သီတဂူသုမေဓာ ဆေးရုံဖွင့်ပွဲ ဖိတ်ကြားလွှာ

မနှစ်က (၁၊ ၅၊ ၂၀၁၂)  မေဒေးနေ့မှာ ရွာသူားတွေ စုပေါင်းပြီး ကို်ယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြတဲ့ သီတဂူသုမေဓာဆေးရုံ (အစုကြီးကျေးရွာ) ကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ ဘာလိုလိုနဲ့ တစ်နှစ်နီးပါးတောင် ကြာခဲ့ပါပြီ။ ကျေးလက်လူထုကျန်းမာရေးအတွက် အကျိုးပြုဖို့ အားယူနေတဲ့ တည်ဆောက်ဆဲ ဆေးရုံလေးကို လူအင်အားအများကြီးလိုက်ပါပြီး  လှူဒါန်းပံ့ပိုးပေးခဲ့မှုကို ဦးဆောင်သူ ဆရာတော်နဲ့ ရွာခံများက လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြောင်းနဲ့ ဖွင့်ပွဲကျရင် လာကြစေချင်ကြောင်း ပြောပြကြပါတယ်။ လွန်ခဲ့တဲ့ ၂လလောက်ကတည်းက ဆေးရုံဖွင့်ပွဲအကြိုအနေနဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သွားကျန်းမာရေး၊၊ မျက်စေ့ဆေးခန်းနဲ့ အထွေထွေရောဂါကုသမှုတွေကိုတတ်နိုင်သလောက် ဆောင်ရွက်နေကြပါတယ်။ တရားဝင်ဆေးရုံဖွင့်ပွဲကို ၂၃ ၊၄၊ ၂၀၁၃ အင်္ဂ ါနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆေးရုံဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဖွင့်ပွဲနေ့မှာပဲ ဆေးဝါးကုသမှုတွေပြုလုပ်ပေးမှာဖြစ်ပါတယ်။ မျက်စေ့ခွဲစိတ်ကုသပေးမှာဖြစ်လို့ ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ မျက်စေ့ဝေဒနာရှင်များအနေနဲ့ အခုကတည်းက … Continue reading သီတဂူသုမေဓာ ဆေးရုံဖွင့်ပွဲ ဖိတ်ကြားလွှာ