ကျွန်ုတို့ဘာလဲ၊ ဘယ်လဲ (အပိုင်း-၁) (Who are we and whither should we go?)

asiamastersJuly 2, 20131min26915

ကျွန်ုပ်တို့လို့ဆိုလိုက်တာက Demographic segmentation အရဆိုရင်တော့ ၁၉၄ဝ ခုှနှစ်က နေ ၁၉၇ဝ ခုနှစ်လောက်အတွင်း မြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့ မြ န် မာ လူမျိုးတွေကို ဆိုလိုပါတယ်။ ဘာဖြစ်လို့ဒီလိုပိုင်းခြားလေ့လာကြည့်လဲဆိုရင် လူသားတွေမှာက သက်တမ်းရှိတယ်။ ဒီသက်တမ်းအထဲရှင်သန်နေချိန် ခွန်အားတွေ၊ မှတ်ဉာဏ်တွေ၊ ထိုးထွင်းသိမြင်မှုတွေ မဆုတ်ယုတ်သွားတဲ့ အချိန်မှာပဲ အကောင်းဆုံးအလုပ်တွေကို လုပ်ကိုင်နိုင်ပါတယ်။ ၁၉၄ဝ ခုှနှစ်မှာမွေးဖွားခဲ့သူတစ်ဦးဟာ ဒီနေ့မှာ အသက် (၇၃) နှစ်ရှိပါပြီ။ ဒါဟာလူသားတစ်ဦး ရဲ့အကောင်းဆုံးလုပ်ကိုင်နိုင်တဲ့ အသက်ရဲ့ နောက်ဆုံးအချိန်ပါပဲ။ ဒါကြောင့် အစိုးရပိုင်း အလုပ်တွေက ပင်ရှင်ပေးတဲ့ အသက်ကို (၆၀) မှာထားတယ်။ တစ်ချို့နိုင်ငံတွေကလည်း (၆၅) နှစ်ကိုထားတယ်။ ဒါပေမဲ့ တစ်ချို့ခေါင်းဆောင်တွေကတော့ ကိုယ့်အသက်ဘယ်လောက်ရောက်ရောက် ဂရုမစိုက်ဘူး။ သေတဲ့အထိ ခေါင်းဆောင်အနေနဲ့ပဲနေချင်သူတွေကများပါတယ်။ ထားပါတော့။ တစ်ချို့ခေါင်းဆောင်တွေက ကျားမီးဆွဲထားရသလိုဖြစ်နေတာကိုး။ အခု အသက် (၇၀) လောက်ရှိနေသူတွေဟာ ဒုတိယကမ္ဘာစစ်ကြီးကိုမှီတယ်။ သူတို့ အနဲအကျဉ်းမှတ်မိနိုင်တယ်။ နောက်မြန်မာနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ ပါလီမန်ဒီမိုကရေစီခေတ်ကိုမှီတယ်။ နောက် ၁၉၆၂ ခုနှစ်ကနေစပြီး မြန်မာနိုင်ငံမှာကျင့်သုံးလာခဲ့တဲ့ Socialism ကိုမှီတယ်။ ၁၉၈၈ အရေးအခင်းကြီးနဲ့ တပ်မတော်အုပ်ချုပ်ခဲ့တဲ့ကာလတွေကိုသိတယ်။ ဒီလို Political, Economic, Social နဲ့ Technological, Education system တွေမှာကြီးပြင်းလာခဲ့ကြတာဖြစ်တယ်။ ၁၉၇ဝ ခုနှစ်မှာမွေးတဲ့လူကတော့ ဒီနေ့ဆိုရင် အသက် ၄၃ နှစ်ရှိလာပါပြီ။ ၁၉၈၈ ခုနှစ် အရေးအခင်းကြီးဖြစ်တဲ့အချိန်မှာ အသက် (၁၈) နှစ်ရှိပြီ။ အရွယ်ရောက်နေပြီပေါ့။ ဒါကြောင့်သူက မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့ တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့တဲ့အပိုင်းတွေကို ကောင်းကောင်းမှတ်မိတယ်။ သူတို့လဲ ဒီ System တွေထဲမှာပဲ ကြီးပြင်းလာခဲ့တာဖြစ်တယ်။ ဒီအသက်အပိုင်းအခြားကလူတွေဟာ အခုအချိန်မှာ ခေါင်းဆောင်တွေဖြစ်နေပါပြီ။ လုပ်ငန်းရှင်ကြီးတွေဖြစ်နေပြီ၊ ဦးစီးဦးရွက်ပြုတဲ့သူတွေဖြစ်နေပါပြီ။ အဆုံအဖြတ်ပေးသူတွေဖြစ်နေပါပြီ။

 

ဘာလဲနဲ့ဘယ်လဲဆိုတာကတော့။ ဒီအသက်အရွယ်တွေမှာရှိတဲ့လူတွေရဲ့ စိတ်နေစိတ်ထား၊ နားလည်သဘောပေါက်မှု၊ ဘဝ တန်ဖိုးတွေ၊ သင်ယူလေ့လာခဲ့ရတဲ့ Education တွေ၊ အလုပ်အကိုင်တွေ၊ ရှင်သန်မှုတွေ၊ ပတ်ဝန်းကျင်လွှမ်းမိုးမှုတွေဖြစ်တဲ့ Political, Economics, Social နဲ့ Technological တွေဖြစ်တယ်။ ဘယ်လဲ ဆိုတာကတော့ လွန်ခဲ့တဲ့ (၂) နှစ်လောက်ကစပြီး မြန်မာနိုင်ငံဟာ အရှိန်အဟုန်ပြင်းစွာပြောင်းလဲလာခဲ့ပါတယ်။ ဘယ်လို Political အယူအဆ၊ Economics အယူအဆဆိုတာ သေသေချာချာ မသိရတဲ့ Military ကအုပ်ချုပ်ရာကနေ Political System ကို ဒီမိုကရေစီလို့ခေါ်တဲ့ အများသဘောဆန္ဒကို အဓိကထားတဲ့ စနစ်ကို အလွန်လျှင်မြန်သောနှုံးနဲ့ပြောင်းလဲလာတာပါပဲ။ Political system ဆိုတာကို Democracy စနစ်ကို ပြောင်းလဲတာတော့ဟုတ်ပါပြီ။ Economic system ကိုကော ဘယ် System ကို ပြောင်းလဲမလဲဆိုတာကတော့ ဘယ်သူမှ တိတိပပ မဖေါ်ပြကြပါဘူး။ မပြောလည်းသိပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲထားတာဖြစ်ပါတယ်။ တကယ်သွားနေတဲ့ Trend က Capitalism ဖြစ်ပါတယ်။ ဒီ Capitalism ဆိုတာက တစ်ချိန်က မြန်မာလူမျိုးတွေ အသဲခိုက်အောင် မုန်းတီးခဲ့တဲ့ ဝါဒတစ်ခုဖြစ်တယ်။ မြန်မာလူမျိုးတွေရဲ့ အယူဝါဒ၊ ဓလေ့စရိုက်နဲ့ မကိုက်ညီတဲ့ ဝါဒတစ်ခုဖြစ်တယ်ဆိုပြီး တိုက်ခိုက်ခဲ့ကြတယ်။ စစ်ပွဲတွေရဲ့ အစဟာ ဒီ Capitalism ကလို့ ယုံကြည်တယ်။ မြန်မာတို့ရဲ့ တော်ဝင် မင်းမျိုးမင်းနွယ် ပျက်စီး၊ ပျောက်ဆုံးသွားရတာ ဒီ Capitalism လို့ကြောင့် စွပ်စွဲတယ်။ ကြီးနိုင်ငယ်ညှင်း ဝါဒ၊ လူသားတွေရဲ့ အကျင့်စာရိတ္တကို ပျက်ယွင်းစေပြီး၊ လူလူခြင်း ခေါင်းပုံဖြတ် အမြတ်ကြီးစားတဲ့ စနစ်လို့ယူဆခဲ့ကြတယ်။ ဒီအယူအဆပေါ်မူတည်ပြီး Burmese Way to Socialism ဆိုတာကို အသက်သွင်းခဲ့တယ်။

15 comments

  • မင်းမင်း

    July 2, 2013 at 1:08 pm

    အပိုင်းပြီးမှ မန့်ပါမယ်။

    ခုတော့ဖတ်သွားနှင့်ပြီ ဗျိုးးးးးးး

  • အရီးခင်လတ်

    July 2, 2013 at 3:01 pm

    Post နဲ့ မှတ်ချက် မဆိုင်တာ ပေမဲ့ နီးစပ် သလားလို့ပါ။

    မနေ့ က တရုတ်ပြည်မှာ ဥပဒေ အသစ် တစ်ခု ထွက်လာတယ်။
    တရုတ် လူငယ်များ မိဘ တွေ ဆီကို မကြာခဏ အလည်အပါတ် သွားရမယ်။ မဟုတ်ရင် ဒါဏ်ငွေတင်မက ထောင်ပါချမတဲ့။
    သဘောကတော့ မိဘတွေ ကို ငွေကြေးထောက်ပံ့ ရုံသာမက စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု ပျော်ရွှင်မှု ရဖို့ နဲ့ လဲ ထောက်ပံ့ ရမယ် ဆိုတာ ကို ဥပဒေ နဲ့ မလုပ်လုပ်အောင် လုပ်တာပေါ့။

    Grown children in China must visit their parents or potentially face fines or jail, a new law that came into effect on Monday says.
    China’s new “Elderly Rights Law” deals with the growing problem of lonely elderly people by ordering adult children to visit their ageing parents.
    The law says adults should care about their parents “spiritual needs” and “never neglect or snub elderly people”.
    http://www.bbc.co.uk/news/world-asia-china-23124345

    ဒါဟာ အာဏာ နဲ့ မေတ္တာ ကို ပေးခိုင်းတာဘဲ။
    တကယ်ဘဲ လူတစ်ယောတ် ရဲ့ စိတ်စေတနာ၊ မေတ္တာ ဖြစ်လာဖို့ အတင်းဓမ္မနည်း နဲ့ စေခိုင်း တာ ကောင်းလား။
    သူ့ စိတ်ဆန္ဒအတိုင်း ဖြစ်တာ ကောင်း လား။
    ဒီလို အတင်းခိုင်း ရင်း တဖြေးဖြေး နဲ့ ပုံစံတော့ ဝင်ပါရဲ့။ စက်ရုပ် လို ဖြစ်နေမှာလား?????

    ဘာဘဲ ဖြစ်ဖြစ် လူ့စိတ်သဘော တွေ ကို လေ့လာချင်ရင် ဒါဟာ အတော်လေး စိတ်ဝင်စားစရာ ဘဲ။

    ချော်သွားတဲ့ မှတ်ချက် အတွက် စောဒီးပါရှင်။

  • kai

    July 2, 2013 at 3:05 pm

    ယူအက်စ်ကတော့.. မျိုးဆက်နွယ်ကြီးတွေကို.. ဘေဘီဘုမ်မာ.. ဂျန်အိက်စ်- ဂျန်ဝိုင်တို့နဲ့ခွဲခြားတယ်..။

    A baby boomer is a person who was born during the demographic Post–World War II baby boom between the years 1946 and 1964, according to the U.S. Census Bureau.

    Generation X, commonly abbreviated to Gen X, is the generation born after the Western Post–World War II baby boom. Demographers, historians and commentators use beginning birth dates from the early 1960s to the early 1980s.

    Generation Y
    , also known as the Millennial Generation,[1] is the demographic cohort following Generation X. There are no precise dates for when Generation Y starts and ends. Commentators use beginning birth dates from the early 1980s to the early 2000s.

    မြန်မာမျိုးဆက်တွေကိုလည်း.. (မြန်မာမှုပြု) အဲလိုခွဲလို့ရနိုင်လောက်ပါတယ်..။
    လွတ်လပ်ရေးရပြီးဦးနုခေတ်မှီတဲ့သူ..။ တော်လှန်ရေးကောင်စီတက်တာမှီတဲ့သူ..။ ၈၈ မှီတဲ့သူ..။ စသဖြင့်ပေါ့…။

    ဆိုတော့..
    မြန်မာတွေဂျင်နရေးရှင်းတိုင်းကို.. (Capitalism) အရင်းရှင်ဝါဒကို… အဆိုးမြင်အောင်ရိုက်သွင်းထားတာ.. တော်တော်ထိရောက်နေဆဲဖြစ်တယ်လို့.. သတိထားမိတယ်…

