“လွှတ်ချစရာတွေအများကြီး”

“လွှတ်ချစရာတွေအများကြီး”     တစ်ခါကလို့ဘဲဆိုလိုက်ပါတော့မယ်။ ကျနော်တို့အလုပ်လုပ်တဲ့ဆိုင်ရှေ့ကို  နေ့လည်ခင်း သုံးနာရီလောက်ဆိုရင် လက်သုတ်စုံသယ်တို့ ကြာဇံကြော်သယ်တို့လာတတ်ပါတယ်။ ကျနော်တို့ကလဲ အဆာပြေဝယ်စားကြတာပေါ့။ တစ်ရက် မှာတော့ ကျနော်တို့အဲလိုစားကြတာကို ပိုင်ရှင်ဆရာကြီးကတွေ့သွားပါတယ်။ နောက်ရက်မှာ မုန့်ပုံးကြီးတစ်ပုံးဝယ်လာပါတယ်။ နေ့လည်ဆာရင်အဆာပြေစားဘိုု့ပေါ့။ ကျနော်တို့ ပိုက်ဆံမကုန်စေချင်တာလဲပါသလို ဆရာကြီးကအပြင်အစားအစာ “ပူစီပါစာ”တွေစားတာကိုလဲမနှစ်သက်တာပါ ပါတယ်။ အဲဒီတုန်းက မုန့်ပုံးက လေးဒေါင့်ဆယ်ဝင်ပုံးအကြီးကြီးပါ။ မိသားစုစားမယ်ဆိုရင်တောင် အတော်ကြာကြာ စားနိုင်လောက်တဲ့ ဘီစကွတ်တွေပါ ပါတယ်။ မယုံနိုင်စရာ အဲဒီမုန့်ပုံးက တစ်ပါတ်တောင်မပြည့်သေးဘဲကုန်သွားပါတယ်။ ကုန်ဆို မုန့်ပုံးရောက်တဲ့နေ့ကစလို့ လူတော်တော်များများ က နောက်ဖေးဝင်တိုင်း ထွက်ခလုတ် ဝင်ခလုတ်နိူက် နိူက်စားကြတာကိုးဗျ။ မဆာလဲစား ဆာလဲစား ဆိုတော့ ရေရှည်ဘယ်ခံနိူ်င်ပါ့မလဲနော့။ အဲဒီမုန့်ပုံးလဲကုန်ရော နောက်ဘယ်တော့မှ ဝယ်မကျွေးတော့ပါဘူး။ ဆရာကြီးကတော့ ပြောပါတယ်။ “အခွင့်ပေးလိုက်လျောတာနဲ့ ရပိုင်ခွင့်ကို ခွဲခြား မသိကြဘူး … Continue reading “လွှတ်ချစရာတွေအများကြီး”