မမေ့နိုင်စရာ လဝါဆို

Yin Nyine NwayJuly 25, 20131min39421

ကျမ ငယ်ငယ်တုန်းက တောင်ကြီးမြို့ရဲ့ အထက ကျောင်းတကျောင်းမှာတတ်ခဲ့တယ်
ကျောင်းလေးက ခပ်ကျဉ်းကျဉ်းလေးမလို့ ကြက်ခြံကျောင်းလို့တောင်ခေါ်တယ်
ကျဉ်းပေမို့လားမသိ အမှတ်ရစရာတွေ အများကြီးကျန်ခဲ့တယ်
သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့အထိ တစ်နှစ်တတန်း ပုံမှန်အောင်ရင်း
11နှစ်လောက်နေခဲ့တဲ့ကျောင်လေးမှာ တနှစ်နဲ့ တစ်နှစ် အမှတ်ရစရာတွေကျန်ခဲ့တယ် ….

ကျမ မှတ်မိသလောက် မူလတန်း အလယ်တန်းမှာ ကောင်းကောင်းအမှတ်ရစရာတွေကြီးဘဲ
စည်းကမ်းအရမ်းကြီးတဲ့ ကျောင်းအုပ်ကြီးတွေ လက်ထက်နဲ့ ကြုံခဲ့တာမလို့
အမှိုက်တောင် အရမ်းမပစ်ရဲဘဲ လက်ထဲမှာ ကိုင်ထား
နေကြာစေ့ ဖရုံစေ့ ကွာစေ့လို အမှိုက်ရှုပ်စေမဲ့ စာတွေ ပေးမစားလို့ မစားရဲ
ပီကယ်လို ဟိုကပ် ဒီကပ် အရာတွေပေးမစား
စားပြီးရင်လဲ ပါလာတဲ့ အခွံနဲ့ ပြန်ထုပ်ပြီး ပစ်တာ အခုထ် အကျင့်ပါလာတယ်
အမှိုက်ကို အောက်မချရဲဘဲ လွယ်အိ်တ်ထဲ ထည့်သယ်လာ
အိမ်ရောက်မှပစ်တာလဲ အခုထိ အကျင့်ပါဆဲ

