လွန်ခဲ့တဲ့တစ်ပတ်လောက်က ညနေဘက်ရုံးဆင်းတော့ လှည်းတန်းမီးပွိုင့်မှာ လမ်းကူးရင်းနဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်။ သိကြတဲ့အတိုင်း လှည်းတန်းမီးပွိုင့်ဆိုတာ ကြာတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ကုန်းကျော်တံတားစီမံကိန်းကြောင့် လမ်းဖြတ်ကူးစရာနေရာမရှိတော့တဲ့အချိန်မှာ တစ်ခုတည်းသောမီးပွိုင့်ကလည်း ခြေလျင်လမ်းကူးတဲ့သူတွေအတွက် အခွင့်အရေးလုံးဝမပေးတဲ့အတွက် ကားတွေကြားထဲမှာ အသက်လုပြီး ကူးကြရပါတယ်။ ကျွန်မလည်း ကားရှင်းတုန်း လူအုပ်ကြီးနဲ့ရောပြီး လမ်းကူးလာတဲ့အချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းက လမ်းလယ်ခေါင်တည့်တည့်ကြီးမှာပါ။ အင်းစိန်လမ်းဘက်ကနေ ကွေ့ကြောယူထားပြီးစောင့်နေတဲ့ အငှားကားကို အမျိုးသမီးတစ်ယောက်က လမ်းလယ်ခေါင်မှာ အပြေးတစ်ပိုင်းငှားပါတယ်။ ပြီးတာနဲ့ ကမန်းကတန်းပဲ သူနဲ့ပါလာတဲ့လူကို ကားပေါ်အရင်ပေးတက်ပြီး သူက နောက်ကလိုက်တက်ပါတယ်။ ကြည့်လိုက်တော့ နိုင်ငံခြားသားတစ်ယောက်ပါ။ ကျွန်မတစ်ယောက် လမ်းကူးနေရင်းနဲ့ တုံ့ကနဲရပ်ပြီး ကြည့်လိုက်မိပါတယ်။ စိတ်ထဲမှာလည်း ဘဝင်မကျတဲ့ခံစားချက်မျိုး ခံစားလိုက်ပါတယ်။ နောက်တော့ ကျွန်မခေါင်းထဲမှာ အတွေးပေါင်းများစွာ ရောက်လာပါတော့တယ်။ နိုဝင်ဘာလကုန်ပိုင်းလောက်တုန်းက ကျွန်မတု့ိရုံးက အလည်အပတ်ပို့ပေးလို့ ဘန်ကောက်ကိုသွားခဲ့ပါတယ်။ … Continue reading ခရီးသွားလုပ်ငန်းထဲက S တစ်လုံး
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed