ပျော့သော မျက်နှာပြင် နှင့် တက်ဘလက်များ

ムラカミNovember 8, 20123min99146

Google Nexus 7

အားသာချက် ၃ခုတိတိ တွေ့မြင်မိပါတယ်
ပထမတခုကတော့ Android 4.1 ဖြစ်ခြင်းပါ။
လုံးဝသစ်လွင်တောက်ပတဲ့ Google ရဲ့ OS အသစ်ဖြစ်သလို
တလောလေးကပဲ Google Play Store ရဲ့ Apps count ဟာ
Apple ရဲ့ App Store ကို သာလွန်သွားပြီ ဖြစ်ပါတယ်။

ဒုတိယ အားသာချက်ကတော့ NFC ပါဝင်ခြင်းဖြစ်ပါတယ်။
Credit ထည့်ပြီး ပိုက်ဆံအိတ် လို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အကြွေဇိတွေ ဝဲလိုက်လို့ရပြီပေါ့။ ဒီ Feature ဟာ
တခြား tablet တွေမှာ မပါဝင်ခြင်းက အားသာချက်ဖြစ်ပါတယ်။

တတိယ အားသာချက်ကတော့ ဈေးနှုန်းပါ။ ဒေါ်လာ ၂၀ဝအောက်နဲ့
ဝယ်ယူနိုင်မယ့် အားသာချက်ဖြစ်ပါတယ်။ ဒါဟာ Notebook တလုံး
နှုန်းလောက်ကျသင့်တဲ့ Tablet တွေနဲ့ ယှဉ်ရွေးမယ်ဆို
အကြီးအကျယ် စွဲဆောင်မှု ဖြစ်နေပါတယ်။

 

Kindle Fire

သူ့မှာလည်း ဈေးနှုန်းအရ အားသာချက်ရှိနေပါတယ်။ နောက်ထပ် အားသာချက်ကတော့
Amazon ရဲ့ ပစ္စည်းတွေ အထူးသဖြင့်(စာအုပ်၊ရုပ်ရှင် နဲ့ သီချင်းတွေ)
ဝယ်ယူဖို့ သိမ်းဆည်းဖို့ Cloud service အကန့်အသတ်မဲ့ ရရှိတာဖြစ်ပါတယ်။
ဒီအချက်ဟာ ပန်းသီးရဲ့ 5GB ဆိုတဲ့ လစ်မစ်ကို အကြီးအကျယ် စိတ်ပျက်စေနိုင်တဲ့အချက်
ဖြစ်ပါတယ်။

စိတ်ပူစရာ ဒါမှမဟုတ် အားနည်းချက်ဖြစ်ကောင်းဖြစ်နိုင်တာကတော့
Customized Android OS ဖြစ်လို့ Play Store မှာရှိတဲ့ Android ရဲ့ ဘယ်
Apps တိုင်းမဆို Run နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

 

Galaxy Tab II (7″ & 10″)

အများသိပြီးသား အချက်တွေ ကျော်ချလိုက်ပါမယ်။
တခုတည်းသော USP(Unique Selliing Point)ကိုပြောပါဆိုရင်တော့
MicroSD Slot ပါဝင်တဲ့အချက်ပဲဖြစ်ပါတယ်။
ဒီအချက်ဟာ Storage ပိုင်းအရ ချဲ့ထွင်စရာ ကောင်းကောင်း ရှိနေလို့ပါပဲ။

 

iPad Mini
အကြောင်းကိုတော့ ဟိုဘက်မှာ ပန်းသီးအုံးနှောက်ဆေးခံထားရတဲ့
ကြောင်အဆီပိတ် ဆိုလား သူရေးတဲ့ ဆီမှာ သွားဖတ်နိုင်ပါတယ်။
ပန်းသီးအကြောင်းများ မပြောလိုပါ။
🙁

https://myanmargazette.net/153441/computers-technology

 

 

Blackberry PlayBook
OS ကတော့ တည်ငြိမ်ကောင်းမွန်မယ် ယူဆရပါတယ်။
ဒါပေမယ့် Apps ပေါများမှုပိုင်းမှာတော့ ယှဉ်နိုင်စွမ်းရှိမယ်မဟုတ်ပါ။
(အသုံးများ Apps တွေတော့ ရှိနိုင်သပေါ့လေ)
Blackberry ပရိတ်သတ် တွေအတွက်သီးသန့် ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

ဈေးနှုန်းသက်သာတဲ့ ရလက်မ တက်ဘလက် လက်တဖွားစာ လေးတွေအကြောင်း
ဒီမှာ ပြီးပါမယ်။ အချုပ်ပြောရရင် Kindle နဲ့ Nexus မှာ Rear Camera
မပါဝင်ပါဘူး Front Camera ပဲ ပါတာဆိုတော့ Video call တော့
လုပ်လို့ရမယ် ဓါတ်ပုံတော့ ရိုက်လို့မရဘူးဆိုပါတော့
Nexus မှာက Video Out မပါဝင် တာမို့ ..ကျန် ၄ကောင်ကို သည်အပိုင်းမှာ
ယှဉ်နိုင်စွမ်းမရှိပါ။

ဆိုတော့ OS တည်ငြိမ်မယ် Apps ပေါမယ်။ Function စုံမယ်။ ကွာလတီ စိတ်ချရမယ်
ဆိုတဲ့အချက်တွေ နဲ့ ဇကာတိုက်လိုက်ရင် လက်တဖွားတက်ဘလက်လောကမှာ
ဘယ်လိုပဲဖြစ်ဖြစ် ပန်းသီးနဲ့ ဆမ်ဆောင်းသာ ရွေးချယ်ဖွယ်ရာ ဖြစ်လာပါကြောင်း။
ကျနော်ကတော့ ဘစ်ဇနက်သုံးဆိုရင်တော့ ရလက်မ ကို ရီကောမန်း မလုပ်ပါကြောင်း။
အန်တာတိန်းမန့် အတွက်သာ ကောင်းမယ် ယူစပါကြောင်း။
ဟုတ်ကဲ့ တကယ်ရေးချင်တဲ့ အကြောင်းက ခုမှ လာပါမယ်
ခုမှ ထွက်လို့ ဘာမှန်းမသိသေးတာမို့ Wildcat သတ်မှတ်ခံထားရဆဲ

Microsoft Surface RT/Pro

RT နဲ့ Pro ဘာကွာသလဲ ဆိုရင်
၂ခု ပြောစရာရှိပါတယ် ။ ပထမ တခုက CPU ဖြစ်ပါတယ်
Tegra3 Vs Corei5 ပါ။
Tegra ဟာ ARM Architecture ဖြစ်ပြီး
Corei5 ကတော့ x86 Architecture ဖြစ်ပါတယ်။
ဘယ်ဟာ သာသလဲ မေးရင်တော့ Tegra က ဆီစားသက်သာတဲ့ ကားဖြစ်ပြီး
Corei5 ကတော့ အင်ဂျင်ပိုအားကောင်းတဲ့ ကား လို့ ပြောချင်ပါရဲ့။