အမှတ်ရဆုံးကတော့ ဝါဆိုသင်္ကန်းကပ်တာနဲ့ ကျောင်းကထိန်ပါပဲ
ဝါဆိုလရောက်ပြီဆိုလျှင် ဝါဆိုသင်္ကန်း … ဝါဆိုပန်းကပ်ကြတာ ထုံးစံ
မူလတန်းတုန်းကတော့ ဝါဆိုပန်းသွားမခူးရပေမဲ့
7တန်း 8တန်းရောက်လာတော့
ဝါဆိုပန်းတွေ သွားခူးရတယ်
ဝါဆိုလပြည့်မရောက်ခင်မှာ ကျောင်းက အကြီးတွေကော အတန်းတူတွေကော
ကျောင်းနဲ့ တောင်ပေါ် နဲ့ကနီးနေတော့ကား ပန်းသွားခူးရတယ်
ကိုယ်ကြိုက်ရာခူး
ကျမ က ပန်းခုူးတာနဲနဲ တောင်ပေါ်ကျောတလျှောက် သီနေတဲ့ အသီးတွေ လိုက်လိုက်ခူးစားတာများတယ်
ငါးအူသီးလို ဟာမျိုး
သူများခြံထဲက မက်မွန်သီး၊ မက်မန်းသီး၊ ခုချိန်ဆို သစ်တော်သီး၊ မာလကာသီး၊ အသီးတွေပေါင်းစုံ ခူပီး လွယ်အိတ်ထဲထည့်
ကျောင်းရောက်ရင် အခန်းဖော်တွေနဲ့ လုစားကြ
ပျော်စရာ လွတ်ကောင်း ….
နောက်ရက် ဝါဆိုလပြည့်နေ့မှာတော့ ကျောင်းနဲ့ နီးတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ခူးထားတဲ့ပန်းတွေက်ု လှူတယ်
ကျောင်းမှာရှိကြတဲ့ ကျောင်းသားကျောင်းသူဆီကနေ လှူချင်တဲ့ ပစ္စည်းတွေ ယူလာခိုင်းတယ်
ကျမတို့အခေါ်ကတော့ အလှူစာပေါ့
ပြီးရင် 2ယောက်တတွဲ 3ယောက်တတွဲ တန်းစီပြီး သွားကြပြိ…. ပျော်စရာကြီး
ဘုန်းကြီးကျောင်းရောက်ရင် ဘုရားရှိခိုးတာနဲနဲ ခဲဘွယ်တွေ စားတာကများများ
ဘီးရင် သွားလည်ကြပြီ သူငယ်ချင်းတွေနဲ့ …. ဒီအချိန်ပဲ အိမ်က ခွင့်ပေးတာကိုး….
နောက် ဝါဆိုလကနေစပြီး မီးပုုံးပျံသမားတွေကလည်း ပစ္စည်းတွေ ငွေတွေ စစုကြပြီ
သီတင်းကျွတ်ခါနီးရင်တော့ ဆရာကန်တော့ပွဲလာပြီ
တကျောင်းလုံး ကွင်းပြင်ကြီးထဲမှာ နေပူလှန်းပြီး ဆရာကန်တော့ကြ
ဘာမှန်းတော့မသိဘူး အဲအချိန်ဆို ငိုချင်လာတယ်
ဝါရင့် ဆရာမကြီးတွေကတော့ မျက်ရည်လေး စမ်းစမ်း နဲ့ပေါ့
သီတင်းကျွတ်ဆိုလည်း ပျော်တာပဲ … သီတင်းကျွတ်မှာ မီးပုံးအလှလေးတွေထက်
အိမ်အပြည့် ဆီမီးခွက်ထွန်းရင်ထွန်း မထွန်းရင် … ဖယောင်းတိုင်ထွန်း….
ပြီးရင် အပျော်တမ်း မီးပုံပျံတွေလွတ်ကြ
အဲအချိန်မှာတော့ ပြိုင်ပွဲ ဝင်မဲ့ မီးတွေက သူတို့ တီထွင်ထားတာတွေကို စမ်းလေ့ရှိကြတယ်
တညလုံးပေါက် မီးတွေထွန်းကြ ပျော်စရာကြီး..
တခုရှိသေးတယ် …. 6လတခါ ဘုန်းကြီးကျောင်းတက်တဲ့ အကျင့်လေး
သီတင်းကျွတ်တခါ ..တန်ခူးတခါ မြို့လုံးကျွတ်နီးပါး ဘုန်းကြီးကျောင်းတတ်ကြတယ်
ဘုရားဆွမ်းကပ်တဲ့နေရာမှာလည်းကြည့်လေ ..အိမ်က မဲ့မဲ့က သစ်သီးမျိုးစုံ၊ ယိုမျိုးစုံ ၊ အကြော်မျိုးစုံ၊ မုန့်မျိုးစုံ ၊ ရာသီထွက်သီးနှံမျိုးစုံနဲ့တင်မှတော့
ဆွမ်းတော် ထိုင်စောင့်ကြတဲ့ မောင်နှမတွေ
လုစားရတာလည်း အရသာတမျိုး
စားကြလို့ မဲ့မဲ့က နောက်နေ့ ကျွှေးကြည့်ပါလား
မစားကြတော့ဘူး
ဘာမှန်းမသိ အဲဒီနေ့မှာတော့စားလို့ကောင်းသား ….
ဒါကိုပဲ မျှော်နေရတဲ့ သီတင်းကျွှတ်လေးပေါ့ ….
ဒါ့ကြောင့်လဲ အိမ်နဲ့ ဝေးကွာနေတဲ့ သကာလမှာ လွမ်းစရာအဖြစ်ကျန်နေတာလားမသိ

