ဗိုလ်ချုပ်အကြောင်း ကဗျာတစ်ပုဒ်

နတ်မောက်… မင်းဘာမှထပ်မလုပ်နဲ့ ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက ဆယ်ကမာ္ဘစာလောက်တာဝန်ကျေပြီ။ ခင်ကြည်… ညည်းယောက်ျားကိုသေချာကြည့်ထား သမီးကလေး ခမည်းပေးဖို့ ရွှေကလေးတစ်ပဲတစ်မူးတောင် အမေအိုဆီ လက်ဖြန့်တဲ့လူသား။ နိုင်ငံခေါင်းဆောင်ငမွဲကို ညည်းစိတ်ပျက်ချင်ပျက် သမိုင်းက စိတ်မပျက်စေနဲ့။ ဗိုလ်ထွန်းလှ… ခင်ဗျားဆရာကို ကြည့်ပြောဦး လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။ ဆရာတော်ဦးသောဘိတ…. ဒီတစ်ခါကြမ်းတမ်းမိလို့ ဒီကလေးကို မရိုက်ပါနဲ့ ရရင်ရ မရရင်ချ ဆိုတာ ကျွန်တော်တို့အတွက်ပါဘုရား။ ဦးဘဝင်း.. ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။ သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။ စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင် ကျွန်တော်တို့ပဲ နစ်နာကြမှာ။ ရဲဘော်ကျော်စိန်…. ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့ အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။ ဟေ့လူ…ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ.. သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့် … Continue reading ဗိုလ်ချုပ်အကြောင်း ကဗျာတစ်ပုဒ်