ဝနယ်မှာ အခြားပါတီများ လာရောက်စည်းရုံးခွင့် ပိတ်ပင်ထား

nyanayJuly 30, 20101min590

ဝ ပြည်သွေးစည်းညီညွတ်ရေး နယ်မြေအတွင်း ရွေးကောက်ပွဲအတွက် တခြားပါတီများ လာရောက် စည်းရုံးခွင့် ပိတ်ပင်ထားတယ်လို့ ဝ ထိပ်ပိုင်းအရာရှိတဦးက RFA ကိုပြောပါတယ်။ လွန်ခဲ့တဲ့လအတွင်းက ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီအတွင်း ဦးထွန်းလူ ခေါင်းဆောင်တဲ့ ဝ ဒီမိုကရက်တစ် ပါတီနဲ့ ဦးဇီးလစ်စံ ဦးဆောင်တဲ့ ဝ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီတို့ ရွေးကောက်ပွဲ အတွက် ဝ နယ်မြေအတွင်း စည်းရုံးရေး ဆင်းဖ ို့ လာရောက်ခွင့် တောင်းခံတာကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။

ဝ အရာရှိအဆိုအရ စစ်အစိုးရ ကြေငြာထားတဲ့ ရွေးကောက်ပွဲကို ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီက လက်ခံတယ်လို့ စစ်အစိုးရကို ပြောဆိုထားပေမဲ့ လတ်တလော မိမိတို့နယ်မြေအတွင်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာလှုပ်ရှား ဆောင်ရွက်မှုမှ မရှိသေးဘူးလို့ ဆိုပါတယ်။

အလားတူ စစ်အစိုးရက နယ်ခြားစောင့်တပ်များ အသွင်ပြောင်းရေးကိစ္စ ပြောဆိုထားတာကို လက်ခံခြင်း မရှိသေးသလို ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီကို ပြန်လည် မှတ်ပုံတင်ဖို့ ပြောဆိုခဲ့တာကိုလည်း ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ အနေနဲ့ လက်ခံခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ဝ အရာရှိရဲ့ အဆိုအရ ဝ ပြည်မှာ လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်ကစပြီး UWSA ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီဆိုတာ အခိုင်အမာရှိပြီး စစ်အစိုးရ အနေနဲ့ အသိအမှတ်ပြုပြု မပြုပြု သူတို့အနေနဲ့ ဂရုစိုက်ခြင်းမရှိဘူးလို့ ပြောဆိုပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁ရ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း ပန်လုံမြို့နယ် အတွင်း ဝ တပ်နဲ့ စစ်အစိုးရတပ်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဝ အောက်ခြေတပ်များကို မိမိတို့ စခန်းများနဲ့ ကိုက် ၅ဝ အကွာကို ခွင့်ပြုချက်မရပဲ ဝင်ရောက်လာသူများကို ပစ်မိန့် ပေးထားတယ်လို့ ပြောဆိုပါတယ်။

Copy from_ voa news

Posted by PNSjapan at 6:51 AM