အမြင်

same kyawJune 15, 20131min604

 ကျမ ကို ကြီးကြီးကျယ်ကျယ်ပြော တယ်လို့တော့ မထင်စေချင်ပါ။အမြင်ကို ပြောတာပါ။မတူခွဲပြားနို်င်ပါတယ်။

အမေရိကန် ကတရားမဝင် ၁ဝသန်းကို  တရားဝင်န်ုိင်ငံသားပေးတော့မယ်တဲ့ ။  ဒါပေမဲ့ နိုင်ငံတနို်င်ငံ နဲ့ တနို်င်ငံမတူနို်င်ပါဘူး။အထူးသဖြင့် မြန်မာနို်င်ငံ ဟာ အင်အားကြီးတဲ့ အိန္ဒိယနဲ့ တရုတ်ကြားမှာ တည်ရှိတာရယ် နယ်မြေနဲ့ လူဦးရေ မင်္ညီမျှဘဲ လူဦးရေ ပေါက်ကွဲထွက်နေတဲ့ ဘင်္ဂလားလို နို်င်ငံတွေ ခြားထဲမှာ ရှိတဲ့ မြန်မာဟာ ပို အန္ဒာရာယ်များပါတယ်။ မြန်မာနို်င်ငံမှာ တကယ်ဆို တရားမဝင်ခိုးဝင်သူတွေ ၁ဝသန်းမက အထက်မှာ ရှိနေတယ်။ခုလောလောဆယ် မြန်မာပြည်ကို မလေးရှားလို အော်ပရာစီဝင်စစ် ကြည့် ပါ ထောင်တွေ ဆန့်မယ်မထင်ဘူး။

ခုဆို နေရာအနှံ့ မှာ မြန်မာစကားမပြောတတ်တဲ့ တရုတ် ဘင်္ဂလီတွေ နေရာအနှံ့တွေ့နိုင်တယ်။လူကြီးတွေ ရှက်တတ်ရင်ရှက်ဖို့ပါ။သူတို့ကို မစစ်နို်င်အောင်ဘာတွေ ချစားထားလို့လဲ။ဒါဥပဒေမဲ့နေတာတွေ့နို်င်ပါတယ်။န်ုိင်ငံတခုတိုးတက်ဖို့ ရာစံနစ် ကအဓိက မကျပါဘူး။လူတွေ နဲ့ စီမံခန့်ခွဲသူတွေ အဓီကပါ။တရုတ်၊စကာင်္ပူ ကဒီမိုကရေစီမဟုတ်သော်လည်းတိုးတက်တယ်။မြန်မာန်ုိင်ငံမှာ အဓိက တရားဥပဒေလည်း ဇီးရိုးပါဘဲ။

မြန်မာနိုင်ငံမှာ သံယဇာတတွေ ပေါလိုက်တာ။ဒါကို အစိုးရ ကစီမံခန့်ခွဲမှု့ ညံဖျင်းတာရယ်၊ဆင်းရဲတဲ့သူတွေ တက်ပြီးတိုင်းပြည်ကို ကိုင်တွယ်တော့ သူတို့ အတွက်ယူလို့မပြီးတော့ဘူး။တိုင်းပြည်ရဲ့ စီမံခန့်ခွဲမှု့ကိုအောက်ခြေအထိမပေးဘူး။တခုခုဆို နေပြည်တော်အမိန့်စောင့်နေရတယ်။ဒါမျိုးလုံးဝမဖြစ်သင့်ဘူး။ဥပမာ

မိတ္ထီလာ အရေးကို ကြည့်ပါ။နေပြည်တော်က အမိန့်ကို စောင့်နေတာ နဲ့ ကြားထဲမှာ ပြည်သူတွေ အများကြီးဆုံးရှုံး သွားတယ်။မဖြစ်သင့်တာတွေဖြစ်တယ်။ရဲတွေ ဆို ငုတ်တုတ်မေ့နေတယ်။အမိန့် ကိုစောင့်နေတာလေ။

သူ့တိုင်းနဲ့ ပြည်နယ် အလိုက်လုပ်ပိုင်ခွင့်ဆိုတာ ချထားပေးရမယ်။ခုတော့ အာလုံးနေပြည်တော် ကချူပ်ကိုင်ထားတာ သက်ဦးဆံပိုင်စံနစ်နဲ့ဘာမှ မထူးဘူး။

အဓိက ၁။တရားဥပဒေမစိုးမိုးနို်င်တာ၊၂။လူတွေ ချစားကြတယ်(ထိပ်ကနေ အောက်ထိ)၊၃။စီမံခန့်ခွဲမှု့ လုံးဝမကောင်းဘူး။စီမံခန့်ခွဲမှု့အားလုံး အောက်ခြေ ကိုမပေးဘဲ နေပြည်တော် ကချူပ်ကိုင်ထားတယ်။၄။လူတွေ စည်းကမ်းလုံးဝမရှိဘူး။၅။တခြားနို်င်ငံတွေ လို မြန်မာနို်င်ငံတော် ကဝန်ထမ်းတွေ အတွက် အနာဂတ်အတွက် လှုံခြုံမှု့ လုပ် မပေးထားဘူး။ပြည်သူအတွက် ဘာမှ မစဉ်းစားပေးဘူး(ခုချိန်ထိ လယ်သမားတွေ ဆီ က လယ်တွေ ကိုသိမ်းယူနေတုန်း)

စီမံ ခန့်ခွဲသူတွေ က နှစ်ပေါင်းများစွာ ဒီလူတွေဘဲ။

4 comments

  • kyaw hteik

    June 15, 2013 at 11:02 pm

    သ​ဘောတူ​ကြောင်​းအသိ​ပေးသွားပါတယ်​။

  • မင်းမင်း

    June 16, 2013 at 8:28 am

    ဖတ်သွားပါတယ်။

    ကြိုက်ပါတယ်။

    ဒါပေမဲ့ အဓိက ဆိုတာက ၅ ချက်တော့

    မကဘူးထင်တယ်။

    မြန်မာမှာ များတာက

    ပြည်ပအကြွေးနဲ့

    တိုင်းပြည်အတွက်လုပ်ပေးဖို့ကျန်တဲ့ အလုပ်ကြွေး။

  • Reign

    July 15, 2013 at 3:33 pm

    Generally good, but a guesstimate like there are more than 10 million illegal immigrants in Myanmar should be made carefully at least with some good supporting statistics. 10 million is not a small amount and even the population of Myanmar is roughly between 58 to 60 million as per UN statistics and other sources.Lack of rule orf law and mis-management are obvious and corruption is also terribly prevalence not to mention social security coverage and previlegdes for government servants.

Leave a Reply