မြန်မာနိုင်ငံ ရွှေဘိုမြို့ အနီးကို ဗဟိုပြု၍ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်

Mr. MarGaNovember 11, 20121min37766

ယနေ့ မြန်မာစံတော်ချိန် ရနာရီ ၄၂ မိနစ်ခန့်က မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့၏ အနောက်မြောက်ဘက် ၇၂ မိုင်ခန့် အကွာ၊ ရွှေဘိုမြို့၏မြောက်ဘက် ၄၅ မိုင်ခန့် အကွာတွင် ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၆.၈ ပမာဏရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားပါသည်။

မြေအောက်အနက် ၆မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချင်းအနေဖြင့် ၇၂ မိုင်ခန့် ရှိပါ၏။

မြေငလျင်၏ အရှိန်ကြောင့် အင်အား ၅.ဝခန့်ရှိ ဆင့်ပွားငလျင်နှစ်ခုကိုလည်း တိုင်းတာရှိကြောင်း သိရသည်။

မြေငလျင်ဒဏ်ကို မြန်မာနိုင်ငံ မန္တလေး၊ ရွေဘို၊ မိုးကုတ်၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ မြစ်ကြီးနား စသည့်မြို့များတွင် ခံစားရပါသည်။ ပြည်ပ အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း အဖျားခတ်ခဲ့ကြောင်း သိရှိရသည်။

အသေးစိတ်ကို အောက်ပါလင့်များတွင် သွားရောက်ကြည့်ရှုပါ။

http://earthquake.usgs.gov/earthquakes/pager/events/us/c000dqqw/

http://www.google.org/publicalerts/alert?aid=1eaf7f5508e203c5&hl=en&gl=US&source=web

 

ဘယ်သူမှ တင်တာမတွေ့သေးလို့ တင်ပေးလိုက်ပါတယ်။

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

6 comments

  • Mr. MarGa

    November 11, 2012 at 1:09 pm

    နောက်ဆုံးရ သတင်းတွေအရ
    သေဆုံးသူ ၆ ဦးရှိကြောင်း သိရပါတယ်

  • the best

    November 11, 2012 at 2:10 pm

    ရွှေဘိုခရိုင်အတွင်း မလယ်၊ သပြေသာ၊ ထန်းတပင်၊ ရေရှည် ကျေးရွာတို့တွင် ပျက်စီးမှုများပြားခဲ့ပြီး
    စေတီ ၁၂ ဆူ၊ ဘုန်တော်ကြီးကျောင်း ၈ ကျောင်း၊ ဓမ္မာရုံ ၂လုံးနှင့် ဆေးရုံ လူနာဆောင် တစ်ခု
    တို့ပျက်စီးခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူ တို့၏ ကနဦး ကောက်ယူထားသော စာရင်းများအရ သိရသည်။

    ရွှေဘိုမြို့နှင့် ၁ရ မိုင်အကွာရှိ ရတနာသိင်္ခ တံတား ဆောက်လုပ်ရေး စီမံကိန်း တွင်
    ငလျင်ဒဏ်ကြောင့် ချဉ်းကပ် တံတား ပြိုကျ ပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ
    လုပ်သား နှစ်ဦး သေဆုံးပြီး ငါးဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း

    ”ကျွန်တော်တို့ မိတီ္ထလာ၊မလှိုင်၊ဝမ်းတွင်း၊ သာစည်၊လေးမြို့နယ်လုံးမှာ ငလျင်လှုပ်သွားတယ်၊
    သိသာရုံပဲ ရှိပါတယ်၊ခုချိန်ထိတော့ ထိခိုက်သေဆုံးမှု့မရှိပါဘူး။မြို့နယ်စခန်းအားလုံးကို မေးပြီးပါပြီ၊ ”ဟု
    မိတီ္ထလာခရိုင်မိးသတ်ဦးစိးမှုး ဦးကျော်ဆန်းက အဆိုပါနေ့ မနက် ၉ နာရီတွင်ပြောပြသည်။

    အင်အားပြင်းငလျှင်တစ်ခု ယနေ့ (၁၁၊၁၁၊၂၀၁၂)နံနက်ပိုင်း ရနာရီ ၄ဝ မိနစ်ခန့်က မန္တလေးမြို့တွင်
    လှုပ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။
    မန္တလေးမြို့ရှိ ၂၅ထပ် ဈေးချိုမန်းမြန်မာ ပလာဇာတွင် ပထမထပ်နှင့် မြေညီထပ်ဆိုင်ခန်းများမှ
    ဈေးသူဈေးသားများ စိုးရိမ်မှုကြောင့် ဆိုင်ခန်းများ ပိတ်ထားကြောင်း