ဒုတိယတချက် ကွာတာကတော့ RT မှာ Office Suite အစကတည်းက
ပါဝင်နေပြီး Pro မှာ မပါဝင်ပါ (သုံးချင်ရင် သပ်သပ် ဝယ်ထည့်ရမှာ ဖြစ်ပါတယ်)

 

 

 

 

 

ဆိုတော့ ဒက်စတွတ် မှသည် လက်ပကျွတ် လက်ပကျွတ်မှသည် တက်ဘလွတ်ကိုသွားကြတဲ့
ခေတ်ကြီးမှာ Office လုပ်ငန်းသုံးမယ် Gaming ကို mediocre လောက်ထိပဲ ဆော့မယ်
ဆိုရင်ဖြင့် RT ကို Recommend ပါတယ် ။ ဒါမှမဟုတ် Graphic ပိုင်း ပိုခိုင်းမယ်ဆိုရင်တော့
Pro ကို ပိုညွှန်းပါတယ်။

၁ဝလက်မ တက်ဘလက်နဲ့ အလုပ်လုပ်မယ် ဆိုရင်ဖြင့် အိုင်ပက်ထက် RT က ပိုသင့်တော်ပါတယ်။

၁။ Office Suit ပါဝင်ခြင်း။
၂။ IE 10
၃။ Metro Style User Interface
Metro Style ဟာ တကယ်တော့ လေးထောင့်ကွက်တွေပါ…
အားသာချက်ကတော့Customize လုပ်ခွင့်ရှိတာပါပဲ။
၄။ Memory 2GB Vs 1GB
၅။ 16×9(Widescreen) Vs 3×4(Regular Screen)
၆။ MicroSD Port, USB 2.0 Vs None
၇။ Cover Keyboard(Sell Seperately)
စတာတွေ ဖြစ်ပါတယ် 32GB ချင်းဆို ဈေးအတူတူဖြစ်ပြီး (KB ပါအပြီး)
ဒေါ်လှ ၆၀ဝ လောက်မြောက်မှာဖြစ်ပါတယ်။
တကယ်တော့ RTကို Entertainment ပိုင်းမှာ ပန်းသီး သာပေမယ့်
Pro နဲ့ ယှဉ်မယ် ဆိုရင်တော့ အဲ့လိုလည်း မဟုတ်ပြန်ဘူး ဖြစ်သွားပါတယ်။
Surface Pro

 

CPU က Corei5 နဲ့ 4GB Memory ဟာ အတော်လေး
ပြည့်စုံနေတဲ့ Tablet PC ဖြစ်ပါတယ်။
X-Box, Kinect တို့နဲ့လည်း ကြိမ်းသေပေါက် ချိတ်ဆက်မှာဖြစ်တဲ့အတွက်
Entertainment ပိုင်းလည်း ဘယ်လိုမှ အားမနည်းလောက်ဘူး မို့…
ညွှန်းပါသည်ခင်ဗျား။
အိုင်ပက်အကြောင်းကတော့ ချဉ်သမို့ မရေးလိုပါ…

 

 

 

တော်သေးဘီ
ခင်တဲ့

 

 

46 comments

  • Khaing Khaing

    November 8, 2012 at 12:54 pm

    ကိုရင်ဝဲ … ဆိုလို့ ဘူများလဲလို့ … မယ်ဒသဂီရိ ဖြစ်နေပါလား ……. ပြောင်းပြောင်းနိုင်လွန်းတယ်အေ ………

    • အင်္ဂ ါZ

      November 8, 2012 at 1:09 pm

      ကျုပ်က အင်္ဂ ါ သား
      နာမည် စာလုံးပေါင်း က Z နဲ့ စတယ်.
      ဆိုတော့ ..ကျုပ်ရွေးလိုက်တဲ့ ကလောင်နာမည်က

      အင်္ဂ ါZ

      တဲ့
      ဟိ

      • myanmarcitizen

        November 8, 2012 at 1:48 pm

        သူရှင်းထားတော့လဲ အဟုတ်သား… ဒါပေမဲ့ နာမည်ကြီးက တစ်ခုခုတော့တစ်ခုခုဖြစ်နေသလိုပဲ။ 🙂

      • Khaing Khaing

        November 8, 2012 at 2:42 pm

        အခွန်မဆောင်ရတဲ့ နေရာမှာ ရွေးချင်သလိုရွေး ပြောင်းချင်သလိုပြောင်းနိုင်ပါကြောင်း … ကိုရင်ဝဲ(ခေါ်) အင်္ဂါz ရေ ….. အခုလို အကြိမ်ကြိမ်ပြောင်းတော့ ကျုပ်ရဲ့ ပထမကွန့်မန့်ကြီးက ငုပ်တုပ်မေ့သွားတာပေ့ါအေ………….

      • kai

        November 9, 2012 at 7:06 am

        ယူအက်စ်က..Z ကို..” ဇီး”ခေါ်တာမို့.. ခုတော့.. ကိုသစ်ခေါ်သလို.. “အင်္ဂါဇီး”ပေါ့…။
        အင်္ဂ ါဇတ်… ဆိုတာကတော့… ရှေးမြန်မာစာတွေမှာ..Vigina ကိုခေါ်တာဖြစ်ပါကြောင်း…။ :kwi:

        • Khaing Khaing

          November 9, 2012 at 11:24 am

          ကဲ မှတ်ကရော … မောင်မောင် အင်္ဂါZ ရေ ……..

        • အင်္ဂ ါZ

          November 9, 2012 at 11:54 am

          အဲ့ ခရုကြီးနဲ့ ဘယ်တုန်းက မဟာမိတ် ဖြစ်သွားပါလိမ့် ..??

  • Mon Kit

    November 8, 2012 at 1:18 pm

    ဟိ….. အင်္ဂါဇတ် လို့ ခေါ်ရမှာ လျှာလိပ်နေဒယ်…
    တညိုးကြီးဘဲ….
    နာမည်က.. ဘာလိုလိုဂျီး…….. ဟီးးးးးး
    :hee:

  • Wow

    November 8, 2012 at 1:20 pm

    ဟယ် မိုက်ရိုင်းထာ… ဒီလိုနာမယ်ဂျီး…
    နဲနဲလေးများ အတိမ်းအစောင်းရှိပြီး ဇတ် ပွဲလို့ထင်မိရင် :kwi:

  • blackchaw

    November 8, 2012 at 2:18 pm

    နားတော့သိတ်မလည်ဘူးကွယ်…
    အားပေးသွားပါတယ်…
    အင်္ဂါ z ရယ်…။

  • thit min

    November 8, 2012 at 2:32 pm

    မျက်နှာပေါင်းတင်ပြီးစ (ပျော့သောမျက်နှာပြင်) နဲ့ အိမ်သုံးဆေးတွေ (တက်ဘလက်များ)
    မတည် ့တဲ့အကြောင်း ရေးထားတာ မှတ်လို့ ဝင်ဖတ်ကြည့်မှ လောကဓာတ်ကျောက်သင်ပုန်းတွေ
    အကြောင်း မှန်းသိတော့တယ်။
    နာမည်ကလဲ ပြောင်းလွန်းပါပေ့နော်။ ဒီဆိုက်ထဲမှာ သူ့တယောက်ထဲ အကောင့်ကတခုထဲနဲ့
    ကလောင်နာမည်က မရေတွက်နိုင်ဘူး။
    အရင်တုန်းက နစ်ခ်တခုကို လယ်ထွန်ဇီး လို့ ဖတ်ဘူးတယ်။
    ခုလိုဆိုတော့
    အင်ဂါဇီး ပေါ့။