တခုသော ဝါဆိုမှာတော့ တသက်မမေ့စရာ နေ့လေးဖြစ်ခဲ့တယ်
ပေါ့ပေါ့ဆုံးသွားလို့
အရင့်အရင် ဝါဆိုလိုဘဲ တောင်ပေါ်တတ် ပန်းခူး
ဝါဆိုလပြည့်သွားလည်ဖို့လုပ်ထားပေမဲ့
အဲနှစ်မှာတော့ မသွားလိုက်ရ …
ဝါဆိုလပြည့်မတိုင်ခင် တရက်မှာပဲ ပေါ့ပေါ့ အခြေအနေက မကောင်းတော့ဘူး
အင်းလေးမှာရှိတဲ့အမျိုးတွေ တယောက်ပြီးတယောက်တတ်လာ
အိမ်မှာလူတွေစုလို့
ည 8နာရီမှာပဲ ပေါ့ပေါ့က သူချစ်တဲ့ မဲ့မဲ့နဲ့ ကျမတို့ကိုထားသွားခဲ့တယ်
အဲဒီနေ့က မိုးအရမ်းရွာနေတယ် ….
နောက်ရက်မှာပဲ ဝါဆိုလပြည့်နေ့ ချက်ချင်းသဂြိုလ်လိုက်ရတယ်
အတန်းဖော်တွေ သူငယ်ချင်းတွေလည်း ဝါဆိုသင်္ကန်းလိုက်မကပ်တော့ပဲ ပေါ့ပေါ့ အသုဘ လိုက်ပို့ကြတယ်
ဒါလည်း ဝါဆို တကာ့ ဝါဆိုမှာ အမှတ်ရဆုံးဝါဆို

နောက်ရန်ကုန်ရောက်တော့ ပုညေသီလို့ခေါ်တဲ့ အသင်းတစ်သင်းမှာ ရောင်တော်လိုက်ဖွင့်တယ်
တနင်္ဂနွေတရက်မှာ ဒဂုံစင်တာရှေ့မှာ လူစုပြီး ဘုန်းကြီးကျောင်းတွေမှာ ရောင်တော်လို်က်ဖွင့်တယ် …
အဲ အသင်း ဘယ်လိုဝင်ဖြစ်လဲ ပြောပြအုန်းမယ်
ဒိုဒိုကိုကိုမှာ Graphic designer လုပ်ရင်း အဆင်မပြေတာကြောင့် အလုပ်ကနေ ဘာမပြော ညာမပြောထွက်ပလိုက်တယ်
ထွက်လို်က်တာ ဟုတ်ဘီ …ဘာနဲ့ သွားစားမှာလဲ…
နောက်အလုပ်တခုလျှောက်မရ
စိတ်တွေညစ်လို့ … ဘုရားပေါ်တတ်
ဘုရားရှိခိုး ပဌာန်းလေးရွက်
ကံများကောင်းလာစေတော့ …. အဲသဟာမှာ ရွှေတိဂုံက ဘုရားပတ်ပတ်လည် ဆီမီးခုံမြောင်းတွေကို
လူတွေစြုပီး သန့်ရှင်းရေးလုပ်နေကြတယ်
ကျမလည်း လုပ်ချင်လိုက်တာပြောတော့
ပေးလွယ်အိတ် … ဘာမှမပါဘူးနော် …ရော့ တံမြတ်စည်း … ရော့ Brash … ဒီဟာကို ဒါနဲ့ လှည်း…ပြီးရင် ဒါနဲ့တိုက်
လွယ်လိုက်တာ အသင်းဝင်တာများ ဘာမှတ်ပုံမှမလို ဘာအထောက်အထားမှမလို
စိတ်ရှိရုံလေးရပြီ ….ကူလုပ်ပေးပြီး ပြန်မယ်ဆိုတော့ သုကကာရီအသင်းမှာ မုန့်လိုက်စားပါဆိုပြီး အတင်းခေါ်
နောက်ရက်တွေမှာ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရင်တွေမှာ ဘုန်းကြီးကျောင်တွေလိုက်ပြီးရောင်တော်ဖွင့်ရှိတယ်
လိုက်ခဲ့ဆိုပြီး ဖိတ်တယ် …
ဘာမှန်းတော့မသိဘူး… အားနေတာနဲ့ လိုက်သွား..ဟိုရောက်မှ သိတယ်
ရောင်တော်ဖွင့်တယ်ဆိုတာ ဘရာဆို နဲ့ ဘုရားကိုတိုက်ပြီး ဘုရား အရောင်တတ်လာအောင်လုပ်တာပဲ
ဖွင့်လိုက်တဲ့ ဘုရား လက်လက်ထ လာရင် ရင်ထဲမှာ ကြည်နူးလို့
မနက်ပိုင်း ဆီမီးခုံသန့်ရှင်းရေးကလည်း တရက်မှ မပျက်
အဲ့ကြောင့်မို့လားမသိ
MAI မှာ အလုပ်ရတယ် …. လုပ်ချင်တဲ့အလုပ် ပျော်စရာကောင်းပါ့

အဲ တခုသော ဝါဆိုလမပြည့်ခင်ရှေ့တရက်မှာတော့
ထုံးစံအတိုင်း ဘုရားပေါ်တတ် … သန့်ရှင်းရေးလုပ်ပြီး သုကကာရီ အသင်းမှာထိုင်နေတုန်း
ပုညေသီ ကအသင်းဝင် 3 4 ယောက်လောက်ရောက်လာကြတယ်
သာကေတ ဘုန်းကြိးကျောင်းတကျောင်းက အရေးပေါ် ရောင်တော်ဖွင့်ခိုင်းလို့တဲ့
လိုက်ခဲ့ပါ အတင်းခေါ် … ရုံးကို ခွင့်လိမ်တင်ပြီး ရောင်တော်လိုက်ဖွင့်
စစချင်း ခေါင်းဆောင်အမကိုမေးလိုက်သေးတယ်
ဘုရားတွေ များလားလို့ပေါ့… လူကဖြင့် 5ယောက်လောက်ပဲပါတာကိုး
မများပါဘူး တဆူနှစ်ဆူုပေါ့တဲ့
ဟိုရောက်တော့ ဘုရားတွေ ဘုရားတွေဆိုတာ လူတရပ်မြင့်စာလောက်ရှိတယ်
သေးသေးကွေးကွေးတွေကလဲ ပုံလို့
တနေကုန် ရောင်တော်ဖွင့် … ညနေ 7နာရီလောက်မှ ပြီးတယ်
ဘုန်းကြီးကျောင်းဆိုတော့လည်း ညစာမကျွေး
ရောင်တော်လည်းဖွင့်ပြီးရော ရေစက်ချရာမှာ ဘုန်းဘုန်းက 8ပါးသီလပါပေးလိုက်ပါလေရော
အဲနေ့ကတော့ အမှတ်ရတဲ့နေ့ပဲ ဗိုက်ဆာဆာ လက်ညောင်းညောင်း မိုးရေစိုစိုနဲ့ ရေသောက်ဗိုက်မှောက်အိပ်လို်က်ရတဲ့ လဝါဆို ..

21 comments

  • Mr. MarGa

    July 25, 2013 at 7:47 pm

    ဪ………..ဪ…..
    အမှတ်တရ များစွာနဲ့ ဝါဆိုပါလား
    လွမ်းတာတွေလဲရှိ
    ပျော်ခဲ့တာလဲရှိ်
    အခု ဝါဆိုကိုရော ဘယ်လိုလေး ကျော်ဖြတ်ခဲ့သလဲ သိချင်မိပါဘိ

    • Yin Nyine Nway

      July 26, 2013 at 9:40 am

      မိုးကရွာရွာ ဗိုက်ကကြီးကြီးနဲ့ ရွှေတိဂုံမှာလူတိုးရင်း
      လျှော်လဲလို့ ဘုရားပေါ်က ဆေးပေးခန်းထဲရောက်သွားတယ် ….
      တော်တေးတာပေါ့ဂျာ …. ဗိုက်နဲ့မထောက် လက်နဲ့ပဲ ထောက်မိသွားပေလို့

      • Mr. MarGa

        July 26, 2013 at 8:53 pm

        ဖြစ်ရမယ်………
        သတိ ထားပါလေ….
        :kwi:

  • အရီးခင်လတ်

    July 25, 2013 at 7:50 pm

    အခု အရီးတို့ ဆီမှာ တောင်ကြီးက မိန်းကလေး တွေ ရှိတယ်။
    သူတို့ နဲ့ တွေ့တိုင်း တောင်ကြီး အကြောင်း ပြောလေ့ရှိတာ။
    အဓိက မြစိမ်းတောင် အလွန်လှတဲ့ အကြောင်း။
    (ဟုတ်ပါတယ်နော်။ နာမည်လွဲ နေမစိုးလို့) 😆

    • Yin Nyine Nway

      July 26, 2013 at 10:02 am

      မြစိမ်းတောင် ဟုတ်တယ် အရီး
      လှတယ် … သူ့ထက်လှတာတော့ တောင်ချွန်းပေါ့
      တောင်ချွန်းကတော့ တောင်ကြီးရဲ့ Land Mark တခုပဲ
      တောင်ချွန်းကနေကြည့်ရင် တမြို့လုံး ကို အပေါ်စီးကနေ မြင်ရတာ သိပ်အရသာရှိတယ်
      ခု စည်ပင်က တောင်ချွန်းပတ်လည်ကို ချယ်ရီပန်းတွေ စိုက်ထားလို့
      ဆောင်းရာသီမှာ တတောင်လုံး ပန်းနေတတ်တယ်
      နောက် ကြားမှာ စိန်ပန်းပြာတို့ စိန်ပန်းနီတို့ စိန်ပန်းဝါ တို့ကိုပါ ကြားညှပ်စိုက်ထားတော့
      ဝါလိုက် ပြာလိုက် နီလိုက် ပန်းလိုက်နဲ့ တရာသီ တရာသီ တော်တေ်ာလှတယ်
      အရီးပြောတဲ့ မြစိမ်းတောင် အောက်ကို ဆက်သွားရင်
      အရမ်းလှတဲ့ ပန်းနှမ်းခင်းကြီးရှိတယ်
      ဆောင်းဦးပေါက်နဲ့ နွေဦးပေါက်မှာ လိပ်ပြာ ဝါဝါကြီးတွေ တခင်းလုံးကို လာပြီး နေပူစာလာလုံကြလို့ အရမ်းကြည့်ကောင်းတယ်
      လေးပေါက်နဲ့ ကိုရွှေမင်းသားကို အဲ အခင်းကြီး ရှိကြောင်းပြောထားရင်း တောင်ကြီးကိုလာဖို့ ဆွယ်ထားတယ် ….. :O

  • အလင်း ဆက်

    July 25, 2013 at 9:04 pm

    သားသားမှာလည်း..ဝါဆိုလပြည့်နေ ့တိုင်း..အမှတ်တရ တစ်ခု အမြဲဖြစ်တယ် ။

    အဖြစ်အများဆုံးအမှတ်တရကတော့..
    ရွှေတိဂုံပေါ်မှာ..မိုးစိုစို နဲ ့..ဘုရားကိုပတ်နေရင်း..ချော်လဲ…တာ..။
    အမြဲလိုလိုပဲ..။

    အခုထိ ကိုယ့် ကိုယ်ကို မထိန်းနိုင်သေးဘူး ။

    😆

    • Yin Nyine Nway

      July 26, 2013 at 10:05 am

      ဒါ့ဆို အိမ်က လူရီးနဲ့တူပါ့
      သူ့ခန္ဒာကိုယ်က ဗိုက်ထွက်နေတော့ အဲဝိတ်ကို ဘယ်တော့မှ မထိန်းနိုင်ဘူး
      ရေစိုနေတဲ့လမ်းများ ကိုယ့်ကို ဂရုစိုက်ရမယ်မှတ်တယ်
      သူ့ကို လျော်လဲမယ် သတိထားခိုင်းနေရတယ်
      ဝါဆိုလပြည့်ကလည်း ဘုရားမှာ သူ့ကို သတိထားရင်း
      ကိုယ်ကလျော်လဲတယ် 🙁

  • ဦးကြောင်ကြီး

    July 26, 2013 at 9:03 am

    လမြတ်ဝါဆို
    ကြွတက်စာချို
    ရတတ်သာပို
    မွလာဘ်ငါကိုယ်..

  • kyeemite

    July 26, 2013 at 2:58 pm

    ကျနော်လည်းအလယ်တန်းကျောင်းသားဘဝက
    ဝါဆိုပန်းခူးတာကိုလုပ်ခဲ့ဖူးတယ်..မေမြို့မှာပေါ့..

