ကျွန်တော် ချစ်သော ခရစ္စမတ်…။

black chawDecember 25, 20121min34311

အခုရေးမယ့် ပို့စ်နဲ့တော့ မဆိုင်လှပါဘူးဗျာ…။
ဒါပေမယ့် စကားနည်းနည်းလေး စပ်ခွင့်ပေးပါဦး…။
လင်းနစ် ဆိုတဲ့ ပုဂ္ဂိုလ်လေးက နာမည်ကြီး အဆိုတော် မဟုတ်ရှာပါဘူး…။
ဒါပေမယ့် စီးတီး FM ရဲ့ နှစ်ပတ်လည် Live Show တစ်ခုမှာ သီချင်းတစ်ပုဒ် ဝင်ဆိုခွင့်ရခဲ့ပါရောလားဗျာ…။
အဲဒါကပဲ သူ့ ဘဝရဲ့ ကံကြမ္မာကို ပြဌာန်းခဲ့လေရော့သလား…။
ဒီဇင်ဘာည…တဲ့…။
အံ့ဩစရာကောင်းလောက်အောင်ကို အဲဒီသီချင်းလေးက ပေါက်ခဲ့ပါတယ်…။

ဒီဇင်ဘာည
V1: အပြင်မှာနှင်းတွေ ကျဆင်းလို့နေပြီ
အိပ်မက်ဟောင်းငယ် ရင်ထဲရောက်လာသည်
ငါမလိုချင်သောနာရီများ
လွန်ဆန်ချင်နေလည်း

V2: မျှော်လင့်ခြင်းတွေ ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ
မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား

Cho: ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ
အတူဆုံနေကြ ဒီလိုအချိန်လေးရောက်လာ
ဟိုအရင်က အပြာရောင်အိပ်မက်လေးကို
ပြန်လည်တမ်းတရင်း ကြေကွဲ
ငါငိုနေဆဲ ယုံပါကောင်မလေးရယ်
ပြန်ဆုံနိုင်မယ့် ကံကိုငါတမ်းတတယ်
ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ
ငါဟာအချစ်ပျောက်လိုက်ရှာရင်းနဲ့
လွမ်းနေဆဲ….

Solo: […]

V3: ပူလောင်ခြင်းတွေ ရင်ထဲပြည့်နေပြီ
ဒီဇင်ဘာညကို အံတုလို့နေသည်
ငါမလိုချင်သော ဒဏ်ရာလည်း
နာကျင်နေပြီပဲ

ခံစားချက် အပြည့်နဲ့ ရေးထားတဲ့ စာသားလေးတွေနဲ့ ကိုယ်ပိုင်သံစဉ်ချိုချိုလေးကြောင့်…
ကာရာအိုကေ ဆိုင်တွေမှာ ကျွန်တော် တို့လို ဖိုးဆိုချင်တွေရဲ့ မဆိုမဖြစ်သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်ဗျာ…။
ကြိုက်မိတာကိုးဗျ…။ ဘယ်တတ်နိုင်မှာလဲ…နော့…။
ဆိုတော့…။
ဒီဇင်ဘာ ည သီချင်းအတွက် အဆိုတော် လင်းနစ် လေး က အကြီးအကျယ်ကို ကျေနပ်နေမယ်လို့ ခင်ဗျားတို့ ထင်ကြမှာပါပဲ…။
နိုး…နိုး…။
မဟုတ်ဘူးခင်ဗျ…။
အဆိုတော် လင်းနစ်လေးက သူဆိုခဲ့တဲ့ ဒီဇင်ဘာည ဆိုတဲ့ သီချင်းလေးကို တစ်ခါတစ်လေ
သောက်မြင်ကတ်နေမိပါသတဲ့ဗျာ…။
အထူးအဆန်းကြီးနော်…ကျောင်းဒကာ…။
အဲဒါကပဲ အနုပညာရှင်တစ်ယောက်ရဲ့ လောကဒါဏ် ရယ်လို့ ခေါင်းစဉ်တတ်ရလေမလားမသိ…။
သူဆိုခဲ့သမျှ တခြား သီချင်းတွေဟာ…
ဒီဇင်ဘာည ဆိုတဲ့ သီချင်းကို မကျော်နိုင်ခဲ့ဘဲ တိမ်မြုတ်နေခဲ့လေတော့လည်း…သူ့ခင်ဗျာ…
ဒီဇင်ဘာညကို သောက်မြင်ကတ်တာလည်း အဆိုးလို့ မဆိုနိုင်ဘူးပေါ့ ကျောင်းဒကာရယ်…။
ဒါက ဒီဇင်ဘာ လ ကို ဖြတ်သန်းနေချိန်မှာ အကြောင်းတိုက်ဆိုင်လာလို့…
လင်းနစ်လေး ကိုလည်း ဂုဏ်ပြုချင်လို့…
ပြီးတော့…
အနုပညာ ရှင်တစ်ယောက်ရဲ့ ဖီလင် တစ်ခုကို ကိုယ်ချင်းစာမိစေဖို့…ထည့်ရေးလိုက်တာပါ…။
တကယ်ပြောချင်တာက ဒီနေ့ အပြင်မှာ တကယ်ကြုံတွေ့ဖြတ်သန်းနေရတဲ့ ဒီဇင်ဘာည တွေရဲ့အကြောင်းပါ…။
ရန်ကုန်ဆောင်းရဲ့ ဆောင်းမပီသမှုကြောင့် ညားခါစလင်မယားတစ်ချို့တောင် တစ်ယောက်အနားတစ်ယောက်မကပ်ချင် လောက်အောင်ဖြစ်ခဲ့ပါတယ် တဲ့…ကျောင်းဒကာ…။ ဟုတ်မဟုတ်ကိုတော့ နီးစပ်ရာ ညားကာစ လင်မယားစုံတွဲတွေကိုသာ မေးကြည့်ကြပေတော့ဗျာ…။
ဟော အခု ခင်ဗျားတို့ ကျွန်တော်တို့ လက်ရှိဖြတ်သန်းနေကြပြီဖြစ်တဲ့ ဒီဇင်ဘာ ည လေးတွေကတော့ ဆောင်း အပီသကြီး မဟုတ်တောင် ဆောင်းတွင်းလို့ အသိအမှတ်ပြုနိုင်တဲ့ အအေးဓါတ်လေးတော့ ခံစားရစပြုလာခဲ့ပါပြီ…။
ခရစ္စမတ် ရောက်ရင် ဟိုတုန်းက စောဘွဲ့မှူးကြီးရေးပြီး ကိုင်ဇာဆိုခဲ့တဲ့…

