ကလေးငယ်များ အွန်လိုင်းကို ကစားကွင်းသဖွယ် ပြုမူနေ

petitelapineJuly 18, 20101min540

ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသော ကလေးငယ်အများစုသည်

အွန်လိုင်းကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းများအပြင် မိမိတို့၏ကစားကွင်း တစ်ခုသဖွယ် သဘောဆောင်ကာ ကစားနေခြင်းကို မိဘများက စိုးရိမ် စိတ်ဖြစ်လာကြကြောင်း ပြည်တွင်းနှင့် ပြည်ပနိုင်ငံများရှိ မြန်မာမိသားစု များထံမှ စုံစမ်းသိရှိရပါသည်။ ၁၉၉၅ ခုနှစ်အစောပိုင်းမှပင် စတင်ကာမြန်မာအများစုသည် ပေါ်လီဒီပလိုမာများရယူကာ စင်ကာပူတွင် ပညာသင်ကြားခြင်းမှ အမြဲတမ်း နေထိုင်ခွင့်များ ရရှိလာခဲ့ကြသည်။ ယင်းအချိန်မှပင် စင်ကာပူ၏ ပီအာ အဖြစ်နေထိုင်ခဲ့ကြပြီး မိမိတို့၏သားသမီးများကိုလည်း စင်ကာပူရှိအခြေခံ ပညာကျောင်းများတွင် ပညာသင်ယူ စေခဲ့ကြသည်ဟု သိရှိရပါသည်။

‘ စင်ကာပူမှာ အခုပီအာဖြစ်ပြီး ရောက်နေခဲ့တာ ခြောက်နှစ်လောက် ရှိခဲ့ပြီ။ ပြီးတော့ ကလေးကိုလည်း ဒီမှာပဲကျွန်မတို့နဲ့အတူ ကျောင်းထားပေးတယ်။ နည်းပညာဖွံ့ဖြိုးမှု မြင့်မားနေတဲ့ ပြည်ပနိုင်ငံတွေက ၁ဝ နှစ်အောက် ကလေးတစ်ယောက်အတွက် မိဘတွေ အရမ်းကိုဂရုစိုက်ကြရတယ်။ ပြီးတော့ ဒီက စင်ကာပူ နိုင်ငံသားကလေးတွေ ဆိုရင် ဆိုက်ဘာပြစ်မှုဆိုင်ရာတွေ မကြာခဏကြုံတွေ့နေကြတာတွေနဲ့ ကလေးတွေ အရွယ်မတိုင်ခင် အွန်လိုင်း ပေါ်မှာလိုတာထက် ပျော်မွေ့နေကြတာဟာ မိဘတွေအတွက် အရမ်းကို စိုးရိမ်စရာတွေ ဖြစ်ခဲ့ရတယ်’ဟု စင်ကာပူနိုင်ငံ၌ ပီအာရရှိထားသော မြန်မာအမျိုးသမီးတစ်ဦးက ပြောပြခဲ့သည်။ ထို့ပြင် စင်ကာပူ၌ ကလေးငယ် အများစု၏တစ်ပတ်လျှင် ၁၆ နာရီမျှ အွန်လိုင်းသုံးစွဲမှု၌ ရာခိုင်နှုန်း ၃ဝ ကျော်သည်သာ မိဘများမှ မိမိတို့ သားသမီး မည်သည့်အရာအား သုံးစွဲနေသည်ကို သိမြင်ခွင့်ရပြီး ကျန်ရာခိုင်နှုန်းများမှာ သိရှိခွင့်မရကြကြောင်းနှင့် ယင်းတို့ထဲတွင် မြန်မာမိသားစု၏ သားသမီးများလည်း ပါဝင်ကြသည် ဟုသိရသည်။

‘မိဘတွေက ကိုယ့်သားသမီးတွေကို အနီးကပ်ပြုစု စောင့်ရှောက်လိုသော်လည်း ခေတ်ရဲ့အခြေအနေအရ စီးပွားရေးကိုသာ လုံးပမ်းနေရတာကြောင့် တချို့နေရာတွေမှာ လစ်ဟင်း တာတွေရှိတယ်။ အထူးသဖြင့် ကိုယ့် ကလေးကို ကိုယ့်ရဲ့မိသားစုကွန်ပျူတာမှာပဲ အသုံးပြုစေလိုပေမယ့် ကလေး က မိဘတွေအလစ်မှာ မျက်ကွယ်ရာ မပြုသင့်တဲ့ အပြုအမူတွေ လုပ်နေမယ်။ စာလုပ်နေတယ်လို့ ထင်ရပေမယ့် မိဘ တွေရဲ့အလစ်မှာ သူစိမ်းတွေနဲ့စကား ပြောဆိုနေမယ်ဆို မိဘတွေက ဘယ်လိုမှသိနိုင်မယ့် ကိစ္စမျိုး မဟုတ်ပါဘူး’ ဟု စင်ကာပူခရီးသွား ကုမ္ပဏီတစ်ခု၌ ဝင်ရောက်လုပ်ကိုင်နေသူ မြန်မာအမျိုးသားတစ်ဦးက ပြောပြခဲ့ပါသည်။
ကလေးငယ် ၇ဝ ရာခိုင် နှုန်းကျော်သည် အွန်လိုင်းအား အချိန် ကြာမြင့်စွာသုံးစွဲနေကြပြီး ဂိမ်း၊ ဂီတ၊ ဗီဒီယိုနှင့် ပုဂ္ဂိုလ်ရေးရာအား မျက်ကွယ်ပြု ပြောဆိုနေကြခြင်း ဖြစ်ကြောင်း စင်ကာပူ ဆိုက်ဘာမီဒီယာတစ်ခု၏ လေ့လာသုံးသပ်ချက်တွင် ဖော်ပြ..

