ထက်ထက်မိုးဦး၏ ခင်ပွန်း ဇူးမြတ်ထက်နှင့် သတင်းထောက် ပြဿနာ ဖြစ်ပွားခဲ့ပြန်

zaylayJuly 18, 20101min1272

ရန်ကုန်မြို့ရှိ ဆီဒိုနား​ ဟိုတယ်၌ မေလ ၁၉ ရက်နေ့တွင် ဖြစ်ပွား​ ခဲ့သည့် ဖြစ်စဉ်နှင့်​
ပတ်သက်၍ ဇူလိုင်လ ၁၃ ရက်နေ့တွင် တရားစွဲဆို​ ခံရသူ ထက်ထက်မိုးဦး က​
ရန်ကင်း​ တရားရုံးသို့ ၁၅ မိနစ်ကြာ အမှုရင်ဆိုင်ရန် ရောက်ရှိလာစဉ်

သရုပ်ဆောင် ထက်ထက်မိုးဦး၏ ခင်ပွန်း​ ဇူးမြတ်ထက်နှင့် အမှုရုံးချိန်းသို့ လာရောက်သူ သတင်းထောက်
အမျိုးသမီး​ တစ်ဦးတို့ ပြဿနာ ဖြစ်ပွား​ ခဲ့ကြောင်း သတင်းရရှိသည်။

၁၅ မိနစ်ကြာ အမှု​ ရင်ဆိုင်​ နေစဉ် အမှု​ စစ်ဆေး​ နေသည့် အခန်း​ ပြင်ပမှာ​ အမှုရုံးချိန်းသို့ လာရောက်​
သတင်းယူနေသူ အမျိုးသမီး သတင်းထောက် တစ်ဦးကို ထက်ထက်မိုးဦး ရဲ့ ခင်ပွန်း​
ဖြစ်သူ ဇူးမြတ်ထက်က လက်ကိုင်ဖုံးဖြင့် ဓါတ်ပုံ​ ရိုက်ယူ​ သည်ဟု စွပ်စွဲပြီး​ အမျိုးသမီး သတင်းထောက်၏ လက်ကို အတင်းဆွဲကာ လက်ကိုင်ဖုံးကို အတင်း​ လုယူ​ ခဲ့ခြင်း​ ဖြစ်သည်။

မျက်မြင်ကြုံရသူ​ တစ်ဦးက ‘ အမှုစစ်ဆေးနေတဲ့ အခန်းပြင်ပမှာ နားထောင်နေတဲ့
အမျိုးသမီး သတင်းထောက် တစ်ဦးကို ထက်ထက်မိုးဦး ရဲ့ ခင်ပွန်း​ ဖြစ်သူ ဇူးမြတ်ထက်က’ ဟဲ့နင် ဘာလို့ ဓါတ်ပုံရိုက်တာလဲ။ နင်ရဲ့ဖုန်းပေးစမ်း။ နင်ဘယ်ကလဲ။ နင်ဘယ်သူလဲ’ လို့​ လက်ညှိုးထိုးပြီး ပြောတာကို တွေ့ရတယ်။ အဲဒီသတင်းထောက်ကလည်း ကျွန်မဘယ်မှာ ဓါတ်ပုံ​ ရိုက်လို့လဲ။ ဖုန်းတော့​
မပေးနိုင်ဘူး’​ လို့ပြန်ပြောတယ်။ ပြီးတော့ အဲဒီအမျိုးသမီး သတင်းထောက် အပါအဝင် အမှုကိုလာ နားထောင်သူ အချို့က အခန်းထဲ လိုက်ဝင်ပြီး ဖုန်းကို​ ပြန်ပေးဖို့ တောင်းတာ​ တွေ့ရတယ်။ ဇူးမြတ်ထက်က ချက်ချင်း​ ပြန်မပေးသေးပဲ ဖုန်းကို​ ဖွင့်ကြည့်နေတာ တွေ့တယ်။ လက်​ကိုင်ဖုန်း​ အယူခံလိုက်ရတဲ့
သတင်းထောက်က ‘ ကျွန်မ​ ဖုန်းထဲမှာ ရှင်တို့​ ဓါတ်ပုံ ရိုက်ထားတာ​ မရှိဘူးဆိုရင် ရှင်တို့​ ဘာပြန်​ လုပ်ပေးမလဲ’ လို့ ပြောသလို၊ အမှုကို​ လာရောက် နားထောင်​ နေသူ​ အချို့ကလည်း ဝိုင်းပြောကြတယ်။ အဲဒီနောက်မှာ ဇူး မြတ်ထက်က ဖုန်းပြန်ပေးတာတွေ့ ရတယ်’ ဟု news-eleven အွန်လိုင်း​
စာမျက်နှာတွင် ဖေါ်ပြခဲ့သည်။​အမျိုးသမီး သတင်းထောက် မနဒီထိုက်က
‘ ကျွန်မ တရားရုံးထဲမှာ ဓါတ်ပုံ​ မရိုက်ရဘူး​ ဆိုတာ သိပါတယ်။ သူတို့က ကျွန်မကို စွပ်စွဲတယ်။ လူအများကြီး အလယ်မှာ ပြောဆိုတယ်။ ကျွန်မရဲ့ လက်ကို ဆွဲကိုင်ပြီး ဖုန်းကို​ လုယူသွားပါတယ်။ အဲဒီ​ ဖုန်းထဲမှာ ရှင်တို့ ဓါတ်ပုံ​
မရှိဘူး​ ဆိုရင် ဘာလုပ်​ ရမလဲပြောတော့မှ သူက ဖုန်းကို ပြန်ပေးပါတယ်’ ဟု ဖေါ်ပြ​ ထားခဲ့သည်။

ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်​ ၌ မေလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဖြ… သရုပ်ဆောင် ထက်ထက်မိုးဦးအား ဆဲဗင်းဒေး​ သတင်းထောက် အေးသူစံက မေလ ၂ဝ ရက်နေ့တွင် ရန်ကင်းတရားရုံးသို့ ဦးတိုက်လျှောက်ခဲ့ပြီး အမှုအတွက် မေလ ၂၄ ရက် နေ့တွင် တရားလို မအေးသူစံနှင့်
သက်သေအချို့အား တရားရုံးမှ စတင်စစ်ဆေးခဲ့ကြောင်း၊ မေလ ၂ရ ရက်နေ့တွင် သက်သေအချို့ အား ဆက်လက်​ စစ်ဆေးခဲ့ကြောင်း၊ ဇွန်လ ၃ ရက်နေ့တွင် စွဲချက်တင်ခဲ့ကာ ဇွန်လ ၁ရ ရက်နေ့တွင် တရားစွဲဆိုခံရသူ ထက်ထက်မိုးဦးထံသို့ သမ္မာန်စာ ပထမဦးဆုံး​ အကြိမ် ပို့ခဲ့ကြောင်း​ သိရသည်။ သို့သော်လည်း အိမ်လိပ်စာ​ မှားယွင်းနေ​ သဖြင့် အတည်မဖြစ်​ ခဲ့ကြောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် သမ္မာန်စာ​ ထပ်ပို့သော်လည်း အိမ်လိပ်စာ​ မှားနေ​ ခဲ့​​ပြန်​ သဖြင့် ထပ်မံ၍​ သမ္မာန်စာမှာ အတည်မဖြစ်​ ခဲ့ကြောင်း၊ ဇူလိုင်လ ၆​ ရက်နေ့တွင်အိမ်လိပ်စာ​ အမှန်ဖြင့် ပေးပို့ခဲ့သော သမ္မာန်စာမှာ အတည်​ ဖြစ်ခဲ့သော်လည်း (တရားလိုဘက်မှ တရားရုံးသို့ လာရောက်ခဲ့သော်လည်း) တရားစွဲဆို​ ခံရသော
ထက်ထက်မိုးဦး တရားခွင်သို့ မရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် သမ္မာန်​ စာ​ ထပ်မံ​ ပေးပို့ခဲ့ရာမှ ဇူလိုင်လ ၁၃ ရက်နေ့တွင် တရားစွဲဆို​ ခံရသူ ထက်ထက်မိုးဦး တရားရုံးသို့ ရောက်ရှိ​ လာခဲ့ခြင်းလည်း​ ဖြစ်သည်။​သမ္မာန်စာ​ အတည်​ ဖြစ်ပြီး ဒုတိယ​
အကြိမ် ရုံးချိန်း​ ဖြစ်သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် တရားရုံးသို့ ပထမဆုံး​အကြိမ် လာရောက်ခဲ့သော တရားစွဲဆို​ ခံထားရသည့် ထက်ထက်မိုးဦးသည် အာမခံကြေး​ ငွေကျပ်​ ဆယ်သိန်း၊ ခံဝန်​ ပြုလုပ်​ ပေးသူ​ နှစ်ဦးဖြင့် အာမခံ​ ယူခဲ့ပြီး ၎င်း၏ ဥပဒေ​ အကျိုးဆောင်​ အဖြစ် ဦးစိန်မြင့်ကို ယခု​ အမှုအား လိုက်ပါ​ ဆောင်ရွက်ခွင့်ပြုရန် ရှေ့နေ​ ပါဝါ​ တင်ခဲ့ကာ​ အမှုအား ဆက်လက်​ စစ်ဆေးရန် အတွက် ဇူလိုင်လ ၂ရ ရက်နေ့ နံနက် ၁ဝ နာရီသို့ ထပ်မံချိန်းဆိုခဲ့သည်။

အမျိုးသမီး သတင်းထောက် မနဒီထိုက်သည်​ မန္တလေး​ အရုဏ်ဦး ဂျာနယ်တွင်​​​ သ​တင်း​​ထောက်​​​ အ​ဖြစ်​
​အ​လုပ်​လုပ်​​ နေ​သူ​ဖြစ်​နိုင်ကြောင်း​​ ​ပြည်​တွင်း​​ စာ​နယ်​ဇင်း​​ အ​သိုင်း​အဝန်း​မှ​​ သိ​ရ​သည်​​။​

2 comments

  • winne

    July 18, 2010 at 6:16 am

    တော်တော် ရှုပ်ပြီး စွာနေကျတာ လင်မယား နှစ်ယောက်လုံး။ ဘယ်သူကိုမှ ဗိုလ်မထားချင်ဘူးနဲ့တူတယ် အမှားတော့ လုပ်တတ်တယ် သူများကိုလည်း ဗိုလ်ကလည်း ကျချင်သေးတယ် မတရား သိပ်လုပ်တတ်ကြတာဘဲ

  • cobra

    July 18, 2010 at 7:51 am

    မြေနိမ့်ရာလှံစိုက်ချင်နေကြတယ်..။

Leave a Reply