သဘာဝအရက်

uncle gyiNovember 11, 20121min2319

မန်းလေးမှာဒီနေ့၁၁။၁၁။၂၀၁၂

မနက်၈နာရီ၃၅မိနစ်ခန့်ကငလျင်အတော်ကြီးကြီးလှုပ်သွားပါတယ်

ဘယ်လောက်လှုပ်သလဲဆိုလူတွေခေါင်းမူးကုန်သည်အထိလှုပ်ပါတယ်

အိမ်ထဲကလူတွေအကုန်လမ်းမပေါ်ရောက်ကုန်ပါတယ်

ဟိုတနေ့ဆီကမန်းလေးဝန်းကျင်ငလျင်ကြီး

တကြော့ပြန် ၁ဝနှစ်ကနေအနှစ်၂ဝအတွင်းလှုပ်နိုင်တယ်

ဆိုပြီးဖတ်လိုက်ရတာနဲ့ဆိုတော့

ကျောကိုချမ်းသွားတာပဲ

 

9 comments

  • surmi

    November 11, 2012 at 9:09 am

    ခုပဲ အဲဒီအကြောင်းလိုက်ဖတ်နေတာ
    ရွာထဲကလူတွေ အဲဒီဘက်မှာလည်းရှိနေတော ့
    ဘာများဖြစ်ကြဦးမလဲပေါ ့။အန်ကယ်ကြီး
    စာရေးနိုင်သေးတယ်ဆိုတော ့ စိတ်အေးရပါပြီ ။
    ကိုထွန်းဝင်းလတ်တို ့ဘက်တော ့ ဆိုးမယ်ထင်တယ် ။

  • MaMa

    November 11, 2012 at 10:30 am

    မန်းလေးမှာ ငလျှင်လှုပ်တာ ရွာထဲမှာ တင်တာမတွေ့ဘူးလို့ ထင်နေတာ။

    အန်ကယ်ကြီးပြောတဲ့ သဘာဝအရက်ကိုဖတ်ပြီး….
    အမေပြောတဲ့ သကြားမင်းအဲယားကွန်းကို ဖောက်သည်ချရအုံးမယ်။

    သင်္ကြန်မိသားစုလိုက် ခရီးထွက်တော့ မန်းလေးရောက်တော့ ပူလွန်းလို့ ကလေးတွေက အော်ကြတယ်။
    အဲလိုနဲ့ မိုးကုတ်ဆက်တက်တော့ တောင်ပေါ်ရောက်တာနဲ့ ရာသီဥတုက သိသိသာသာ အေးမြမြလေး ဖြစ်လာတယ်။

    ကလေးတွေက `ဟာ- အေးလာပြီကွ´ လို့ပြောကြတယ်။

    အဲဒီတော့ အမေက အဲဒါသကြားမင်းအဲယားကွန်းလွှတ်ထားတာလို့ ပြောလိုက်တယ်။

    နောက်ရန်ကုန်မှာ မီးတွေပျက်တော့ မြေးတွေက ဘွားအေကို ရန်ကုန်မှာ သကြားမင်းအဲယားကွန်းမလွှတ်ဖူးလို့ စနောက်ကြတယ်။ :hee:

  • nozomi

    November 11, 2012 at 12:54 pm

    သတင်းတွေ လိုက်ဖတ်ရင်းနဲ့ တွေ့တာ
    ငလျင်ကြောင့် မန်းမြန်မာ ဈေးချိုပလာဇာ ခေတ္တပိတ်

    ဒါက voice မှာ

    မန္တလေး ၊ နိုဝင်ဘာ ၁၁

    မန္တလေးမြို့တော်၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး ၂၅ ထပ်ရှိသော မန်းမြန်မာ ဈေးချိုပလာဇာတွင် ယနေ့နံနက် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဈေးသူဈေးသားများ ကြောက်ရွံ့စိုးရိမ်နေကြသည့်အတွက် ပလာဇာကို ခေတ္တပိတ်ပင်လိုက်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