  • jullies cezer

    November 8, 2012 at 2:40 pm

    တို့ဆီကကျောက်သင်ပုန်းကို သူတို့ ကူးချသွားတာ မူပိုင်ခွင့်ကိုချိုးဖောက်တယ် 🙂

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 8, 2012 at 3:31 pm

    ဆြာသစ်ပြောသလိုခေါ်ရရင် အင်္ဂါဇီးပေါ့….
    (ဒီနာမည်မှာ Z ကို ဇက်လို့ထွက်ရမှာ လျာယားလို့…)

    ကိုယ့်ဟာကိုယ် မျက်နှာပြင်အပျော့အကြောင်းရေးတာရေးပေါ့…
    ဘာလို့ သူများပိစိကွေးကို ဆွဲထည့်ရတာတုန်း…

    ကွန်ပျူတာအားလုံးရဲ့ ၈၀% သည် အပျော့ရဲ့အိုအက်စ်သုံးနေရတော့ကာ…
    မျက်နှာပြင်အပျော့က လာခြင်းကောင်းတယ်လို့ဆိုရမယ်ပေါ့…

    ပန်းသီးနဲ့ အပျော့ကြားထဲက စက်ရုပ်တော့… ဘယ်လိုဖြစ်လာမလဲကို ပိုမိုစိတ်ဝင်စားပါကြောင်း…
    နောက်တစ်ခုက အပျော့ကဘယ်လိုအနေအထားအထိ ဆွဲဆောင်နိုင်မလဲဆိုတာ တွေးမိကြောင်း…

    ကိုညီထွဋ်သီချင်းထဲကလိုပြောရရင်…
    တစ်ချပ်မှောက်တဲ့ကစားဝိုင်းများ… အဖြေဟာပွဲသိမ်းတော့မှသိမယ်လေ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • အင်္ဂ ါZ

      November 9, 2012 at 7:10 am

      မဟုတ်သေးဘူး ကိုဖက်ကတ်ရေ…
      စက်ရုပ် ဘာမှမမဖြစ်လောက်သေးဘူး ..
      တကမာ္ဘလုံးက စက်ရုပ်ကို ဝိုင်း ဒဗလော့ပ် လုပ်ပေးနေတာ..
      ဂျာဗား မသေသလို စက်ရုပ်လည်း သေမှာတော့မဟုတ်ဘူး..
      အပျော့ကြောင့်တော့ သူ့ကိုလူကြိုက်နည်းကောင်း နည်းလာနိုင်တယ်…
      ဒါပေမယ့် သေအုံးမှာ မဟုတ်သေးဘူး
      သေသလောက်ဖြစ်နေတာ ဘလက်ဘယ်ရီ …
      ပန်းသီး ဘလက်ဘယ်ရီလိုင်း မလိုက်ဘူး ဘယ်သူပြောနိုင်လဲ…
      ခုပဲကြည့် အိုင်အိုအက်စ်-စစ် ဘာ ဟန်းသလဲ မမေးနဲ့..
      မေးလ် အပ္ပလီ လည်း ခရပ်ရှ်ဖြစ်ပြီး ဘာအလုပ်မှ မလုပ်ဘူး
      ယူတု အပ္ပလီ က အိုင်ပက်မှာဆို အူကြောင်ကြောင် ထထဖောက်တယ်…
      ဖေ့စ်ဘုတ် အပ္ပလီက ရေလည်ဂွမ်းတယ် …
      ဆီရီ စတုပစ် ဖြစ်တာကတော့ သိတော်မူတဲ့အတိုင်းပဲ ..
      မြေပုံတွေကလည်း သိပ် ချစ်ဖို့ကောင်းတယ်…
      တိုကျိုတာဝါတဲ့ .. မီးခြစ်ဆံပုံးကြီး ထောင်ပြထားတယ်..
      အဲ့ဒါတွေနဲ့တင် အတော် စိတ်ပျက်စရာ ကောင်းနေပြီ…
      ပရောဒတ်ဒီဇိုင်းပိုင်း အသေအကျေ ဇောင်းပေးနေရတာနဲ့ပဲ
      အပျော့ထည်ပိုင်းက ပေစုတ်စုတ်ဖြစ်ဖြစ်လာတော့တာပါပဲဗျာ..
      ပြောပါတယ် ..ဖင်ခေါင်းကျယ်တဲ့ ဘရန်းတွေဆို မုန်းပါတယ်ဆို…

      ရလက်မလေးတွေ ဆွဲထည့်တာ အကြောင်းရှိတယ်ဗျ…
      ခင်ညာ့ ပန်းသီးက လုပ်ပုံမဟုတ်လို့…
      ပရော်ဆက်စာ ကို A5 နဲ့ ထုတ်တဲ့ကိစ္စ
      new iPad က A5X
      iPhone က A6
      အဲ …နောက်ထပ် ထွက်မယ့် iPad6 က A6X
      ဆိုတော့.. iPad mini လက်ထဲရောက်ပြီး ဘယ်လောက်မှမကြာဘူး
      processor က 2 generation လောက် နောက်ကျကျန်နေမယ့် သဘော ဖြစ်နေတယ်..
      A6 မသုံးလို့တော့တော့ အပြစ်မတင်ချင်ပါဘူး new iPad ကအတိုင်း A5X နဲ့ ထုတ်လို့ရတယ်..
      မထုတ်တာ .. မထုတ်တဲ့အကြောင်းကတော့ ထုံးစံအတိုင်း တကိုယ်ကောင်းဆန်စွာ လက်တဆုံးနှိုက်တဲ့
      ပန်းသီးရဲ့ မဟာဗျူဟာအရပါပဲ..
      new iPad Vs iPad Mini ကို စဉ်းစားကြည့်ရင်
      A5X ချင်းတူတူသာဆို ..
      မြန်နှုန်းတူ ပိုportable ဖြစ် ဈေးသက်သာ မို့ ဘယ်သူမှ new iPad ကို ဆက်ဝယ်တော့မှာမဟုတ်
      ကိုယ့် flagship product ကို ကိုယ်သတ်သလို ဖြစ်မှာစိုးလို့ ဒီလို နှိမ့်ထုတ်တယ်ပဲ မြင်မိပါတယ်…
      thunderbolt ပါတဲ့ iPad2-mini လို့ ခေါ်ရင် တောင် ပိုမှန်မလားမသိပါဘူးဗျာ ..
      မီနီကိစ္စမှာ ..ဒီတခါ ပန်းသီး အူကြောင်ကြောင် ထလုပ်တယ်ပဲ မြင်မိတယ်..
      ဈေးအရလည်း အသက်သာဆုံး ဖြစ်မနေသလို spec အရလည်း အကောင်းဆုံးအနေအထားရှိမနေပြန်ဘူး
      ဂလိုနဲ့ အဲ့ရလက်မဈေးကွက်ကို ဆမ်ဆောင်း စားသွားမှာပါပဲဗျာ …

      ၁ဝလက်မဈေးကွက်ကတော့ ..ဟီဟိ..

      • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

        November 9, 2012 at 11:01 am

        ပန်းသီး ဘလက်ဘယ်ရီလိုင်း မလိုက်ဘူး ဘယ်သူပြောနိုင်လဲ…
        ခုပဲကြည့် အိုင်အိုအက်စ်-စစ် ဘာ ဟန်းသလဲ မမေးနဲ့..
        မေးလ် အပ္ပလီ လည်း ခရပ်ရှ်ဖြစ်ပြီး ဘာအလုပ်မှ မလုပ်ဘူး
        ယူတု အပ္ပလီ က အိုင်ပက်မှာဆို အူကြောင်ကြောင် ထထဖောက်တယ်…
        ဖေ့စ်ဘုတ် အပ္ပလီက ရေလည်ဂွမ်းတယ် …
        ဆီရီ စတုပစ် ဖြစ်တာကတော့ သိတော်မူတဲ့အတိုင်းပဲ ..
        မြေပုံတွေကလည်း သိပ် ချစ်ဖို့ကောင်းတယ်…
        တိုကျိုတာဝါတဲ့ .. မီးခြစ်ဆံပုံးကြီး ထောင်ပြထားတယ်..
        အဲ့ဒါတွေနဲ့တင် အတော် စိတ်ပျက်စရာ ကောင်းနေပြီ…
        ပရောဒတ်ဒီဇိုင်းပိုင်း အသေအကျေ ဇောင်းပေးနေရတာနဲ့ပဲ
        အပျော့ထည်ပိုင်းက ပေစုတ်စုတ်ဖြစ်ဖြစ်လာတော့တာပါပဲဗျာ..
        ပြောပါတယ် ..ဖင်ခေါင်းကျယ်တဲ့ ဘရန်းတွေဆို မုန်းပါတယ်ဆို…

        iOS 6 က လူတွေလက်ထဲရောက်သွားပြီဘီ
        Win8 က တကယ်တန်း လက်ထဲမရောက်သေးဘူး
        End User တွေရဲ့ စကားသံလေးကြားချင်တယ်…
        ပြီးရင် ဆက်ကြတာပေါ့…
        ဟိ

        • အင်္ဂ ါZ

          November 12, 2012 at 12:56 pm

          ဗျို့ ..ပန်းသီးသမားရီး ..
          ဘန့်ချ်မားကင်း တွေကတော့ …
          ပြတင်းပေါက်-ရ သုံးတဲ့အကောင်းဆုံး ပီစီထက်
          ပြတင်းပေါက်-၈ သုံးတဲ့ ပီစီက အဖွင့်အပိတ် မြန်ဆန်သွက်လက်လွန်းလှကြောင်း
          ပြောနေပါလားဗျ…

          စကားမစပ် အိုင်အိုအက်စ်ခြောက် ကတော့ ..၆၃မကျတုန်း …
          မယုံရင် ထောင်ဖောက်ထားတဲ့ ခီညားဖုန်းလေး အိုအက်စ် အပ္ပဒိတ် လုပ်လိုက်စမ်းဘာာာ…
          ညင်းညင်း..

          ထှောက်ခ် .. ရှုချော ထွက်တိုင်း လမ်းမျက်ချိလည်လို့…
          စမာတ်ဖုံးသုံးပါတယ်..
          ဒင်း ..အားကိုးပါမှ ..ထမင်းပါငတ်တယ်…
          တင်ကွတ် တို့ ဂျော်နသန် အိဗ်တို့ များ…
          ရေလည် အသီးနာလွန်းလို့…

  • aung moethu

    November 8, 2012 at 4:19 pm

    စက်ရုပ်နဲ့ ဝင်းဒိုးကိုပဲ ပိုအားပေးချင်တယ် ပန်းသီးတော့ မုန်းလွန်းလို့ … း((

    • အင်္ဂ ါZ

      November 9, 2012 at 6:47 am

      ဟုတ်ပဗျာ ..
      ပန်းသီးများ … ချဉ်လွန်းလို့ …
      ပန်းသီး သုံးတဲ့ကောင်တွေများ ..ပိုလို့တောင် ချဉ်သေး..
      ပန်းသီး သုံးတဲ့ ဝတုတ်တွေဆို အလွန်အင်မတန် ချဉ်သေး…
      😛

      မီးဒုတ် မီးဒုတ် ရှို့ ရှို့ဗျာ …

  • kyeemite

    November 8, 2012 at 4:21 pm

    အင်္ဂါဇပ်…အဲလေ..ဟုတ်ပေါင်..အင်္ဂါZ
    ဒီနာမည်ဂျီးကလည်း… :kwi:
    မမန့်တတ်တော့ဘူးကွယ်…

  • ရွာသူ jujuma .

    November 8, 2012 at 4:43 pm

    ဖတ်ပြီးတော့ ပညာတွေ က လိုက်မမှီဘူးလို့ထင်နေတာ ..
    နောက်ဆုံး Z နဲ့ အဆုံးသတ်တော့မှ ..
    အင်္ဂါ သားရဲ့ Z ဖြစ်နေတာကိုးးး :kwi:

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 8, 2012 at 8:59 pm

    ( Wildcat သတ်မှတ်ခံထားရဆဲ Microsoft Surface RT/Pro RT နဲ့ Pro ဘာကွာသလဲ ဆိုရင်
    ၂ခု ပြောစရာရှိပါတယ် ။
    ပထမ တခုက CPU ဖြစ်ပါတယ် Tegra3 Vs Corei5 ပါ။
    Tegra ဟာ ARM Architecture ဖြစ်ပြီး Corei5 ကတော့ x86 Architecture ဖြစ်ပါတယ်။
    ဘယ်ဟာ သာသလဲ မေးရင်တော့ Tegra က ဆီစားသက်သာတဲ့ ကားဖြစ်ပြီး
    Corei5 ကတော့ အင်ဂျင်ပိုအားကောင်းတဲ့ ကား လို့ ပြောချင်ပါရဲ့။ )
    ရှင်းပြတဲ့သဘောလေး အင်မတန်ကောင်းပါတယ်ခင်ဗျား
    ပြဿနာက Microsoft Surface RT/Pro RT နဲ့ Pro ဆိုတာ ဘာမှန်းကိုမသိတာပါ :mrgreen:
    ဒါ့ကြောင့် သနားသဖြင့် ငဲ့ငြာသဖြင့် ကျေးဇူးပြုပြီး
    ကျုပ်တို့ ဆိုက်ကားသမားတွေနားလည်အောင် ဒဘုတ်လောက် ရေးပေးစေလိုဘာဒယ်
    ဥပမာဗျာ
    ပိုက်ဆံရှိလို့ကတော့ ဂလက်ဆီ ဈေးအကြီးဆုံးသာဝယ်
    အိုင်ဖုံးကိုတော့မဝယ်နဲ့ အဲ့သည်ကောင်က ဖင်ဂေါင်းကျယ်တယ်
    တွေ့ရာကွန်ပူဘာနဲ့ သီချင်းထည့်လို့မရဘူး သူ့ဆောက်ဝဲနဲ့သူမှ ရတာ
    သူ့ဆောက်ဝဲမရှိလို့ကတော့ ဘာသီချင်းမှ နားထောင်လို့မရဘူး
    အဲ့သည်လိုသဘောလေးပါ
    ဒီပိုစ့်ကိုဖတ်ပြီး ကျုပ်မျက်ရည်တွေပေါက်ပေါက်ကျလုမတတ်ပါဘဲ
    ဒီဝေဒနာမျိုးခံစားရတာ ဒီတစ်ခါဘာဆို ရှစ်ဆယ့်ခြောက်ခါတိတိရှိဘာဘီ
    ပထမဦးဆုံးဝေဒနာဂိုရင်ဖွင့်ရမယ်…………………………..ဆိုရင်ဒေါ့
    ဟိုးလွန်ခဲ့ဒဲ့ ဆယ်နှစ်ကျော်ကျော်လောက်ကပါ
    ထိုင်နိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ပန်ထစ် လို့ခေါ်တဲ့ ကွန်ပျူတာပစ္စည်းတွေရောင်းတဲ့ကုန်တိုက်လို့ခေါ်သလား
    ဘာလို့ခေါ်သဒုံးမသိ
    ထားပါတော့ ကွန်ပျုတာပစ္စည်းတွေ အများကြီးဘဲရောင်းတာ အဲ့သည် ကုန်တိုက်ကိုကျုပ်ရောက်သွားတာ
    ပစ္စည်းကရိယာတွေ အများကြီးဘာဘဲ
    အဲ့သည်ပစ္စည်းတွေ ဘာဆိုဘာမှ ကျုပ်မသိနားမလည်လို့ မျက်ရည်ထွက်လုမတတ်ဖြစ်ခဲ့ဘူးဘာဒယ်
    ဪ……….ငါ ဒီခေတ်လောက ပစ္စည်းတွေကို ဘာဆိုဘာမှမသိပါလားလို့ အတွေးနဲ့အတူ
    ငယ်ငယ်က မိဘတွေ ကျောင်းထားတာ ကလန်ပြီးနွားဘဲကျောင်းမယ် ဇွတ်လုပ်ခဲ့တာ
    သံဝေဂရခဲ့သပေါ့ဗျာ
    ကျုပ်ရဲ့ သံဝေဂဉဏ်ဆင်ခြင်ရာအရပ်ဆိုရင်လည်းမမှားပေဘူးပေါ့
    ( ဒါ့ကြောင့်လူငယ်လေးတွေအနေနှင့် အတတ်ပညာကို အစွမ်းရှိသလောက်သင်ယူဂျဘာ ( ဇဂါးချပ် ) )
    ဒီလိုနဲ့ဘဲ
    စိတ်နာနာနဲ့ အဲ့သည်ကုန်တိုက်ထဲကနေ ဂျပန်အပြာကား သုံးခွေဝယ်ပြီး ပြန်လည်ထွက်ခွါခဲ့ရဘူးဘာဒယ်ဂျာ
    ဘာဘဲဖြစ်ဖြစ်ပါ ဒီလိုပိုစ့်တွေကို ရေးနိုင်တာ ကျုပ်ထက်အဌာရဿပညာတွေ တော်တတ်တယ်ဆိုတာကတော့
    ဘယ်လိုမှ ငြင်းလို့မရပါဘူး
    ချီးကြူးလေးစားမိဘာဒယ်
    ဖတ်ပြီးနားမလည်ဘူးဆိုတာကလည်း စာရေးသူကိုအပြစ်ဖို့နေတာ မဟုတ်ရပါဘူး
    မိမိရဲ့ စာမတတ်ပေမတတ် မှု့ဂိုသာ သူဒေါ်ဂေါင်းပီပီ နှလုံးသွင်းနေဒါဘာ
    လမ်းကြုံလိုူ့ပါ ကြုံကြိုက်လို့လို့ ဆိုပါရစေဗျာ
    ဘာလို့ခေါ်သလဲဗျာ
    ဘီဒီရိုကင်မရာလို့ခေါ်မလား
    ဟိုအရင်မော်ဒယ်တွေဗျ
    ခုခေတ်လိုမျိုး ဟတ်ဒစ်တွေနဲ့မဟုတ်ဘူး ကက်ဆက်ခွေသားသားလေးတွေထည့်ပြီးရိုက်တာ
    Tape လို့ခေါ်သလားမသိ အဲ့ဒါမျိုးတွေနဲ့ ရိုက်ထားတာ
    ဆိုခြင်တာက
    အဲ့သည် တိပ်ခွေကနေ ဗီဒီရိုဖိုင်တွေ ကိုယ့်ဖာသာလုပ်ခြင်ရင် ဘယ်လိုလုပ်ရသလဲဗျာ
    ဆိုင်မှာလုပ်လို့ရဒယ်လို့တော့ ရက်ရက်စက်စက်မပြောလိုက်ဘာနဲ့
    အဲ့သည်တိပ်ထဲက အကြောင်းတွေက အခြေနေအရ ကိုယ့်ဖာသာ လုပ်ရမယ့်သဘောစိနေလို့ဘာ
    လေးစားလျှက်

      • Wow

        November 9, 2012 at 12:19 pm

        ဟီ…ဟီ့ အင်္ဂါဇီးကိုတော့ ဘပု အလုံးကြီးဒွေနဲ့ပစ်ဘီ…
        ခံရတာ အားရသဟယ်…. :kwi:

    • စိန်ဗိုက်ဗိုက်

      November 9, 2012 at 9:53 am

      ဖုန်းဆိုင်သွားပြီး ဘာတွေမှန်းမသိလို ့ ဂျပန်ကား သုံးခွေ ဝယ်ချလာတယ်ဆိုပဲ..
      မှတ်သားလောက်ပါပေါ့.မာမီဘပုရေ.
      နောင်ရင် အင်ဂါဂုတ် ( ဇက်နဲ ့ ဂုတ်နဲ ့တူတူပဲတဲ့ ) ပြတဲ့နေရာမှာ ဒေါ်လှ လေးငါးရာလောက်စိရင် ကိုယ့်ဘာသာ Convert လို ့ရပြီပေါ့နော့..
      ဒါရှို ..အဆင်ပြေပြီမို ့ မျက်ရေတောက်တောက်မကျပါနဲ ့တော့.ခင်ဗျ
      ဂျပန်ကားလဲ ထပ်မဝယ်ပါနဲ ့တော့
      ဆိုက်ကားသမားဘဝချင်းတူတူ ဘာဒေမှန်းမသိလို ့ သိရအောင် ဒဗုတ်လောက် ရေးပေးကြပါခင်ည

