ဂူဂဲလ်လှိုင်းစီးကြရအောင်

manawphyulayJuly 29, 20101min380

Google Wave ဟူသော စကားလုံးက အင်တာနက်သုံးသူများအတွက် အတွေးမှားဖွယ်ဖြစ်ပါတယ်။ ဒါပေမယ့် Google Wave ရဲ့
ရည်ရွယ်ချက်နဲ့ အနှစ်သာရက ရိုးရှင်းပါတယ်။ သင့်ရဲ့ကိုယ်ရေးဖိုင်ကို သိမ်းခွင့်ပြုတယ်။ အခြားသူများသို့ ဝေငှဖြန့်ချိနိုင်တယ်။ ဆွေးနွေးနိုင်တယ်။

စကားတွေပြောနိုင်တယ်။ ဒီအတွက် user တွေ အများကြီး သုံးနိုင်ဖို့ စီစဉ်ထားပါတယ်။ ၎င်းတို့ရဲ့ document တွေကို media editor သုံးပြီး

ပူးပေါင်းလုပ်ဆောင်ပေးပါတယ်။ ပုံတွေ၊ ဗီဒီယိုတွေအပါအဝင်ဖြစ်ပါတယ်။ မည်သည့်ဆက်သွယ်မှုမျိုးကိုမဆို wave ရဲ့ document

အစိတ်အပိုင်းနဲ့ စကားပြောဆိုဆွေးနွေးဖို့ Google က ဖန်တီးတည်ဆောက်ထားပါတယ်။
Google Wave က လက်ရှိအားဖြင့် beta အဆင့်သာရှိပါသေးတယ်။ စမ်းသပ်သုံးဖို့ သီးခြါးဖိတ်ခေါ်သုံးသူများအတွက်သာ ဖြစ်ပါတယ်။

ဒါကြောင့် Internet Explorer နဲ့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် wave.google.com သို့ ဝင်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။ အခု

Google ကိုသုံးဖို့ အမြည်းလေးတွေ ရေးပေးလိုက်ပါတယ်။
(၁) လက်ရှိအားဖြင့် Google Wave ကို သုံးဖို့ ကန့်သတ်ချက်တွေ ရှိနေပါဦးမယ်။ ဒါကလည်း IE ကဲ့သို့ web browser တွေနဲ့ အပြည့်အဝ

မသုံးနိုင်သေးလို့ပါ။ Google Wave ကို Safari, Firefox, Google chrome တို့နဲ့ တွဲဖက်သုံးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ သင့်အနေနဲ့ IE နဲ့ပဲ

သုံးချင်တယ်ဆိုရင် Google Chrome Frame plugin (code.google.com/chrome) ကို အရင်တင်ရပါတယ်။ ၎င်းသည် IE ရဲ့

လုပ်ဆောင်ပုံကို အစားထိုးသွားမှာပါ။ အဲဒီ Browser မှာ အမှန်မပေါ်ခဲ့ရင်တော့ သီးခံရပါလိမ့်မယ်။
(၂) Google Wave ကို စဖွင့်တာနဲ့ ဘာမှ အဆက်အသွယ် မရှိသေးတဲ့အတွက် သင့်အတွက် box မှာ ရှင်းနေပါလိမ့်မယ်။ သင့်အနေနဲ့

ဖိတ်ခေါ်သူတစ်ဦးဦးထံ ဆက်သွယ်လိုက်ပါ။ တည်ဆောက်ထားပြီးတဲ့ wave စာရင်းပေါ်လာပါလိမ့်မယ်။ သင့်ထံကနေ အခြားသူများထံ

ပို့လွှတ်ရမယ့်စာရင်းလည်း အလယ်ကွက်မှ ရှိနေပါမယ်။ Wave တစ်ခုချင်းကို ကလစ်လုပ်ပြီး ညာဘက်အကွက်မှာ ကြိုတင် (preview)

ကြည့်နိုင်ပါတယ်။ ဘယ်ဘက်အကွက်(pane) ထဲက menu မှာ Navigation bar ရှိပါတယ်။ ၎င်းသည် ပါဝင်အသုံးပြုကြတဲ့ waves

အားလုံးရဲ့နေရာနဲ့ ထိန်းသိမ်းစီမံဖို့ရာ သင့်ကို ကူညီမှာပါ။ တစ်နည်းအားဖြင့် အဆက်အသွယ်ပြုဖို့ရာ နေရာလည်း ဖြစ်ပါတယ်။
(၃) လက်ရှိ beta-testing အဆင့်မှာ အသုံးပြုသူ အရေအတွက်ကို ကန့်သတ်ထားပါတယ်။ သင့်အနေနဲ့ စမ်းသပ်ချင်ရင် screen