    “ မန်းမြန်မာဈေးချိုပဲ ပိတ်တာပါ။ တစ်ခြားဈေးတွေက ဖွင့်ထားပါတယ်။ အပျက်အစီးတော့ မရှိပါဘူး” ဟု ၎င်းက သတင်းပေးပို့သည်။

    အဆိုပါ မန်းမြန်မာ ဈေးချိုပလာဇာအထပ်မြင့်သည် ငလျင်ဒဏ်ကြောင့် တိမ်းစောင်းသွားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး လာရောက်ကြည့်ရှုသူများ များပြားလျက်ရှိကြောင်း ၎င်းက ဆက်လက်သတင်းပေးပို့သည်။

    ဒါက eleven မှာ–

    ရွှေဘိုငလျင် ပျက်စီးမှု နောက်ဆက်တွဲ အချက်အလက်များ

    နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ရ နာရီ ၄ဝ အချိန်ခန့်တွင် ရွှေဘို အရှေ့ မြောက်ဘက်ကို ဗဟိုပြုပြီး အင်အား ရစ်ချက်တာစကေး ၆.၈ ခန့်ရှိသည့် ငလျင် လှုပ်ခဲ့ရာ အဆိုပါ ငလျင်ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ ရသည်အနက် ယနေ့ မွန်းတည့်ချိန် အထိ သိရှိရသော အချက် အလက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှု အချက် အလက်များကို ရဲမှတ်တမ်းများမှ တစ်ဆင့် သိရရခြင်း ဖြစ်ပါသည်။

    ၁) မန္တလေးတိုင်း ဒေသကြီး နယ်မြေ အတွင်း ရှိ စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျ။

    ၂) ရွှေဂူကြီး အခြေခံ မူလတန်းကျောင်း ရှိ ကျောင်းဆောင်တစ်ဆောင် ပြိုကျပြီး အုတ်တံ တိုင်းပေ ၃၀ဝ ခန့် ပြိုကျ။

    ၃) ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့် မုခ်ဦးပြိုကျ။

    ၄) တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်းပြိုကျ။

    ၅) ပရိယတ္တိသတ္တမဝံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀ဝ ခန့်ပြိုကျ။

    ၆) အမှတ်(၂) ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ ဦးဒဏ်ရာရရှိ။

    ၇) အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ်(၃၈) ရှိ လေးမျက်နှာ/စေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် (၃၁) ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များ မြေခ။

    ၈) ကျောက်မြောင်း မြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက်ရှိ ဦးမျိုးဇော်(အသက်၊ အဘအမည်၊ အလုပ်အကိုင်) စိစစ်ဆဲ၏ နေအိမ်ရှေ့တွင် ကာရံထားသည့် အမြင့် (၆)ပေ၊ အလျှား(၁၀)ပေခန့်ရှိ အုတ်တံတိုင်း (၃)ခန်း ပြိုကျရာ အနီးရှိ အမျိုးသမီး (၁) ဦး (အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ)စိစစ်ဆဲမှာ အုတ်တံတိုင်းပိကာ သေဆုံးခဲ့ပြီး၊ (၁၀)ဦး ဒဏ်ရာရရှိခဲ့။ အဆိုပါ ဒဏ်ရာရသူ (၁၀)ဦး၏ အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတို့အား စိစစ်နေ။

    ၉) ကျောက်မြောင်းမြို့နယ်ခွဲရှိ ဆောက်လုပ်ဆဲ ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ဃ)လုပ်ငန်းခွင်မှ အလုပ်သမား (၅)ဦး (အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ)စိစစ်ဆဲ တို့မှာ ရေထဲသို့ပြုတ်ကျပျောက်ဆုံးနေကြောင်းနှင့် တံတားတိုင်အမှတ် RF(1)မှ သံဘောင်ပြုတ်ကျခဲ့ရာ တံတားအောက်ရှိ ကရိန်းရေယာဉ်ပေါ်သို့ ပြုတ်ကျခဲ့သဖြင့် ရေယာဉ်နစ်မြုပ်ခဲ့။

