မေးကြမယ်…ဖြေကြမယ်…(ဂဇက်အတိုင်ပင်ခံPost)

alinsettApril 28, 201410min5594173

 

 ရွာ့အရေးတစ်ခု တိုင်ပင်ဆွေးနွေးပါရစေ… သို ့…

အဓိကကတော့   မန်ဘာတစ်ယောက် သိချင်တာတစ်ခုကို

တခြား သိတဲ့ မန်ဘာတစ်ယောက်က အဖြေရှာပေးသွားမယ့် လူမှုကူညီရေးအတိုင်ပင်ခံကဏ္ဍ အဖြစ် အကျိုးပြုနိုင်ဖို့ပါ။

((မေးခွန်းတစ်ခု သိချင်လို့မေးထားတာကို မကြာခင်မှာပဲ တစ်ယောက်ယောက်ကတွေ ့ပြီး ဆွေးနွေးတိုင်ပင် အဖြေရှင်းချက်လေးး ပေးသွားမယ် ဆိုတော့

ဒီ နေရာဟာ ရှင်သန် သက်ဝင်လှုပ်ရှားနေတယ်ဆိုတာကိုလည်း သက်သေပြရာရောက်ပါတယ်။))

 အဲဒီ အမေးနဲ့ အဖြေကို တခြားသူတွေ ဖတ်လိုက်ရရင်လည်း . . . အသိတွေ ဗဟုသုတတွေ တိုးပွါးနိုင်တာမို့

မန်ဘာဝင်မဟုတ်သူတွေ  အပြင်ကဖတ်သူတွေ အတွက်လည်း အကျိုးရှိပါလိမ့်မယ် ။

—————————————————————————————————–

 

ကျန်းမာရေးကိစ္စ

 

Q .  ဝင့်ပြုံးမြင့်

ဗိုက် ၂ကြိမ်ခွဲထားတော့ အခု ဗိုက်သားအဆီစုလာတဲ့အခါ အရင်ကလို အိပ်ထမတင်ကို တဖျပ်ဖျပ် မလုပ်နိုင်တော့ဘူး။

မနည်းကြီးကို လုပ်နေတာ သုံးကြိမ်ထက်ပိုမရဘူး။ အဲဒါ ဒီရွာထဲမှာ အားကစားသမားများရှိရင် အိပ်ထမတင် လုပ်စရာမလိုတဲ့ ဗိုက်ချပ်နည်းလေး မ စ ပါရှင့်။

 

————

 

A . ကေဇီ

@ Wint

ဗိုက်ချပ် အဆီကျလိုလျှင် (အရမ်းကောင်းသောအူဆေးနည်း)
===============================

ဆေးသောက်စရာမလိုပဲ အရမ်းကို ထိရောက်တဲ့ နည်းလမ်းလေး တစ်ခုရှိပါတယ်။ တစ်ရက်တော့ပင်ပန်း ခံရပါမယ်။ ခက်ခဲတဲ့အတွက် အစာအိမ်ရောဂါရှိသူ၊ သွေးအားနည်း ရောဂါရှိသူတွေအတွက်တော့ မစမ်းသပ်ကြဖို့ မှာကြားလိုပါတယ်။
၁။ ၂၄ နာရီလုံး ရေ တစ်မျိုးထဲသာ သောက်ရပါမယ်။
(ဥပမာ – ယနေ့ မနက် ရနာရီမှ စမည်ဆိုလျှင် နောက်နေ့ မနက် ရနာရီထိ)။

၂။ ၂၄ နာရီအတွင်း အနည်းဆုံး ရေ ငါးလီတာခန့်ထိ ဝင်အောင် သောက်ပေးရပါမယ်။
၃။ မည်သည့် အစားအစာ၊ကော်ဖီ၊လက်ဖက်ရည်၊ အချိုရည်မှ မသောက်ရပါ။

၅။ ၂၄ နာရိ ပြည့်သည်နှင့် ရေနွေး တစ်လီတာကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်မွှေပြီး တစ်ထိုင်တည်း ကုန်အောင် သောက်ပေးရပါမည်။

၆။ ထို့နောက် အိပ်ယာထက်တွင် ညာဘက်သို့ စောင်းကာ နာရီ ဝက်ခန့် လဲလျောင်း နား နေရပါမယ်။

၇၊ ဝမ်းသွားလိုလာလျှင် ထ သွားလိုက်ပါ။
၈။ ထိုသွားသော ဝမ်းသည် အလွန် နံဟောင်သော ဝမ်း၊ ရံခါ အမည်း အညစ် အကြေးများပါ တွေ့ရပါလိမ့်မယ်။

၉။ ၄ခါ ၅ခါ ခန့်သွားပီး အရည်ကျဲလာလျင် ဆန်ပြုတ် (သို့) သစ်သီးဖျော်ရည် တစ်ခွက် သောက်ကာ ခန ပြန် နားနေလိုက်ပါ။

