သဘာဝနည်းဖြင့် သည်းခြေကျောက် ကို ဖယ်ရှားနိုင်

ဘဲရႈပ္February 26, 20131min1534

( ဖြစ်နေသော မိတ်ဆွေအကိုကြီး အတွက်လည်း အလွယ်တကူ သိရှိစေချင်ပါသည် …လူသားများ အားလုံး အသက်ရာကျော် ရှည်ပါစေ )

သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖေ

ျာ်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေ ကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစား အစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။

ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။

ည ၁ဝ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင် စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံးကလေးများကို တွေ့ရမည်။ ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေ နိုင်ကြောင်း သိရသည်။Health

ပုံ/
Ko Phyu

ကျောက်တည်၍ အဆင်မပြေဖြစ်နေသူများ အဆင်ပြေစေရန် ရည်ရွယ်ပြီး Facebook မှ ကူးယူတင်ပြခြင်းဖြစ်ပါသည် ။

4 comments

  • Myo Thant

    February 27, 2013 at 10:54 am

    ကျေးဇူးပါခင်ဗျာ

  • etone

    February 27, 2013 at 12:06 pm

    ကဘဲရှုပ်ရေ
    သည်းခြေကျောက်ဆိုတာမျိုးက … တလုံးထဲ ရှိနေတဲ့ အခြေနေအတော်လေး ရှားပါးပြီး .. ဗြုတ်စိဗြုစိနဲ့ မွစိတတ်အောင် သုံးလေးလုံးလောက် အနည်းဆုံး ရှိနေတတ်တာမျိုးလို့ မှတ်သားခဲ့ဖူးပါတယ် ။အရောင်က… အဖြူညစ်ညစ်လေးတွေ ၊ ရှားစေးလိုအရောင်လေးတွေ မြင်ခဲ့ဖူးတာ တခြားအရောင်လည်း ရှိချင်ရှိမှာပါ …။ ကျောက်အသေး အကြီးပေါ်ရယ် ၊ ကျောက်ရှိတဲ့လူရဲ့ ဝေဒနာပေါ်ရယ်မူတည်ပြီး အော်ပရေးရှင်းလုပ်တဲ့ အချိန်ကို ရွေ့ဆိုင်းတာ ၊ ဘာညာ လုပ်ကြတယ်လို့လည်း သိရတယ် ။သည်းခြေ ကျောက်ပျော်ဆေးဆိုပြီး … Fame က ထုတ်ထားတဲ့ ဆေးတစ်မျိုး ဈေးကွက်ထဲမှာ တွေ့ ရပါတယ် … သောက်တဲ့ လူတွေကလည်း သောက်တော့သောက်ကြည့်နေတာပါပဲ .. ။

    လူက ကျောက်ရှိပေမယ့် ဘာမှ မခံစားရသေးလျှင်တော့ ဒီတိုင်းထားတတ်ကြပါတယ် ..အ တော်လေး မနေနိုင်တော့မှ ခွဲထုတ်တတ်ကြပါတယ် ။ ကွမ်းစားတဲ့ လူတွေမှာလည်း သည်းခြေကျောက်တည်နိုင်ခြေရှိကြောင်း သိရတယ် ။
    လွန်ခဲ့တဲ့ 2 နှစ်လောက်က ဆေးရုံကိုခဏရောက်တော့ သည်းခြေကျောက်ထုတ်ဖို့ ခွဲခန်းစရိတ်မတတ်နိုင်တဲ့ နယ်ကလာသူ လူနာတစ်ယောက်ကို အမှတ်မထင် ကူညီခွင့်ရခဲ့ဖူးတယ် … နောက်လေးငါးရက်လောက်ကြာတော့ ထပ်သွားကြည့်တော့ အခြေနေကောင်းလို့ ပြန်တောင် ဆင်းသွားပြီသိရလို့ ဝမ်းတောင်သာနေသေးတာ … ။ သည်းခြေကျောက်ခွဲတဲ့လူတွေ ခဏခဏရှိပြီး … ဗိုက်ခွဲရပေမယ့် .. ဒီလောက်ကြီး အန္တရာယ်မရှိလို့ ကြောက်စရာမလိုဘူးဆိုပဲ … ။ 🙄

  • မောင် ပေ

    February 27, 2013 at 7:42 pm

    ကျုပ်ကတော့ ကွမ်းစားသူတစ်ယောက်မို ့
    ဖိမ်း က ထုတ်တဲ့ “ယူရိုခရက်” ကို တစ်နေ ့တစ်လုံး သောက်နေပါပြီ ခင်ဗျ
    ရှဲရှဲပါ

  • ခင်ခ

    February 28, 2013 at 9:52 am

    ပိုစ့်ပါအကြောင်းအရာထဲက ပန်းသီးဆိုတဲ့အရာမှာ ပန်းသီးတိုင်းမဟုတ်ပါဘူး အခွံအနီရဲရောင်ရှိတဲ့ ပန်းသီးဖြစ်ရန်လိုပြီး စားတဲ့အခါ အဲဒီပန်းသီးအခွံပါစားရမှာပါ ထိုအနီရဲပန်းသီးခွံကမှ အကျိုးအာနိသင်ဖြစ်ကြောင်း လေ့လာမှု့အရသိရပါတယ်။

