ဝါသနာဘာဂီ…

 

ဦးကျောက်တို့လို ပုထုဇဉ်ဆိုတာ အာသဝေါကုန်ခမ်းနေတဲ့ ရဟန္တာမဟုတ်လေတော့ ချစ်ချင်းတရားနဲ့ ကင်းပြတ်လို့မရဘူးပေါ့ဗျာ။ သွားလေသူ ဦးသုမောင်ကြီးက “အဖိုးကလည်း အဖွားကို ချစ်တယ်ပြောမှာပဲ၊ အဖေကလည်းအမေ့ကို ချစ်တယ် ချစ်တယ်နဲ့၊ ကိုယ်ကလည်း မင်းကို ပြောပါမယ် ချစ်တယ်” လို့ သီဆိုသွားပေမည့်၊ တကယ်တမ်း မျက်နှာချင်းဆိုင် ရည်းစားစကားပြောဖို့ဆိုတာ လွယ်တာမဟုတ်ဘူးခင်ဗျ။ အရိပ်သုံးပါးနားမလည် အထာမသိရင် ကံမကောင်းလို့ကတော့ အနည်းလေး အဟောက်ခံ၊ မတော်မဆ ချစ်ဖျားတက်ပြီး လက်ဆွဲမိလို့ကတော့ ပါးရိုက်ခံရဖို့အထိ အကြောင်းရှိပါတယ်။ ဆရာမင်းလူ ရေးသလို ဟိုးရှေးခေတ်က ကျောက်စာထိုးပြီး မော်ကွန်းတင်မတင် မသေခြာပေမည့်၊ ဒီဘက်ခေတ်မှာတော့ တော်ကီညက်ညက်နဲ့ ဖုန်းဆက်၊ မတ်ဆေ့ချ်ပို့၊ အီးမေးလ်ရေးပြီး နှလုံးသားကို လှစ်ဟပြလို့ရတယ်ဆိုတော့၊ အတော်တိုးတက်လာတဲ့ သဘောကိုဆောင်တယ်ခင်ဗျ။ ဘာတဲ့… ဘုန်းကြီးလူထွက်တောင်၊ အွန်လိုင်းတက်ပြီး ချက်တင်ရိုက်လိုက်တာ ဩဇီသူနဲ့ ညားလေသတည်းဆိုတော့ အားရစရာကြီးပါ။

 
မောင်ကျောက်တို့ခေတ်က အဆောင်နေကျောင်းသားဘဝမှာ ဦးကိုင်ဇာကြီးရဲ့ သီချင်းလို “တယ်လီဖုန်းလေးနဲ့ ချစ်ကြမယ်”ဆိုတာ မလွယ်လှပါဘူး။ တယ်လီဖုန်းက အာစီမှာရယ် အဆောင်မှူးအခန်းမှာရယ်ပဲ ရှိတာမို့၊ ချစ်သမျှကို လှစ်ဟလို့ဆိုချင်ရင် ရည်းစကားလိုက်ပြောရင်ပြော၊ အဲသည့်လောက် သတ္တိမရှိရင် ရည်းစားစာ လိုက်ပေးရတာပေါ့ခင်ဗျာ။ အဲသည်လိုအရေးမှာ ဒဂုံဆောင်တခွင် နာမည်ကျော်ကြား လူကြိုက်များတာကတော့၊ ရူပါမပွင့်ပေမည့် နည်းစနစ်ကောင်းပြီး လက်ရည်ထက်တဲ့ မောင်ကျောက်ခဲပါခင်ဗျာ။ ဘိုင်ပြတ်ရင် ဘီအီးတစ်ပိုင်းနဲ့လည်း အငှါးခံစားပေးတယ်ဆိုတော့၊ ချစ်သဝဏ်လွှာရေးပေးဖို့ မောင်ကျောက်အခန်းမှာ လူစည်တယ်ပေါ့ဗျာ။ မောင်ကျောက်ကောင်းမှုနဲ့ အကြောင်းပါသွားတဲ့သူတွေလည်း မနည်းမနောရှိတာမို့ ကျေးဇူးတင်ခံရသလို၊ လင်မယားရန်ဖြစ်တိုင်း သူတို့ ချစ်လင်တွေကို အပြစ်မမြင်ပဲ၊ အလှော်ကောင်းတဲ့ မောင်ကျောက်ကို တရားခံ နံပါတ် ၁ နေရာမှာထား၊ နာမည် တ ပြီးဆဲတာလည်း ခံရတယ်ခင်ဗျ။

 
မောင်ကျောက်ကတော့ မနာပါဘူး၊ ရည်းစားစာရေးပေးရုံတင်မဟုတ်၊ ကိုယ်တိုင်လည်း လိုက်တွန်းပေးထားတာဆိုတော့ “မပြေးသော်လည်း ကန်ရာရှိ” ဟုတ်နေတာကိုး။ ဒီလိုပါခင်ဗျာ၊ မောင်ကျောက်တို့ ဒဂုံဆောင်သား အေးမောင်ဆိုတာ နာမည်နဲ့လိုက်အောင် အနေအေးသူပါ၊ ဒါပေသည့် အချစ်နဲ့တွေ့တော့ သူလည်း မအေးနိုင်ရှာတော့ပါဘူး။ ထမင်းစားဆောင်မှာ ထမင်းမစားခင် စပါးလုံးရွေးနေတုံး၊ အရင်းမရှိအဖျားမရှိ မနက်ဖြန် လှည်းတန်းက တောင်ကြီးစားသောက်ဆိုင်မှာ ဒကာခံပါရစေလို့ ဆိုလာပါတယ်။ အေးမောင် ဒီရက်ထဲ မူပျက်နေတာသတိထားမိတာမို့ ဘယ်အဆင်လာမယ်ဆိုတာ အတတ်သိတာပေါ့ဗျာ။ အဲသည်တော့ အေးမောင် တိုက်ကျွေးသမျှ သောက်စားပြီး တာဝန်ကျေအောင် ရည်းစားစာရေးပေးရတာပေါ့။ စာရေးပေးပြီး ၅ရက်လောက်နေတော့၊ အခြေအနေ စုံစမ်းကြည့်တာ၊ ကိုယ့်ဆရာ အေးမောင်က ကောင်မလေးလွယ်အိတ်ထဲ စာထည့်ပေးပြီးတည်းက ရှက်တော်မူရှာလို့ သွားတောင် မချောင်းပါဘူးတဲ့။ သယ်… ဒီငမိုက်သား၊ အူတီးအတ လူ့ဗာလကို ပို့မည့်ပို့ ကုတို့ရောက်အောင်ပို့မှဖြစ်တော့မယ် ဆိုပြီး၊ ကောင်မလေးအတန်းပြီးရင် လိုက်တွန်းဖို့ ပြင်ရတာပေါ့ဗျာ။

 
အေးမောင် ကြိုက်နေတဲ့ကောင်မလေးက ကမာရွတ် ကန်လမ်းထဲက ဆိုတော့ အတန်းပြီးရင် လှိုင်တက္ကသိုလ်ဝင်းကနေ အိမ်ကိုလမ်းလျှောက်ပြန်ပါသတဲ့။ သည်တော့ မောင်ကျောက်နဲ့ အေးမောင်၊ နောက်ကလိုက်ပြီး တွန်းကြတာပေါ့ဗျာ။ ဒါပေသည့် အလုပ်မဖြစ်ဘူးခင်ဗျ၊ ကောင်မလေးက ခိုးခိုးကြည့်ပြီး အထာပေး အသာလေး လမ်းလျှောက်နေတာကို၊ သတို့သား အေးမောင်က အနားရောက်သွားရင် ပုဆိုးပြင်ဝတ်လိုက်၊ ခေါင်းကုတ်လိုက်၊ နောက်ချန်နေခဲ့လိုက်၊ မောင်ကျောက်က အတင်းပြန်တွန်းလွှတ်လိုက်နဲ့ ရုပ်ပျက်နေတာပေါ့ခင်ဗျာ။ မောင်ကျောက်လည်း စိတ်ဆိုးဆိုးနဲ့ မေးကြည့်တော့ “ငါ့… သူ့အနားရောက်ရင်၊ ဒူးတုန်ပြီး ပုဆိုးကျွတ်ချင်သလိုလို၊ ရှူးပေါက်ချင်သလိုလို ဖြစ်လာတယ်ကွ”လို့ ဖြေရှာပါတယ်။ ဒီပုံနဲ့တော့ မဖြစ်ခြေ၊ “ဇ” မရှိတဲ့ အေးမောင်ကို “အေး… မင်း မအာရဲရင် ငါလိုက် အာမယ်” လို့ ခပ်ဆတ်ဆတ်ပြောပြီး၊ တကယ် လိုက်အာတော့ ကောင်မလေးလည်း အူကြောင်ကြောင်ဖြစ်သွားတာပေါ့။ ဟီ ဟိ အားရပါးရ “ဒိုင်ကြောင်”တွေလွှတ်ပြီးမှ “အဟီး အခုပြောတာ ဟိုကောင် အေးမောင် ကိုယ်စားပါခင်ဗျာ”လို့ စကားအဆုံးသတ်လိုက်တော့ “သူကိုယ်တိုင် ပြောပါစေ”တဲ့။ ဟီ ဟိ… ဒီလိုနဲ့ အောင်မြင်စွာ ပွဲသိမ်းလိုက်တာ၊ အခု ခလေး ၂ယောက်ရတဲ့ အထိဆိုတော့ မပွင့်တပွင့် မြုံစေ့စေ့ အေးမောင်ကို စိတ်တိုင်းမကျရင် မောင်ကျောက်ကိုဆဲတာ လွန်အံ့တော့ မထင်။