  • ရွာစားကျော်

    November 9, 2012 at 5:22 am

    ဖုတ်သွင်း သင်ပုန်းတွေ စုံမှစုံလှပေသကိုး
    လိုချင်ထှာအေ..
    ဂလက်ဆီ တပ် ၂ ကို ပထမဆုံးပုံမှာ ၃၉၉ ဒေါ်လ နောက်ဆုံးပုံမှာ ၄၄၉ ဒေါ်လ ဖြစ်နေတာ ဆိုင်ကွာလို့ထင်ပ
    ဘိရုမာတွေက ဝင်းဒိုးနဲ့ ရင်းနှီးပီးသားဆိုတော့ ဖုတ်သွင်းသင်ပုန်းလဲ အော့ဖစ် သုံးလို့ ရချင်ကြတာ..
    ခု ဆာဖေ့စ်ထွက်လာတော့ အံကိုက်ပေါ့… ဆင်းမ်ကဒ်ပါ ထည့်လို့ရအောင်လုပ်ပေးလိုက်ရင် ပွဲသိမ်းဘီ..
    ဝင်းဒိုး၈ သုံးထားတဲ့ လက်ပ်တော့ လိုပါသုံးလို့ရအောင်လုပ်ထားတဲ့ ဘရန်းစုံ ဖုတ်သွင်းသင်ပုန်းတွေအကြောင်း မိုဘိုင်းဂိုက်ဂျာနယ်မှာတောင် ပါလာသေး
    ဒီမှာသာ ဖတ်ကြည့်တော့
    http://www.thithtoolwin.com/2012/11/mobile-guide-issue-77.html?utm_source=BP_recent

    • အင်္ဂ ါZ

      November 9, 2012 at 6:45 am

      ကျေးကျေးပါဗျို့ …
      ခုပဲ သွားဖတ်ကြည့်ပြီးပါတယ်..
      သည်ရက်ပိုင်း အဲ့သည့် တက်စပေ့စ်ကပဲ (တခြား) ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ်ဗျ
      မိုက်ကရိုဆော့ဖ် က အမာထည်တွေပါ လိုက်ထုတ်လာတဲ့သည်ဘက်ခေတ်မှာ..
      သူ့ကိုတည်ပြီး အမာထည်ထုတ်စားနေတဲ့ တခြား အမာထည်လုပ်သူတွေဆီက
      မြည်တွန်တောက်တီးသံလေးတွေ ..
      ဟီဟိ…
      ကြည့်တော့ ကောင်းပြီ

    • ဂန္ဓာရီ ဆြာအုပ်

      November 9, 2012 at 5:29 pm

      ဘာဒွေလဲ..ဘာဒွေလဲ
      နားရှက်ပါဘိ..အင်္ဂါဇတ် တွေရော ဖုတ်သွင်းတာတွေရော
      ဟင့်

  • Khaing Zar Win

    November 9, 2012 at 7:55 am

    ဪ… ကိုယ်တွေ ဝေးချက်ကတော့ ဒီ ပရိုဖိုင်းက လယ်ထွန်Z ရဲ့ ပရိုဖိုင်းနဲ့ တူလိုက်တာပေါ့…။ ဒီလို ပုံမျိုးကို ၃ ယောက်လောက်
    သုံးတယ်ပေါ့…။ ခုတော့ တစ်ယောက်တည်းပါလား…။ ကော်မန့်တွေ အတော်လိုက်ကြည့်လိုက်ရသေး။ :harr:
    ဘာပဲပြောပြော တက်ပလက် ရောဂါဖြစ်နေချိန် ဒီ တက်ပလက် ပို့(စ) လေးဖတ်လိုက်ရတော့.. ရလိုက်တဲ့ ဗဟုသုတ အတွက် ကျေးဇူးပါ။

    • ဇာကြီးက တက်ပက်လက် ရောဂါထနေချိန်မှာ ဒီ အင်္ဂါဇာတ်ရဲ့ ပို့တာလေး ဖတ်လိုက်ရတယ်ဆိုတော့ ရလိုက်တယ်ဆိုတာလေးတွေအတွက် အင်္ဂါဇာတ်ကို်ယ်စား ကျေးဇူးတင်ဘာကြောင်း ကိုယ်စားပြောဘာရစေလေ..

    • အင်္ဂ ါZ

      November 9, 2012 at 8:23 am

      တက်ဘလွတ် ဝယ်မယ်ဆို ပန်းသီးမဝယ်နဲ့ မဇာဂျီး ရဲ့…
      သိပ် ၆ကြီး၆ကျယ် နိုင်တဲ့ တဇိပ် ..
      :harr:

      ပုံ
      လယ်ထွန်Z
      အင်္ဂ ါZ
      ၂၀၁၂ရဲဝင်း
      Inz@ghi
      Azzurri
      Liquid Sn@ke
      K@oru
      မိဂီ
      ဖားသက်ပြင်း
      ဦးဖွတ်ကျား
      နှူးဘာဂိုဏ်းချုပ်
      နှာကိုယ်တော် မောင်မောင်ဇာ
      …..

  • Khaing Zar Win

    November 9, 2012 at 8:36 am

    ဟင် နာ့မှာလည်း ပန်းသီး အကြီးတစ်လုံး အသေးတစ်လုံး အဖတ်တင်နေပေါ့။
    ရှင်က ပန်းသီးကိုင်ရင် ချဉ်တယ်ဆိုလို့ မပြောရဲလို့ တိတ်တိတ်လေးနေရတာ
    ကို လယ်ထွန်Z
    အင်္ဂ ါZ
    ၂၀၁၂ရဲဝင်း
    Inz@ghi
    Azzurri
    Liquid Sn@ke :mrgreen:
    K@oru
    မိဂီ
    ဖားသက်ပြင်း
    ဦးဖွတ်ကျား
    နှူးဘာဂိုဏ်းချုပ်
    နှာကိုယ်တော် မောင်မောင်ဇာ ရဲ့။

    • အင်္ဂ ါZ

      November 9, 2012 at 9:01 am

      တကယ်တော့ ပန်းသီးက ရဲဇားဦးပါဗျ…
      မက်ကင်းတော့ချ် ခေတ်ကတည်းက ကျောင်းမှာ ပုံဆွဲစားလာတာ..
      ကြားထဲမှာ ပေါက်ပန်းလေးဆယ်တွေ ထုတ်လို့ စိတ်နာသွားပီး
      ဒဲလ် နဲ့ လိုက်ပြေးမယ်ကြံတုန်း လီနော်ဗိုနဲ့ ပေးစားခံထိတာ ..
      ခုဆို ပေါင်းနေတာ ၅နှစ်တောင် ပြည့်တော့မပေါ့…

      ခုနောက်ပိုင်း အိမ်ကဟာမဂျီး(လီနော်ဗို) မသိအောင်
      ရဲဇားဦးနဲ့ ပြန်တွဲခုတ်နေသပေါ့ …
      ပြောရင်းဆိုရင်း ဒင်းက ထ-ထ ဖောက်ပီလေ..။

      မနေ့တနေ့ကမှ အိုင်ဖုန်းဝယ်ကိုင်ပီး
      သိုင်းကျူး စတိဗ် လုပ်တတ်တဲ့ကောင်တွေကိုလည်း ချဉ်ရသေးတာရယ်…

      ပြောသာပြောတာပါ ..လီနော်ဗိုကြီးတွေဟာ …ရုပ်သာမလှရှာတာ..
      စိတ်ကလေးဖြူ အိမ်တွင်းမှုလေးနိုင်နင်းပြီး ကိုယ့်အပေါ်သီးခံရှာပါတယ်..