    အဆိုပါ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီးတစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့ပြီး ဒေသအချို့တွင် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း

    မန္တလေးမဟာမုနိဘုရားကြီးပရဝုဏ်အတွင်းရှိ နာရီစင်ထီးတိုင်တိမ်းစောင်းခြင်း
    ရှင်မာလဲဘုရား ဓမ္မာရုံရှိ အင်္ဂတေပန်းများနှင့် အနောက်ဘက်မျက်နှာစာရှိ ခြင်သေ့ရုပ်တုတစ်ခုပြိုကျခြင်းများဖြစ်ပေါ်ခဲ့သည်။ ငလျှင်လှုပ်ခတ်မှုကြောင့် မြစ်သား-မြင်းခြံလမ်းပိုင်းရှိ ကင်းစိန်ဈေးအရှေ့ရွာ ရွာဦးဘုန်းကြီးကျောင်း၊
    စေတီ၁၈ ဆူ ရှိသည့်အနက် ၅ ဆူနှင့် အရံစေတီ ၄ဆူတို့မှာ စိန်ဖူးတော်မြေခခြင်း စေတီတော်ခြောက်ဆူမှာဖောင်းရစ်တော်အက်ကွဲခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း

    ၁) မန္တလေးတိုင်း ဒေသကြီး နယ်မြေ အတွင်း ရှိ စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျ။

    ၂) ရွှေဂူကြီး အခြေခံ မူလတန်းကျောင်း ရှိ ကျောင်းဆောင်တစ်ဆောင် ပြိုကျပြီး အုတ်တံ တိုင်းပေ ၃၀ဝ ခန့် ပြိုကျ။

    ၃) ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့် မုခ်ဦးပြိုကျ။

    ၄) တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်းပြိုကျ။

    ၅) ပရိယတ္တိသတ္တမဝံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀ဝ ခန့်ပြိုကျ။

    ၆) အမှတ်(၂) ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ ဦးဒဏ်ရာရရှိ။

    ၇) အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ်(၃၈) ရှိ လေးမျက်နှာ/စေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် (၃၁) ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များ မြေခ။

    ၈) ကျောက်မြောင်း မြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက်ရှိ ဦးမျိုးဇော်(အသက်၊ အဘအမည်၊ အလုပ်အကိုင်) စိစစ်ဆဲ၏ နေအိမ်ရှေ့တွင် ကာရံထားသည့် အမြင့် (၆)ပေ၊ အလျှား(၁၀)ပေခန့်ရှိ အုတ်တံတိုင်း (၃)ခန်း ပြိုကျရာ အနီးရှိ အမျိုးသမီး (၁) ဦး (အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ)စိစစ်ဆဲမှာ အုတ်တံတိုင်းပိကာ သေဆုံးခဲ့ပြီး၊ (၁၀)ဦး ဒဏ်ရာရရှိခဲ့။ အဆိုပါ ဒဏ်ရာရသူ (၁၀)ဦး၏ အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတို့အား စိစစ်နေ။

    ၉) ကျောက်မြောင်းမြို့နယ်ခွဲရှိ ဆောက်လုပ်ဆဲ ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ဃ)လုပ်ငန်းခွင်မှ အလုပ်သမား (၅)ဦး (အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ)စိစစ်ဆဲ တို့မှာ ရေထဲသို့ပြုတ်ကျပျောက်ဆုံးနေကြောင်းနှင့် တံတားတိုင်အမှတ် RF(1)မှ သံဘောင်ပြုတ်ကျခဲ့ရာ တံတားအောက်ရှိ ကရိန်းရေယာဉ်ပေါ်သို့ ပြုတ်ကျခဲ့သဖြင့် ရေယာဉ်နစ်မြုပ်ခဲ့။

    ၁၀) ခင်ဦးမြို့နယ် ကဘွက်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် (၂)ထပ် ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပြိုကျခဲ့ရာ ကျောင်းထိုင်ဘုန်းကြီး (ဘွဲ့၊ သက်တော်၊ ဝါတော်၊)စိစစ်ဆဲမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့။

    ၁၁) မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ(မန္တလေး) စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့။

    ၁၂) အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ စန္ဒာမုနိဘုရားနှင့် ကျောက်ဆည်မြို့နယ်၊ ဘနွဲ့ရွာ ဝေဇယန္တာကျောင်းရှိ အောင်တော်မူဘုရားမှ စိန်ဖူးတော် များမြေခခဲ့။