 
ပြန်ပြောရရင်တော့ မောင်ကျောက် ချစ်မှုရေးရာ နည်းပေးလမ်းပြ ကူညီခဲ့တာ အများသားဆိုတော့ ချစ်သူငယ်ချင်း ငပြားရဲ့ အခန်းဖော် စောလှိုင်လည်းပါသေးတယ်ခင်ဗျ။ ငပြားက အခန်းထဲမှာ ဖဲဝိုင်းခိုးလုပ်ပါတယ်ဆိုမှ၊ စောလှိုင်က ဟိုဘက်ကုတင်ပေါ်မှာ စောင်ခြုံပြီး တဟင်းဟင်းနဲ့ သက်ပြင်းတွေချ၊ ချစ်ဆိပ်တွေတက်နေတာကို၊ ငပြားက လာဘ်တိတ်တယ်ဆိုပြီး တင်းပါတယ်။ အဲသည်တော့မဖြစ်ခြေ ဒီအရေးကို ငါကူပါ့မယ်၊ မင်းဘယ်သူ့ကိုကြိုက်နေတာလဲ မေးလိုက်မှ ဇူးမေဂျာက မောင်ကျောက် ဘော်ဘော် မိသင်း တဲ့လေ။ ဒီတော့ မောင်ကျောက်လည်း ဈာန်သွင်းလို့ စောလှိုင်နေရာကနေ အငှါးခံစားပြီးရေးလိုက်တာ၊ ဒီကောင့်ကို သူ့လက်ရေးနဲ့ ပြန်ကူးဖို့ ပေးလိုက်တော့ အဆဲခံရပါတယ်။
“တောက်… သောက်ကျိုးနဲကောင်းတဲ့ ရည်းစားစာ၊ အေပေး… မောင်ကျောက်၊ ငါတောင် မိသင်းကို ဒီလောက်စေ့စေ့စပ်စပ် မကြည့်ဖူးဘူး၊ ခွီး မင်း ကြိတ်ခိုက်နေတာလား”တဲ့ ဟီ ဟိ။

 
ဘော်ဘော်ချင်းဆိုတော့ မိသင်းကလည်း၊ လက်စခြေစကို မြင်ပါတယ်။ စောလှိုင် ရည်းစားစာပေးအပြီး စာပြန်လိုက်ပုံက…
“ကိုစောလှိုင် အဖြစ်မရှိတာသိနေတာမို့ လာပေးတဲ့ ရည်းစားစာက မောင်ကျောက်ရဲ့လက်ရာမှန်းသိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမ နဖူးပေါ်လက်တင်ပြီးလည်း စဉ်းစားတယ်၊ လက်ပေါ်နဖူးတင်ပြီးလည်း စဉ်းစားတယ်၊ စဉ်းစားတိုင်းလည်း ဒီအဖြေပါပဲ။ အဲဒါက ကျမ ကိုစောလှိုင်ကို ဘယ်လိုမှ မချစ်နိုင်ပါဘူး” တဲ့ ခင်ဗျာ။ မောင်ကျောက်လည်း စောလှိုင် ကြက်နာကြီးလည်လိမ်၊ လဒမှိုင် မှိုင်နေတာမကြည့်ရက်လို့ မိသင်းကိုလည်းတွန်း၊ စောလှိုင်ကို နည်းစနစ်ပြောင်းပြီး လုပ်ကြံခိုင်းလိုက်တာ အခုတော့၊ မိသင်းခမျာ စောလှိုင်ရဲ့ ဘယ်လက်ရုံးကို ခေါင်းအုံးအိပ်ရတဲ့ အခြေအနေ ဖြစ်သွားပြီခင်ဗျ။

 
အခုလည်းဗျာ အွန်လိုင်းမှာ ညင့်နက်သန်းခေါင် ထထပြီး ဂေါက်ရရှာတဲ့၊ ရွာသားညီငယ် ချစ်ဒုက္ခသည်ကို ဝါသနာဘာဂီ ဤအကျင့်ကို ပြင်နိုင်ရန်ခက်တာမို့ ကူမိပြန်သေးတယ်ခင်ဗျ။ ဒီမောင့် အချစ်ဖျားကလည်း ဒီဂရီ မသေးဘူးခင်ဗျ။ ဒါပေသည့် နည်းစနစ်ပိုင်းဆိုင်ရာမှာ ပျော့ကွက်ဟာကွက်တွေရှိတာမို့၊ ဟောသည့်ငနဲ ဦးကျောက်ခဲကြီးက အသက်ကြီးမှ မနေနိုင်မထိုင်နိုင် အွန်လိုင်းကနေ သင်ခန်းစာတွေပို့ချ၊ ရွာသူလေးကိုလည်း ဖျောင်းဖျ၊ တိုက်ကွက် အသစ်ပြောင်းလိုက်တာ ပြီးခဲ့တဲ့ ပြည့်ပြည့်ဝဝ ဝါဆိုလပြည့်နေ့ညက အီးမေးလ်ကနေ ဝှက်စာတစ်စောင် လက်ခံရရှိပါသတဲ့။ မောင်မင်းကြီးသား ဂဇက်ရွာအကျိုးတော်ဆောင်မင်း အူကြောင်ကြားနိုင်လိုက်ပုံက “အဲဒါ ဘာကြီးလဲ ဟင်”တဲ့။ ဟီ ဟိ ဝှက်စာလေးကတော့…

 

 

အံတဩ ဖြစ်မသွားနဲ့ဦးနော်
ဒီစာကို သေချာဖတ်
ကျောက်တုံးတာင် လှုပ်ပါများရင် နဲ့တတ်ပါတယ်….
ကျုပ်ကို ဘာမှ ပြန်မေးဖို့ မစဉ်းစားနဲ့
ချစ်ဆိုတာလည်း ထူးဆန်းသားနော်…
ပိန်းတယ်လို့ ထပ်မပြောချင်တော့ဝူး…

ဟု ဆိုသတတ်…..

 

အခု သူတို့တွေ ချစ်သက်တမ်း ၁၅ရက်ပြည့်လို့ ဦးကျောက်ခဲ လက်ဆောင်ပြန်ရတာကတော့ “ပြန်စဉ်းစားကြည့်မိတိုင်း အူးလေးကို ထိုင်ကန်တော့မိတယ်” တဲ့လေ ဟီ ဟိ။ ကဲ… လူတတ်ကြီးလုပ်ပြီး ပြောလိုက်အုံးမယ်၊ တစ်ဦးကိုတစ်ဦး သစ္စာရှိရှိနဲ့ ဘဝအောင်မြင် တိုးတက်ရေးအတွက် ကြိုးစားကြ၊ နားလည်မှု ရှိကြ၊ မ “ဂေါက်” ကြပါနဲ့လို့ တိုက်တွန်းချင်သလို၊ သင်းလေးတို့တွေ အစဉ်ထာဝရ ရွှေလက်မြဲစေဖို့ ရွာ့လူကြီးများကလည်း ဆုံးမသွန်သင်ကြပါဦးလို့…

 

 

170 comments

  • KZ

    August 6, 2013 at 8:03 am

    ပြောချင်ဘူးးးး

    ဒီ ဝါသနာကြောင့်ပေါ့လေ။
    အဆင်ပြေရင်တော့ ထိုင်ကန်တော့ခံတော့ပေါ့။

    ဘာနဲ့ ကန်တော့ ပြီးပြီတုန်းးးး
    ၁၀% လောက်တော့ ရှယ်ပေးပါ။

    😀

  • KZ

    August 6, 2013 at 8:06 am

    ကျောက်ခဲတောင် နှင်းနဲ့ တွေ့ အရည်ပျော်ရသေးတာ။
    ကျောက်တုံးဆိုတော့ လှုပ်ပါများတော့…………………..
    ကျောက်တုံး လှုပ်ပါမှပဲ။
    နို့မို့ အိပ်ရေးပျက်တယ်။ :mrgreen:

    • ဦးကျောက်ခဲ

      August 6, 2013 at 8:20 am

      ကျောက်စ် သနားလည်းသနား၊ အမြင်လည်းမတော်…
      အိပ်ရေးပျက်၊ နားပူခံရတဲ့ဒဏ် မခံနိုင်လို့…
      နည်းပေးလမ်းပြ လှော်ပေးလိုက်တာပါ မိဇာဂျီးရယ်…
      အဲ… ဝါသနာရှိရင်းစွဲကလေးကလည်း ဖျောက်မရနိုင်လို့…
      😀

      • TNA

        August 6, 2013 at 12:10 pm

        အုအုကျောက်ရွာသူဘယ်သူလဲဟင်။ အုအုကျောက်လက်ရာကိုး အဒူလဲဟင်။

        • Min Zarni

          August 6, 2013 at 12:11 pm

          ခုထိမသိဘုလား
          မွေ့နှင်းကေသရာ ကျောက်တဲ့ သူရဲကောင်းပါ ဆို

  • surmi

    August 6, 2013 at 8:34 am

    အဟမ်​းးး
    ဒီကွန်​မန်​့ကို​ရေးချင်​လွနိးလို့ ညကမအိပ်​ဘဲ ကြိုးစားြပြီးရွာထဲလာခဲ့တာဗျို့ 🙂

    အထက်​ပါဇတ်​လမ်​းဖြစ်​​မြောက်​​ရေးအတွက်​ အဖက်​ဖက်​မှ ဝိုင်​းဝန်​းကူညီ​ပေးကြကုန်​​သော ….
    အချစ်​မဟာဗျူဟာ ​လေ့လာ​ရေးအဖွဲ့ှမှ တပ်​မှူးကြီး ဘိုဂျုပ်​​ကျောက်​စ်​ ၊ ပဲ​လှော် သမား​မောင်​ဆာမိ ၊ ​ဘေးတီး ပတ်​မကြီးထု မခိုင်​ဇာ ၊ အကြံ​ပေး ညဏ်​​ပေး ​ရွှေကြည်​ ၊ အတိုင်​ပင်​ခံ နန်​း​တော်​ရာသူ ….. ​ဘေးထိုင်​​မြှောက်​​ပေး အလင်​းဆက်​ နှင်​့ သဂျားရာထူးမှ​လျှောသွား​သော မြှားနတ်​​မောင်​ ဦးမာဃ တို့အား ……
    အမည်​မ​ဖော်​လို​သော ကာယက ရှင်​များကိုယ်​စား ​ကျေးဇူးတင်​ရှိပါ​ကြောင်​းးးးးးးး 🙂

    စိတ်​ဝင်​စားပါက ရွာထဲမှလူြပြိုကြီး များလည်​း အဆိုပါအဖွဲ့နှင်​့ ဆက်​သွယ်​ တိုင်​ပင်​နိုင်​ပါ​ကြောင်​းးးး
    အခ​ကြေ​ငွေမယူပဲ အိမ်​တိုင်​ယာ​ရောက်​ အကူအညီ​ပေးမည်​ဖြစ်​ပါ​ကြောင်​းးးးးး