အောက်ခြေက plus(+) ခလုတ်ကို ကလစ်လုပ်ပြီး သင့်အမည်နဲ့ အီးမေလ်းလိပ်စာကို ရိုက်ထည့်ပါ။ Wave account တစ်ခုရရှိမှာဖြစ်ပြီး ၎င်းကို

စာရင်းမှာ ပြပေးထားပါလိမ့်မယ်။ နောက် Manage Contacts ကို ကလစ်လုပ်ပြီး My Contacts list မှာ သင် ဆက်သွယ်ပူးပေါင်းလိုတဲ့

ပုဂ္ဂိုလ်များကို ပေါင်းထည့်ပေးပါ။ သူတို့လည်း wave ဖိတ်ခေါ်စာရင်းမှာ သင့်ကို တွေ့ပါလိမ့်မယ်။ Wave တိုင်းမှာ text, images, video, audio

စသည် ဖိုင်များ ပါဝင်နိုင်ပါတယ်။ အခြေခံ format option များကိုလည်း ရနိုင်ပါတယ်။
(၄) Wave တစ်ခု တည်ဆောက်ရန် အလယ် Inbox ထဲက New Wave ခလုတ်ကို ကလစ်လုပ်ပါ။ Rich media editor က သင့် messages

တွေ ရိုက်ထည့်နိုင်အောင် ဗီဒီယို၊ အသံဖိုင်၊ ပုံတွေနဲ့ gadgets အမျိုးမျိုး ထည့်နိုင်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ Editor ပေါ်က Actions

bar  ထဲမှာ ရှိတဲ့ icons အမျိုးမျိုးကို အသုံးပြုပြီး format တွေ ရနိုင်ပါတယ်။ ပုံ၊ ဗီဒီယို သို့မဟုတ် အသံဖိုင်တစ်ခုခုကို ထည့်ဖို့ရာ ပူးတွဲပါ  icon

ကို ကလစ်လုပ်ပါ။ သင်္ကေတအားဖြင့် စာရွက်ညှပ်တဲ့ paper clip ပုံ icon ဖြစ်ပါတယ်။ ဖိုင်ကို သင့် wave ထဲသို့ drag-and drop နည်းနဲ့

ထည့်လိုက်ရုံသာ ဖြစ်ပါတယ်။ ဒါဆိုရင် သင်ရဲ့ wave ကို ဖလှယ်ဖို့၊ share လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ Done ခလုတ်ကို ကလစ်လုပ်လိုက်ပါ။
(၅) Wave သည် တစ်နေရာ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးထံသို့ ဖလှယ်ပေးပို့နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါတယ်။ ဒီတော့ လုပ်ငန်းစဉ်မှာ

ပါဝင်မယ့်သူများ စာရင်းလိုအပ်ပါမယ်။ Add participants(link) အထက်က အပေါင်းလက္ခဏာ(plus buttom) ခလုတ်ကို ကလစ်လုပ်ပါ။

ထို့နောက် သင့်နဲ့ message များကို ဖလှယ်အသုံးပြုမယ့် user များ သို့မဟုတ် အုပ်စုကို ရွေးချယ်ပါ။ သင်သည် message ကို ရိုက်နေစဉ်မှာပဲ

သင် ရွေးချယ်ထားသူတို့ရဲ့ inbox မှာ message ရှိကြောင်း ပြပါလိမ့်မယ်။ ပြီးတာနဲ့ သူတို့ ဖွင့်ကြည့်နိုင်ပါပြီ။
Wave တွင် wavelet သို့မဟုတ် blips ဆိုပြီး ထပ်မံခွဲထားနိုင်ပါတယ်။
(၆) သင့်အနေနဲ့ wave များကို လမ်းညွှန်ဖို့ရာ ဘယ်ဘက် menu ထဲက ALL ကို ကလစ်လုပ်ပါ။ သင့်ကိုယ်ပိုင် wave အတွက် By Me ကို

ရွေးချယ်ပါ။ သို့မဟုတ် Navigation menu ရဲ့ အောက်ခြေက search function ကို အသုံးပြုပါ။ Wave တိုင်းရဲ့ ထိပ်ဖက်မှာ Play back

ခလုတ်တစ်ခုရှိပါတယ်။
အချို့သော စိတ်ကြိုက်လုပ်ဆောင်ချက်များအတွက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ Beta version မှာ မပါသေးပါ။ ဒါပေမယ့် waves ထဲသို့

plug-in နဲ့ ထည့်လိုက်ရုံသာ ဖြစ်ပါတယ်။

ref: computer journal