ဂဇက်ကွန်ဖရဲင့်စ်(၃)Mandalay Gazette Conference -ဂဇက်ဆုံစည်းပွဲမှ လက်ဆောင်များ

၂၀-၀၁-၂၀၁၃ မန္တလေးဂဇက် အဖွဲ့ဝင်များ ဆုံစည်းပွဲမှာ P.Chogyi က အမှတ်တရ ဂဇက်လိုဂို ပါတဲ့ သော့ချိတ်ကလေးတွေကို တက်ရောက်လာသူတိုင်းကို လက်ဆောင်အဖြစ်ပေးပါတယ်။ (သဂျီး အတုယူဖွယ်) ပွဲမတက်လိုက်ဖြစ်တဲ့သူတွေကို ကြွားထှာ။ စိတ်ကူးကောင်းတဲ့ ကို ပီချိုကြီး ကိုလည်း ကျေးဇူးတင်ပါတယ်ပြောရင်း မောင်အံတို့ စိန်ဗိုက်တို့ပေးနေကျဆုလေး တောင်းပေးလိုက်ပါတယ်။ ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်ပါစေ။ တက်ရောက်လာသူတိုင်းကို သစ်သီးဖျော်ရည်အအေး တစ်ခွက်စီ ကြိုက်ရာ မှာစေပြီး ဧည့်ခံရင်း မိတ်ဆက်ပွဲစလိုက်ပါတယ်။ ဂဇက်မန်ဘာတွေ တစ်ဦးချင်းမိတ်ဆက်တာကတော့ ဆြာအုပ်ရဲ့ ပို့စ်မှာ ဖတ်ကြပါ။ မိတ်ဆက်တဲ့ အချိန်မှာ ဦးကျောက်နဲ့ ဦးမိုက်တို့ တစ်ယောက်တစ်ပြန် မိုက်လုပြောနေကြတာကိုက ပျော်စရာ ဖြစ်ခဲ့ရပါတယ်။ Willie Smith (ဒီနာမည်မှန်ရဲ့လား) နဲ့ ကျော်ဟိန်းရောက်နေတယ်မှတ်ပြီး စားပွဲထိုးလေးတွေတောင် ဝိုင်းရယ်နေကြပါတယ်။ အားလုံးမိတ်ဆက်ပြီးတော့ ဆုပေးပွဲပါ။ … Continue reading ဂဇက်ကွန်ဖရဲင့်စ်(၃)Mandalay Gazette Conference -ဂဇက်ဆုံစည်းပွဲမှ လက်ဆောင်များ