အင်တာနက်မီးကိုဘယ်သို့သုံးရပါ့

:ha: အင်တာနက်မီးကိုဘယ်သို့သုံးရပါ့ 😥 ဌာနခွဲမှူးကရုံးခန်းထဲသို့စိတ်တိုသောမျက်နှာထားနဲ့ဝင်လာသဖြင့် ဝန်ထမ်းအားလုံး မျက်နှာပိုးလေးတွေသေနေကြရသည်။အထူးသဖြင့် သွေးသန့်တို့လိုဝန်ထမ်းငယ် လေးတွေက ပို၍ထိတ်လန့်နေကြရတာပင်။ “ခင်ဗျားတို့ ကွန်ပျူတာအော်ပရေတာတွေသေသေချာချာနားထောင်” တစ်ခန်းလုံးကဝန်ထမ်းအားလုံးကွန်ပျူတာတာဝန်ရှိသူတွေမို့ အားလုံးမင်သက်ငေးမော သွားသည်။ “အခုရက်ပိုင်း အလုပ်လုပ်တာကိုအကြောင်းပြပြီး အင်တာနက်ကိုကိုယ်ရေးကိုယ်တာ အတွက်တော်တော်လေးသုံးနေကြတယ်မို့လား” ကုမ္ပဏီတော်တော်များများမှာလည်းအဲဒီလိုကိစ္စတွေကြောင့်လူကြီးပိုင်းတွေတော်တော် စိတ်ပျက်နေကြရတယ်။အစိုးရဌာနတွေကတော့ထားပါ တို့နဲ့မဆိုင်ဘူး ဒီတော့ ခင်ဗျား တို့ရှေ့လျှောက်ဒီလိုတွေအကျင့်ပျက်နေကြမယ်ဆိုရင် ဘယ်လောက်အလုပ်ကျွမ်းကျင် တဲ့လူဖြစ်ဖြစ် ထုတ်ပစ်ဖို့ဝမ်နင်ပေးခဲ့လိုက်မယ်” ဌာနခွဲမှူးထွက်သွားသည်အထိ အားလုံးငြိမ်သက်မပြေကြသေး အတော်ကြာမှ အသက် အကြီးဆုံးအန်တီသီတာကစ၍ “ကဲ…ကလေးတွေကြားကြတဲ့အတိုင်းပဲနော်..ကိုယ်လုပ်နေတာတွေကိုယ်အသိဆုံး ဖြစ်ကြမှာပေါ့ ဖြစ်လာပြီဆိုမှတော့ အန်တီတို့ကစိတ်မကောင်းရုံပဲတတ်နိုင်မှာ” အန်တီသီတာရဲ့စကားအဆုံးခေါင်းမဖော်နိုင်သူတို့မှာ သွေးသန့်တို့ မိန်းကလေးငယ် တစ်စုသာဖြစ်သည်။ ကိုယ့်အကြောင်းကိုယ်ဖော်ရရင်လည်း အပြစ်တင်ခံရတောင်နည်းသေးဟုဆိုကြမည်။ သွေးသန့်အကြောင်းကိုပဲသီးသန့်ပြောရရင် ရုံးတက်ချိန်ထက် တစ်နာရီနီးပါးလောက် စောပြီး သွေးသန့်ရုံးခန်းထဲရောက်တတ်သည်။ “စောလှချည်လား သွေးသန့်စင် ရဲ့” ဟု တစ်ယောက်ယောက်ကမေးလျှင် “မနေ့ကအလုပ်လေးတွေမပြတ်သေးလို ဟီး” “အလုပ်ကြိုးစားလိုက်တာနော်” … Continue reading အင်တာနက်မီးကိုဘယ်သို့သုံးရပါ့