မင်းပေးတဲ့ ခရစ္စမတ်ကဒ်လေးတွေ ဟောင်းသွားပြီဆိုတော့…
မင်းပေးတဲ့ အချစ်အစအနလေးတွေ မင်းမေ့သွားမှာပါ

ဆိုတဲ့ သီချင်းလေးကိုလည်း လွမ်းမိတယ်ပေါ့ဗျာ…။
ခရစ်ယာန်ဘာသာ ကိုးကွယ်သူတစ်ယောက် မဟုတ်သည့်တိုင်အောင် ခရစ္စမတ်နေ့ ရဲ့ အငွေ့အသက်တွေကိုလည်း ခံစားတတ်နေခဲ့ပါပြီ…။
ဆိုတော့…။

ကျေးဇူးတင်ပါသည်…ကျေးဇူးတင်ပါသည်…ကျေးဇူးတင်ပါသည်…အိမ့်ရှင်များ…
ဟာလေလူရာ…ဟားလေလူးရာ…ကျေးဇူးတင်ပါသည် အိမ်ရှင်များ…။
ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော်…(ရောက်စေသော်)
ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော်…(ရောက်စေသော်)
ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ…
ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ…
ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော်…(ရောက်စေသော်)

ဒီဇင်ဘာ ည တွေမှာ အဝေးက လွင့်ပျံ့လာတဲ့ လေပြေနဲ့အတူ
ဟော်လိုဂစ်တာသံ ချိုချို…၊ ဟာမိုနီသံ လွင်လွင်…နဲ့ သံပြိုင်သီဆိုနေကြတဲ့
ခရစ်တော်ဖွားမြင်တော်မူတဲ့အကြောင်း…
သတင်းကောင်းမျှဝေနေကြတဲ့ အသံလေးတွေကို မိတ်ဆွေတို့ သတိထားမိကောင်း ထားမိကြမှာပါ…။
ဟုတ်ပါတယ်…။
ခင်ဗျားတို့ အနေနဲ့ ဘာ ဘာသာကိုပဲ ကိုးကွယ်သည် ဖြစ်ပါစေ…။
ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတော်ကို ဒီခရစ္စမတ်မှာ ရရှိကြမှာ အသေအချာပါပဲ…။
ကျွန်တော်ကလည်း ဒီပို့စ်လေးထဲကနေ ခင်ဗျားတို့ တစ်ယောက်ချင်းစီထံကို ဘုရားသခင်ကောင်းချီးပေးပါစေ ရယ်လို့…
ချစ်ခင်လေးစားခြင်းကိုရှေ့မှာထားပြီး ဆုတောင်းပေးလိုက်ပါတယ် မိတ်ဆွေတို့ရေ…။
ကျွန်ုပ်တို့၏ မန္တလေး ဂဇက် ရွာကြီးနှင့် ရွာသူရွာသား တစ်ယောက်ခြင်းစီကို ဘုရားသခင်ကောင်းချီးပေးတော်မူပါစေ…။
ခရစ်ယာန် ဘာသာဝင်မဟုတ်ပေမယ့်…
ခရစ္စမတ် ရောက်ရင် အလိုလို နေရင်းပျော်နေတတ်တဲ့…
ဘလက်ချော…။

