“ဘွပုတ်…………..ရေ”

“ဘွပုတ်…………..ရေ”       အေးမြတဲ့ တောင်ပေါ်မြို့လေးရဲ့အရှေ့မြောက်ဘက် မြို့အစွန်က လူသူမရှိသလောက်နည်းပါးတဲ့တောင်ကုန်းလေးပေါ်မှာရှိနေတဲ့ လူဘဝရဲ့နောက်ဆုံးခရီးအတွက် ယာယီနားခိုရာနေရာလေးတစ်ခုကို ကျနော်တို့ မရောက်ချင်ပေမယ့်ရောက်လာခဲ့ရပါတယ်။ ကွင်းပြင်ကျယ်ကိုဖြတ်လာတဲ့ဆောင်းမြောက်ပြန်လေက အရိုးထဲထိစိမ့်ဝင်လို့နေပါတယ်။ ဆောင်းနေ့လည်ခင်းပေမယ့် တောင်ရိပ်တောရိပ်တွေကြောင့် ထင်ပါရဲ့ အနွေးထည်အထပ်ထပ်ဝတ်ထားတောင်မှတစ်ကိုယ်လုံးအေးစက်နေသလို စိတ်တွေက လည်း အလိုလို ထိုင်းမှိုင်းလေလံ။ ပါတ်ဝန်းကျင်တောင်ကုန်းတစ်ခုလုံးအပြည့် နီးပါးလောက် တောထနေတဲ့ နေကြာရိုင်း ပန်းဝါဝါတွေကတော့ လူသားတွေရဲ့အပူတွေနဲ့သူတို့ ပါတ်သက်ဆက်နွယ်ခြင်းမရှိသလိုအေးဆေးငြိမ်သက်။ အစကတော့ ငိုပွက်ဆူညံနေတဲ့ နေရာလေးက “ဂျိန်း”ဆိုတဲ့အသံကြီးရဲ့အဆုံးမှာ ခဏလေး တိတ်ဆိတ်သွားပေမယ့် တအိအိ ရှိုက်ငိုသံလေးတွေကတော့ သဲ့သဲ့ကလေး ထွက်ပေါ်နေဆဲ။ သိပ်မကြာခင်အချိန်လေးမှာ လူတစ်ယောက်လောကထဲက ထွက်ခွာပြီဆိုတာကို  အတည်ပြုပေးနေတဲ့ မီးခိုးမျှင်လေး တွေ မီးသင်္ဂြိုဟ်စက်ခေါင်းတိုင်က စတင်ထွက်ပေါ်လို့လာပါတယ်။ “သွားပေတော့ ဘွပုတ် ရေ”လို့ စိတ်ထဲက တီးတိုးရေရွှတ်နေဆဲမှာဘဲ ကိုကြီးရေ”ဘွပုတ်”တော့သွားပြီနော် လို့ နုတ်ဆက်တာကို … Continue reading “ဘွပုတ်…………..ရေ”