ယင်းကြောင့် စင်ကာပူရှိ ဆိုက်ဘာနည်းပညာ၊ ဗိုင်းရပ်စ်ဆိုင်ရာ ကိစ္စရပ်များကို အသုံးပြုသူများဘက်မှ ကာကွယ်ဖြေရှင်းပေးနေသည့် စင်ကာပူ အခြေစိုက် ဆိုက်ဘာကုမ္ပဏီတစ်ခုမှ မိဘများသည် မိမိတို့သားသမီးအား အွန်လိုင်းပေါ်တွင် ပျော်မွေ့စွာနေထိုင် အသုံးပြုနေခြင်းကို လုံခြုံစိတ်ချရမှုရှိစေရန် ဝက်ဘ်ဆိုက်များ၊ ဆော့ဖ်ဝဲ များ၊ လင့်ခ်များမှတစ်ဆင့် ပြန်လည်စိစစ်ကာ ထိန်းချုပ်မှုများ ပြုလုပ်သင့်သည်ဟု အသိပေးခြင်းများ ပြုလုပ်ခဲ့သည်။ထို့ပြင် ကလေးငယ် ၇ဝ ရာခိုင် နှုန်းကျော်သည် အွန်လိုင်းအား အချိန် ကြာမြင့်စွာသုံးစွဲနေကြပြီး ဂိမ်း၊ ဂီတ၊ ဗီဒီယိုနှင့် ပုဂ္ဂိုလ်ရေးရာအား မျက်ကွယ်ပြု ပြောဆိုနေကြခြင်းဖြစ်ကြောင်း စင်ကာပူ ဆိုက်ဘာမီဒီယာတစ်ခု၏ လေ့လာသုံးသပ်ချက်တွင် ဖော်ပြခဲ့သည်။

‘ ကလေးတွေကနေ မိဘတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အယုံသွင်း တောင်းခံလာတာတွေတောင် တချို့စင်ကာပူမိသားစုတွေမှာ မြင်တွေ့နေရတယ်’ဟု စင်ကာပူ NTU တွင် အိုင်တီဘာသာရပ် အထူးပြုဖြင့် ဒုတိ ယနှစ် တက်ရောက်နေကာ စင်ကာပူ အိုင်တီလုပ်ငန်းခွင်တစ်ခုတွင် ရောက်ရှိလုပ်ကိုင်နေသော မြန်မာလူငယ်တစ်ဦးက ပြောပြခဲ့သည်။
‘ ဒီမှာက နေအိမ်မှာ အင်တာနက် သုံးစွဲနိုင်သူက တခြားနိုင်ငံတွေ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် မများသေးပေမယ့် အင်တာနက်ကဖေးတွေမှာ အွန်လိုင်းသူတွေကို ကြည့်မယ်ဆိုရင် ဆယ်ကျော်သက်တွေက အများစုဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့ဘာတွေ သုံးသလဲဆိုတာကိုလည်း မိဘတွေအနေနဲ့ များသောအားဖြင့် မသိကြတာများတယ်။ ဒီထက်ပိုဆိုးတာက အင်တာနက်ကနေ မိမိကလေးကို သားကောင်သဖွယ် ပြုမူတာတွေ ရှိလာနိုင်တယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိသားသမီး အင်တာနက်သုံးပြီဆိုရင် ဘာတွေ အသုံးပြုသလဲဆိုတာကို မေးမြန်းသင့်လာပြီ’ဟု ဗဟန်းမြို့နယ်နေ မိဘတစ်ဦး က အကြံပြုပြောကြားခဲ့သည်။

မိဘများအနေဖြင့် မိမိတို့သားသမီးများအား အွန်လိုင်းပေါ်၌ကစားကွင်းတစ်ခုသဖွယ် စိတ်ဖျော်ဖြေကစားနေခြင်းကို စင်ကာပူရှိ ဆိုက်ဘာမီဒီယာတစ်ခုမှကလေးငယ်များအားစစ် တမ်းကောက်ယူခဲ့ရာ အဆိုပါ စစ် တမ်းအရ လူမှုရေးကွန်ရက် ဝက်ဘ်ဆိုက်ဂိမ်းများ၊ ဝက်ဘ်ဆိုက်များမှ လူစိမ်းများအား မိမိ၏ Friend အဖြစ် add  လုပ်သည့်ရာခိုင်နှုန်းမှာ ၅ရ ရာခိုင်နှုန်းထိရှိကြပြီး ယင်းမှတစ်ဆင့် ပြင်ပတွင်တွေ့ဆုံရန် ပြန်လည် ကြိုးစားခြင်းမှာ ၂၆ ရာခိုင်နှုန်း ထိ ရှိကြသည်ဟု သိရသည်။