ကေဇီရဲ့ ဆယ်လစ်ဗျစ်တီ အလွဲများ

ဇီဇီSeptember 3, 20135min138354

ဟုတ်ကဲ့။

နောက် အလွဲတွေက တော့ ဆယ်လစ်ဗျစ်တီ အလွဲတွေပါ။

အဟွတ်။

ကေဇီနဲ့ ဆယ်လီဗျစ်တီ တွေနဲ့ ဖူးစာကံလွဲတယ်လို့တော့ မမှတ်ကြပါနဲ့။ ဟိဟိ။   😀

 

ဖြစ်ပုံတွေက ဂလိုပါ။

Ricky Martin
Ricky Martin

မန်းလေးမှာနေတုန်းက ဘယ် ကဘာ့ ဖလားမှာတုန်းမသိ (Ricky Martin) ရစ်ကီမာတင် ဆိုသော သကောင့်သားလေးရဲ့ သီချင်းနဲ့ ဖွင့်တယ်ပေါ့ဗျာ။

စမြင်ဖူးကတည်းက မေးစေ့က ကွဲလေးရယ်၊ အပြုံးချိုချိုလေးရယ် ကိုလည်းသဘောကျ။

“ဂိုးဂိုးဂိုး၊ ဟားလေး ဟာလေး ဟာလေး” ဆိုတဲ့ သီချင်းမြူးမြူးလေးလည်း သဘောကျနဲ့ ကေဇီတို့ အင်မတန် ကြွေပါတယ်။

အဲလာ။ အဲလာ ၂၀၁ဝ မှာ သူ့ကိုသူ ဂေးပါလို့ပြောပလိုက်တာ။  😥

ကြိုက်တာကတော့ ကြိုက်တုန်းပါပဲ။ အနုပညာကို အားပေးသူပဲဟာနော့။ ကျန်တာ အရေးမကြီးပါဘူးလေ။ အာဟင့်!   😥

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lance Bass
Lance Bass

နောက်ပြီး ဘွိုင်ဘန်း တွေ အရမ်းခေတ်စားတဲ့ အချိန်၊

အန်စင့် (N’Sync) မှာပေါ့။ လူကြိုက်များလှတဲ့ ဂျပ်စတင် တင်းဘားလိတ် ကို ကျော်ပြီး Lance Bass ဆိုတာလေးကို မြင်ပါတယ်။

ဒီမျက်စိက အဲဒီလို။

သူ့မျက်လုံးက ကြောင်မက်လုံးလေးလိုပဲ။ ချစ်ရှာလေး ဆိုပြီး သူ့ရဲ့ မကောင်းလှစွာသောတစ်ကားတည်းသော လည်း ရုပ်ရှင်ကို စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်စိတ်နဲ့ အားပေးခဲ့တာပါ။

အဲလာ အဲလာ။ ကေဇီ ကို အဲလို အားပေးတဲ့ မက်နှာမှ မထောက် ၂၀၁၁ မှာ သူ့ ကောင်လေးကို ထုတ်ကြွားတယ်လေ၊။ သူ့ကိုသူ့ ကြေညာထားတာ ၂၀၀၆ ကတည်းကတဲ့။ ကေဇီ တို့ နိုင်ငံတကာ သတင်းတွေ မလိုက်နိုင်တဲ့ အချိန်ဆိုတော့ သိလိုက်ဘူးပေါ့လို့။

အာဟင့်။   😥

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Clay Aiken
Clay Aiken

 

နောက် တစ်ယောက်က ၂၀၀၃ အမေလိကန် အိုင်ဒေါ က Clay Aiken ဆိုတဲ့ တစ်ယောက်။

ကေဇီက အဲလို မက်လုံး ကြောင်ကြောင်လေးတွေ သိပ်သိပ်ကြိုက်တာနဲ့….. သီချင်းတွေ ရှာဖွေကြည့်ရင်း သတင်းတွေ နားစွင့်လိုက်တာ သူက …. သူကလေ …. ၂၀၀၈ ကတည်းက ကျေညာပြီးသားတဲ့ အရပ်ကတို့။

ဪ။ ကေဇီ !! ကေဇီ!!  နင် သိပ်ရွေးချယ်တတ်ပါလားရယ်လို့ ကိုယ့် ကိုယ်ကို ထုရုံမှ တပါးးးး   😥

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Adam Lambert
Adam Lambert

 

ဒီ ရောက်ပြီးတော့ ၂၀၀၉ မှာ တစ်ယောက်တွေ့ပြန်ရော။

Adam Lambert တဲ့။ ရုပ်လေးရော အသံလေးရော ပြောစရာမရှိ။

အသက်လေးကလည်း ကိုယ့်ထက် ၁ နှစ်ပဲ ငယ်သဟဲ့ ပေါ့။

၂၀၀၉ အမေလိကန် အိုင်ဒေါမှာ အားပေးကြမ်းခဲ့တာ။ အာဟင့်။

အဲဒီမှာတင် သူက သူ့ကိုယ်သူ ဘာ ဆိုတာ တိတိကျကျပြောပြီးသားမို့ အိုင်ဒေါမှာ ပြုတ်သတဲ့ အရပ်ကတို့။

ကောင်းကြသေးရဲ့လားးးးး   😥

ခုထိ သူ့သီချင်းတွေတော့ လိုက်ရှာနားထောင်မိဆဲပါပဲ။

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

Wentworth Miller
Wentworth Miller

 

ခု ခု နောက်ဆုံး တစ်ယောက်ကတော့ဖြင့် ပရီစင် ဘရိတ် အတွဲပေါင်းများစွာကို စောင့်ကြည့် မက်လုံး စူးစူးလေးကို ရင်ခုန်ခဲ့ရတာ ၆ နှစ် ပေါ့။

အဲလာ အဲလာ ဟိုတလောက Wentworth Miller  ဆိုတဲ့ သူကလေးက ကြေညာလိုက်ပြန်ပြီကွဲ့ ကွယ်တို့။

😥

ပဂိုးဒါးးးးး

ကဘာကြီး ဘာတွေဖြစ်ကုန်ပြီတုန်းးးးးး

 

ကေဇီမျက်စိတည့်သမျှပဲ ခြောက်ကုန်သလားးးး

ခြောက်နေတဲ့ သူတွေပဲ ကေဇီ မျက်စိတည့်သလား ဆိုတာမစဉ်းစားတတ်တောင်ပါပဲ။

 

နောက် ရှိပါသေးတယ်။ မသေချာလို့ ဘာမှ မပြောရဲသေးလို့။ အာဟင့်။

😥

 

အတော် စိတ်နာနေသည်။ မေးမြန်းစုံစမ်းခြင်းသည်းခံပါ။

😥      😥       😥

54 comments

  • Nyo Win

    September 3, 2013 at 2:53 pm

    အွန်.. ပရီစင် ဘရိတ် ထဲက Wentworth Miller က အဲ့ဒါကြီးလား..
    မထင်ရဘူးကွယ်….(ငရဲပန်းကို..ရွှေပန်းထင်သူများပဲ) အာဟိ…

    • KZ

      September 3, 2013 at 2:55 pm

      ငိုလိုက်မှာနော်။
      အဲဒီ သတင်းကို ကြားတဲ့ သူငယ်ချင်းတွေ ကေဇီကို ဝမ်းသာအားရဖုန်းဆက်ကြသတော့။
      အဲလို မစ်တာထားကြတာ။

      သမြောလိုက်တာနော်။
      😥

  • Inz@ghi

    September 3, 2013 at 3:01 pm

    ငရဲပန်းကို ရွှေပန်းထင်တာမဟုတ်.. ရွှေပန်းကို ရွှေပန်း ထင်တာ ..ငိငိ…

    • KZ

      September 3, 2013 at 3:05 pm

      နေကြပါစေ။
      ဟွန့်။
      တူဒို့ကို မစ်တာစစ် မစ်တာမှန် ချိ တဲ့ အမျိုးဂေါင်း တမီးဒွေနဲ့ လွဲဖို့ပေါ့။
      👿

      😀

    • Nyo Win

      September 3, 2013 at 3:12 pm

      အိုက်ထဲက ပန်းကိုဘုံထုတ်လိုက်ရင်..


