“ရေးတော့အဖေ ဖတ်တော့အမေ´´

“ရေးတော့အဖေ ဖတ်တော့အမေ´´   ရန်ကုန်မြို့၊ အင်ယားလမ်းမှာရှိတဲ့ အထက်တန်းကျောင်းတစ်ခုမှာ ကျောင်းတက်ကျောင်းဆင်းချိန်ဆိုရင် ကျောင်းသူကျောင်းသားတွေကို လာရောက်ကြိုကြတဲ့ ကားတွေက အစီအရီနဲ့ ပြည့်ကြပ်ကာရှိနေကြတာ တစ်ပတ်လုံးကျောင်းဖွင့်ရက်တိုင်း မြင်တွေ့နေကျမြင်ကွင်းတစ်ခုလို့ဆိုရမယ်လေ။ ကျောင်းဆင်းခေါင်းလောင်း ဘဲလ်သံပေါ်ထွက်လာတာနဲ့ ကျောင်းသူကျောင်းသားတွေ စာသင်ခန်းထဲကနေထွက်လာကြပြီး ကျောင်းဝင်း အပြင်ကိုလှမ်းထွက်ကြတာများ အဲဒီကျောင်းအနီးတဝှိက်မှာ ကားရောလူရောအပြည့်အလျှံပါဘဲလေ၊ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး ပါကင်ထိုးထားတဲ့ကားတွေဆီ သက်ဆိုင်ရာကျောင်းသူကျောင်းသား တွေလည်းရောက် အစီအရီထွက်သွားလိုက်ကြလို့ မိနစ်အနည်းငယ်အကြာမှာဘဲ အခုတော့သူမဟုတ်သလိုမျိုး လမ်းကိုရှင်းလင်း ကာ ဆူညံသံတွေလည်း တိုးတိတ်သွားခဲ့တယ်လေ၊ အဲဒီကျ ကျောင်းဝင်းတံခါးလည်း ပိတ်ပြီပေါ့။ အဲဒီအချိန်မှာ အဖြူနဲ့အစိမ်း ကျောင်းဝတ်စုံဝတ်ဆင်ထားတဲ့ ကျောင်းသူလေး တစ်ဦးနဲ့ ကျောင်းသားလေး တစ်ဦးတို့ကတော့ ကျောင်းရှေ့က အုတ်ခုံလေးမှာ ထိုင်နေလျှက်သား ရှိနေစဲပေါ့။ သူတို့နှစ်ဦးဟာ တစ်တန်း တည်းသား အတန်းဖော်တွေပါ။ ကျောင်းသား – “မြနှင်း … Continue reading “ရေးတော့အဖေ ဖတ်တော့အမေ´´