      ဟိုစာရေးဆြာအလုံး ယူသုံးလိုက်အုံးမယ်..
      လီနော်ဗိုရေ .. မင်းဟာငါ့အတွက်တော့ တော်ဝင်သဇင်ပန်းမဟုတ်ပေမယ့်
      စံပါယ်ပန်းပါကွယ့် …

      ဒက်ဂလောက်..ဒက်ဂလောက်

  • Shwe Ei

    November 9, 2012 at 10:19 am

    ဘာဘဲ ဖစ်ဖစ် ဈေးအချိုဆုံးရွေးဝယ်မယ်ကွီ။
    ဝယ်နိုင်တဲ့အခါကျရင်ပေါဘာဒယ်။
    လောလောဆယ်တော့ သများလဲ မှတ်သားသွားပါဂျောင်း :mrgreen:

  • ကြည်ဆောင်း

    November 9, 2012 at 12:05 pm

    ဒီလိုဖတ်ပြီးဘယ်ဒင်းကို ဝယ်ရမှန်းမသိတော့ဘူး ……
    ဈေးအနေတော်(5သိန်းပတ်ချာလည်) တက်ဘလက်ပစ္စည်းအနေတော်လေး တစ်ခုလောက်ဆို ဘယ်ဘရန်းကိုရည်ညွှန်းမလဲ လို့သိချင်ပါကြောင်း…

    • အင်္ဂ ါZ

      November 9, 2012 at 12:37 pm

      ဒီဈေးနဲ့ လက်ရှိချိန် ဒဲ့ ကိုက်နေတာကတော့ iPad-3 ပါပဲ
      ဖက်တီးကတ်တို့လို အဒိန္နဒါန ကံ မကြောက်ဖူးဆိုရင်တော့
      the New iPad 32GB Wifi Only Model ဝယ်ပြီး Jailbreak လုပ်သုံးပေါ့ဗျာ…

      :harr:

  • uncle gyi

    November 9, 2012 at 4:28 pm

    Tegra က ဆီစားသက်သာတဲ့ ကားဖြစ်ပြီး
    Corei5 ကတော့ အင်ဂျင်ပိုအားကောင်းတဲ့ ကား လို့ ပြောချင်ပါရဲ့။

    ဥပမာပေးလေးသဘောကျလှပါကြောင်းဇက်က်က်က်က်ရေ
    တက်ပလက်တွေနှိုင်းပေးသွားတာလိုရင်သုံးရအောင်ကူးသွားပါကြောင်း

  • kai

    November 9, 2012 at 4:28 pm

    ကျုပ်ဆဲလ်ဖုံးက.. ကန်ထရိုက်ပြည့်နေပြီ..
    အဲဒါ.. ဆမ်ဆောင် ဂလက်ဆီ၃ လဲရမလား..။ ကြီးကြီးကိုင်ချင်လို့.. ဂလက်ဆီင်္နုတ်ပဲကိုင်ရကောင်းမလား.. ဝေခွဲမရဖြစ်နေလို့..
    အကြံလေးပေးပါဦး..။

      • kai

        November 10, 2012 at 4:38 am

        ၄.၅လက်မလေး..
        တော်ပြီ..Black Friday မှာလျှော့တာလေးပဲစောင့်တော့မယ်..။

        ခု.. LG Optimus G ကို.. ၁၃.၁ မက်ဂါကင်မရာနဲ့တွေ့တယ်..
        ကောင်းမယ့်ပုံ..

        • အင်္ဂ ါZ

          November 12, 2012 at 1:01 pm

          အော့ဖစ်ဆု တဆုလုံးနဲ့
          ဝါယာလက်စ် ချာဂျင် ဖီချာ မျက်နှာကိုတောင် မထောက် …
          ယက်စက်ပါပေ့ကွယ်…
          ဒီကျွန်းမှာ အဲ့ဖုန်းမသွင်းလို့ …ပေါ့ဗျာ..
          နို့ မို့ …ဟွန်း…

          http://www.phonearena.com/phones/compare/LG-Optimus-G,Nokia-Lumia-920/phones/7458,7471

          စကားမစပ် ကမာ္ဘမှာ ကိုဂျင်းဂျောဟိုး အပေါက်ကြားဆုံးက
          စက်ရုပ်ဖုံးတွေ သဂျီးရဲ့ …စပ္ပက်စီဖီကေးရှင်းတော့ မြင့်ပါရဲ့
          ရီဆိုစ့် အော်လိုကေးရှင်းက အိုးနင်းခွက်နင်းတွေပဲများတာမို့
          (ဂလက်ဆီဆြာတွေ ဝိုင်းရိုက်မစိုးလို့…)
          တော်သေးဘီ…

  • pooch

    November 9, 2012 at 7:53 pm

    တခုု သိသွားတာက အသိတယောက်ပြောတာ ဆမ်ဆောင်းအစစ်ကို တသိန်းနဲ့ ရတယ် ဆိုလို ဒီပုံတိုင်း ဆို သူ့ဟာ အတု ဖြစ်လောက်တယ်။

    ဆမ်ဆောင်း ဂလက်ဆီ တပ် တူး ရွေးလိုက်ပါပြီ။ အိမ်က ဦးကြီးကို ဝယ်ပေးရမှာမို့ပါ။ ဘာဝယ်ရမှန်းမသိ ဖြစ်နေတာ ခုတော့ အံကိုက်ပဲ။

    အစက မီနီ အိုင်ပတ်မလို့ ။ လူကြီး စသုံးခါစ တိုင်ပတ်နေမှာ စိုးလို့ ။ ထောင်လည်း ဖောက်ရအုန်းမယ် ဆိုတော့ ရှုပ်ပါတယ်။

    • အင်္ဂ ါZ

      November 12, 2012 at 1:06 pm

      ကျုပ်ကတော့ ရှင်းတယ် …အဲ့သည့် ဆောက်ကိုရီးယား ဘရန်းတွေဆို ..ချဉ်ပြီးသား…
      (နို့. .မချဉ်လို့ဖြစ်မလား …) ဂျပန်မိတ်ကာတွေ သေကုန်မှ ..ကျုပ် ထမင်းငတ်မှာပေါ့…ဟိ…
      ဂလက်စီ စီးရီးစ်ကို မကြိုက်ဘူးဗျ…(လုံးဝ)
      မူဝါဒပိုင်းအရမှာ …အိပ်ချ်တီစီ ကို ပိုထောက်ခံတယ်…

      ဂလပ်စီဟာ ဘာနဲ့တူသလဲဆိုရင် ..
      (အိုင်ဖုန်းကို မနိုင်တာ မနိုင်တာပေါ့ဗျာ ..အစဉ်အဆက်..)
      နိတို့က ၄-၁ နဲ့ ရှုံးတာ နာက ၂-၁နဲ့ ကပ်ရှုံးတာဟဲ့
      ဆိုတာမျိုး ထုတ်ကုန်လို့ပဲ မြင်မိတယ်..