      “…ရွှေ”…ငရဲပန်း…ခိခိ..

  • Myo Thant

    September 3, 2013 at 3:08 pm

    လွဲလည်း လွဲနိူင်ပါပေ့ကွယ် ၊
    သနားစရာ KZ လေးပါလား ၊
    ငါ လွဲလွန်းပြီ အောက်မေ့တာ အခုတော့
    ငါ့ထက်သာသူတွေ့လို့ ဖြေသာသွားပြီကွယ် ၊

    • KZ

      September 3, 2013 at 3:10 pm

      စိတ်နဲ့ကို ပစ်မှားလို့ မရတဲ့ ဘွ!!

      :kwi:

      • Myo Thant

        September 3, 2013 at 3:17 pm

        အကုသိုလ်နည်းတယ်လို့ မှတ်ပေါ့ကွယ် 🙂

  • ဦးကျောက်ခဲ

    September 3, 2013 at 3:16 pm

    ဒီခေတ်ထဲ ကျောက်စ်တို့လို ကျ်ားစစ်စစ်ဆိုတာ ရွှေထက်ရှားသတဲ့… ဟီ ဟိ
    ရွှေပြည်ကြီးက နိုင်ဂံကြော် အစိုဒေါ် မင်းတားလေးလဲ ဒူးနေတယ်လို့….
    သက်တင်းထွက်နေလေရဲ့…. အားဟိ အရသာရှိလိုက်တာ…
    😀

    • KZ

      September 3, 2013 at 3:20 pm

      အဲလာက ကောလဟာလတွေပါ။
      အနစ်နာခံပြီး စမ်းသပ်ပေးရအူးမားးးးး
      အာဟိ။

      😀

      • Inz@ghi

        September 3, 2013 at 3:25 pm

        ရဒယ် မခြောက်တေးဝူးဆိုလည်း ခြောက်တွားဇီရမယ်..
        မားလက်ကိုသာ အပ်လိုက်ဇမ်းဘာ…မား ဒချိ ..ဒချိ
        လိုက်လို့ ငိငိတောင် မအော်နိုင် ဖြော်တကစ် သွားမယ်….

        • KZ

          September 3, 2013 at 3:28 pm

          မား ရယ်။ မားရဲ့ နုထွားကြီးနဲ့ တင် မား ပင်ပန်းလွန်းပါတယ်။
          သူကိုတော့ ကိုကိုစွိ တာဝန်ယူလိုက်ပါ့မယ်။

          :kwi:

  • YE YINT HLAING

    September 3, 2013 at 3:19 pm

    တိုက်တန်းနစ် မင်းသားလည်း သူ့ဟာသူကြေငြာတယ် ပြောတယ် ဟုတ်လားမသိ?

    • KZ

      September 3, 2013 at 3:22 pm

      ဟမ်။
      အဲဒါတော့ မဟုတ်လောက်ဘူးနဲ့တူတယ်။
      သူ့တော့ ကေဇီ သိပ်ကြိုက်တဲ့ထဲ ပါဝူးးးးးး

      :mrgreen:

  • nozomi

    September 3, 2013 at 3:29 pm

    Clay Aiken က (မျက်နှာပေါ်က) အမွှေးလေး ဖယ်လိုက်ရင် ကိုဂီ နဲ့ ခပ်ဆင်ဆင် ပဲ

    ဒေါ်ကေဇီ က ” စမြင်ဖူးကတည်းက မေးစေ့က ကွဲလေးရယ်၊ အပြုံးချိုချိုလေးရယ် ကိုလည်းသဘောကျ”
    ဆိုတော့ ရန်ကုန်ကို ရောက်ရင် တွေ့လို့ ဖြစ်ပါ့မလား ၊ ကျုပ်လဲ ကွဲ နဲ့ ပဲ ၊ အဲ ဟိုဟာတော့ မဟုတ်ဘူးနော်

    • Inz@ghi

      September 3, 2013 at 3:37 pm

      ကျန်း ဦးနိုတယောက် ချောမမလစ်ပြီ ဆိုတာနဲ့ တခြုံကွယ်ပီး တပုံတည်တော့တာပဲ…
      အာ.ဟိ

    • KZ

      September 3, 2013 at 3:39 pm

      ဟမ်။
      ကျန်းးးးး ကျန်းးးးးး
      ဒီလူဂျီး လာ ဖျာရောင်းနေတယ်။
      ကော်ဇောပြန်ခင်းလိုက်ရလို့။
      :kwi:

      မတူပါဘူးဗျာ။
      ကိုဂီနဲ့က မျက်နှာကျပဲ တူမှာပါ။
      မက်လုံးလေးနဲ့ အသား အရည်က အကွာကြီးးးး
      :mrgreen:

      ကတောက်! ပြောရင်း သမြောလာပြန်ပြီ။

  • ခင် ခ

    September 3, 2013 at 3:50 pm

    ကေဇီ မျက်စိတည့်သူတွေက ခြောက်နေတာ သူတို့က အမိုးအောက်မှာဖြစ်ပြီး ကေဇီက မိုးရွာထဲကရပ်ကြည့်တာ မို့လားလို့လေ။ ဘာလို့လဲဆိုတော့ ကေဇီက စိုနေလို့များလားလို့…………။
    စဉ်စားမိတာလေးပြောပါတယ်။
    စိတ်မစိုးနဲ့နော် ခင်လို့ပြောမိတယ်မှတ်။

    • KZ

      September 3, 2013 at 3:58 pm

      အဟွတ်။
      ကိုကြီးခ ပြောမှ ကွကိုယ် စဉ်းစားကြည့်ဦးမှ။

      :kwi:

  • Wow

    September 3, 2013 at 3:52 pm

    ကမ္ဘာနဲ့အဝှမ်းခြောက်နေဂျပါလား အရပ်ကတို့…..
    ဘယ်သူပြိုင်လို့ ခြောက်ပါတော့နိုင် :mrgreen:

    • KZ

      September 3, 2013 at 3:59 pm

      ဟုတ်ပါ့အေ။
      တခြားဟာတွေ ခြောက်ခြောက်စိုစို သများ ဂရုမစိုက်ပါဘူးးးး
      ဒါလေးတွေတော့ အသီးနာတယ်ကွယ်….

      🙁

  • kyeemite

    September 3, 2013 at 4:22 pm

    Wentworth Miller တဲ့လား..နာမည်က
    ကျုပ်ကလည်းပရစ်ဇင်ဘရိပ် သိပ်ကြိုက်
    စကိုးဖီးပါ သဘောကျလို့ ဂျီတော့မှာတောင်သူ့ပုံတင်ထားတာ
    မနေ့တစ်နေ့ကမှသိလို့ ပြောင်းလိုက်ရတယ်…ခွိခွိ 😀

    • KZ

      September 4, 2013 at 8:32 am

      ဟုတ်ပါ့ မိုက်မိုက်ရယ်။
      ဘယ်လိုမှ ထင်ရက်စရာမရှိ။

      တစ်ချို့ကိုမှ မသင်္ကာဖြစ်လို့ရသေးတယ်။
      သူက ရဲဇားရှိတယ်လည်း ဆိုဖူးတော့ မထင်ခဲ့မိဘူးးး