11 comments

  • Mr. MarGa

    December 25, 2012 at 11:06 am

    ဘာပဲဖြစ်ဖြစ်ပါ
    မြန်မာတွေကတော့
    ခရစ်စမတ်လဲ ခရစ်စမတ်မို့
    နယူရီးယားလဲ နယူးရီးယားမို့
    သင်္ကြန်လဲ သင်္ကြန်မို့
    ပျော်ပျော်ရွင်ရွင်ပါပဲ
    ဦးမာဃလဲ ဒီဇင်ဘာလလေးကို သဘောတော် ကျမိပါကြောင်းးးး

  • ခိုင်ဇာ

    December 25, 2012 at 11:12 am

    ကျနော့ အတွက် အမှတ်တရ အများဆုုံး လ ပဲ။
    :kwi:

    • MaMa

      December 25, 2012 at 7:31 pm

      ကျမအတွက်လည်း အနှစ်သက်ဆုံးလဖြစ်ပါကြောင်းးးးးးးးးးးး :hee:

  • mobile (mandalay)

    December 25, 2012 at 1:16 pm

    ကျနော်အတွက်ကတော့ ကောင်းတာတွေရှိသလို
    မကောင်းတာတွေလဲရှိတာမို့ ဒီဇင်ဘာရယ်ဘာရယ် မဟုက်ပါဘူး
    ဖြစ်နိုင်ရင်တော့ ဒီဇင်ဘာလဆိုတာကို ပြက္ခဒိန်ထဲကထုတ်ပြစ်လိုက်ချင်တယ်

  • ကိုချောရေ

    “ခရစ်စမတ်ရောက်မှာကြောက်တယ်”ဆိုတဲ့သီချင်းကို ကြားရရင်
    ရင်ထဲမှာ………………………………………….
    ……………………………………………

  • မင်းနန္ဓာ

    December 25, 2012 at 6:51 pm

    ရန်ကုန်ဆောင်းရဲ့ ဆောင်းမပီသမှုကြောင့် ညားခါစလင်မယားတစ်ချို့တောင် တစ်ယောက်အနားတစ်ယောက်မကပ်ချင် လောက်အောင်ဖြစ်ခဲ့ပါတယ် တဲ့…ကျောင်းဒကာ…။ ဟုတ်မဟုတ်ကိုတော့ နီးစပ်ရာ ညားကာစ လင်မယားစုံတွဲတွေကိုသာ မေးကြည့်ကြပေတော့ဗျာ…။

    ..
    မိတိုက်ရေ အုပ်အုပ်က ခုတလော အကပ်မခံဘူးပေါ့နော်.. :mrgreen:
    မဆူးရော ချောင်းသာက ပြန်လာပြီးနောက် ကိုကိုက အနားကပ်ရဲ့လား..
    :kwi: :harr:

  • koaung

    December 25, 2012 at 6:57 pm

    ကိုချောကစာရေးကောင်းသလို သီချင်းဆိုကောင်းတယ်လို့ကြားတယ် ကိုချောဆိုတဲ့သီချင်းသံကြားဘူးချင်သား

  • ခရိယာန်မဟုတ်ပေမယ့် ခရိယာန်တွေများတဲ့နေရာတွေမှာချည့်နေနေရလို့..ခရစ္စမတ်ဆိုရောယောင်ပျော်တာပါပဲ။
    ကဗျာဆန်တယ်
    ကြည်နူးစရာကောင်းတယ်
    အေးချမ်းတဲ့ဒီဇင်ဘာလလေးက လူတိုင်းချစ်ကြတဲ့လလေးဆိုတော့ ခရစ္စမတ်ပွဲတော်ကာလက ဘယ်ဘာသာဝင်မဆို နှစ်သက်သဘောကျမယ့်ပွဲတော်ဖြစ်သွားတာပေါ့ရှင်။
    (ဒါနဲ့ လင်းနစ်ဆိုလို့ အဲ့လို အုုံးကျူးသမားတွေကိုတော်တော်သဘောကျအားပေးပါတယ်ရှင်..
    ဆိုတေးလည်းအတူတူပဲ)

  • Mon Kit

    December 26, 2012 at 10:45 am

    ဒီဇင်ဘာလ က မွန်ကစ် အနှစ်သက်ဆုံးလ တစ်လ ဖြစ်ပါကြောင်း ဝင်ရောက်ထောက်ခံသွားပါတယ်…

    :kwi:

  • မောင်ပေ

    December 26, 2012 at 1:14 pm

    ကျုပ်လဲ ခရစ်စမတ်မှာ အပြင်မှာ တစ်ခါမှ မဆုံဖူးတဲ့ ရွာသားအစ်ကိုကြီးတစ်ယောက် နဲ ့ဆုံဖြစ်ခဲ့တာ
    ဘုရားသခင်အလိုဆန္ဒအတိုင်း ခရစ်စမတ်လက်ဆောင်ပါပဲဗျို ့
    ယနေ ့မှစရွေ ့ ၊ ဂေဇက်တစ်ရွာလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ
    အာမင်

Leave a Reply