    • Yin Nyine Nway

      July 26, 2013 at 5:12 pm

      ဝါဆိုပန်း လိုက်ခူးရတာကြိုက်တယ်
      မေမြို့လည်း တောင်ကြီးလိုပဲ ပန်းတွေများတော့ ပျော်စရာကြီး

  • Shwe Ei

    July 26, 2013 at 3:36 pm

    သများတော့ ဝါဆိုလပြည့်ဆိုတိုင်း အမျိုးတသိုက်
    လူကြီးရော ခလေးတွေပါ စုပြီး မကွေးဆရာတော်ကျောင်းမှာ တိုးတိုးကြိတ်ကြိတ်
    သင်ကန်း ကပ်ကြ ပေါင်မုန့်အုန်းနို့ဆမ်း တယောက်
    ၂ပွဲစီ ဆွဲကြတာ ကောင်းကောင်းမှတ်မိတယ် :mrgreen:

    ဒီနှစ်ဝါဆိုလပြည့် ရွှေတိဂုံဘုရား ရောက်တယ်တော့…ဘယ်နေရာမှလွဲကြပါလိမ့်
    ဘုရားပေါ်မှာ ရေတက်နေတာ ခြေကျင်းဝတ်တောင် မြုပ်တယ်..ဟိ

    • Yin Nyine Nway

      July 26, 2013 at 5:24 pm

      မမအိပြောမှ ပေါင်မုန့်အုန်းနို့ဆမ်းတောင် သောက်ချင်လာဘီ
      ဘုရားသွားတာက
      အချိန်ကွာတာလား ဘာလားမသိ
      အဲလိုပဲ ဘုရားသွားရင် ဟိုကြည့်ဒီကြည့်တော့လုပ်တယ်
      အသိနဲ့တွေ့ရင် ပျော်လို့ ဟီး….
      ဒါ့ပေတိ မတွေ့တာများ၏
      မိုးကလည်း သည်းနေတာကိုး …

  • ကိုရင်စည်သူ

    July 26, 2013 at 5:39 pm

    ဝါဆို မသိ ဝါဆိုလည်း မရှိတဲ့ အခြေအနေမှာ
    ဝါဆိုရေ.. မင်းကို လွမ်းတယ်…။ ဝါဆိုမိုးနဲ့ ပြန်ခဲ့ပါ။
    ဝါဆို ကြာခို ရွာစို လာမျို :mrgreen:

    • Yin Nyine Nway

      July 27, 2013 at 11:36 am

      ကမ်းပျော်ကြီးလဲ ပင်လယ် ဝါဆိုလုပ်ပေါ့ ပိုတောင် ပျော်စရာကောင်းတေး … :O

  • padonmar

    July 26, 2013 at 11:07 pm

    နွေးသီးလက်ရာတွေ အရင်ကထက် ပိုပိုကောင်းလာတယ်။
    ဧကန္တတော့ ဗိုက်ထဲက ကလေးက ဦးဆာမိရဲ့ ပဒေသရာဇာဖြစ်ရမယ်။

    • Yin Nyine Nway

      July 27, 2013 at 11:40 am

      အာတီဒုံရေ…ကျေးဇူးပါ 😛
      ခုတလော ခင်ခင်ထူးတွေကြီး ဖတ်တာများနေတယ်
      ရုံးကလည်း တတ်သာတတ်ရတယ်
      ဘာအလုပ်မှ မလုပ်ရဘဲ လက်ထောက်တယောက်က လုပ်လုပ်ပေးနေတော့
      အားနေရင် စာပဲဖတ်နေလို့
      သူ့လို ရွာအကြောင်း အညာအကြောင်းတွေ ရေးကြည့်နေတာ
      အန်တီမမ ပြောတဲ့ လက်စမ်းစာပေ

  • KZ

    July 27, 2013 at 12:46 pm

    ဖတ်ရင်းနဲ့ အမတို့ငယ်တုန်းက ဝါဆိုပန်းခူး တို့ ဝါဆိုပန်းကပ်တို့ လုပ်လေ့ရှိတာ ပြန်သတိရတယ်။
    ကျောင်းကနေ တန်းစီပြီး နီးစပ်ရာ ဘုရားမှာ ပန်းသွားကပ်ကြရတာလေ။