    သဲခြေနဲ့ ကျောက်ကပ်တွေမှာ ကျောက်တည်ခြင်းတွင် ကျောက်အမျိုးအစား ၃ မျိုးရှိပါတယ်
    ၁။ ကောရက်စတောဆိုတဲ့ အဆီကြောင့်ဖြစ်တဲ့ ကျောက်အမျိုးအစားရယ်
    ၂။ ကယ်ဆီယမ်ဆိုတဲ့ ကျောက်အမျိုးအစားရယ်
    ၃။ အခြားဒပ်သဘာဝတွေရောပြီးဖြစ်တဲ့ ရောထွေးကျောက်အမျိုးအစားရယ်ပါ။
    တစ်ချို့ကျောက်တွေဟာ စားဆေးဖြင့်ပျောြ်ခင်း ကွဲခြင်း ဖြစ်ပေမယ့် ကျောက်တည်မှု့ဟာ ကျစ်လစ်တဲ့ သဘောတည်နေတဲ့ကျောက်တွေကတော့ စားဆေးဖြင့် ပျော်ဝင်ပျောက်ဖို့ ခက်ခဲတတ်ပါတယ် ဆိုတာလေးတော့ သတိထားပေးပါ။ လူတစ်ဦးနဲ့တစ်ဦး တည်ပုံခြင်းကွဲတတ်လို့ပါ။
    အဲဒီမှာ အဆီကျောက်နဲ့ ကယ်ဆီယမ်းကျောက် အမျိုးအစားတွေကို စားဆေးတွေက ပျော်စေ တာတွေ့ရပါတယ်။

    သဲခြေကျောက်ကို ဗိုက်ခွဲပြီးထုတ်တဲ့နည်းအပြင် လက်စကိုပီ ခေါ်တဲ့ ဗိုက်မှာ အပ်ပေါက်သာသာ ၃ ပေါက်လောက်ဘဲဖောက်ပြီး မှန်ဘီလူးကရိယာထဲ့လို့ သဲခြေဖြတ်ထုတ်တဲ့နည်းတွေ လည်း ဆေးပညာမှာ ပေါ်နေပါပြီ၊ မြန်မာပြည်မှာ လုပ်လို့ရပါတယ်၊ အဲဒီအကျိုုးကတော့ ဆေးရုံကို ၃ ရက်လောက်တက်ကုပြီးရင် သာမာန်လူလို သွားလာလုပ်လို့ရတဲ့အပြင် ဗိုက်ခွဲထားသလိုမျိုး မခံစားရဘဲ ၃ လကျော်ရင် သာမန်လူကောင်းတစ်ဦးလို အားလုံးလုပ်ရတာပါဘဲ၊ ဆိုလိုတာက ဗိုက်ခွဲထားသူဟာ အလေးအပင်မ မရတာတို့ ဗိုက်မှာ ချုပ်ရိုးရာ ရှိနေတာတို့က ကင်းတယ်ပေါ့ဗျာ။ ခုန ဗိုက်ဖောက်တဲ့ ၃ ပေါက်က အပ်ပေါက်လေးလောက်သာ အမာရွတ်ဖြစ်တာလေ။

    သဲခြေကျောက်ဟာ သဲခြေထဲမှာ အနည်ထိုင်ပြီးရှိနေသမျှ လူကိုအန္ဓရာယ်မပြုပါဘူး၊ သဲခြေပြွန်ဝမှာ ကျောက်မထွက်နိုင်ဘဲ ပိတ်ပြီးတော့ သဲခြေရည် မထွက်နိုင်မလည်ပတ်နိုင်တော့မှ အထဲကသဲခြေရည် တဖြေးဖြေးပုပ်လာရင်သာ စိုးရိမ်ရတာပါ အဲလိုသဲခြေရည် ကျောက်ပိတ်ပြီးပုပ်လာပြီဆိုရင်တော့ သဲခြေအိတ်မပေါက်မှီ ဆေးရုံပြေး ခွဲစိတ်ပေတော့ သဲခြေပုပ်ရည် ပေါက်ရင် အူအတတ်ပေါက်သကဲ့သို့ အသက်ကိုစိုးရိမ်ရပါတယ်။

    အဲဒီတော့ ပိုစ့်ပါအတိုင်း စားသောက်နေလို့ ချောချူစွာ သဲခြေကျောက် သဲခြေထဲကထွက်ပြီး မစင်နဲ့အတူ ဝမ်းကထွက်သွားရင် ကိစ္စမရှိပေမယ့်၊ ကျောက်အရွယ်ကြီးပြီး အခန့်မသင့်လို့ သဲခြေအိတ်ပြွန်ဝမှာ ပိတ်ဆို့သွားပြီးဆိုရင်တော့ဖြင့်…… တွေးဆကြည့်ပါ။

    အဲဒါလေး သိရသမျှ ဗဟုသုတကို ဝေမျှပါရစေလို့။

    ကျန်းမာရေးပညာလေးမျှဝေတင်ပေးတဲ့ ဘဲရှုပ်ရေ ကျေးဇူးဗျာ။

Leave a Reply