မိတ်ဆွေရေ…

manawphyulayJuly 23, 20101min1026

ဘဝဆိုတာ ဘာလဲ။ ဘာကို ဘဝလို့ခေါ်နေကြတာလဲ။ လူတွေက ပြောကြတယ် ဘဝဆိုတာ ဒီလိုပါပဲတဲ့။ ဘာကိုဆိုလိုကြတာလဲ။ အင်း စဉ်းစားကြည့်မယ်ဆိုရင် ဘနဲ့ ဝနဲ့ ပေါင်းထားတားကို ဘဝလို့ ခေါ်တာလား။ တစ်မျိုးကြီးဘဲနော်။ ဒါဆိုရင်တော့ ကျွန်မကကော ဘယ်လိုလဲ။ ခု ဘယ်နေရာရောက်နေပြီလဲ။ စဉ်းစားဖို့လိုလာပြီပေါ့နော်။ ကျွန်မ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေအားလုံးဟာ တော်တယ်လို့ ကျွန်မ ခံစားမိတယ်။ ဘာကြောင့် တော်ကြတာလဲ။ အဖြေက ရှင်းရှင်းလေးဘဲ ကြိုးစားလို့ တော်တာပေါ့ ဟုတ်ဘူးလား။ တစ်ခါတလေ ကျွန်မ စဉ်းစားမိတယ်။ ငါ နောက်ရောက်နေပြီလား။ ဘာလုပ်သင့်သလဲ။ သူတို့တော်သလို ငါကော မဖြစ်နိုင်ဘူးလား။ သူများတော်တာကို ငါ ထိုင်ကြည့်နေမယ်ဆိုရင်ရော ငါ့ဘဝကြီးက တိုးတက် လာမလား။ လူတိုင်းက သေမျိုးကြီးဘဲလေ။ ဒါကိုတော့ ကျွန်မ လက်ခံထားပါတယ်။ ဒါပေမဲ့ မသေခင်ကြားထဲမှာ ဘယ်လိုနေထိုင်မှာလဲ။ စဉ်းစားနေစရာတောင် မလိုတော့ဘူး ထင်တယ်။ အချိန်တွေက အကုန်မြန်လို့လေ။ လက်ရှိရောက်နေတဲ့ နေရာကနေ ရှေ့ကို ဆက်ကြိုးစားရမှာပေါ့။ ကျွန်မလေ တစ်ခါတလေကြရင် အချိန်အကုန်ခံပြီး ရူးကြောင်ကြောင် အတွေးတွေ လျှောက်တွေးနေမိတယ်လေ…

6 comments

  • fatty

    July 23, 2010 at 11:58 am

    အဲဒီလိုအတွေးတွေဝင်နေမယ်ဆိုတာသေချာတာပေါ့ ………

    အဓိက က ဆွေးနွေးပေးမဲ့သူ လိုနေတာပါ။

  • manawphyulay

    July 23, 2010 at 1:04 pm

    ဟုတ်ကဲ့ ဆွေးနွေးပေးလေ ဒါဆိုရင် …..

  • fatty

    July 23, 2010 at 2:33 pm

    ဟုတ်ကဲ့ပါ …..ဆွေးနွေးပါမယ်။ ….အချိန်နဲနဲပေးပါ။ post သပ်သပ်တင်တာကောင်းမယ်ထင်ပါတယ်၊ ဒီအတိုင်းဆို …တရက်လုံးလုံးကြာလိမ့်မယ်။

    hand writing ….scan ….is better, I think.

  • Thiri

    July 23, 2010 at 3:14 pm

    ဘဝဆိုတာ မရိုးနိုင်တဲ့ သင်ခန်းစာတွေနဲ့ ပြည့်နှက်နေတဲ့ ကျောင်းတော်ကြီးတစ်ခုလိုပါပဲ၊ လေ့လာစရာတွေ မကုန်နိုင်ပါဘူး .. သူများတွေလို တော်တဲ့လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားမယ်ဆိုရင် ချက်ခြင်းသာ အကောင်အထည်ဖော်လိုက်ပါ .. ကြိုးစားချင်စိတ် ရှိတဲ့လူအတွက်ကတော့ အချိန်မနှောင်းပါဘူး .. အားပေးပါတယ် သူငယ်ချင်း ..

  • fatty

    July 23, 2010 at 3:34 pm

    အဲ..Thiri ဆွေးနွေးသွားပြီဘဲ……
    ….But the purpose of being life is just to become the top !

  • fatty

    July 24, 2010 at 5:00 am

    I discussed this post and made a new post …….

    thanks.

Leave a Reply