    မမေ့နိုင်စရာ ဝါဆိုလေး အတွက်တော့ စိတ်မကောင်းပါဘူး ညီမလေးရေ။

    ရေးထားတာလေးတွေက ဖတ်လို့ကောင်းလိုက်တာ။

    ခုတလောတော့ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဦးနော်။ မိုးတွင်း စိုစိုစွတ်စွတ် သွားတာလာတာ။
    🙂

    • Yin Nyine Nway

      July 27, 2013 at 4:54 pm

      ဝါဆိုပန်းကပ်ကြတာက နယ်တွေမှာပဲ ရှိပြီး ရန်ကုန်မှာမရှိတော့
      ဒီမှာ ပြောပြရင် ကလေးတွေက မျက်လုံးအကြောင်သား

      မမေ့နိုင်တဲ့ ဝါဆိုက ခုဆို 13နှစ်တောင်ချိပြီ မကေရေ…..
      ဖတ်လို့ကောင်းတယ်ဆိုလို့ ကျေးဇူးပါ
      ဟုတ်တယ် … ခုဆိုရက်ဆက်ကြီးမိုးရွာနေတာဆိုတော့
      သတိတော့ထားရတယ်
      သတိပေးလို့ ကျေးဇုူးပါ

  • ဦးကျောက်ခဲ

    July 27, 2013 at 12:56 pm

    ဖယား ဖယား ကုသိုလ်ရေးတွေ၊ ရောင်တော်ဖွင့်တွေ သိပ်မရေးနဲ့…
    သဂျင်းမီး က ဒါမျိုးတွေကို အပိုကုန်စရာဆိုပြီး၊
    နှစ် ၁၀၀ဝ ကျိန်စာ လာအော်နေဦးမယ်…. ဟီ ဟိ
    မဗိုက်ရေ… ထသွားထလာ၊ လမ်းလျှောက်ရင်လည်း သတိထားကွဲ့…
    🙂

    • Yin Nyine Nway

      July 27, 2013 at 4:56 pm

      ရောင်တော်ဖွင့်ရတဲ့အကြောင်းလေးရေးမလို့ တွေးနေတာ ….
      ထသွားထလာ….. အပေါ်တက် အောက်ဆင်း
      အားလုံး သတိထားနေရတယ်
      နဂိုထဲကမှ နမော်နမဲ့မလို့
      ခုလို သတိပေးတာ ကျေးဇူးပါ ဦးကျောက်စ် … 🙂

  • padonmar

    July 27, 2013 at 9:06 pm

    မနေ့က မန့်တာ ဒါလေး သိပ်ကြိုက်တာပဲဆိုတာ ကျန်ခဲ့လို့ ပြန်လာပြောတာပါ။
    (စည်းကမ်းအရမ်းကြီးတဲ့ ကျောင်းအုပ်ကြီးတွေ လက်ထက်နဲ့ ကြုံခဲ့တာမလို့
    အမှိုက်တောင် အရမ်းမပစ်ရဲဘဲ လက်ထဲမှာ ကိုင်ထား
    နေကြာစေ့ ဖရုံစေ့ ကွာစေ့လို အမှိုက်ရှုပ်စေမဲ့ စာတွေ ပေးမစားလို့ မစားရဲ
    ပီကယ်လို ဟိုကပ် ဒီကပ် အရာတွေပေးမစား
    စားပြီးရင်လဲ ပါလာတဲ့ အခွံနဲ့ ပြန်ထုပ်ပြီး ပစ်တာ အခုထ် အကျင့်ပါလာတယ်
    အမှိုက်ကို အောက်မချရဲဘဲ လွယ်အိ်တ်ထဲ ထည့်သယ်လာ
    အိမ်ရောက်မှပစ်တာလဲ အခုထိ အကျင့်ပါဆဲ)
    မနက်က ကျောင်းကားနောက်က မောင်းလာတာ ကားပေါ်ကကလေးတွေ စားပြီးသားအမှိုက်ကို လမ်းပေါ် တစ်ခုပြီး တစ်ခု ပစ်ချနေတာတွေ့ရတော့ မိမဆုံးမ ဘ မဆုံးမလေးတွေလား၊ဆရာ မဆုံးမ ဆရာမ မဆုံးမလေးတွေလား တွေးမိပါရဲ့။

Leave a Reply