၉-၁၂-၂၀၀ရ (အမေ့အတွက်၅နှစ်မြောက်)

DEPARKO DEPARKOSeptember 24, 20121min139

အမေ့ အသက် ၄ဝ မှာ ကျွန်တော့် ဘဝအစ
လောကကြီးကို စူးစမ်းဘို့
အသံပြဲနဲ့ဟစ်ကြွေး
ကမာ္ဘ့ငြိမ်းချမ်းရေးနေ့
အမေ့ရင်ကိုအေးစေခဲ့ပါရဲ့လား ???
ကျွန်တော့်အသက် ၄ဝ မှာတော့
မဆုံးသေးတဲ့ သံသရာခရီးကို
သောကမီးတွေနဲ့အတူ
အမေ ငြီးငြူလို့
ခရီးရှည်ထွက် နှုတ်တောင်မဆက်သွားပါလားအမေ။
အမေ့ရဲ့ နောက်ဆုံးခရီးကိုပို့ဖို့၊
ကျွန်တော်ဟာ
ရိုးမကိုဖြတ်ကျော်
တောင်ကုတ်လမ်းပေါ်က
သေမင်းခေါ်သံနားထောင်ရင်း
မရဏာနုဿတိပွါးလို့
ကျောက်ဖြူက ရန်ကုန်
ခရီးကိုစုန်ခဲ့ရာက
အမေ့အိမ်အရောက်
အမေ အမောဖေါက်ရတဲ့ အကြောင်းရင်း
အမေမကြိုက်တဲ့ အနံ့တသင်းသင်းနဲ့
အမေ့ရဲ့ အနီးကပ် သား၊မြေး၊သားမက် အစုံအလင်
ပုံပြင်တွေပြောလို့
သားယုံချင်ပါရဲ့ အမေ။
ကျွန်တော့်ငယ်ဘဝ
စိတ်အနာရခဲ့သမို့
နာမည်ဆိုးအမျိုးမျိုးတွင်
အမေ့ရင်ခွင် ခိုလှုံဘို့ဝေး
ငယ်ငယ်လေးထဲက
အဖေသွားရာနောက်ကိုလိုက်
မြန်မာပြည်မြေပုံ တမိုက်သာသာမှာ
ကြိုက်တဲ့နေရာ လက်ညှိုးထိုး
မရိုးအောင်သွားခဲ့ဘူးပါရဲ့။
အဖေအလုပ်ကအနားယူ
ကျွန်တော် ပညာယူဘို့သင်ကြား
ဆယ်တန်းဆိုတဲ့ တံတားကို
ငါးကြိမ်မြောက်ဖြတ်ကျော်
အမေပျော်အောင် ကျွန်တော်ထားခဲ့ဘူးရဲ့လား????
ထစ်ကနဲဆို အိမ်ကထွက်
အဝေးမှာနေရက်တဲ့ ကျနော်
အမေ မျှော်နေတာမသိခဲ့ရိုး အမှန်ပါ။
ဒီလိုနဲ့ ဝန်ထမ်းဘဝရောက်
အမေ့မျက်စေ့အောက်ကပျောက်သွား
စစ်သားဘဝ
ရေထဲမှာပျော်
ဇင်ယော်ငှက်လို
လေနှင်ရာလွင့်
အမေ့ရင်ကိုနင့်စေခဲ့တာ ခွင့်လွှတ်ပါအမေ။
အမေမှာစကား နားထဲမှာကြားလို့
“ ရောက်တဲ့အရပ်မှာ ပျော်အောင်နေ
တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း
ရှိတာလေးနဲ့လှအောင်ဝတ်
ရတာလေးနဲ့ ဝအောင်စား
အနိုင်လိုသူ အရှုံးပေး နှလုံးအေးတဲ့ဆေး”

အမေ့ရင်ကိုအေးရအောင်
အမေ့မှာစကားအတိုင်းနေ
အမေနဲ့ဝေးခဲ့ရပေမည့်
ကျွန်တော့်အနားမှာ အမေအမြဲရှိနေဆဲပါအမေ။

7 comments

  • မောင်ပေ

    September 24, 2012 at 10:04 pm

    အမေကိုချစ်တဲ့ ကိုပါကို ရဲ ့ကဗျာကို ဝင်ရောက်ဖတ်ရှုခံစားသွားပါတယ်ဗျို ့

  • မဟာရာဇာ အံစာတုံး

    September 24, 2012 at 10:28 pm

    ကျနော်လည်း ဝင်ရောက် ခံစားသွားပါရဲ့ဗျာ ..
    ၅ နှစ်မြောက် ရှိသွားပြီပေါ့နော် ..
    နောက်ဆုံး အပိုဒ်လေးကတော့
    ကျနော်နဲ့ ခံစားချက်ချင်း တူတယ်ဗျာ ..
    ဒါပေမယ့် ကျနော့်အတွက်တော့ ခဲ့ နေရာမှာ နေ လို့ သုံးရမှာပေါ့ …

  • DEPARKO DEPARKO

    September 25, 2012 at 9:06 am

    ကျေးဇူးတင်ပါတယ် အမေဆိုတာ သက်ရှိ သတ္တဝါတွေ အားလုံးအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါ မရှိတော့တဲ့အချိန်ကျမှ လွမ်းဆွတ်တမ်းတ နောင်တရနေရတဲ့ ကျွန်တော့်လိုအဖြစ်မျိုး ဘယ်သူ့ကိုမှမခံစားစေချင်လို့ပါ

  • kyeemite

    September 25, 2012 at 1:56 pm

    ကျနော်လည်း ဝင်ရောက် ခံစားသွားပါရဲ့ဗျာ .. :byae:

  • ရွှေ ကြည်

    September 25, 2012 at 4:23 pm

    ဝင်ရောက်ခံစားသွားပါတယ်ကိုဒီပါကိုရေ ဖတ်ရင်းနဲ့ ကိုဒီပါကိုအမေကိုသနားမိတယ်။
    ဝမ်းလည်းနည်းသွားတယ်။

  • ရွှေ ကြည်

    September 25, 2012 at 4:23 pm

    ဝင်ရောက်ခံစားသွားပါတယ်ကိုဒီပါကိုရေ ဖတ်ရင်းနဲ့ ကိုဒီပါကိုအမေကိုသနားမိတယ်။

  • DEPARKO DEPARKO

    September 26, 2012 at 8:32 am

    အားလုံးကိုကျေးဇူးတင်ပါသည်၊မျှဝေခံစားနားလည်ပေးတဲ့အတွက်ပါ။

Comments are closed.