    ၁၃) နွယ်ရုံရွာရှိ ဒို့ညီနောင် စားသောက်ဆိုင် အုတ်တံတိုင်းပြိုကျသဖြင့် အောင်ကျော်ဦး (၂၀)နှစ်၊ (ဘ)ဦးကြည် (စိစစ်ဆဲ)သေဆုံးခဲ့။

    ၁၄) သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းရဲစခန်း၊ ဗဟိုကင်းနှင့် အချုပ်ခန်း အနောက်ဘက ်အုတ်နံရံ ပြိုကျ၊ ၁၃) ကြာညှပ်ရဲစခန်းရိပ်သာကျောဘက်နှင့် စခန်းရုံးကျောဘက် နံရံ ပြိုကျ၊

    ၁၅) စဉ်ကူးမြို့နယ်၊ နွယ်ရုံရဲကင်းရုံး မျက်နှာကျက်ပြိုကျ ၁၅) စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် ကာရံထားသည့် (၈)ပေ အမြင့်ရှိ အုတ်တံတိုင်း(၁၀)ခန်းပြိုကျ၊

    ကန့်ဘလူမြို့နယ်အတွင်း ပျက်စီးမှု အခြေအနေများမှာ
    ၁) မလည်တိုက်နယ် အတွင်း တိုက်နယ ်ဆေးရုံ လူနာဆောင် တစ်လုံးပြိုကျ၊
    မူလတန်းေ ကျာင်းဆောင် တစ်လုံး ပြိုကျ၊ ရှေး ဟောင်းစေတီ(၁၀)ဆူ ပြိုကျ၊ဘုန်းကြီး ကျောင်းဆောင်(၇)လုံး ပြိုကျ၊ အုတ်တံတိုင်း အမြောက်
    အမြား ပြိုကျ၊ ဓမ္မာရုံ(၂)လုံးပြိုကျ၊ လူနေ တိုက်အိမ်(၂၀)လုံးပြိုကျ၊မလည် တိုက်နယ ်ရဲစခန်း အုတ် တံတိုင်းပြို။

    ၂) ရေရှင်ကျေးရွာ အတွင်း ဘုန်းကြီးကျောင်း စေတီ(၁)ဆူ ပြိုကျ။

    ၃) ဇီးကုန်းကျေးရွာ အတွင်း ဆန်စက် မီးခိုးခေါင်းတိုင်ရှည် ပြိုကျ။

    ၄) သပြေသာရွာ အတွင်း ရှေးဟောင်း ဘုန်းကြီးကျောင်း ဆောင ်ပြိုကျပျက်စီး။

    ၅) ထန်းတပင်ရွာ အတွင်း ရွာလည်ဘုရားစေတီ ထီးတော်မြေခ။

    • အင်္ဂ ါZ

      November 12, 2012 at 10:38 am

      အော်… ပြိုကျသွားပြီ. ..
      လှူကြပါဟဲ့ ကောက်ခံကြပါဟဲ့ နဲ့ မပြီးစေချင်ဘူး..
      အဆိုးထဲကအကောင်း မြင်နိုင်ခဲ မြင်ရခဲတဲ့
      ရှေးခေတ် အနုလက်ရာတွေကို သည်ဘက်ခေတ်..
      ပညာရှင်တွေရော သမိုင်းသုတေသီတွေပါ မြင်ခွင့်
      လေ့လာခွင့် ရစေချင်မိတာ အမှန်ပါဗျာ…

      အဲ့လာဂျီးတွေ မှန်ဗုံးထဲထားပြီး
      အလှူငွေ ကောက်ခံယုံသက်သက် ရုပ်ပြပစ္စည်းတွေ
      မဖြစ်စေလိုတာတော့ အမှန်ပဲဗျို့ ။

      တော်သေးပြီ

      • Mr. MarGa

        December 6, 2012 at 12:07 pm

        ကြည့်ရ တာတော့
        အဲဒီ အခြေအနေတွေ ဖြစ်လာဖို့ များပါတယ်ဗျာ
        ပြုပြင်ရေးအတွက် ဆိုတော့လဲလေ

      • kai

        December 6, 2012 at 3:47 pm

        ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် :buu:

        • Mr. MarGa

          December 6, 2012 at 7:33 pm

          နိုင်ငံတော်ကတော့ ပြုပြင်ပေးမယ်ပြောတယ်ဗျ ဒါပေမယ့် ဦးမာဃတော့ သိပ်မထင်
          မူလ အလှူရှင်တွေက ပြုပြင်ချင်တယ်ဆိုရင်လဲ ပြုပြင်ခွင့်ပေးမယ်တဲ့

Leave a Reply