မိုင်၁၀၀ဝ ခရီးစဉ်(၁)

၂၀၁၂ နှစ်ကုန်… အားရက်ရတုံး.. ကျုပ်သွားတဲ့ခရီးစဉ်က.. အောက်ကမြေပုံအတိုင်းပါပဲ..။ View Larger Map ဒါပေမယ့်.. ခရီးသွားနေရင်းကပဲ.. လမ်းအခြေအနေဖုံးဆက်လှမ်းမေးပြီး.. ရီနိုမြို့ဖက်အခြမ်းခရီးစဉ်ကို ဖျက်လိုက်ရပါတယ်..။ နီဗားဒါပြည်နယ်ရဲ့မြောက်ဖက်ပိုင်းမြို့လေးဖြစ်တဲ့.. အဲဒီရီနိုမြို့မှာ.. အနှုတ်အောက်အအေးချိန်ဖြစ်နေပြီး.. ကားမှာနှင်းထဲသွားနိုင်တဲ့ချိန်းကြိုးမတတ်ထားလို့ပါ..။ လမ်းမှာ ဘယ်လိုဆောက်လုပ်ရေးရှိတယ်..။ ပိတ်ထား…ဖွင့်ထားတယ်ဆိုတာတွေကိုတော့.. အောက်ကလင်ခ့်မှာ.. စစ်ဆေးလို့ရပါတယ်.။ http://www.dot.ca.gov/cgi-bin/roads.cgi ဆိုတော့.. ဒီနေ့ တင်ပေးမယ့်ခရီးစဉ်ထဲ.. လော့စ်အိန်ဂျလိစ်ကနေ ပစိဖိတ်သမုဒ္ဒရာကမ်းတလျှောက်ကနေ ဆန်ဖရမ်စစ္စကိုတက်လမ်းဖြစ်တဲ့ လမ်းတလျှောက်ကရှုခင်းတချို့ရယ်..။ ပထမရပ်နားရာဖြစ်တဲ့…Stanford university ထဲကရှုခင်းတချို့ရယ်နဲ့ စလိုက်ပါမယ်..။ ဓါတ်ပုံတွေအောက်မှာ စာတချို့ရေးပေးထားပါတယ်..။ ကျန်တာလေးတွေ.. ကော်မန့်နဲ့ပဲ..ရေးရင်းး မျက်စိထဲမြင်အောင် ပြပြော..ပြောမယ်ပေါ့..။ မေးချင်တာတွေ..မေးကြပါနော.. ဖြေချင်တာတွေဖြေပါ့မယ်..။     Post Views: 617