    ကဲ ကဲ … အတည်​​ပြောပါမယ်​
    အင်​မတန်​မှ မင်္ဂလာရှိတဲ့သတင်​း​လေးပါ
    ရွာရဲ့ အကျိုး​တော်​​ဆောင်​ အချစ်​​တော်​ ရွာသား​လေးနဲ့ ရွာသူ​လေးကို လည်​း အထူးဝမ်​း​မြောက်​​ကြောင်​း​ပြောချင်​ပါတယ်​
    သကြီးမင်​းနဲ့ တကွ ရွာလူကြီးများ ၊ ရွာသူရွာသားများအ​နေနဲ့လည်​း
    ဝမ်​း​မြောက်​ဝမ်​းသာဖြစ်​ကြမှာပါ ။
    ဦး​ကျောက်​ရဲ့ ဆန္ဒ အရ ရွာကိုအပ်​ပြီမို့ ……
    ဝို်​င်​းဝန်​း​ဖေးမ လက်​တွဲ ​ခေါ်ကြပါစို့ ​နော ……

    • KZ

      August 6, 2013 at 8:46 am

      ထုရတာ လက်အံသေလို့ ……. :mrgreen:

      စိတ်ညစ်ရင် ကိုယ့်ကို လာလာညည်းပြီး…..
      ဝမ်းသာစရာသီတင်းကျမှ ကိုယ့်ကို မပြောရကောင်းလား စိတ်ကောက်မိသေးးးးး

      ဟိုနေ့ကမှ ၂ ယောက်တွဲ ဓာတ်ပုံလေး လာပြပြီး ပြန်ချော့လို့ စိတ်ပြေရတာ။
      နို့မို့ ၂ ယောက်လုံးကို ထပ်ထုချင်တာ။ 😀

      • Min Zarni

        August 6, 2013 at 8:49 am

        ဘုရားသခင် ပိုလို့ ကောင်းချီးပေးပါဇီတော်..

        :harr:

        • KZ

          August 6, 2013 at 8:52 am

          နိ ရော ဘယ်တော့ ၂ ယောက်တွဲပုံ ပြမတုန်းးးးး

          ခုကို ထုချင်နေပြီ။ 😀

        • Min Zarni

          August 6, 2013 at 8:54 am

          နိုဝင်ဘာ ၁၁-၁၂ ရန်ကုန်မှာ အဲ့ ကရင်မလေးနဲ့ တူတူ ရှိနေမယ်…
          အူးလေးကျောက် လက်မှတ်ထိုးတဲ့ရက် နဲ့ တရက်ကပ်လွဲသွားတာစိတ်မကောင်း…
          ဒါ့ပုံ အဲ့ကျမှ ကြည့်တော့ …
          လှည်းတန်းက ဟိုသေချင်းဇိမ်း ဒါ့သေဆြာ ကိုရိုက်ခိုင်းအူးမှာ …
          သွပ်သွပ်…

    • ဦးကျောက်ခဲ

      August 6, 2013 at 9:08 am

      ဟီ ဟိ ကိုရင်ဆာက ကျောက်စ်ထက် ပိုဒုက္ခခံရတော့ ပိုသိမှာပေါ့…
      အခုတော့ သူတို့ပျော်နေတာကြည့်ပြီး ပီတိဖြစ်ရပါကြောင်း…
      😀

      ဟိ… မိဇာဂျီးတို့ ဒီတစ်ကွက်လွတ်သွားတယ်…
      ဟိုသူငယ်မက ငိုခြင်လို့ လက်တို့ပေးပါဆိုတာကို…
      🙂

      ဝုတ်ပါ့ မောင်ဂီရယ် ၁ရက်ထဲ ကပ်လွဲသွားတယ်
      🙂

  • Min Zarni

    August 6, 2013 at 8:40 am

    တိန်…
    ဂါးနဲ့ ဂီ ခုမှ တွေ့တာ ပါဆိုမှ…

    • ဦးကျောက်ခဲ

      August 6, 2013 at 9:10 am

      ကဲ ကဲ ဂါးနဲ့ ဂီ လည်း အောင်ကြပါစေ လို့…
      😀

  • Ma Ei

    August 6, 2013 at 9:08 am

    မျက်နှာများတဲ့ သူနဲ့ သူ့ကောင်မလေး တို့အကြောင်းလား…

    • ဦးကျောက်ခဲ

      August 6, 2013 at 9:13 am

      အတိအကျပေါ့ မအိရယ်…
      ကိုရင်ဆာရဲ့ ကွန်မန့်အတိုင်း ခင်ဗျ
      😀

  • surmi

    August 6, 2013 at 9:26 am

    အစက​တော့ … ဒီတိုက်​ပွဲမှာ ​မောင်​ဆာမိက ​လေ​ကြောင်​းပစ်​ကူပါခင်​ဗျ 🙂
    သို့​သော်​ ဗျူဟာမ​ကောင်​း​လေ​တော့ ပစ်​တိုင်​းလွဲ​နေတာ
    ဒါနဲ့ ဗျူဟာမှူး ​ကျောက်​စ်​ က ဗျူဟာဆွြဲပြီး တိုက်​​တော့မှပဲ အလံထူနိုင်​တာဗျို့ 🙂
    စစ်​ဆင်​​ရေးနာမည်​က တစ်​ကွက်​​ကျော်​ စစ်​ဆင်​​ရေး တဲ့ ခင်​ဗျ :mrgreen:

    • ဦးကျောက်ခဲ

      August 6, 2013 at 9:58 am

      ဟီ ဟိ အပွဲပွဲနွှဲလာတာ ဘယ်ရမလဲ…
      တစ်​ကွက်​​ကျော်​ ဗျူဟာခင်းလိုက်တာ…
      နောက်ဆုံးတော့ အဖြေရပါလေရော… ဝမ်းသာတယ် ဟီး ဟီး
      😀

  • ဦးကြောင်ကြီး

    August 6, 2013 at 9:36 am

    အနော့်ဂိုလည်း ခရစ်စတယ်လှိုင်းလေးနဲ့ အောင်သွယ်ပေးပါ.. ဟိုကောင် ငစည် ပျံမရောက်ခင်.. ဒင်းဂအလွယ်ဗူး စာနေဂျ ကြောင်ဖားဂျီး…။ ဦးကျောက် ခရစ်လေးကို ကြည့်ချင်သလောက်ကြည့်၊ တွေးချင်သလောက်တွေး၊ ပြစ်မှားဂျင်သလောက်ပြစ်မှား.. ကိုယ်ထိလက်ရောက် မကျူးလွန်ရင်ပီးရော…. 😳

    • ဦးကျောက်ခဲ

      August 6, 2013 at 9:54 am

      ကစီသွပ်က စက်သေနပ်နဲ့လည်းပစ်၊ ဗုံးလည်း ကျဲမှာတဲ့…
      အဲသည်တော့ သေချာခြင်ရင် ကျောက်စ်တို့ မင်္ဂလာပွဲကိုတက်…
      သတို့သားအရံလုပ်ပေး၊ ခရစ်လေးကို ပြောပေးမယ် ဟီ ဟိ…
      😀

      • ကိုရင်စည်သူ

        August 6, 2013 at 1:00 pm

        သံချေးရေသောက်ပီး သံပြားအောင်းထွက်လာဒါ… ဟီးးး သံလိုမာကျောနေပီ..
        စိတ်ဓါတ်ပြောဒါပါ… 😳 ရွာထဲက ဗျူဟာမှူးတွေ သားအပေါ်ဆို
        သိပ်ဥပေက္ခာပြုနိုင်ဒါပဲ… ကူမင်တန်လို့ တရစပ်တိုက်စစ်ဆင်တာတောင်
        ခရစ်လေးရဲ့ အဖျားနားတောင် သီခွင့်မရခဲ့ဖူးးး။ အူးကျောက်… ကျော့်က
        အရင် အဲ့နေရာဂို ယူထားတာနော်.. ဘိုကင်ဒွေမကျော်နဲ့…အူးကျောက်စားမယ့် စွန်ပလွန်သီးထဲ…
        ဆေးခပ်ပြီး မောင်ဖြိုးတို့ အဖွဲ့လွှတ်ပေးလိုက်မှာ…. :mrgreen:

        • ဦးကျောက်ခဲ

          August 6, 2013 at 2:09 pm

          အဲလို မရက်စက်နဲ့လေ ကိုရင်စည်ရဲ့…
          ဒီလိုလုပ် မောင်ရင်တို့ ၂ယောက် လည်ပင်းကြိုးချည်ပြီး ပြိုင်ဆွဲ
          နိုင်တဲ့သူ အဲ့နေရာဂို ယူ… ဟီ ဟိ
          😀

  • surmi

    August 6, 2013 at 9:36 am

    အခုမှကြည်​့ဖြစ်​တယ်​
    like 60 တဲ့ 🙂
    သူတို့ကို ရွာထဲက တကယ်​ချစ်​ကြတာပဲ 🙂 🙂

    • ဦးကျောက်ခဲ

      August 6, 2013 at 9:50 am

      ဟီ ဟိ အဲဒါကြီးက တခုခုတော့ မှားနေပြီထင်ရဲ့…
      မန်ဘာ အုံးသီးလုပ်ထားတာ…
      😀

  • kyeemite

    August 6, 2013 at 9:39 am

    အချစ်မြှားနတ်မောင်ဂျီး အူးကျောက်စ် ကိုလေးဇားဘာဒယ်ဗျာ.. 😀

    • ဦးကျောက်ခဲ

      August 6, 2013 at 10:02 am

      ရွာသူရွာသား တိုးပွါးစည်ပင်စေဖို့ပါ… ဟီ ဟိ
      တိုင်းပြည်မှာ လူပိုကြီး အပိုကြီး လျော့ပါးစေရေး… ကျောက်စ် အရေး… အားဟိ
      😀

  • Nyo Win

    August 6, 2013 at 9:54 am

    ဦးကျောက် လို လူမျိုးနဲ ့ကျောင်းတုန်း က မတွေ ့ခဲ့တာ နာသဗျာ…
    ကျနော်က ဟိုလူကြီးထပ်ပိုပြီး အုံ ့ပုံးသဗျ…..
    ဦးကျောက် တောင်လက်လျော့ပြီး မျက်နှာပျက်ရမလားပဲ…..
    ဘာပဲပြောပြော အဆဲမခံ ရမှာသေချာတယ်…
    ဒါနဲ ့….ဟိုတယောက်အတွက်လည်း Congrat: ပါ…..

    • ဦးကျောက်ခဲ

      August 6, 2013 at 10:07 am

      ကိုရင်ညို နောက်မကျသေးပါဘူးဗျ…
      ဟီ ဟိ ကျောက်စ်က အခုမှမနဲထိန်းထားရတာ… မျက်နှာပြောင်တယ်
      ခင်ဗျား အုံ ့ပုန်းမို့မပြောရဲရင် နောက်ကလိုက်ခဲ့…
      အိမ်ထောင်မကျခင် ကျောက်စ် အာပေးမယ်… ဟီဟိ
      😀

      • Nyo Win

        August 6, 2013 at 10:14 am

        ကျောင်းတုန်းကကျနော်ကို လှော်ခဲ့တဲ့ သူငယ်ချင်းတွေများ ညံ့ချက်ဗျာ…..
        ခုတော့သူတို ့ခမျာ…သားသမီး နှစ်ယောက် သုံးယောက် တို ့လို ့တွဲလောင်းနဲ ့…ဟီဟိ

  • ရဲစည်

    August 6, 2013 at 10:08 am

    အူးလေးတို့ အဖွဲ့ကို အားကိုးပါရစေ
    သများလည်း ရွာထဲက လိင်တူချစ်သူ တယောက်ကို စိတ်ဝင်စားနေပါတယ်
    ဖြစ်နိူင်ရင် အမြန်နီးစပ်ဖို့ ကြိုးစားပေးဘာ

    😀

    • ဦးကျောက်ခဲ

      August 6, 2013 at 10:30 am

      သားရယ်… သူတို့က မဆွတ်ခင်က ညွှတ်ခြင်နေတာ…
      အဲလို လိုင်းတူကြံနည်း နိသသျှီးက…သူတို့ပဲကျွမ်းတာလေ…
      ဘာတဲ့ Straight ဖြိုနည်းတဲ့ ဟီဟိ …
      😀

  • ဗုံဗုံ

    August 6, 2013 at 10:12 am

    အဟမ်း… အခုတစ်လော တုံး တွေ
    အတော် စွံရှာသကိုး :mrgreen:
    နာလည်း တုံးဗုံဗုံ ဆိုပြီး နာမည်ပြောင်းအုံးမှ… :mrgreen:
    သူတို့အလှည့် ပြီးရင် တမီးအလှည့်
    အူးကျောက် ညက်နာ မလိုက်နဲ့…ရီးဇားစာရေးပေးအုံး..
    ပြီးတော့ တစ်လက်စတည်း ပေးပေးနော်..
    မိဗုံက ပေးခိုင်းတယ်လို့ ပေါလိုက်.. ဒါဗြဲ.. :mrgreen:

    • ဦးကျောက်ခဲ

      August 6, 2013 at 10:34 am

      တိန်…ညည်းဟာကြီးက မတော်ပါဘူးအေ…
      ဦးကျောက် ယောက်ျားချင်း ရည်းစားစာလိုက်ပေးတယ်ဆိုပြီး နာမည်ကြီးနေမှ…
      😀

  • ဦး ဂျစ်

    August 6, 2013 at 10:22 am

    မိန်းထဲ မှ ကျောင်းတက်စဉ်က ထုံထုံ အအ နဲ့မို့ ဘာဇတ်လမ်းမှ မရှိလိုက်ရပါဘူးဗျာ ..
    Nyo Win ပြောသလို ကျောင်းပြီးတော့မှ ဘေးတီးကောင်းမှုနဲ့ ခုတော့
    ခေး တွေတောင် လူလားမြောက်ခဲ့ပါပြီ ….။
    (ဘေးသာ မတီးခဲ့ရင် ကျုပ်လဲ လူပျိုကြီး အဖွဲ့ဝင် ဖြစ်နေမှာ) 😀

    • Nyo Win

      August 6, 2013 at 10:28 am

      ဦးဂျစ်ရေ…..ကျော်ကတော့ ခုထိ လူပျိုကြီး အဖွဲ ့ဝင် ပဲခင်ဗျ…ဟီဟိ

    • ဦးကျောက်ခဲ

      August 6, 2013 at 10:42 am

      ကျောက်စ်လည်း ကျောင်းတုန်းက ကိုယ်သာ ရူပါမပွင့်လို့ လိုက်မကြံပေမည့်၊
      သူများကိုဘေးတီး ချွန်တွန်းကတော့ ဝါသနာကြီးပါ၏… ဟီ ဟိ
      ကျောက်စ်နဲ့သာ စောစောတွေ့ဖြစ်ရင်…
      ဦးဂျစ်လည်း အိမ်ထောင်စောစောကျ၊ ကိုရင်ညိုလည်း ခလေးအဖေ ဖြစ်နေပြီ…
      😀

  • Wow

    August 6, 2013 at 10:28 am

    ဒီကိစ္စ နာထင်တယ်… နာထင်တယ် နာတောင်တွေ့လိုက်သေးဒယ်
    မျက်နှာများတဲ့မောင်နဲ့ ဘယ်သူနဲ့ဆိုလားးးးး :mrgreen:

    • Min Zarni

      August 6, 2013 at 10:43 am

      အာပျိုယီး က အာပျိုယီးလိုနေဘာဗျာ …
      ဒါ ညီးတို့ နားမလည်တဲ့ ဘာသာရပ်တခု ရယ်..

      :kwi:

    • ဦးကျောက်ခဲ

      August 6, 2013 at 10:48 am

      ထင်မနေနဲ့တော့လေ၊ အခု တရားဝင် ကြေငြာလိုက်ပြီ…
      ဒေါ်ဝေါင်း အလုပ်အပ်ချင်ပါသလား… ဟီး ဟီး
      😀

      • Wow

        August 6, 2013 at 4:15 pm

        နာလို ဂဂျီဂဂျောင်၊ လက်ပေါက်ကပ်၊ အစားပုတ်၊ အတင်းပြော၊ အကျင့်ကလေးလဲမကောင်းတဲ့ အပျိုကြီး အလုပ်အပ်ရင် ကျောက်စ် နာမယ်ပျက်မယ်… :mrgreen:

  • Crystalline

    August 6, 2013 at 10:46 am

    အန်ကယ်ရမ်ဒီရယ်…. တမီးလည်းပိန်းတယ်.. မင်းသားကိုသိပေမယ့် မင်းသမီးကိုတော့ သိပ်မသေချာလို့.. ဘာပဲပြောပြောအရမ်းဝမ်းသာပါတယ်.. သေချာတာတော့ မင်းသမီးလေးကလည်း ထက်မြက်ပြီး စာရေးကောင်း သူလေးဖြစ်မယ်ဆိုတာပါပဲ..

    • ဦးကျောက်ခဲ

      August 6, 2013 at 11:07 am

      သေချာတာပေါ့ သာမီးရယ်…
      ဒီရွာထဲမှာ ရေးသူ ဖတ်သူ အချဉ်တစ်ယောက်မှ မပါဘူးလေ…
      ရွာသူလေးကတော့… အဟမ်း အတိတ်စိမ်းပေးရမလား…
      စကားအတင်းစပ်
      ခရစ်စတယ်လှိုင်း သတို့သမီးအရံလုပ်ပေးဖို့ ပူဆာထားသူများရှိပါကြောင်း…
      😀

    • ဦးကြောင်ကြီး

      August 7, 2013 at 10:07 am

      ပိန်းဒဲ့ ခရစ်စတယ်လေးဂို ဂျိမ်းဂျင်ဒယ်… 😳
      မင်းတားမောင်ဂီဂ မင်းတာမီးလေး စာရေးကောင်း ထက်မြက်တာ အသိဗူး.. အဓိက ဂ အဓိက ဒဲ့..။ ဟိုဒင်း ဟိုဟာ ဟိုဥစ္စာမှာ အဓိကနဲ့ သာမည ခွဲတတ်ဖို့ လိုသကွဲ့။။။ ဦးကြောင်ကြီးဆို အကြီးဆုံး အရှည်ဆုံး အတုတ်ဆုံး အကြာဆုံး အကောင်းဆုံး အခြစ်ဆုံးဗဲ… ဆိတ်ကူးမလွဲနဲ့… :mrgreen:

      • Crystalline

        August 7, 2013 at 10:22 am

        အဲဒီအရွတ်ထန ကြောင်ကူလီကြီး ချီးတွင်းထဲကျသေပါစေဟယ်..

        • ဦးကြောင်ကြီး

          August 7, 2013 at 10:48 am

          ချီးတွင်းထဲမှာ ခြစ်ကြမယ်… နှာခေါင်းအပိတ်ကြေး… စိန်လား.. ဂရား… 😳

  • မဟာရာဇာ အံစာတုံး

    August 6, 2013 at 10:50 am

    ဦးဒေါ် .. ဦးဒေါ် .. ဦးဒေါ် …
    ( ဖင်ဘူးတောင်း ထောင်ပြီး ဦးဒေါ် လုပ်နေတီဟု မြင်ယောင်ဘာရန် … ) :mrgreen:

    ကျိုပီး ကန်ဒေါ့ထားဒါနော် … ဥငေးးး …
    ကိုင်းး အူးချပီးဘီ ဆိုဒေါ့ .. ကျုပ်ကိုလည်း အစွံထုတ်ပေးအုံးဂျ … ခွိခွိ

    အခု ဥငေး အစွမ်းနဲ့ အဆင်ပြေတွားဒဲ့ ရွာသူား အတွက်လည်း
    ကျုပ်က ကွန်ကရက်ကျူလေးချင်း ပါဂျောင်းးးး
    ရိုးမြေကျသည့်တိုင် ခိုင်ခိုင်မြဲမြဲ ရွှေလက်တွဲသွား နိုင်ပါစေဂျောင်းးးး

    ဦးဆာမိ အဖွဲ့နှင့်လည်း အညန်ဆုံး ဆက်သွယ်လိုဘာဂျောင်းးး
    :mrgreen:

    • Crystalline

      August 6, 2013 at 11:02 am

      :confused: အာ့မင်းသားဟုတ်ဖူးလားဟင် … 🙂

    • ဦးကျောက်ခဲ

      August 6, 2013 at 11:11 am

      မောင်အံ… ညက်နှာလာပြောင်တာလား…
      အခုကြတော့ ရုပ်ကြီးကို ဖြီးလို့… မျက်စေ့နောက်အောင် လာမလုပ်နဲ့
      တင်းလာရင်… ပြန်ရှော်လိုက်မှာနော်… ဟီ ဟိ
      😀

      • မဟာရာဇာ အံစာတုံး

        August 6, 2013 at 11:14 am

        ဥငေးးရယ် …
        တင်းလိုက်ဒေါ် မမူဘာနဲ့ ခီညော် …
        ညက်နှာ လာပြောင်ဒါ မီဟုတ်ဘာဝူး …
        ဂျစ်လို့ စဒါဘာ .. ဟီးးဟီးးး
        :mrgreen:

    • TNA

      August 6, 2013 at 12:14 pm

      ညီးဟုတ်ဘူးလားအေ့။ နာကညီးမှတ်တာ

      • ဦးကျောက်ခဲ

        August 6, 2013 at 12:25 pm

        ဟမ်မယေး ဒေါ်သဲရယ် သေခြာတာပေါ့ လက်ဆွဲပြီးပြဖို့ပဲ ကျန်တော့တယ်…
        😀

  • koyinmaung

    August 6, 2013 at 11:37 am

    တို့ကတော့လက်ဖွဲ့ဘို့စောင့်နေပြီဟေ့………..

