မီးပျက်ချင်း၏အကျိုးကျေးဇူးအချက်{၂၀}

cobraJuly 21, 20101min682

မီးပျက်ချင်း၏အကျိုးကျေးဇူးအချ

က်{၂၀}

၁။ကလေးများကိုပျော်ရွှင်စေခြင်း
(သတိထားပြီးကြည့်ပါညဖက်မီးလာပြီဆိုရငကလေးတွေတဟေးဟေးနဲ့အော်တာကိုသူငယ်ချင်းတို့မြင်ဖူးပါလိမ့်မယ်။
မီးလာမှန်တဲ့နိုင်ငံက ကလေးတွေဆိုရင်ဒီလိုပျော်ရွှင်မူ့မျိုးကိုရမှာမဟုတ်ပါဘူး)

၂။သဘာဝဘေးအန္တရယ်များဖြစ်ပေါ်လာလျှင်ဓါတ်လိုက်၍မသေဆုံးနိုင်ခြင်း

၃။ဖယောင်းတိုင်လုပ်ငန်းရှင်များအကျိုးစည်းပွားဖြစ်ထွန်းခြင်း

၄။ပြည်ပမှအထူးသဖြင့်တရုပ်ပြည်မှကုန်သည်များကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း(မီးချစ်၊ဓါတ်မီး)

၅။စတိုးဆိုင်ပိုင်ရှင်များကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။.

၆။မီးစက်မီးပေးသောသူများကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။
(တချို့သိချင်မှသိပါလိမ့်မယ။်မီးစက်မီးပေးတယ်ဆိုတာမီးချောင်းတချောင်းကို၁၀၀၊၁၅ဝနုန်းနဲ့အိမ်တွေကိုမီးရောင်းတာကိုပြောတာပါ)

၇။လက်ဖက်ရည်ဆိုင်များရောင်းအားကောင်းလာခြင်း

၈။ကျောင်းသားကျောင်းသူများစာတော်စေနှိုင်ချင်း(ဟုတ်တယ်လေမီးမလာတော့TVမကြည့်ပဲစာကြည့်ရတာကို)

၉။မီးစက်နှင့်အပိုပစ္စည်းအရောင်းဆိုင်များပြုပြင်သူများဝင်ငွေဖြောင့်စေခြင်း။

၁၀။စက်သုံးဆီအရောင်းဆိုင်များ၊စက်သုံးဆီမှောင်ခိုရောင်းသူများအားအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။

၁၁။လျှပ်စစ်ဝန်ထမ်းများအားတာဝန်မှသက်သာစေခြင်း။

၁၂။စက်ရုံအလုပ်ရုံမှဝန်ထမ်းများတခါတရံအလုပ်ပင်ပန်းမှုလျော့ကျစေခြင်း။(မီးလည်းမလာမီးစက်လည်းပျက်တဲ့အခါမှာပေါ့)

၁၃။ဗီစီဒီအခွေငှားဆိုင်များဝင်ငွေတိုးစေခြင်း။(ဒီလိုပါ၊အခွေငှားပြီးမီးပျက်နေလို့၂ရက်ခရတာကိုဆိုလိုတာပါ)

၁၄။အင်ဗာတာအသုံးပြုများသည့်အတွက်batteryအရောင်းဆိုင်များအင်ဗာတာအရောင်းဆိုင်များအရောင်းအဝယ်ကောင်းစေခြင်း။

၁၅။လျှပ်စစ်ပစ္စည်းပြုပြင်ရေးservic centerများဝင်ငွေကောင်းစေခြင်း။

၁၆။ထင်းမီးသွေးအရောင်းဆိုင်များရောင်းအားကောင်းလာခြင်း။

၁၇။ထမင်းဆိုင်များ၊စားသောက်ဆိုင်များများရောင်းအားကောင်းလာခြင်း။

၁၈။နွေအခါယက်တောင်ထုတ်လုပ်သူများအရောင်းအဝယ်ကောင်းစေခြင်း။

၁၉။ကလေးသူငယ်များအားကျန်းမာကြံခိုင်စေခြင်း။
(မီးမလာတော့TVတို့Gameတို့မဆော့ရပဲဘောလုံးကန်တာတို့ကြက်တောင်ရိုက်တာတို့ပဲဆော့ရလို့ပါ)

၂၀။တရားအားထုတ်သောလူကြီးသူမများကိုစိတ်တည်ငြိမ်မှု့ရရှိစေခြင်း။
(မလာတော့ဘေးပတ်ဝန်းကျင်ကတီဗီသံကက်ဆက်သံတို့မဆူတော့လို့ပါ)

ဟဲဟဲတကယ်တော့မီးမလာရင်ငါလည်းမနေတတ်တာတော့အမှန်ပါပဲ
တခုတော့ရှိတယ်တို့ဗမာတွေသတ္တိကအနောက်နိုင်ငံကြီးတွေထက်သာပါတယ်။
တချိုကနိုင်ငံကလူတွေကမီးပျက်ရင်အထိတ်တလန့်အော်တာကိုရုပ်ရှင်ကားတချို့မှာတွေဖူးတယ်။
တို့နိုင်ငံမှမီးပျက်ရင်ကလေးတောင်မအော်ဘူးလေဒါ့ကြောင့်ဗမာတွေသတ္တိရှိတယ်လို့ပြောတာပေါ့။
မီးပျက်တာနဲ့ပက်သက်လို့ကဗျာစပ်ထားတာလေးလည်းရှိသေးတယ်။
ဘဝ
ဖုန်ထူနေပူ၊ကြွေးကထူသည်
မီးကလည်းပျက်၊
ရေလည်းငတ်၍
ဖုန်းဘေကတတ်
ငွေရှာခက်လျှက်
လိုင်းကားကကြပ်
လမ်းကပျက်ပြီး
ချစ်သူကမုန်း
ဖဲကရှုံးနှင့်
သုံးစားမရတဲ့ဘဝပါလားနော်။

2 comments

  • Yin Nyine Nway

    July 21, 2010 at 11:08 am

    ကြည့်ရပုံ ဖယောင်းတိုင် မားကပ်တင်း ဆင်းနေတာထင်တယ်..ဟီး
    လုပ်နဲက ပူတယ်
    မီးမလာရင်

  • HayMonChan

    September 21, 2010 at 5:53 pm

    ဟီးဟီး ကောင်းတယ်

Leave a Reply