တကယ်ရီရတဲ့ သီချင်းပဲ … ဟီးးးဟီးးးး

zaylayJuly 13, 20101min943

ဟိုးးရှေးးရှေးးတုန်းကပေ့ါ….ရှမ်းဘုန်းကြီး တစ်ပါး ဟာ ကျေးတောရွာ လေး
တစ်ရွာကို အလည်ကြွလာခဲ့တယ် ။ ရေလမ်းခရီးကပေ့ါ ။ ကြွလာခဲ့တော့ ဘုန်းဘုန်းက
ရွာသူရွာသားတွေရဲ ့စကား အသုံးအနှုန်းတော့ လေ့လာဥိးမှပဲ ဆိုပြီးတော့ ။
အဲ့မှာလာကြိုတဲ့ ဒကာ တစ်ယောက်ပါတယ် ။ ရွာလေးကို ချောင်းရိုးအတိုင်း
စုန်ဆင်းလာရင်းနဲ ့.ဘုန်းဘုန်းက ချောင်းရိုးရဲ ့ဟိုဘက်မှာ ရှိတဲ့
ကမ်းစပ်က သောင်ပြင် လေးကို သွားတွေ ့တယ်.။ သွားတွေ ့တော့ သူကို
့လာကြိုတဲ့ ဒကာကြီးကို မေးတာပေ့ါ ။ အဲ့သောင်ပြင်ကို ဘယ်လို
ခေါ်လဲဆိုပြီးတော့ ။အဲ့ဒါနဲ ့ဒကာ ကြီးက ပြန်ဖြေတယ် ။ မှန်ပါ့ဘုရား အဲ့ဒါ
လတာပြင် လို ့ခေါ်ပါတယ်ဘုရားပေ့ါ ။ အဲ့ဒါ နဲ ့လာလိုက်လိုက်တာ
..ချောင်းရိုး ဟိုဘက်ကမ်းမှာ ရှိတဲ့ ..အပင် လေးတွေ ကိုသွားတွေ ့ပြန်ရော ။
ဘယ်လိုခေါ်သလဲ မေးလိုက်ပြန်တော့ … မှန်ပါ့ဘုရား လမုတော ပါတဲ့ ပြန်ဖြေတယ်
။ ဒီလိုနဲ ့လာလိုက်တာ ချောင်းရိုး မှာ ခွေးသေကောင် တစ်ကောင်သွားတွေ ့တယ်။
ခွေးသေကောင်ပေါ်မှာလည်းအကောင်တစ်ကောင် နားနေတယ်။ အဲ့အကောင်ကို
ဘယ်လိုခေါ်လဲလို ့မေးပြန်တော့ … လဒ ကြီး ပါ ဘုရားလို ့ပြန်ဖြေတယ်။
အဲဒါကြောင့် ဘုန်းဘုန်းက ဒီရွာက ရွာသူရွာသားတွေဟာ စကား ပြောရင် အရှေ ့မှာ
“လ” ဆိုတာကို ထည့်ထည့်ပြောတာ သတိထားမိသွားတယ်။ ဒါနဲ ့ရွာရောက်ပြီး
ဘုန်းဘုန်း ဆွမ်းစားတဲ့ အချိန်လည်းရောက်လာရော ..ဘုန်းဘုန်းက စကား
တစ်ခွန်းပဲ ရွာသားတွေကို ပြောလိုက်တယ်……… ကဲ …ဘာလဲဆိုတာကတော့
..သီချင်း နားထောင်ကြည့်ကြပေတော့ဗျာ…..

®

Funny Song .mp3 Funny Song .mp3
2281K Play Download

3 comments

  • etone

    July 15, 2010 at 4:03 am

    ဘာသီချင်းလဲ ပေါ်လည်းမပေါ်ဘူး ။

  • mya sandar su

    July 31, 2010 at 12:59 pm

    အင်းလေ နားထောင်လို့လဲမရဘူး

  • winne

    July 31, 2010 at 1:11 pm

    ရေးထားတာတော့ ဟုတ်နေတာဘဲ နားထောင်ဖို့ကတော့ ရှာမရဘူး။

Leave a Reply