    • အရီးခင်လတ်

      July 2, 2013 at 3:32 pm

      ဒီလို လူငယ်တွေ က ကိုယ့်မိဘ ကျေးဇူး တရား ကိုတောင် မသိဘဲ ရိုင်းစိုင်း တာဝန်ပျက်လာတာဟာ လဲ မိဘ ရဲ့ တာဝန်ပါဘဲ။
      ကိုယ့်နောက် က မျိုး ဆက် အတွက် ကိုယ့် မှာ တာဝန်ရှိတယ် လို့ တာဝန်ခံ တတ်ရင် ဥပဒေ နဲ့ ထူးပြီး ထိန်းစရာ မလိုပါဘူး။
      တရုတ် အစိုးရ ရဲ့ အာဏာစက် အောက်မှာ သူတို့ လူငယ် တွေ စိတ်ဓာတ် ပျက် ခဲ့တာဘဲ။

      အနောက်တိုင်းမှာ တောင် ဘာ အာဏာ မှမသုံးဘဲ မိဘ တွေ ဆီ အမြဲ Keep in touch လုပ်ရမယ် ဆိုတာ လူတိုင်း နားလည်တာ။

      မြန်မာပြည်မှာတော့ ကျွန်မတို့ ရှေ့က မျိုးဆက် တွေ တော်ခဲ့ တာ အမှန်ဘဲ။
      ဒါပေမဲ့ အစိုးရ အစဉ်အဆက် မျိုးဆက် လက်ဆင့်ကမ်း တာတွေ ကအာဏာ နဲ့ နည်းမမှန် ဘဲ အသုံးမကျခဲ့ တော့ တော်တဲ့မျိုးဆက် တွေ မှာ လဲ လုပ်ခွင့်မရ၊ မတော်သလိုလို တော်သလိုလို ဖြစ်နေတဲ့ ကျွန်မတို့ မျိုးဆက် တွေ ကလဲ နောက်လူငယ် တွေ ကို မထိန်းနိုင် နဲ့ ဖြစ်နေတာ။

      ဘယ်သူဘာပြောပြော။
      ကျွန်မတော့ သားသမီး မကောင်းတာ၊ မိဘ တာဝန်
      တိုင်းပြည်မကောင်း တာ အစိုးရ တာဝန်
      တာဝန် မခံ ချင်ရင် မိဘ မလုပ်နဲ့။
      တာဝန် မခံချင်ရင် အစိုးရ မလုပ်နဲ့။
      👿

      • မိုက်ကယ်ဂျော်နီအောင်ပု

        July 2, 2013 at 5:09 pm

        ဒါကတော့ မိဘတွေအနေနှင့်လည်း
        သူတို့ကလေးတွေကို အော်ရီဂျင်နယ်
        ချိုချိုတွေမတိုက်ဘဲ
        နှို့မှုန့်တွေချည်းဖျော်တိုက်လို့လည်း
        ဖြစ်နိုင်ဒယ် ဦးလေး 😆

      • ကထူးဆန်း

        July 3, 2013 at 10:39 pm

        အစိုးရ မကောင်းတာ ကော ဘယ်သူ့ တာဝန်လဲဟင် … အရီး..

  • မင်းမင်း

    July 2, 2013 at 4:34 pm

    အရီးပြောတာကိုနဲနဲဖြည့်ကြည့်မယ်။

    အစိုးရရဲ့ လုပ်နည်းလုပ်ဟန်တွေကို

    သူတို့နဲ့ထိစပ်နေတဲ့ လုပ်ငန်းရှင်များက အတုခိုး

    ၍ ဝန်ထမ်းများအပေါ် ကျင့်သုံးကြသည်။

    ထို့ကြောင့်အစိုးရသည်၎င်း လုပ်ငန်းရှင်များကို သဘောကျလေ့

    ရှိပုံရသည်။ အတုမြင်အတတ်သင်ဖြစ်သည်။

    ဝန်ထမ်းများကလည်း အဆင့်ဆင့် လုပ်ငန်းရှင်စတိုင်ယူ

    ကြသည်။

    အစိုးရ ပေးသောမွေ ဆိုရနိုးနိုး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 2, 2013 at 5:15 pm