      ဘာလုပ်မှာလဲဗျာ …. ဝှိုင်းနော့ဒ် ရှာ့ပ် ဝှိုင်းနော့ဒ် အိပ်ချ်တီစီ ဝှိုင်းနော့ဒ် ဘလက်ဘယ်ရီ ဝှိုင်းနော့ဒ် နိုကီယာ
      think different

      😛

  • TNO

    November 9, 2012 at 10:15 pm

    google nexus 7 , 32 gb, HSDPA = $299 ကို စောင့်နေတယ်ဗျို ့ ။ ပန်းသီးတော့နဲနဲ
    အမြင်ကပ်တယ်၊ ထိန်းထားတာတွေများလွန်းလို ့

  • nozomi

    November 10, 2012 at 1:14 am

    နဲနဲ မြင်ကြည့်ပေးစမ်းပါ

    ကိုအင်္ဂါဇီးကြီးက ရဲဇားရရော
    သူ့ချစ်ချစ်လေးက ချစ်စနိုးနဲ့ ဇီး ဇီး နဲ့ ခေါ်မယ်
    ဘေးကသူငယ်ချင်းတွေကလဲ နုတ်ကျိုးပြီး သူတို့ပါ ဇီး ဇီး ဖြစ်လာမယ်

    တစ်ရက် သူငယ်ချင်းတွေကနေ သူ ကောင်မလေး ကို
    ကိုအင်္ဂါကြီး ရှိ မရှိ သိချင်တာနဲ့
    ဟဲ့ ကောင်မ ဇီး ရှိလားလို့ မေးလိုက်ရင်
    သူ တို့ အချင်းချင်းတော့ သိတာပေါ့
    ဘာမှ မသိတဲ့ လူတစ်ယောက်များ ဘေးရောက်နေရင်ဖြင့်

    ဟဲ့ ကောင်မ ဇီး ရှိလား
    အေး ဇီး ရှိတဲ့ ဟေ့…………..

    ( မြို့မှာ အနေများပြီး မသိတဲ့သူတွေ ပါမှာ စိုးလို့
    ကျွန်တော်တို့ တောမှာတော့ ဇီး ရှိတယ် ဆိုတာ
    ဝက်တွေ ဗို်က်ကြီးတာကို ပြောတာပါ)

  • myanmar oscar

    November 11, 2012 at 12:45 am

    ်တင်ပေးတာတော့ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဝယ်နိုင်သေးဘူးဗျ။

  • အင်္ဂ ါZ

    November 12, 2012 at 1:18 pm

    စကားစပ်လို့ပါဗျာ ..
    တခုလေးပြောပြမယ်…
    အိုင်ဖုန်း ရေလည် ပေါက်တော့ ဂျပန်မိတ်ကာတွေ…
    အသီးတွေ ကွဲကြသတဲ့ …
    ဟုတ်တယ်လေ… ထုံးစံက ဂျပန်ဖုံးတွေဆိုတာ ..
    ကမာ္ဘအဆင့် အမြင့်ဆုံးတွေချည်းပဲ တောက်လျောက်ထွက်ခဲ့တာ..
    ဆိုနီ ပန်နာဆိုးနစ် ရှာ့ပ် တိုရှီဘာ အန်အီးစီ စသည်ဖြင့်
    အားလုံး ထိပ်တန်း လျှပ်စစ်မိတ်ကာတွေချည်း …

    အသီးကွဲရတဲ့အကြောင်းပြချက်က
    ၁။ အိုင်ဖုုံးမှာ သုံးသွားတဲ့ ဆင်ဆာတွေ တက္ကနော်လော်ဂျီတွေက
    သူရို့ သိထားပြီး တတ်ထားပြီးတဲ့ ဟာတွေချည်းပဲ …။

    ၂။ လိုကယ်မှာ ဆားဗစ်ပရိုဗိုက်ဒါ အချင်းချင်း သတ်တယ်။ မိတ်ကာအချင်းချင်းသတ်တယ်။
    ဂျပန် အကြိုက် ဇောင်းပေးထုတ်လုပ်လွန်းတယ်။ စီအက်စ်အက်ဖ် တွေကို လိုကယ် ဦးစားပေး
    ပြထန်းလွန်းတယ် ..သည်တော့ ..ကမာ္ဘက ဘာလိုချင်တယ် ဆိုတာ မသိတော့ဘူး။
    ကမာ္ဘက ဘာကိုမျှော်လင့်တောင့်တနေတယ် ဆိုတာ မကြည့်မိတော့ဘူး …။

    ၃။ ပန်းသီးစားသွားတဲ့ ဈေးကွက်က တကယ်က သည်ဂျပုတွေ ရရမယ့် ဈေးကွက်ဝေစု။
    ဂျပုတွေ ခြေလှမ်းနောက်ကျတယ်ဆိုတာက … ဒင်းတို့က သိပ် ကွန်ဇာဗေးတစ် တာကိုး…။
    ဒေါ့ကျူမန်တေးရှင်းများတယ်။ ပလန်နင်းကို အချိန်ယူတယ်။ ရစ်ခ်စ် ကို ကြောက်တယ်။
    ဆေ့ဖတီးဖာ့စ် ကို အလုပ်လွန်လွန်းတယ်။ ဆိုတော့ ..ကိုယ်စားသင့်တဲ့ ဈေးကွက်ကို ပန်းသီးစားတယ်..
    ကျန်ဈေးကွက်ကို စားရမလား မှတ်တယ်။ လောင်းကစားစိတ်ဓါတ်ပိုပြင်းတဲ့ ..ရဲတဲ့ တီလုပ် အိပ်ချ်တီစီ နဲ့
    ကိုရီးယား ဆမ်ဆောင်းက စားသွားပြန်တယ်။ ကဲပြော ..ဘာစားရတော့မလဲ….။

    အဲ့လိုနဲ့ ..ကမာ္ဘကို ဂျပန်ဖုန်းတွေ မရောင်းရတော့ဘူး … သနားထှာ..။
    ခုလည်းကြည့် … လိုကယ်အကြိုက် တက်ဘလက်တွေကို လိုကယ် မိတ်ကာတွေက ထုတ်ကြတယ်..
    အဲ့ကောင်တွေကို အကာအကွယ်ပေးဖို့အတွက် မိုက်ခရိုဆော့ဖ် ဆာဖေ့စ်ကို လာမယ့်နှစ် ၃လပိုင်းအထိ
    မရောင်းဘူး တဲ့လေ… အံ့ရော ….။ အဲ့လို လုပ်လေလေ လူတွေက ပန်းသီးကိုက်လိုက် ဂလက်စီနှိုက်လိုက် ဖြစ်လေလေပဲ။
    ကျုပ်တော့ ချဉ်တယ် … တကယ် … ဂလက်စီတက်ဘ်တောင် လိုကယ်မှာဝယ်တာထက် ဟောင်ကောင်း လှမ်းမှာတာက
    ဒေါ်လှ ၁၀ဝ လောက် သက်သာလို့ ဂျပုတွေတောင် လိုကယ်မှာမဝယ်ကြတော့ဘူးတဲ့ ….
    အဲ့လို ၆၃မကျတဲ့ ကွန်ဇာဗေးတစ်ဗ်တွေပါဆို …
    ဘယ်သူမှ မသတ်ဘူး ကိုယ့်ကိုကိုယ် သတ်လို့ သေမယ့် ဈေးကွက်…။

    ချဉ်ပါတယ်အေ…

Leave a Reply