မဟာရန်ကုန်

သူရႆဝါNovember 17, 20121min1286

မဟာရန်ကုန်
– သူရဿဝါ –

ရန်ကုန်ဟာ အကြံစုံလို့
ရန်ကုန်ဟာ မာယာတွေ ဆယ့်ခြောက်ပဲရည်ပြည့်လို့
ရန်ကုန်ဟာ ဖရေဇာတလျှောက်က အဝတ်ဟောင်းတန်းတွေနဲ့တူလို့
ရန်ကုန်ဟာ ပတ်တီးကိုင်လို့
ရန်ကုန်ဟာ ဆေးပြန်ရိုက်လို့
ရန်ကုန်ဟာ မိတ်ကပ်တွေဖို့လို့
ရန်ကုန်ဟာ မျက်နှာမှာသနပ်ခါး ပေါင်မှာသေးကြောင်းနဲ့ဖြစ်လို့
ရန်ကုန်ဟာ လက်သုတ်ဝတ်ကို ခပ်တည်တည်ခါးကြားမှာထိုးလို့
ရန်ကုန်ဟာ ရန်ကုန်ဆန်လို့
ရန်ကုန်ဟာ မျက်နှာသစ်ဆေးရည်တွေအသင့်ပြင်လို့
ရန်ကုန်ဟာ ကပျာကယာ ပြင်ဆင်ဖြီးလိမ်းလို့
ရန်ကုန်ဟာ အဝတ်အစားလဲလှယ်လို့
ရန်ကုန်ဟာ လူယောင်ဖန်ဆင်းလို့
ရန်ကုန်ဟာ သုတ်သီးသုတ်ပြာနိုင်လို့
ရန်ကုန်ဟာ အကြံကုန်လို့
ရန်ကုန်ဟာ ရန်ကုန်ရဲ့မျက်နှာစိမ်းဧည့်သည်တွေကို
ရန်ကုန်အစစ်ဖြစ်ကြောင်း ရန်ကုန်အတုကြီးနဲ့ဖုံးပြီးသက်သေပြတော့မလို့ .. ။ ။

၁ရ – နိုဝင်ဘာ – ၂၀၁၂

6 comments

  • ခိုင်ဇာ

    November 17, 2012 at 11:15 am

    “ရန်ကုန်ဟာ ရန်ကုန်ရဲ့မျက်နှာစိမ်းဧည့်သည်တွေကို
    ရန်ကုန်အစစ်ဖြစ်ကြောင်း ရန်ကုန်အတုကြီးနဲ့ဖုံးပြီးသက်သေပြတော့မလို့ .. ။ ။”

    ရန်ကုန် အစစ်ကို မြင်နိုင်အောင်ကြည့်စေချင်မိပါရဲ့။

  • မဟာရာဇာ အံစာတုံး

    November 17, 2012 at 11:22 am

    အိမ်း ..
    မှန်ပေ၏ ..
    ခု လောလောဆယ်မတော့ ..
    ရန်ကုန်ဘွဲ့နှင်းသဘင်ကြီးကို မျက်နှာချေ လိမ်းနေလို့ …
    (အိုဘားမားက အိုက်မှာ မိန့်ခွန်း ပြောမှာမို့)

  • ကထူးဆန်း

    November 17, 2012 at 12:24 pm

    ထိုက်သင့်တဲ့ respect အနေနဲ့ သုတ်လိမ်းပေးတာ ဟာ လုပ်သင့်တဲ့ အလုပ်တစ်ခုပါ ။

  • ရွာသူ jujuma .

    November 17, 2012 at 12:46 pm

    ရန်ကုန်ဟာ မဟာ ရန်ကုန်သာဖြစ်ပါကြောင်းး
    မဟာရန်ကုန် အစစ်ဟာ ကျွန်ုပ်တို့ စိတ်ထဲ တွင် ဘယ်သောအခါမှ အတုဖြစ်မည် မဟုတ်ပါကြောင်းးးး

  • မောင်ပေ

    November 17, 2012 at 1:04 pm

    ရန်ကုန် ဟာ ရန်မကုန်တော့လို ့ ၊ မင်းကြီးများ နန်းရွှေ ့ခြင်းခံရသောမြို ့
    စကားချပ် … အထက်ပါကွန်မင့်သည် လက်ရှိရီးရဲလစ်ဇင်းကို အခြေခံပြီး မန် ့လိုက်ခြင်းသပ်သပ်သာ

  • နွေဦး

    November 17, 2012 at 4:07 pm

    ဟိုကလာတဲ့ ဧည့်သည်တွေက
    သူတို့လို မျက်မှန်စိမ်းတပ်ပြီးကောက်ရိုးခြောက်စားသူတွေမဟုတ်လို့
    ကောက်ရိုးခြောက်ကို မြက်စိမ်းလို့ မမြင်ပါဘူး ။

Leave a Reply