ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သိထားသင့် သော အချက် အလက်များ

zaylayJuly 13, 20101min751

၁) ဤကမာ္ဘလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာပစ္စည်းကား အဘယ်နည်း။

(၂) ကောင်းသော အလေ့အကျင့်တို့တွင် အဘယ်ကောင်းသော အလေ့အကျင့်သည်
ချမ်းသာကို ဆောင်နိုင်သနည်း။

(၃) အရသာတို့တွင် အဘယ်အရသာသည် အလွန့်အလွန် ချိုမြိန်သော အရသာ ဖြစ်သနည်း။

(၄) အသက်မွေးမှုတို့တွင် အဘယ်သို့သော အသက်မွေးမှုကို မြတ်သော အသက်မွေးမှုဟု ဆိုသနည်း။

(၅) အဘယ်ဖြင့် သံသရာဝဲဩဃကို ကူးမြောက်နိုင်သနည်း။

(၆) အဘယ်ဖြင့် သံသရာပင်လယ်ကို လွန်မြောက်နိုင်သနည်း။

(၇) အဘယ်ဖြင့် ဆင်းရဲခြင်းကိုလွန်မြောက်နိုင်သနည်း။

(၈) အဘယ်ဖြင့် ထက်ဝန်းကျင်ကို စင်ကြယ်နိုင်သနည်း။

(၉) အဘယ်အကြောင်းကြောင့် ပညာကို ရနိုင်သနည်း။

(၁၀) အဘယ်အကြောင်းကြောင့် ဥစ္စာပစ္စည်းကို ရနိုင်သနည်း။

(၁၁) အဘယ်အကြောင်းကြောင့် ကျော်စောထင်ရှားခြင်းသို့ ရောက်နိုင်သနည်း။

(၁၂) အဘယ်အကြောင်းဖြင့် မိတ်ဆွေကို ဖွဲ့နိုင်သနည်း။

(၁၃) အဘယ်အကြောင်းဖြင့် နောင်ဘဝ၌ မစိုးရိမ်ရသနည်း။

အဖြေ
ငါဘုရားအား သတ်ဖြတ်နိုင်သူ ဤလောက၌မရှိ၊ သို့သော် သင်သိလိုလျှင်
သင်၏ပုစာ္ဆများကို ဖြေဆိုပေအံ့။

(၁) ဤလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာပစ္စည်းကား ယုံကြည်မှု သဒ္ဓါတရားဖြစ်သည်။

(၂) ကောင်းသော အလေ့အကျင့်ဖြစ်သော ကုသိုလ် ကမ္မပထတရားသည် ချမ်းသာကိုဆောင်နိုင်၏။

(၃) အရသာတို့တွင် မှန်ကန်စွာ ပြောဆိုခြင်း သစ္စာတရားသည်
အလွန့်အလွန်ချိုမြိန်သော အရသာဖြစ်၏။

(၄) ပညာဖြင့်အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟု ဆိုကုန်၏။

(၅) ယုံကြည်မှုသဒ္ဓါဖြင့် သံသရာဝဲဩဃကို ကူးမြောက်နိုင်၏။

(၆) မမေ့မလျော့မှု အပမာဒတရားဖြင့် သံသရာပင်လယ်ကို ကူးမြောက်နိုင်၏။

(၇) ထကြွလုံ့လဖြင့် ဆင်းရဲကိုလွန်မြောက်နိုင်၏။

(၈) ပညာဖြင့်စင်ကြယ်နိုင်၏။

(၉) ရဟန္တာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ရောက်ကြောင်း တရားကို ယုံကြည်လျက်
မမေ့မလျော့ဆင်ခြင်သူ ပညာရှိသည်ကောင်းစွာ နာကြားသော ကြောင့် ပညာကို
ရယူနိုင်၏။

(၁၀) သင့်လျော်သည့်အလုပ်အကိုင်ကို လုပ်လျှက် တာဝန်ကို ကျေပွန်အောင်
ထမ်းဆောင်သူသည် ထကြွလုံ့လ ကြောင့် ဥစ္စာပစ္စည်းကိုရနိုင်၏။

(၁၁) မှန်ကန်စွာ ပြောဆိုခြင်းကြောင့် ကျော်စော ထင်ရှားမှုကို ရနိုင်၏။

(၁၂) ပေးကမ်းခြင်းဖြင့် အဆွေခင်ပွန်းကို ဖွဲ့နိုင်၏။

(၁၃) ယုံကြည်မှုရှိသော အိမ်၏ အစီးအပွားကို ရှာတတ်သောသူအား မှန်ကန်ခြင်း
သစ္စာ၊ လိမ္မာခြင်း ဓမ္မ၊ ကြိုးစားမှု ဓိတိ၊ စွန့်လွှတ်မှု စာဂ၊
ဤတရားလေးပါးရှိသဖြင့် နောက်ဘဝ၌ မစိုးရိမ်ရချေ။

www.mmcybermedia.com မှဖြန်.ဝေပါသည်။

One comment

  • ssa

    May 23, 2012 at 10:52 am

    ဒီပိုစ့်လေးတင်ပေးလို့ အရမ်းကျေးဇူးတင်ကြောင်းပြောသွားပါတယ်ခင်ဗျာ…
    နောက်လည်း ကျွန်တော်တို့ ဗုဒ္ဓဘာသာအကြောင်းများများတင်ပေးပါဦးလို့တောင်းဆိုပါတယ်..

Leave a Reply