ဟင်းတောင်းထဲမှာ ပါလာသမျှ။

ဟင်းတောင်းထဲမှာ ပါလာသမျှ။ နေ့စဉ်စားတဲ့အစားအစာအတွက် ဈေးဝယ်သွားပြီး ပြန်လာတဲ့အခါ ပါလာတဲ့စားသောက်စရာတွေထဲက ကျန်မာရေးအတွက် ဘယ်လိုအစာတွေဟာ ကောင်းသလို ဘယ်လိုအစာတွေကတော့ အကျိုးအပြစ် ဘယ်လိုရှိလဲဆိုတာကို ဖတ်ဖူးတဲ့ထဲက မျှဝေသိစေဖို့ ရေးတတ်တဲ့အကျင့်လေးကပါနေတော့ ခုလည်း ရေးပါရစေအုံးနော်။ နေ့စဉ်စားတဲ့ အစားအစာအဖြစ် ဟင်းတောင်းထဲက တိရိစ္ဆာန်တွေရဲ့ အတွင်းကလီစာမှာ ကိုလက်စထရော အများအပြားပါတတ်ပါတယ်၊ ဥပမာ- သသည်း၊ နှလုံး၊ အူ ၊ အစာအိမ် ၊ ဂဏန်းအဆီ၊ ပုဇွန်းခေါင်းတို့လိုပါ။ အစားအစာကို ဆီရွှဲရွှဲနဲ့ ကြော်လှော်ချက်ပြုပ်ရင် အဆီတွေကို အများကြီးစုပ်ယူထားနိုင်ပါတယ်၊ ဒါကြောင့်  ပေါင်းတဲ့၊ ပြုပ်တဲ့၊ ဆီပြန်ရေပြန်နပ်တဲ့၊ သုတ်တဲ့နည်းဖြင့် စီမံတဲ့ဟင်းတွေနဲ့ ပိုသင့်တော်ပါတယ်၊ ဟင်းချက်ရာ မှာလဲ တိရိစ္ဆာန်ကရတဲ့ ဆီတွေ မသုံးဘဲ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ပြောင်းဆီတွေ … Continue reading ဟင်းတောင်းထဲမှာ ပါလာသမျှ။