    ၁၀) ခင်ဦးမြို့နယ် ကဘွက်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် (၂)ထပ် ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပြိုကျခဲ့ရာ ကျောင်းထိုင်ဘုန်းကြီး (ဘွဲ့၊ သက်တော်၊ ဝါတော်၊)စိစစ်ဆဲမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့။

    ၁၁) မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ(မန္တလေး) စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့။

    ၁၂) အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ စန္ဒာမုနိဘုရားနှင့် ကျောက်ဆည်မြို့နယ်၊ ဘနွဲ့ရွာ ဝေဇယန္တာကျောင်းရှိ အောင်တော်မူဘုရားမှ စိန်ဖူးတော် များမြေခခဲ့။

    ၁၃) နွယ်ရုံရွာရှိ ဒို့ညီနောင် စားသောက်ဆိုင် အုတ်တံတိုင်းပြိုကျသဖြင့် အောင်ကျော်ဦး (၂၀)နှစ်၊ (ဘ)ဦးကြည် (စိစစ်ဆဲ)သေဆုံးခဲ့။

    ၁၄) သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းရဲစခန်း၊ ဗဟိုကင်းနှင့် အချုပ်ခန်း အနောက်ဘက ်အုတ်နံရံ ပြိုကျ၊ ၁၃) ကြာညှပ်ရဲစခန်းရိပ်သာကျောဘက်နှင့် စခန်းရုံးကျောဘက် နံရံ ပြိုကျ၊

    ၁၅) စဉ်ကူးမြို့နယ်၊ နွယ်ရုံရဲကင်းရုံး မျက်နှာကျက်ပြိုကျ ၁၅) စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် ကာရံထားသည့် (၈)ပေ အမြင့်ရှိ အုတ်တံတိုင်း(၁၀)ခန်းပြိုကျ၊

    အမှတ် ၂ က မူလတန်းကျောင်း ကျောင်းဆောင်ပြိုကျ ဆိုလို့ ဒီနေ့ တနင်္ဂနွေမို့ တော်သေးရဲ့ ကျောင်းဖွင့်ရက်ဆို မတွေးရဲ စရာပဲ

    နောက်ဆောက်မဲ့ အဆောက်အဦး အားလုံး မြန်မာပြည် ဘယ်နားဆောက်ဆောက် အထူးသဖြင့် ငလျှင်ကြော ရှိတဲ့ နေရာမျိုးဆိုရင်တော့ ငလျှင်ဒဏ် ခံနိုင်အောင် ဆောက်သင့်တယ် ၊
    လူ တွေလိုက်ဆောက်အောင်လဲ အစိုးရက ဥပဒေပြဌာန်း လိုက်ကြီးကြပ် လုပ်သင့်တယ်

  • ကဲ မန်းမြန်မာပလာဇာကို ဓါတ်ပုံ အစောက သွားရိုက်တာတင်ပေးလိုက်မယ်နော် စမူဆာသည်ပါတင်ပေးလိုက်မယ်ဗျာ

  • myanmarcitizen

    November 11, 2012 at 1:10 pm

    သဘာဝအရက်ဆိုတော့ စိတ်ထဲမှာစဉ်းစားရင်းပေါ့ “ကလစ်”မလုပ်ခင် … သရက်သီးနဲ့အရက်ချက်နည်းများ လား၊ ငှက်ပြောသီးနဲ့ အရက်ချက်နည်းလား … လားပေါင်းများစွာနဲ့ ကြည့်လိုက်မိတော့မှ ငလျင်လှုပ်လို့ မှုးသွားတာကိုပြောတာကိုး။

  • Ko Khin Kha ( သရီးကေ )