  • TNA

    September 3, 2013 at 5:20 pm

    တနားဇယာကေဇီပါလားကွယ်။ ဟိုအစိုဒေါ်မင်းတားလေးလဲ ကျားမမဒို့အလွန်အားပေးဆိုဘဲ။ တူလဲဘဲ ဟိုဒင်းမြန်းလားလို့။ အငိအငိ

    • KZ

      September 4, 2013 at 8:29 am

      မွသဲနော်။
      မဟုတ်ပါဝူးးးးး
      အဲ့ မင်းသား အဆိုတော်လေးကို ဟိုဒင်းမြန်းလားလို့ မထင်ပါနဲ့။

      😀

  • အလင်းဆက်

    September 3, 2013 at 7:36 pm

    လွဲ လိုက်တာ…..လွဲလိုက်တာ..
    ဝက်ဝက်ကိုကွဲ နေတာပဲ..

    အဟိ ။

    🙂

    • KZ

      September 4, 2013 at 8:27 am

      နောက်ဆို ကိုယ်ကြိုက်ရင် တိတ်တိတ်လေးပဲ နေတော့
      ဝက်ဝက်တွေရော ရှက်ရှက်တွေရော ကွဲလွန်းလို့။

      🙂

  • မောင် ပေ

    September 3, 2013 at 8:49 pm

    ဂျေမီ သီချင်းစာသားတစ်ခုကို သတိရမိတယ်
    ““ ၁၅မိနစ် ဒုံးပျံကြီး ”” တဲ့
    ဟီ ဟိ

  • Mr. MarGa

    September 3, 2013 at 9:23 pm

    ဒါကြောင့်မို့ ပြောတာပေါ့
    အမေကျော် ဒွေးတော် လွမ်းကြပါနဲ့ လို့
    ဒီလိုမျိုး ပါချောချော ယောက်ျားစစ်စစ်လေးတွေက ရှားတယ်နော့ ဟီဟိ
    (ကြော်ငြာဝင်ခြင်း)
    ရွာထဲက ဟို အလက်ဆင်း ဆိုတဲ့ ကောင်ကလေးတောင်
    ကန္နားစီး လက်ချက်နဲ့ အဲဒီဘက် ရောက်သွားတယ် ဆိုလားပဲ
    😛

    • KZ

      September 4, 2013 at 8:26 am

      ပါချောချော ဆိုတော့ ပေါချာချာပေါ့။

      ပေါချာချာကို ကြိုက်ဘူးးးး

      😀

  • မဟာရာဇာ အံစာတုံး

    September 4, 2013 at 1:14 am

    ကြောင်တွေကို (ညက်လုံး)
    ကျိုက်လှဘာဒယ်ဆိုဒဲ့ မမဂျီးရေ …
    ရွာထဲဂ ဆယ်လစ်ဗျစ်တီ ဥကြောင် ကတော့ လူပြိုဂျီး ဆိုဗျဲစ် …
    ဒီတစ်ခါ မလွဲရအောင် အဟမ်းးး ဟမ်းးး
    :mrgreen:

    • KZ

      September 4, 2013 at 8:25 am

      တေချာဖတ်။
      ကြောင်ရဲ့ မက်လုံးကို ကြိုက်တာ ဟုတ်ဘူးးး
      ကြောင်မက်လုံးလိုမိုး မက်လုံးလေးတွေကြိုက်တာလို့ ပြောတာ…
      :mrgreen:

  • Crystalline

    September 4, 2013 at 11:16 am

    Keith Urban နစ်ကိုးရဲ့ယောက်ျားအနေနဲ့တွေ့ဖူးတုန်း သတိကိုမထားမိတာ.. American Idol မှာဒိုင်လုပ်တော့ ဟိုစရိုက် နစ်ကစ်နဲ့ ဆန့်ကျင်ဖက် နူးနူးညံ့ညံ့ စကားပြောတာလေးကိုသဘောကျသွားတယ်..
    တော်တော်များများသဘောကျမိတာတော့ ဘောလုံးသမားတွေပါ.. ဘက်ခမ်းတို့.. ရာအူးတို့.. ပီယာလိုတို့.. အလွန်ဆိုးတို့ပေါ့.. ရုပ်ရည်လေးသဘောကျရုံပါ.. :mrgreen:

    • အဘ ဖားသက်ပြင်း

      September 4, 2013 at 11:31 am

      ဟုတ်လား ..ပီပို ကော မကြိုက်ဝူးလားငှင်င်င်င်

    • KZ

      September 4, 2013 at 2:14 pm

      သူ့ကို မကြိုက်ဘူးးးး
      နောက်ပြီး အပြောချိုချိုနဲ့ ဆိုရင် အိုင်ဒေါ ဒိုင် ဆိုင်မွန်ရဲ့နေရာကို သူယူနိုင်မှာ ဟုတ်တော့ဘူးပေါ့။

      ပြောသာပြောတာ။
      ခု အိုင်ဒေါမကြည့်လော့ဘူးးး
      အမေလိကန် X-factor ကြည့်ဖြစ်တယ်။ 😀

      • ဦးကြောင်ကြီး

        September 12, 2013 at 8:03 am

        ဦးကြောင်ဂဒေါ့ xxx movies ဆိုသိပ်ကြိုက်…. ကြည့်ဂျင်လားပေါ…

  • ခင် ခ

    September 5, 2013 at 3:27 pm

    စက်တင်ဘာ ၅ ရက် ညနေ ၃း၂၆ မှတ်ထားလိုက်တယ် (၃) လို့။

  • sorrow weaver

    September 11, 2013 at 2:10 pm

    ဟိုရှမ်း အပွေ လဲ ….တစ်ရက်အဲ့လို ကြော်ငြာပါစေဗျာ ….အဟီး

    • KZ

      September 11, 2013 at 2:20 pm

      ဂါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
      ရန်ဒူလာဘီ။
      ဒီ ပို့(စ) လေးဖတ်ပြီးမှ ပြော။

      http://myanmargazette.net/174003

      :mrgreen:

  • sorrow weaver

    September 11, 2013 at 2:57 pm

    စာလဲရေးတယ် ..ဘူမှမဖတ်…သီချင်းလဲဆိုတယ်…မနူးမနပ်တွေမှလွဲ …ဘူမှမကြိုက် …..ဒါရိုက်တာလုပ်တယ်..ဘူမှမချီးကျူး….သူ့တော်ကီနဲ့ သူ့ကိုပြောလိုက်ပါမယ်လေ…အဲ့ကောင်တကယ့် စက္ကူဌက် …အာဟိ…

  • ဆွိကျယ့်လူတွေထဲက ရစ်ကီမာတင်တော့ကြိုက်ပါရဲ့
    ဒါနဲ့ပြောရဦးမယ်
    မိုက်လေးကလည်း Joe Cheng နဲ့ ဘာလိုလိုတဲ့ အသံကြားသဗျ
    ဘယ်သူက ဂေးလဲတော့မတိ 🙄

    • KZ

      November 8, 2013 at 9:25 am

      ဟယ်။
      မိုက်ကလေးတော့မဖြစ်နိုင်။
      ခြောက်ခြင်းခြောက် ဟို အဆိုတော်ပဲ နေမှာ..

