iPhone သုံးသူများ facebook messenger ကနေ အခမဲ့ ဖုန်းခေါ်နိုင်ပြီ

kalinkJanuary 18, 20131min971

14941_397100507048155_923989552_n

 

iPhone သုံးသူများ facebook messenger ကနေ အခမဲ့ ဖုန်းခေါ်နိုင်ပြီ
————————————————————————
ဒီနေ့ပဲ ဖေ့စ်ဘုတ်ကနေ facebook messenger app ထည့်ထားတဲ့ iPhone သုံးသူများအတွက် အခမဲ့ဖုန်းခေါ်နိုင်တဲ့ စနစ် စတင်လိုက်ကြောင်း သိရပါတယ်။ လောလောဆယ် အမေရိကန်က iPhone သုံးသူများအတွက်သာ သုံးလို့ရသေးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လမှာ ကနေဒါနိုင်ငံမှာ စတင်စမ်းသပ်ခဲ့ပြီး facebook messenger မှာ အသံသွင်းပြီး မက်ဆေ့ချ်ပါ ပို့လို့ရပါတယ်။ သုံးရတာက အလွန်လွယ်ပါတယ်။ မိမိရဲ့ iPhone ထဲက facebook messenger app ကိုဖွင့်လိုက်ပြီး ဖေ့စ်ဘုတ် အွန်လိုင်းတက်နေတဲ့ သူငယ်ချင်းနာမည်တွေထဲက ဖုန်းခေါ်လိုတဲ့တယောက်ကို ရွေးလိုက်ပါ၊ iPhone ရဲ့ အပေါ်ညာဖက်ထောင့်က တွေ့ရမယ့် i သင်္ကေတ ခလုတ်လေးကို နှိပ်လိုက်ပါ။ ပြီးတဲ့နောက် Free Call ခလုတ်နှိပ်လိုက်ရင် ရပါပြီ။ တဖက်ကသူငယ်ချင်းက push နို့တစ်ကို တွေ့ရမှာဖြစ်ပြီး ဖုန်းလက်ခံလို့ရပါတယ်။ (မှတ်ချက် – facebook messenger app ကို update လုပ်ပြီး၊ iPhone setting ထဲမှာ facebook messenger app ရဲ့ notification ကို on ထားရပါမယ်။) မကြာခင်မှာ နိုင်ငံအားလုံးက iPhone သုံးသူတွေအချင်းချင်း facebook messenger ကနေ အခမဲ့ဖုန်း ခေါ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
(Ref; The Next Web, Jan 16, 2013)

အေးချမ်းမွန်မှ Myanmar1 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

One comment

  • မောင်ပေ

    January 18, 2013 at 7:23 pm

    Huawei နဲ ့ ZTE ကထုတ်တဲ့ ဆာဗာစက်မှာသုံးတဲ့ဟာအားလုံးကို တစ်ခုမကျန်လိုက်လဲနေပြီဆိုတဲ့ နာဆာ
    အချိန်မှီပါ့ဦးမလားဗျာတို ့
    ( ခရက်ဒစ် တူ ကိုဖိုးထောင် )

Leave a Reply