    • ဦးကျောက်ခဲ

      August 6, 2013 at 11:50 am

      အကိုရင်မောင်ရေ…
      တိုက်ခန်း ၁ခန်းလောက် လက်ဖွဲ့ပါလားတဲ့… ဟီဟိ
      😀

      • koyinmaung

        August 6, 2013 at 6:50 pm

        တိန်………………

        • Ma Ma

          August 7, 2013 at 9:44 am

          မင်းမင်းလို …….
          လက်ဖွဲ့ဖို့ ကားလိုက်ကြည့်နေတယ်။
          လက်နဲ့တွန်းတာမို့ မကြိုက်သေးလို့။
          ဘက်ထရီကား ရှာလိုက်အုံးမယ်။ :loll:

  • အရမ်းတော်တဲ့ အူးလေးပါလားကွီ.. ဒီအူးလေးကို တူမတော်ရတာ ကံကောင်းလိုက်တာ..
    သာမီးကိုလည်း မိုးယံဇွန်နဲ့ အောင်သွယ်ပေးပါလားဟင်င်..

    ဟို အူးလေးဂီ က မိုးယံဇွန် နဲ့ သိတယ်တဲ့.. သာမီးကို ဗျူဟာထုတ်ပေးမားဟင်င်.. 🙂

    • ဦးကျောက်ခဲ

      August 6, 2013 at 11:52 am

      အဟမ်း… ရုပ်တည်ကြီးနဲ့ ပေါ့လေ…
      တင်းလာပြီနော်… ဟင်း ဟင်း
      😀

      • TNA

        August 6, 2013 at 12:46 pm

        အောင်မယ့် တူဂလဲဝင်နောက်တေးဒဂိုး။ နာလဲထုမှတိဒယ်။ ဟီဟိ ဝမ်းသာပါအိ။

    • Wow

      August 6, 2013 at 4:22 pm

      အဟမ်း… အဟမ်း… ဒီမှာ သက်သေခံပစ္စည်းနဲ့တဂွ ခြေရာလက်ရာမပျက်ခင် မိထားတာနော်…. :mrgreen:

  • TNA

    August 6, 2013 at 12:18 pm

    မယ်ဂီ့ကတော့ ဟိုနေ့ကပြောတွားသား ဒီနှစ်ထဲ သုံးတွဲလက်ဖွဲ့ရမယ်ဆိုလား။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 6, 2013 at 12:43 pm

    ဟင်းဟင်းဟင်း
    ပျက်ဂဒိန်တွေကိုဆွဲဗျဲပီး ဂုဘဲ မင်္ဂလာဆောင်ဒဲ့ရက်ဖြစ်ဘလိုက်ခြင်ဘီနော
    ဟင်းဟင်းဟင်း
    သူတို့မင်္ဂလာသတင်းပြောလို့
    ကျုပ်ခြာတိတ်တုန်းက ဘော်ဒါတစ်ယောက် လယ်တောထဲကို မိန်းမခိုးလာတာ
    မခိုးခင်ကြိုပြောထားတာဆိုတော့
    တဲအောက်မှာ နွားခြူတွေ ခလောက်တွေဆွဲထားပေးပြီး
    ညလိုကြတော့ ဟိုကောင်ခလောက်တွေခြူတွေ ထဖြုတ်ပြီးဆဲပါလေရော
    ခုတော့ သူတို့သားလေးတွေသမီးလေးတွေတောင် လူကောင်ကြီးတွေဖြစ်ကုန်ပြီ

    • ဦးကျောက်ခဲ

      August 6, 2013 at 1:02 pm

      ကိုအောင်ပု

      ပျက်ဂဒိန်တွေကိုဆွဲဗျဲပီး ဂုဘဲ မင်္ဂလာဆောင်ဒဲ့ရက်ဖြစ်ဘလိုက်ခြင်ဘီ

      ဆိုတော့…
      သံချောင်းခေါက်လိုက်လေဗျာ…
      ခင်ဗျားအလှည့်ဆို ခြူတွေ ခလောက်တွေ မဆွဲပါဘူး…
      Vibration Alarm တွေပဲ တတ်ထားမှာ… ဟီ ဟိ
      😀

  • surmi

    August 6, 2013 at 12:56 pm

    ကဲ ဒီတစ်​ခါ​တော့ ရွာလူကြီး​တွေအလုပ်​ရြပြီ

    ဥက္ကဌ ​အ​ဟောင်​းအသစ်​များတန်​းစီ …..
    ဘယ်​ကြည်​့ !!
    ညာကြည်​့ !!
    ​ရှေ့​လျောက်​ !! အ​ရောက်​ပို့ 🙂 :mrgreen:

    • ဦးကျောက်ခဲ

      August 6, 2013 at 1:07 pm

      ကျောက်စ်နဲ့ ကိုဆာမိကတော့၊ အရောက်ပို့လိုက်ပြီ…
      ကျန်တာတော့… ရွာ့လူကြီးများအတွက် ဟီ ဟိ
      😀

  • Mon Kit

    August 6, 2013 at 1:05 pm

    ဦးကျောက်စ် ရေ..
    မွန်ကစ်တော့ မကောင်းလှတဲ့ ကွန်နက်ရှင်ကြောင့် ခေတ်တွေ နောက်ကျ ကျန်ခဲ့ဘီနဲ့ တူတယ်နော်…
    အဲရာ ဘူရေးတွေရဲဟင်…
    ဒီမှာ မျက်စိသူငယ် နားသူငယ်လေးနဲ့ ဦးကျောက်စ် ပို့စ်ကို ဖတ်နေရဒယ်…
    ဖတ်ကောင်းချက်ကလဲ လွန်ရော.. နောက်ဆုံးမတော့ ဒီ ဂဇက် ရွာသူ ရွာသားတွေရဲ့ မေတ္တာဘွဲ့ ဇာတ်လမ်းလေးဖစ်နေတာကိုးးးးးးးး..
    :harr:

    • ဦးကျောက်ခဲ

      August 6, 2013 at 1:14 pm

      တူမမွန်ကစ်ရေ…
      ဒါလည်း ရွာထဲက မေတ္တာဘွဲ့ ဇာတ်လမ်းတစ်ပုဒ်လေ…
      ဟီ ဟိ မန့်တွေကိုသေချာဖတ်မိရင် ဘယ်ရွာသူနဲ့ ဘယ်ရွာသား ဆိုတာ…
      လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီး မြင်ရလိမ့်မယ်ကွဲ့…
      😀

      • Mon Kit

        August 6, 2013 at 1:39 pm

        အင်းးးးးးးးးးးး… ကွန်မန့်တွေ ဖတ်ကြည့်ရသလောက်တော့ ခြောက်မျက်နှာ ရှိတဲ့ မောင်အံတစ်ယောက်တော့ အတော့်ကို အပျော်လွန်နေဒါ တွေ့ရသတော့..
        ကောင်မလေး ကိုတော့ မမှန်းတတ်သေးဘူး.. မှားတွားရင် စိတ်ဆိုးမှာ စိုးရို့…
        🙂

        • KZ

          August 6, 2013 at 1:42 pm

          ကော်မန့်တွေ အစအဆုံး တစ်ခေါက်ပြန်ဖတ် မွန်ကစ်လေးးး 🙂

        • ဦးကျောက်ခဲ

          August 6, 2013 at 1:44 pm

          အပေါ်က မိဇာဂျီး ပြောတဲ့အတိုင်း…
          😀

        • Nyo Win

          August 6, 2013 at 2:02 pm

          မွန်ကစ်ရေ….ဦးညိုလိုရွာစပ်ကလူတောင်သိနေပြီ….

  • manawphyulay

    August 6, 2013 at 1:09 pm

    ဒါဆို ဦးကျောက်က ငယ်ငယ် ကျောင်းသားဘဝထဲက အစွမ်းအစရှိကြောင်း ပြခဲ့တာပေါ့နော်။

    • ဦးကျောက်ခဲ

      August 6, 2013 at 1:19 pm

      တူမ မနောဖြူရေ…
      ဦးကျောက်စ် ငယ်ငယ်ထဲက အတော် ပြောင်စပ်စပ်နေခဲ့ ဗရုပ်ကျခဲ့တာမို့…
      အခုလူကြီးဖြစ်လာတော့ အတော်ထိန်းနေရတယ်၊ ဒါတောင်မှ မြင်တဲ့အတိုင်း…
      😀

      • Min Zarni

        August 6, 2013 at 1:35 pm

        အူးလေး ..ကျော် စန်းဒယားဆြာတီးတဲ့ ရင်ဘတ်အပွအပွ အကျင်္ ီ ဝတ်ရင် လိုက်မှာလားဟင်င်င်င်င်
        ခုကတည်းက ဝက်ဒင်ဂေါင်း တွေလိုက်ကြည့်ရင်း ရင်တွေ ခုန်နေတာ..
        ဘယ်ဒတ်ဆြာ ရိုက်ခိုင်းရမဲ ဆိုတာတွေးရခက်ကြီးခည…
        (မားသံ ကိုတော့ ကင်မလာသိမ်းရမယ်…ဒီလူဂျီးကမလွယ်ဘု..)

