” အာဝေနိက ချစ်ဒုက္ခ”

“ကိစ္စများမြောင်၊ လူတို့ဘောင်” ဆိုတဲ့အတိုင်း၊ ရှုပ်ထွေးပွေလီလှတဲ့ လူမှုရေး၊ ဆွေရေးမျိုးရေး ကိစ္စတွေကြားက အေးရာအေးကြောင်းနေချင်တဲ့ ဦးကျောက် ကို မိသားစုအရေးက ချမ်းသာမပေးပါဘူး။ ညီမလေးက ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့၊ သူ့ရဲ့ သမီးဦးလေး မွေးဖွားချိန်မှာ အစ်ကို နဲ့ အမေကို အနားမှာရှိစေချင်ပါတယ် ဆိုလေတာကြောင့် အသက် ၇ဝအရွယ် အမေအို နဲ့ ဦးကျောက် မီးနေ စောင့်ဖို့ ညီမနေတဲ့အရပ်ကို ခရီးဆန့်ခဲ့ရတာပေါ့ ခင်ဗျာ။   ညီမအိမ်ရောက်လို့ ဦးကျောက် တစ်ယောက် ကြော့ကြော့လေး နေရမယ် မထင်ပါနဲ့။ စရောက်ကတည်းက အစားရွေးတဲ့ အမေရယ်၊ ထွေလီကာလီ ခံတွင်းတောင်းလွန်းတဲ့ ကိုယ်ဝန်သည် ညီမရယ် စားဖို့ နေ့နေ့ညည ဖွယ်ဖွယ်ရာရာ ချက်လိုက်ရတာ၊ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် တစ်ကိုယ်ရေတစ်ကာယသမား ဦးကျောက် ခမျာ၊ ရှိတဲ့အမွေးတွေ (ဆံပင် ပြောတာ) … Continue reading ” အာဝေနိက ချစ်ဒုက္ခ”