      😀

      • မိုက်လေးနဲ့ဂျိုးကတော့ညီအစ်ကိုလိုခင်ကြတာပါတဲ့
        သို့ပေသိ အန်ဇာတုံးနဲ့ဆောရိုးကတော့ တစ်ခုခုပဲ
        😀

  • we R one

    November 7, 2013 at 11:58 am

    စကိုးဖီးက မဟုတ်ဘူးဆို သူပြန်ရှင်းထားတယ် မလား… ဖွဘုတ်ပေါ်မှာ တွေ့မိသလားလို့

    • KZ

      November 7, 2013 at 12:05 pm

      ဟယ်။
      မဟုတ်ဘူးလားးးးး??
      အဟေးဟေးးးးး
      ပျော်စရာကြီးပဲ။

      :mrgreen:

    • sorrow weaver

      November 7, 2013 at 12:16 pm

      ဟုတ်ရယ်..စကိုးဖီးမဟုတ်ရင်တောင် ..ဟိုရှမ်းအပွေက ဟုတ်တယ်…အဟိဟိ …အကျီတော်စချွတ်နေပြီ…အဟိဟိ…မြူဆွယ်ပုံများကတော့…

      • KZ

        November 7, 2013 at 12:41 pm

        တစ်ချို့ တိုးကမ်ပနီက မန်နေချာတွေ ချွတ်ချင်တာ တပိုင်းသေရောပဲ။
        လေယာဉ်မယ် က ဆဲထားလို့ မချွတ်ရဲတာဆိုလားးးးးးး
        မြူဆွယ်ခွင့်မရတော့ မြူစွမ်တွေပဲ သောက်နေရတာဆိုလားးးးးး

        :boss:

  • အာဂ

    November 7, 2013 at 4:43 pm

    ဘာများလဲလို့ သူရည်းစားဟောင်းတွေအကြောင်းရေးထားတာဂို……။

    • KZ

      November 8, 2013 at 9:26 am

      ဟင့်!
      တို့က ….
      တစ်ယောက်ဆိုတစ်ယောက်
      ပိတောက်ဆို ပိတောက်
      အခြောက် ဆို အခြောက်ပဲ။

      :boss:

  • ကျော်စွာခေါင်

    November 8, 2013 at 6:25 am

    အော်…
    မကေ ဘဝလေးကလည်း…
    မှန်းလိုက် ခြောက်လိုက်…
    ချိန်လိုက် ဂေးလိုက်နဲ ့……
    ကွာ့ကို ဆိတ်သားထောင်းစားပြီး အေးဆေးနေပါတော့…
    ထမင်းဆိုင်လေးကို နာမည်သစ်ပေးလိုက်ပါလား…

    ကေဇီ
    မှန်းခြောက် ချိန်ဂေး…
    ထမင်းဆိုင်။

    • KZ

      November 8, 2013 at 9:28 am

      ဟွန်းးးးးးးး
      မှန်းခြောက်
      ချိန်ဂေးးးး ပေမဲ့
      တကယ် ယူ အစစ်ပါနော်။
      :mrgreenn:

      • အာဂ

        November 8, 2013 at 5:36 pm

        ပြောမလို သူများဦးသွားတယ်။ အခုချိန်နေတဲ့ တစ်ယောက်လည်း ဂေးသွားရင် ဒုက္ခဆိုပြီးတော့လေ အဟိ… ။ သေချာလည်းထိမ်းဦးနော်..။ အဟိ

  • lele kyi

    November 8, 2013 at 8:36 pm

    ရော်…တော်တော်ခက်တဲ့သူတွေပဲ။တဂေးတည်းဂေးနေကြပြန်ပြီ။ လိင်တူချစ်သူပါလို့ ဖြိုးဖြိုး ရှင်းပြထားတာကို။ ခွဲခြားခွဲခြားနဲ့။လူ့အခွင့်အရေးဦးခိုင်နဲ့တိုင်ပလိုက်မှာနော်။

    • KZ

      November 8, 2013 at 9:10 pm

      အွန်။
      ဦးကိုင် ကိုယ်တိုင် ဂေးလို့ ခေါ်တာ အသင့်တော်ဆုံး ဆိုလားပြောထားပြီးသားလေ။
      ဒီကလေးမ စာမညက်ဘူးးး

      😀

Leave a Reply