လှေပေါ်မှာ

ေလ ဒီOctober 5, 20121min2885

တစ်သက်မဝေးအောင်လို ့

သူနဲ ့အတူဘုရားတက်

ရွှေသက္ကန်းလည်း ကပ်ခဲ့ဖူးသည်။

တစ်ဘဝစာအတွက်သာမဟုတ်
တကယ်လုပ်မယ့် နိဗာန်ရွယ်
ဆန္ဒကိုအရင်းတည်
အတွင်းအသိစိတ်ရဲ ့မေတ္တာတရားနဲ ့
ခုတော့
လွမ်းနေတတ်ပါပြီ ကွာ…။

တစ်နွေကုန်လို ့တစ်နွေထပ်
တစ်ရက်ကုန်လို ့နှစ်ရက်ကူး
တို ့နှစ်ဦးအကြောင်းပါလို ့
ပေါင်းဖက်မယ့် ကြမ္မာသည်
အချိန်အခါအညီလာပြီဆိုတာနဲ ့
အလှူကြီးပေးမယ်ကြံ ။

တစ်ယောက်လုပ်ခ
နှစ်ယောက်လုပ်ခ
သည်လောက်ဒုက္ခတွေကြားက
လူဖြစ်အောင်မွေးလာခဲ့တဲ့
တို ့မိဘတွေကိုအတုယူ
စားဝတ်နေရေးကို သည်လိုကူပြီး
လူနေမှူအပူကို တွေးယူခဲ့မိရင်
ဆွေးပူစရာပဲ ရှိလိမ့်မပေါ့။

ဘေးလူတွေအတုယူတတ်အောင်
တို ့တစ်တွေတက်ညီညီလှော်ခတ်မယ့်
တို ့လှေဟာရေမှာမျောမနေပဲ
ပဲ ့ကိုင်ရှင်ကိုသာဖြစ်ပါလို ့
မယ်ကဖြင့်ဟန်ချက်ကိုညီအောင်ထိန်းပါရင်း
တို ့လှေကိုနစ်မြှုပ်သွားစေမယ့်
ဝင်သမျှရေခပ်ဆယ်လို ့လိုက်ပါရင်း
ကုန်ဈေ းနှူန်းအဲဒီပင်လယ်ကို
ကိုရယ် ခင်ရယ် သည်လိုဖြတ်
သတ္တိမကြောင် သောကအတွေးပယ်လျက်
တွေ ့ရမယ့်နှစ်။

 

5 comments

  • P chogyi

    October 5, 2012 at 10:32 am

    ကုန်ဈေးနှုန်းပင်လယ်နဲ့
    လောကဆိုတဲ့သမုဒရာကို
    လှေငယ်နဲ့ဖြတ်မယ်ဆိုရင်တော့
    မတွေးဝံ့စရာပါ။

  • လေ ဒီ

    October 5, 2012 at 4:07 pm

    ပြောင်လဲလာတဲ့စီးပွားရေးအခြေအနေနဲ ့ဆိုရင်တော့ သင်္ဘောတော့ပြောင်းစီးနိုင်လိမ့်မယ်ထင်ပါတယ်လေ…

    • မောင်ပေ

      October 5, 2012 at 9:22 pm

      အခုဆိုရင်ရင်
      ကုန်ဈေးနှုန်းကမြင့်
      အလုပ်အကိုင်တွေကရှားပါး
      ရာသီဥတုတွေကဖောက်ပြန်နဲ ့
      တွေးမိတော့
      ကိုယ့်မျိုးဆက်သစ်ကိုတောင်
      ပြုစုပျိုးထောင်ဖို ့ခက်

  • လေ ဒီ

    October 5, 2012 at 10:19 pm

    လက်တွေ ့ဘဝမှာတော့ တချိုု ့ကလှေတောင်မစီးနိုင်ပါဘူး ..ဖောင်စီးပြီးဖြစ်သလိုသွားနေရတာပါ….

  • Mobile

    October 7, 2012 at 9:05 pm

    ဖောင်စီးပြီးဖြစ်သလိုမျှောလိုက်နေရတာကတော်အုံးမယ်ဗျို
    ကျုပ်တို့ဖြင့် ငှက်ပျော တုံးဖက်လိုက်နေရတယ်

Leave a Reply