        • ဦးကျောက်ခဲ

          August 6, 2013 at 1:48 pm

          ခင်ဗျားကပြောနေ…
          ကျောက်စ်မှာ အသားတော်ကစ္စနက ညိုမှောင်တာမို့
          ဘာအရောင်ဝတ်ရပါ့လို့ အုံးစားနေတာ…
          😀

        • Min Zarni

          August 6, 2013 at 1:58 pm

          ကျော်လည်း မထူးလှဘာဘူးဗျာ..
          ကွကိုယ် အရောင်ချွတ် မရမှတော့
          ဒင်းတို့ကိုပဲ အိုးမဲသုတ်တာ အေးမယ် ထင်ပါတယ်ဗျာ..
          အနီရဲရဲ နဲ့ တရုတ်မကြိုက်သူကြီး ကိုမြင်ယောင်မိဒယ်..
          ငိငိ
          ကျော်လည်း ဂေါ့သစ်ဆိုပီး အနီရဲရဲ ဝတ် လို့ ..ပီးမတ်ကေနဲ့ ပွဲထွက်လိုက်ရ..

  • ခင် ခ

    August 6, 2013 at 1:52 pm

    ဒီတစ်ခါလည်း နဖူးစာ ရွာ ဘာကြောင့်လည် ဘဲလားကွယ်။

    • ဦးကျောက်ခဲ

      August 6, 2013 at 1:58 pm

      ဟီ ဟိ သဂျီးရဲ့ မန်းဂဇက်ရွာလည်း…
      ငြင်းရာခုန်ရာကနေ အချစ်ဝင်ကုန်ကြပြီ…
      😀

      • ခင် ခ

        August 6, 2013 at 3:34 pm

        ဪ ကိုကျောက် ရွာဖူးစာ သူတို့တစ်တွဲတည်းဆို ပျင်းနေလို့ အဖော်အပေါင်းတွေ လိုက်ကာစုဆောင်းရေးမှုး လုပ်နေတာပေါ့လေ။
        ကျုပ်တို့အတွက်ရော လုပ်ပေး ကူညီပေးလို့ရတာမျိုး မရှိဘူလားဗျ။ ရှိရင်ပြောဗျာ အလုပ်အပ်မယ် စရံအဖြစ် ပေးထားမယ်လေ ရတယ်မလား။
        အခု ရွှေလက်တွဲရန်ရည်ရွယ်လို့ အစွံထုတ်သွားကြသော မောင်တို့ မယ်တို့ ကိုလည်း ခင်ခ က လက်ခုပ်ဩဘာပါဗျို့……လို့။

  • Ma Ma

    August 6, 2013 at 1:56 pm

    ဒီလို ကောင်းမှုတွေလုပ်ခဲ့လို့ ဒီလို စွံတာ ထင်တယ်။
    :loll:

    • ဦးကျောက်ခဲ

      August 6, 2013 at 2:02 pm

      အန်တီမာမား မန့်ဖူးတာ မှတ်မိလား
      ကျောက်မြှုံးမှာ နှင်းမိတာပါ… ဟီ ဟိ…
      သူတို့ ၂ယောက်ကို အပ်တယ်နော် အန်တီမာမား…
      😀

      • Min Zarni

        August 6, 2013 at 2:11 pm

        အခုဆိုရင် အာရှတိုက်မှာ အပျော်ဆုံး ဗမာယောက်ျား ၃ယောက် ဖြစ်လာပြီပေါ့ဗျာ…
        ငိငိ..

        • Ma Ma

          August 6, 2013 at 2:38 pm

          အဲဒီအပျော်ဆုံး၃ယောက်ကို
          အော်မေ့ဂိုဏ်း ဖြိုခွဲမှု
          သတ်ပုံဂိုဏ်း ယိုင်နဲ့အောင်လုပ်မှုတွေနဲ့ တရာစွဲမယ်။
          :mrgreen:

        • Mon Kit

          August 6, 2013 at 2:41 pm

          မိဂီမ … ညည်းက ဘူနဲ့ရဲ???
          😆

  • Shwe Ei

    August 6, 2013 at 2:08 pm

    အိုက် အဆင်ပြေသွားတဲ့ စုံတွဲကို သများမုန့်လိုက်ကျွေးမယ်လို့ ပျောပေးဘာ အူးလေး

    လည်းတန်းက ဝိုင်ကေကေအိုမှာ….

    အချိန်နဲ့နေ့ရက်ကို ဒီပို့စ်မှာကိုယ်တိုင် လာပြီး ကွန်ဖမ်းဂျဘာလို့…အဟိ

    မှတ်ချက်။ ။ တွေ့ကျမယ်လေလို့ပျောပျောပီး မသိခြင်ထောင် ထောင်နေသူရီးအား နီးနီးလေးနဲ့ဝေး သီချင်းဆိုပျဘာမီ

    • ဦးကျောက်ခဲ

      August 6, 2013 at 2:18 pm

      ကျန်း… ကျောက်စ်တို့ကိုတော့ မကျွေးဘူး…
      ဟီ ဟိ ဒီလောက် နီးနီးလေး လေလည်ရင်တောင် ကြားရမတတ်ကို…
      ကြားကြလား ဟို ၂ယောက်…
      😀

      • Mon Kit

        August 6, 2013 at 2:53 pm

        ဦးကျောက်စ်ရေ…
        မွန်ကစ် ဒီနေ့ အလုပ်လုပ်ဘူး.. တိရား…
        ဆိုးဝါးတဲ့ ကွန်နက်ရှင်ကို အန်တုပီး ဒီပို့စ်ကို ဖွင့်လိုက် … ပြန်ဖွင့်လိုက်နဲ့ ဖတ်နေဒါ..
        ပျော်လဲ ပျော်ချာကြီး.. ခုတော့ သများလဲ တိတွားဘီ…
        မိဂီမ ရဲ့ ကောင်မလေးဘဲ မသိရသေးတာ…
        ဒီစုံတွဲ တွေ အားလုံး အိုအောင် မင်းအောင် ပေါင်းကြပါဇီတော်…
        😀

  • Crystalline

    August 6, 2013 at 3:06 pm

    မင်းသမီးလေးသိသွားပြီး… ချစ်ချာလေးလို့ပြောမိသူလေးကိုး 🙂
    အန်ကယ်ရမ်ဒီရေ… တမီးလည်းအသည်းကွဲနေတယ်..သွားစွဲလမ်းမိတာက Keith Urban ဖြစ်နေလို့.. တမီးကိုလည်း သူနဲ့တူတဲ့သူလေးရှာပေးပါ… ကျေးဇူးမေ့ပါဘူး :harr:

    • ဦးကျောက်ခဲ

      August 6, 2013 at 3:14 pm

      သာမီးရေ…
      ဦးကြောင်ကြီးက Keith Urban နဲ့ နှာခေါင်းတူပြီး…
      ကိုရင်စီသွပ်က နားရွက်တူသတဲ့… ကဲ ဘယ်သူ့ကိုရွေးမလဲပြော… ဟီး ဟီး
      😀

      • ကိုရင်စည်သူ

        August 6, 2013 at 8:06 pm

        တာမီးလေးခရစ်ရယ်… ကရင်စီက Keith Urban ဆံပင်လောက်ရှိပီးး
        ဟိုက အဖြူကောင်ဆိုတော့ အသားနီစပ်စပ်ဖြစ်နေတော့ အသားဖြူဝင်းတဲ့ဒီက
        သူတင်ငါတင်ယှဉ်ရင်တောင် အဲ့ ကိတ်အာဘန်က ကိုရင့်ထက် အဖက်ဖက်က နိမ့်နေတယ်လို့တောင်
        အများအမြင်ထင်ရပါဒယ်… :mrgreen:
        ဒီရုပ်ရည်ကို ယုံလို့ အူးကျောက်စ်တောင် သတိုးသားအရံလုပ်ပေးဖို့ခေါ်ထားတယ်လေ.. 😳
        တာမီးလေး ခရစ်လည်းယုံရင် အသည်းကွဲကုပေးဒဲ့ ဆြာဝန် လုပ်ပီရစေနော်..။
        ကျေးဇူးဆပ်ချာမလိုပါဘူး.. အဲ့ကွဲနေဒဲ့ အသည်းလေး ပေးလိုက်ဘာရားးး။
        အရှေ့အလယ်ပိုင်းပင်လယ်ပြင်မှာ အချစ်တတ်ဆုံး သင်္ဘောသီးတစ်လုံး.. 🙄

      • ဦးကြောင်ကြီး

        August 7, 2013 at 10:11 am

        ဦးကြောင်ဂ အဲဒီကောင်နဲ့ အတူဝူး.. Keith Jungle နဲ့တူဒယ်လို့တော့ ပြောဂျဒယ်… ဘိုလဲ ခြစ်မှာရား… ဂွီး ဂရား။။ ခရစ်စတယ်လေးကို တောထဲဂ တာဇံဂျီးလို ခြစ်မယ်…။

  • အရီးခင်

    August 6, 2013 at 3:13 pm

    ကျုပ်လဲ တုံး တယ်လို့ ဝန်ခံပါတယ်တော်။
    နှေးတုံ့တုံ့ အဖွားကြီး တွေ ကိုချန်မထားကြပါနဲ့။
    ကျုပ်က အဖြေကို ရမ်းတီးတတ်တယ်။
    မင်းသမီး လေး ကို “ဘပု” လို့ ထင်နေတာမို့ မဟုတ်ရင် ပြောနော် ကကျောက်။
    သူပုန်ယွဲ တော့ အသီးကွဲပြီ။
    😉
    😛

    • ဦးကျောက်ခဲ

      August 6, 2013 at 3:28 pm

      ဟမ်မယေး အရီးရယ်…
      အပေါ်ကွန်မန့်တွေမှာ အဖြေတွေပါသွားပြီခင်ဗျ…
      ဟီ ဟိ မထူးတော့ပါဘူးလေ…ဘယ်သူတွေရှိရမှာလဲ…
      ညက်နှာလာပြောင်တဲ့ ရွာသားနဲ့ ရုပ်တည်ကြီးနဲ့ရွာသူလေးပေါ့…
      😀

