ဂဇက်ကွန်ဖရဲင့်စ်(၂) Mandalay Gazette Conference

အခမ်းအနားစဖို့ လူတွေနေရာယူမယ်လို့ပြင်နေတုန်း ခေါင်းပေါင်းကြီးနဲ့ တိုက်ပုံအဖြူဝတ်လို့ ရွှေတိုက်နဲ့ နင်လားငါလား ထွားကျိုင်းတဲ့ အရပ်ပိုင်ရှင် ဝင်လာပါတယ်။ အို ဂဇက်ရွာသူသားတွေကို ဒီလို ရုပ်ဖျက်လာလို့ ဘယ်ရမလဲ။ လူတိုင်းက မိုင်နိမ်းအစ်စ် ဖတ်ထားတဲ့သူတွေပဲ၊ `ဂန္ဓာရီစာအုပ်´လို့ ဝိုင်းအော်လိုက်ကြတာပေါ့။ ဆုယူမယ့်သူ ၆ယောက်မှာ တစ်ယောက်လိုနေသေးတော့ ခဏစောင့်နေတုန်း လိမ့်လိမ့်လိမ့်လိမ့်နဲ့ တောင်ကြီးနှစ်လုံးလို Fatty Cat တို့စုံတွဲ ရောက်လာပါတယ်။ အာဂနဲ့နွယ်ပင် မောင်နှစ်မ(အာဂအပြောပါ)လည်း ကရဝိက်ဖက်ကနေ ရောက်လာပါတယ်။ ဘာမှ မပတ်သက်ပါဘူးဆိုတဲ့ အိတုံနဲ့ ဒေါက်တာ AKKO ကတော့ လူရင်းတွေပီပီ အစောကြီးကတည်းက ကြိုဆို နေရာချပေးနေပါတယ်။ အဲဒီအချိန် လူတစ်အုပ်ဝင်လာတာတွေ့တော့ ဘယ်သူတွေများပါလိမ့်လို့ ဝိုင်းအကဲခတ်ကြပါတယ်။ မောင်ဝါဝါ ကတော့ သူ့အဗာတာ ပုံအတိုင်း ပြေတီဦးထက်ချောတဲ့ ရုပ်နဲ့ဆိုတော့ မှတ်မိကြပါတယ်။ ရင်နင့်အောင် … Continue reading ဂဇက်ကွန်ဖရဲင့်စ်(၂) Mandalay Gazette Conference