    အမှန်တော့ စနစ်တွေတိုင်းကကောင်းပါတယ်
    လူတွေကစိတ်ဖေါက်ပြန်ကြတာဘဲ
    ဟိုးကျောက်ခေတ်ကတည်းက ယဉ်ကျေးမှု့ လူမှု့အဖွဲ့အစည်းသဘောထဲကနေတွေးရရင်
    အဖွဲ့ကျသွားတဲ့အခါ
    အတူတူနေ အတူတူတူအမဲလိုက်ပြီး အတူတူမျှဝေစားနေကြတာဘဲ
    ခုခေတ်တွေကျမှ ဘယ်လိုဖြစ်ကုန်းသလည်းတွေးသာကြည့်တော့
    ဆိုခြင်တာက စနစ်တိုင်းက ကောင်းပါတယ်
    လူကြောင့် လူကြောင့် :mrgreen:

  • Ma Ma

    July 3, 2013 at 6:28 am

    Burmese Way to Socialism ဆိုတာကြီးနဲ့ ကြီးပြင်းလာရတယ်။

    အဲဒီစာတွေအသေကျက်ပြီး သဂျီးပြောသလို Capitalism) အရင်းရှင်ဝါဒကို… အဆိုးမြင်အောင်ရိုက်သွင်းထားတဲ့ လူနေမှုစနစ်မှာ ကျင်လည်ခဲ့ရတယ်။

    အဲဒီလိုနဲ့ ဘယ်တုန်းက ဘယ်လိုရောက်ပြီး ဘယ်သူတွေ ဘာတွေလုပ်ခွင့်ရပြီး ဘယ်လိုခံစားကြရတယ်ဆိုတာကို ငေးမောအားကျနေရတဲ့ ခရိုနီစနစ်ကို ရောက်လာခဲ့ကြတယ်။

    အေးရှားမာစတာများ ခင်မောင်လွင်ရဲ့ ရေးသားချက်တွေက အတော်လေးကို ဗဟုသုတရစေလို့ သဘောကျသွားတယ်။

    နောက်အပိုင်းတွေ စောင့်မျှော်နေပါ့မယ်။ 🙂

  • ခင် ခ

    July 3, 2013 at 10:14 am

    ယနေ့ မြန်မာနိုင်ငံအတွက်တော့ ဒီလိုတွေးပါတယ်။
    စနစ်နောက်ကို လူတွေလိုက်နေတာလား
    လူတွေနောက်ကို စနစ်လိုက်နေတာလား
    အဲဒီနှစ်ချက် ကွဲပြားစေချင်တာပါဘဲဗျ။

  • ကြက်အူလှည့်

    July 3, 2013 at 10:52 am

    ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ ..
    ကိုကိုဝီ လုပ်နေတာတွေကို တခုမှမထောက်ခံဘု
    ဘာကြောင့်လဲဆိုတော့ ..၂၀၁၅မှာ ဒီချုပ် လူကြိုက်နည်းဖို့ ထေရဝါဒ ၂ခြမ်းပြဲချင်ပြဲ
    နိုးသောက်ဂရု လို့ ရည်သန်တဲ့ ပုံပေါက်လို့ပါ…

    ဟိုဂဏန်းတွေ ကိုးကွယ်သူတွေ လာဆဲကြဇေသဒီး…။

  • အလင်း ဆက်

    July 3, 2013 at 6:00 pm

    ဆိုလိုထားတယ်ဆိုတဲ့ မြန်မာလူမျိုးတွေထဲမှာ
    သားသားမပါ ဘူး
    သားသားက ၈ရ မှ မွေးတာကိုးးးး

    ဒါဘေမယ့်
    ဖတ်သင့် မှတ်သင့်တဲ့ ပိုစ့် မို ့
    ဖတ် မှတ် လေ့လာ သွားပါ ကြောင်းးး

  • Reign

    July 11, 2013 at 1:23 pm

    Interesting post. In my opinion, the author should clearly define what is capitalism, using citations and quites as required, in sated of vaguely saying that Myanmar hate capitalism bitterly. If there is some sound justifications why Myanmar should not follow capitalist or market-oriented economy, what should be the way forward. Do you have any evidence-based proof that capitalism is one of the major causes that led to extinction of Royal families, or dynasties in Myanmar, as some scholars believed it was due to the lack of exposure to the then modernized technology as well as the global power structure of that time.I will keep on reading the future posts of the author which might reflect more historical facts.

  • Reign

    July 11, 2013 at 1:25 pm

    I mean “instead of”in the clause ” in sated of vaguely saying that Myanmar hate capitalism …..

  • Reign

    July 11, 2013 at 1:27 pm

    “and the in-depth understanding of global power structure at that time”

Leave a Reply