  • နွယ်ပင်

    August 6, 2013 at 3:24 pm

    ဘာပဲပြောပြော နောက်ဆို မျက်နှာများတဲ့သူကြီး တစ်ယောက်တည်း ငိုင်တိုင်တိုင် ထိုင်နေတာကို မတွေ့ရတော့ဘူးဆိုတာ သေချာတွားပီပေါ့နော် …. 😀

    • ဦးကျောက်ခဲ

      August 6, 2013 at 3:31 pm

      အခုတော့ ငိုင်တိုင်တိုင်မဟုတ်တော့ဘူး ဆတ်စလူး နတ်ပူးသွားပြီ နွယ်ပင်ရဲ့
      😀

  • surmi

    August 6, 2013 at 3:33 pm

    အရီး​ရေ …
    ​ဘေးတီး အ​ရောက်​ပို့ ဆွဲစိ​တွေက ဘယ်​သူ​တွေလည်​းလို့ ကြည်​့လိုက်​ရင်​ပဲ
    ဘယ်​သူနဲ့ဘယ်​သူဆိုတာ 🙂

  • အရီးခင်

    August 6, 2013 at 3:41 pm

    အလိုလေး။
    အခုမှ သိတော့တယ်။
    ဒင်းက ကျုပ် ရဲ့ လုံမ ကို မ သွားတာပေါ့လေ။
    ဟုတ်လား အရပ်ကတို့။
    အရီး မသိဘဲ လုံမ ကို ထိသွားတဲ့ မင်းသားတော့ တွေ့ရင် နားရွက်ဆွဲခံရပီမှတ်။
    😛
    Many Congratulations!!!!!
    အောဝါဓ များ မကြာခင် လာမည်။ 😉

    • ဦးကျောက်ခဲ

      August 6, 2013 at 4:01 pm

      ဟီ ဟိ အရီးကတော့ ဒဲ့ဆော်ပြီ… ဟိုမောင်ရင်လေး ကြားလား…
      🙂

      • အရီးခင်

        August 6, 2013 at 4:08 pm

        ဆိုတော့ …. အမှန်ပေါ့။
        နားထိုင်း၊ မျက်စိ မှုံ တော့ ဒဲ့ မမှန်းရင် တစ်လွဲဖြစ်တော့မှာ ကကျောက်ရေ။
        ဒါတောင် သီသီလေးလွဲ တော့ မလို့။
        😛

    • ခင် ခ

      August 6, 2013 at 4:10 pm

      “အရီး မသိဘဲ လုံမ ကို ထိသွားတဲ့ မင်းသားတော့ တွေ့ရင် နားရွက်ဆွဲခံရပီမှတ်။´´
      အရီး မသိလိုက်တဲ့ မလုံတဲ့ ဘက်က လှည့်ခေါ်သွားတာနေမှာပေါ့ဗျ။

      • အရီးခင်

        August 6, 2013 at 4:15 pm

        ဝုတ်ပ ကိုခရေ။
        ကျန် လုံမ တွေ ကို ဘယ်လို ပိတ်ထားသင့်သလဲ စဉ်းစားရဦးမယ်။ 🙄

        အဓိက ဟို တစ်ကောင် တစ်ညောင်ညောင် နဲ့။
        သို့ပေသည့်
        ဟောင်လွန်းတဲ့ ခွေး လူမလေး ဆိုလား။
        အော်လွန်တဲ့ ကြောင် ကလဲ အသံဘဲ ရှိမှာပါလေ။
        😛

  • Mon Kit

    August 6, 2013 at 3:41 pm

    ဒီ သုံး စုံတွဲ လုံး တစ်ချိန်ထဲ.. တစ်နေရာထဲမှာ မင်ဂါဆောင်ခဲ့ရင်. ဘဝ တစ်သက်မှာ ဘယ်သူ့မင်ဂါဆောင်မှ မတက်ခဲ့တဲ့ မွန်ကစ်.. ဒါလင့်လက်ချိတ်ပြီး ပွဲတက် ပစ်လိုက်အုံးမယ်…
    တဂယ်ကြီးကို ပြောဒါဘာ…
    🙂

    • ဦးကျောက်ခဲ

      August 6, 2013 at 4:04 pm

      ၃ စုံတွဲလုံး တစ်ချိန်ထဲ.. တစ်နေရာထဲကတော့ မဖြစ်နိုင်ပါဘူး မမွန်ကစ်ရယ်…
      ကျောက်စ်ကတော့ အခုလာမည့် လွတ်လပ်ရေးနေ့…
      ဟီဟိ… ဖိတ်စာပို့လိုက်မယ် ပွဲတက်မလား…
      😀

      • Mon Kit

        August 6, 2013 at 4:21 pm

        ပို့လိုက်ပါ..
        တက်ပါ့မယ်..
        ကိုယ့်ရွာသား အချင်းချင်း အားပေးရတာပေါ့နော..
        🙂

  • KZ

    August 6, 2013 at 4:22 pm

    ကျောက်(စ)!!!
    အနော့ရဲ့ မစွံနိုင်တဲ့ ကိုဂျီးတစ်ယောက်ကိုလည်း အပ်ပါရစေ။
    😀

    • ဦးကျောက်ခဲ

      August 6, 2013 at 4:32 pm

      အဲ့လူဂျီးက မစွံနိုင်တာမဟုတ်၊ မစွံချင်တာဆိုလားဘာလား…
      ဘာများ မှားနေတယ်မသိ၊ ဂဇက်ပွဲမှာ အာဘွားပေးသူတွေလည်းရှိ ဆိုတော့…
      😀

  • nozomi

    August 6, 2013 at 4:45 pm

    ရွာထဲ မရောက်တာကြာနေတာ နဲ့ တော်တော် လည်သွားတယ်
    နားလည်အောင် အိမ်ပေါက်စေ့ ပတ်လိုက်ရတယ်
    ကာယကံရှင်တွေ အတွက် နည်းဗျူဟာမှူးတွေအတွက် ရွာအတွက် ဝမ်းသာဂုဏ်ယူပါ၏
    Mon Kit ပြောသလို ရွာ့ အမှတ်တရ သုံးစုံတွဲလုံး တစ်နေရာထဲ တစ်ချိန်ထဲ ဆောင်ကြရင် ကောင်းမယ်
    စုံတွဲ အားလုံး ရွှေလက်ခိုင်ခို်င် မြဲနိုင်ပါစေ ဆုတောင်းပေးပါတယ်
    ကိုကျောက်ကြီး နီးရင် လက်တို့ ဦး နော

    ဝါသနာ ဆိုတာက စွန့်ရ ခက်သဗျ
    ဒီ လို ကောင်းတဲ့ ဝါသနာကိုတော့ မစွန့်ပါနဲ့ ဗျာ

    • ဦးကျောက်ခဲ

      August 6, 2013 at 5:37 pm

      ကိုရင်နိုရေ ဝါသနာဆိုတော့ စွန့်ဖို့ အခက်သားလား…
      ဒါပေသည့် အော်မေ့ဂိုဏ်းနဲ့ သတ်ပုံဂိုဏ်းက ကြိမ်းနေကြတယ်…
      စိတ်ချပါခင်ဗျ နီးရင်လက်တို့ ဖိတ်စာပို့လိုက်ပါ့မယ်…
      😀

  • မဟာရာဇာ အံစာတုံး

    August 6, 2013 at 5:16 pm

    ဟိုက်စ်ရှားပါး ….
    ဥငေးကျောက်စ် တို့များ မိုက်ဒလယ်ကွာ …။
    ကွန်မန့်ဒွေ အားဂျီးဘဲဟ …
    ဒီကွန်မန့် အပါဆို ၁၀ဝ ဖြစ်ပီ။ (ဒါတောင် ဂျားထဲမှာ ဝင်ဂျင် ဝင်သွားအုံးမှာ)
    ပဟေဠိ အဖြေဂဒေါ့ အတော် ပေါ်နေဘီဟ …
    ဒါမယ့် .. နာ့မှာဒေါ့ သိပ်အ …
    အင်းး ဖွဘုတ်ချက် ကနေ ဥငေးဆီ အင်တာ သွားဗူးအုံးမှ …
    :mrgreen:

    • TNA

      August 6, 2013 at 5:25 pm

      လုပ်ထားခြောက်ညက်နှာရေ လုပ်ထားဟ။ ညီးမှန်းဘီတူမှမသိဘူးဂိုး။

    • ဦးကျောက်ခဲ

      August 6, 2013 at 5:41 pm

      ကြိတ်လိုက်စမ်း မောင်အံ…
      ခင်ဗျားလုပ်ပုံက မျက်နှာမမြင်ရင် ဘယ်သူမှသိတာမဟုတ်ဆိုပြီး…
      သပိတ်ခေါင်းစွပ်သွားသလို ဖြစ်နေပြီ…
      😀

    • koyinmaung

      August 6, 2013 at 6:42 pm

      ဟဲ့…ဂျိုးကြော်လေး နင့်ဟာနဲ့ဖစ်ပါ့မလားဟဲ့…..ဟားးးးးးးးးးးးးးးးးး

  • Tin Tin

    August 6, 2013 at 5:53 pm

    မင်္ဂလာသတင်းလေးကို ဖတ်လိုက်ရတာ ပျော်စရာကောင်းလိုက်တာ….
    ဘယ်သူတွေဖြစ်မလဲဆိုပြီး စဉ်းစားလိုက်ရတာ အရီးလတ်ပြောမှဘဲ ကွင်းကွင်းကွက်ကွက်သိတော့တယ်….
    ခင်စရာကောင်းတဲ့ ရွာသားနဲ့ ချစ်စရာကောင်းတဲ့ရွာသူ တို့အတွက် ဝမ်းသာဂုဏ်ယူပါတယ်လို့…..
    အချစ်​မဟာဗျူဟာ ​လေ့လာ​ရေးအဖွဲ့ှမှ တပ်​မှူးကြီး ကစလို့အဖွဲ့ဝင်များအားလုံးရဲ့ကြိုးစားမှုကလည်း မသေးပါလားနော်… ဝမ်းသာစရာပါ….