    November 11, 2012 at 1:55 pm

    မန္တလေးနှင့် အထက်မြန်မာပြည်တွင် နေကြသော ရွာသူရွာသားများ၊ မန်းနှင့်အထက်မြန်မာပြည် အလည်ရောက်နေသော ရွာသူရွာသားများ ဘေးကင်းခြင်း ကျန်းမာခြင်း ရှိကြပါစေဗျာ။

  • myanmar oscar

    November 12, 2012 at 12:37 am

    ဆုတောင်းပေးတဲ့အတွက်ကျေးဇူးပါ။
    ကျန်းတော့မာပါရဲ့ လူကမမာဘူးဗျ၊ ပိလိုက်ရင်တော့ အပြားပဲ၊ဒါတောင် SKY NET မှာ ဦးထွန်းလွင်က
    ပြောသွားသေးတယ် ငလျှင်ဆိုတာ ဘယ်အချိန်လုပ်မယ်လို့မှန်းလို့မရဘူးတဲ့၊
    နောက်ထပ် အကြိမ်ဘယ်လောက်လုပ်မယ်ဆိုတာလဲမသိဘူးတဲ့၊
    အင်း ကျွန်တော်တို့ မန်းသားတွေတော့ ကြမ်းပြာမှာ ဘယ်တော့ ဂန်းနားမလဲလို့
    ဆန်းပြားစွာကျောချမ်းနေရတယ်။
    ဒီကြားထဲ စစ်ကိုင်းပြတ်ရွှေကြောအကြောင်းကြားရင် မျက်ခုံးခပ်လုပ်လုပ်ဗျ။
    ကျွန်တော်လဲဒီမနက် မိန်းမနဲ့ ကလေးနှစ်ကောင်ကိုလက်စွဲ အိမ်အောက်ငုတ်တုတ်ထိုင်နေရတယ်။
    သကောင့်သားအပေါ်ကထုပ်တန်းတွေက တဗျစ်ဗျစ်နဲ့ အရက်မကြိုက်တဲ့ကျွန်တော်
    သဘာဝအရက်ကိုသောက်သုံးရင်းမူးသွားတယ်ဗျာ။

  • ဦးကြောင်ကြီး

    November 12, 2012 at 6:22 am

    သဘာဝ
    ပသာဒ
    အဟာရ
    ဝါစက
    ပါပ
    ရှာမရ
    ငါကွ
    မြှာတ..။

  • uncle gyi

    November 12, 2012 at 4:40 pm

    ကိုဆာမိရေ
    အရေးအကြောင်းထဲသတိရလို့ကျေးဇူးပါ

    မမရေ
    ငလျင်လှုပ်အပြီးခေါင်းတွေမူးနေတုန်း
    တယောက်ကအရက်သောက်လိုက်သလိုပဲပြောလို့
    သဘာဝအရက်ဖြစ်သွားတာပါ
    သိကြားမင်းအဲကွန်းနဲ့ထူးမခြားနားမို့သဘောကျမိပါရဲ့

    nozomi ရေ
    အန်ကယ်ကဖြစ်ပြီးတဲ့အချိန်ရေးလို်က်တော့
    အစုံအလင်မရေးလိုက်ရဖူး
    nozomi ရေးလိုက်တာပိုပြည့်စုံသွားလို့ကျေးဇူးပါ

    ကဲကိုပေါက်ရေဒ့ါပုံလေးမျှော်နေမယ်နော်

    မြန်မာပြည်သားရေအရက်ချက်နည်းမဟုတ်လို့စိတ်မပျက်လိုက်ပါနဲ့နော်

    ကိုခပ်ို့သမေတ္တာခံယူလျက်ရှိကြောင်းပါ

    အော်စကာ
    မကြောက်ပါနဲ့ယခုငလျင်ကို
    နောက်ငလျင်ကိုတော့မဆိုလိုဖူးနော်

    ကိုကြောင်
    မြှာတအဓိပ္ပါယ်လေးမသိလို့
    နဲနဲလောက်လင်းပေးပါအုန်း
    အပနော်

Leave a Reply