    • ဦးကျောက်ခဲ

      August 6, 2013 at 6:15 pm

      အဟွတ်… လူထွင်ပါ၍ နွား ကျားကိုက်တာပါ မတင်တင်ရယ်…
      မောင်ကျောက်စ်နဲ့ အဖွဲ့က ဗျူဟာထွင်ပြီး လှော်ပေးရုံသက်သက်ပါ ဟီဟိ…
      😀

      • TNA

        August 6, 2013 at 6:41 pm

        အဲဒီဗျူဟာလေးလဲပိုစ့်တပုဒ်လောက် ကျောက်စ် လုပ်ပါအုံး ဗဟုသုတရတာပေါ့။

  • Mr. MarGa

    August 6, 2013 at 5:55 pm

    ရှားရှားပါးပါး
    ဒီပို့စ် တစ်ခုတည်း ကွန်မန့် ရာချီနေတယ်
    ရွာ့မေတ္တာ ခံယူကြသူများပေကိုး… 🙂
    ဟီဟိ
    အမှတ်မမှားရင် ဟိုနှစ်ယောက်က တိတ်တိတ်ကလေး နေချင်ပါတယ် ပြောထားတယ်ထင့်
    အခုတော့ ရပ်ကျော်ရွာကျော် ဖြစ်သွားပြီ
    ကောင်းလေစွ ကောင်းလေစွ :mrgreen:

    • ဦးကျောက်ခဲ

      August 6, 2013 at 6:19 pm

      တိတ်တိတ်ကလေး နေလို့မရဘူး သဂျား…
      သင်းတို့ကို ဒီလိုမချည်ရင် ထ “ဂေါက်”ကြမှာ…
      အဲသလို ဂေါက်ရင် နာတို့ပဲ အုံးစားရဦးမှာ… ဟီ ဟိ
      ပို့မည့်ပို့ ကုတို့ရောက်အောင်ပို့လိုက်မှ နားအေးမှာ… အား ဟိ
      😀

      • Mr. MarGa

        August 6, 2013 at 6:52 pm

        ခွိခွိ
        မနေ့ညက အိမ်ပြန်ရောက်ရောက်ခြင်း ဖော်ကောင်လုပ်လိုက်တာ
        အပြေးအလွှားကို လာ မေးပါလေရော
        ဒီနှစ်ယောက် မနက်ကတည်းက ဒီပို့စ်ကို စောင့်ကြည့်နေမှာ သေချာတယ် ဟီဟိ

  • padonmar

    August 6, 2013 at 8:36 pm

    ဒါ့ကြောင့် ဟိုတနေ့က ဖုန်းဆက်လာကြတယ်။
    အာတီဒုံရေ၊ရွာ့ဓာတ်ရှင်လိုချင်တယ်တဲ့၊
    အန်တီ့နေရာသိရင် လာယူလေသမီး ဆိုတော့
    အန်တီ့နေရာ တူတိတယ်မလား၊တူနဲ့တူတူလာယူမယ်တဲ့၊
    အော် ဒို့ရွာသားတွေ ရွာထဲက နှမလေးတွေကို စောင့်ရှောက်ဖော်ရသားလို့ အထင်….
    လက်သတ်စပ်တော့ အာတီဒုံ့ကို နားဖောက်ကြတာကိုး။
    သာဒု သာဒု သာဒု …..

    ခုကစပြီး ရွာစောင့်ဥပဒေ အချိန်မီထုတ်ပြန်မည်။
    (၁)လက်ရှိရွာသူ အပျိုကြီး၊အပျိုလတ်၊အပျိုလေးများ အားလုံးသည် အော်မေ့ဂိုဏ်း၊သတ်ပုံဂိုဏ်း၊ရမ်းသန်းကွတ်ဂိုဏ်းဝင်များ အလိုလိုဖြစ်ပြီးဟု မှတ်ယူသည်။
    (၂)ရွာသူများကို လိုချင်သော နှူးဘာများသည် အဆိုပါ ဂိုဏ်းကြီးများအား ရွာ့ရံပုံငွေအဖြစ် ဆက်ကြေးပေး/တင်တောင်း/ ရွေးယူမှသာ ကြည်ကြည်ဖြူဖြူ ခွင့်ပြုမည်။
    (၃) ရွေးယူရမည့် ဆက်ကြေးမှာ
    ရွာသား မဟုတ်ပါက တစ်ဂိုဏ်းလျှင် ကျပ်ငါးသောင်း(သို့)အမေရိကန် ဒေါ်လှ ၅ဝ နှင့် ညီမျှသောငွေ၊
    (သုံးဂိုဏ်းတွက် ကျပ် တစ်သိန်းငါးသောင်း သို့မဟုတ်အမေရိကန် ဒေါ်လှ ၁၅ဝ )
    -ရွာသားဖြစ်ပါက တစ်ဝက် လျှော့ဈေးအဖြစ် ကျပ် ခုနစ်သောင်းငါးထောင် သို့မဟုတ် အမေရိကန်ဒေါ်လှ ၇၅ တိတိ
    ပေးဆောင်ရမည်။
    (၄)အဆိုပါ ဆက်ကြေးကို နှူးဘာသည် ကိုယ်တိုင် မပေးဆောင်နိုင်ပါက လော်ဘီလုပ်ကြသော ရွာ့ကာလသားကြီးများက စိုက်ဆောင်ပေးရမည်။
    (မှတ်ချက်။ ။ရွာသားနှူးဘာများအတွက်သာ )
    (၅)ရလာသော ဆက်ကြေးမှ တစ်ဝက်ကို ရွာသူားများ ဝါးတီး၍ ကျန်တစ်ဝက်ကို ရွာ့ကွန်ဖရင့်စ်တွက် သုံးမည်။
    ပုံ
    အမိန့်အရ
    အာတီဒုံ(အော်မေ့ဂိုဏ်းချုပ်ကြီး)
    အန်တီမမ(သတ်ပုံဂိုဏ်းချုပ်ကြီး)
    အန်တီမွအိ(ရမ်းသန်းကွတ်ဂိုဏ်းချုပ်ကြီး)

    မှတ်ချက်…..အေတီဝမ်သည် အသက်ငယ်သေးသောကြောင့် ဂိုဏ်းမှ နှုတ်ထွက်နိုင်ဖွယ်ရှိသဖြင့် အရည်အချင်းရှိသော်လည်း ဂိုဏ်းချုပ်အဖြစ်ခန့်အပ်ခြင်းမပြုသေးပါဂျောင်း။

    • Mr. MarGa

      August 6, 2013 at 9:43 pm

      ဒါနဲ့လေ
      အနော်လိုမျိုး
      သတ်ပုံဂိုဏ်းသားချောလေး အတွက်ကျ ဘယ်လို စီစဉ်ပေးမလဲ ဒေါ်လေးရေ :kwi:
      အခုခေတ်ထဲမှာ
      သားတို့ကို လိုချင်တဲ့ ရွာသူလေးတွေကလဲ ခပ်များများ ဆိုတော့လေ
      :mrgreen:

      • Ma Ma

        August 7, 2013 at 9:23 am

        (သားတို့ကို လိုချင်တဲ့ ရွာသူလေးတွေကလဲ ခပ်များများ ဆိုတော့လေ)
        ဒါလေးများ လွယ်လွယ်လေး။
        နောက် ကျင်းပမယ့် ရွာ့ကွန်ဖရန့်မှာ ကံစမ်းမဲဖောက်ပေး။
        ဒါမှ မရသေးဘူးဆိုရင် ခုနှစ်ပိုင်း ပိုင်းပြီး ခုနှစ်တိုင်း ဝေ လိုက်။ :mrgreen:

    • ဦးကျောက်ခဲ

      August 7, 2013 at 8:57 am

      တိန်… တေပါဘီ ဂိုဏ်းချုပ်ကြီးတို့ရယ်…
      ကိုယ်တိုင်က ဒေါ်လှ ၇၅…၊ မြှောက်ပေး ဒေါ်လှ ၇၅…၊ ပေါင်း ဒေါ်လှ ၁၅၀…
      မရဘူး… ကိုရင်ဆာတို့ မိဇာဂျီးတို့ သဂျားတို့… မျှခံကျပါ… ဟီ ဟိ
      😀

    • KZ

      August 7, 2013 at 9:04 am

      အင်!
      တာမီး မပါ ပါ ဘူးးးး အာတီဒုံ။
      တာမီးက ကိုယ့်မောင်လေး ဘယ်လိုတော်ကြောင်းး၊ စိတ်ထားကောင်းကြောင်းးးး၊ ကူညီတတ်ကြောင်းးးး နည်းနည်းလေးပဲ ပြောပြမိတာပါ။ :mrgreen:

      ရီးစားလိုသူ မောင်ငယ်
      မြှောက်ပေးသူ သဂျားးး
      စေခိုင်းသူ ဖေကျောက် နဲ့ ကူညီသူ ဦးဆာ တို့ကြားမှာ
      လေးပစ်သူ အနော် မဟုတ်ခဲ့ပါဘူး အာတီဒုံ။

      ခွိခွိ။
      😀

  • surmi

    August 6, 2013 at 10:23 pm

    မပူနဲ့သဂျား​ရေ
    ဖြိုး​စောင်​့​နေပါတယ်​ 🙂

    • Mr. MarGa

      August 6, 2013 at 10:37 pm

      တိန်
      ဒါဆိုရင်တော့
      ပြေးပြီ….ဗျာ
      အဲဒီ ဖြိုး ကို
      ဟို..ဟို
      ပင်လယ်နဲ့တူသော ယောက်ျားတစ်ယောက် ဆိုတဲ့ အလင်းဆက် ဆီ ပို့လိုက်ဗျို့ 😀

  • TheWinner Getprize

    August 7, 2013 at 3:02 pm

    ဟိ – ဟိုတယ်မှာ CCTV အမြန်တတ်ခိုင်းမှ… ပြီးရင် ရွာထဲမှာ ပြန်ရောင်းစားမယ်။

    • ဦးကျောက်ခဲ

      August 7, 2013 at 3:17 pm

      ဟိုက်… မေ့သွားတယ်
      ကျောက်စ်တို့ ဟန်းနီးမွန်းကို GMကြီး လက်ထဲ အပ်ထားရတာမို့…
      မရက်စက်ပါနဲ့ဗျာ လို့… လို့… ဟီး ဟီး ဂယ်မလုပ်နဲ့နော်…
      😀

Leave a Reply