၁၀။ ထို့ နောက် ထိုနေ့ တစ်နေကုန် အပူအစပ်၊ နို့နှင့် နို့ထွက် အစားအစာများ နှင့် ready made food များကို ရှောင်ကြဉ်ပေးရပါမည်။
နောက်ရက်များတွင် နှစ်သက်ရာ ပြန်လည် စားသောက်နိုင်မည် ဖြစ်ပါသည်။ သို့သော် ready made food များကို တော့ တတ်နိုင်သလောက် ရှောင်ကျဉ်ရပါမည်။

နို့နှင့် နို့ထွက် အစားစာများကို တတ်နိုင်သလောက် ရှောင်ကျဉ်ရပါမည်။ သစ်သီးဝလံများကို ပိုမိုစားသုံးရပါမည်။

ညဘက်တွင် အသီးနှံ တမျိုးမျိုး ကို ညစာ အစားထိုး ဖြည့်စွက် စားသုံးနိုင်ပါသည်။

ယင်းနည်းသည် မင်းသမီး ဒိုင်ယာနာ မကွယ်လွန်မီ တလ တခါ ပြုလုပ်နေကြ နည်းလမ်းဖြစ်သည်ဟု သိရပါသည်။
မိမိတို့ နေ့စဉ် စားသုံးခဲ့သော အစားအစာများ အကြော်ဆီများ ဆီဦးထောပတ်များအတွက် အူသည် မည်သည့်အခါမှ မဆေးကြောခဲ့ရပါ။

ထို့ကြောင့် ဗီလိုင်ဟု ခေါ်သော အမြှေးလေးများမှာ ငါးကန်များ ရေညှိ တက်သကဲ့သို့ အညှိလေးများ တက်နေပါသည်။ ထိုသည်ကို ဆားရေနွေးလေးများဖြင့် ဆေးကြောသန့်စင်လိုက်ခြင်းဖြစ်ပါသည်။

ထိုသို့ ဆေးကြောလိုက်ခြင်းဖြင့် နောင် အခါ စားသောက်သော အသီးအနှံ အစားအစာများမှ အာဟာရများ ပိုမို စုပ်ယူနိုင်မည်ဖြစ်ပီး

ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဒာကို ပိုင်ဆိုင်လာမည်ဖြစ်သည်
ထိုသို့ အူမဆေးမီ မိမိ ဗိုက်နှင့် ကိုယ်အလေးချိန် တိုင်းထားပါ။ အူဆေးပီးနောက်ရက် ထပ်တိုင်းကြည့်ပါ။

သိသိသာသာ ဗိုက်လေး ချပ်ရပ်လှပသွားမည်ကို တွေ့ရပါမည်။

သတိပြုရန်မှာ။ ။ အူဆေးထားပီးနောက် ညစာအဖြစ် နို့နှင့်နို့ထွက်အစားစာများ စားသုံးခြင်း၊

ညစာ အလွန်အမင်း စားသုံးခြင်းများ သတိပြု ရှောင်ကြဉ်စေလိုပါသည်။ အသီးအနှံ ဖြည့်စွက် စားသုံးခြင်း အလေ့အထကို ပြု လုပ်စေလိုပါသည်။
Credit to original uploader

————————————————-

ကေဇီ says:

တကယ်ပိန်ချင်သူများအတွက်သာ
**********************
ဟောဒီမှာ တကယ်ပိန်ချင်သူများအတွက် ဆေးဝါးအကူမလိုဘဲ၊ မိမိဖာသာ အစားအသောက်ဖြင့် ဝိတ်ချလို ့ရတဲ့ နည်းလမ်း ကောင်းရှိပါတယ်။

ဒီနည်းက ရက်သတတ္တ (၁)ပတ်အတွင်း ကိုယ်အလေးချိန် ၆ မှ ၈ ကီလိုထိ ကျစေတဲ့ နည်းလမ်းဖြစ်တယ်လို ့

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၄)ရက် နေ ့စွဲပါ American Health Digest မှာ ဖော်ပြထားခဲ့ပါတယ်။ ။

သို ့သော် (၇)ရက်တိတိ သူ ့အညွှန်းအတိုင်း လိုက်နာနိုင်မှသာ ကိုယ်အလေးချိန် သိသိသာသာလျော့ကျစေမှာဖြစ်လို ့၊

တကယ်ပိန်ချင်လိုစိတ်ပြင်းပြ သူများ ကြိုးစားအားထုတ်ကြည့်စေလိုပါတယ်။
ပထမနေ ့
———–
တသက်တာလုံးစားသောက်လာခဲ့သမျှှ ခန္ဒာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ အဆိပ်အတောက်တွေကို

ဖယ်ထုတ်ပေးရမှာဖြစ်လို ့ ပထမနေ ့က အရေးကြီးဆုံးပါဘဲ။ ။

ဒါကြောင့် ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးဝလံများဖြစ်ကြတဲ့

ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွား မွှေး၊ ဂရိတ်ဖရု၊ နာနတ်၊ လိမ္မော်၊ စပျစ်သီး၊ သင်္ဘောသီး၊ ပန်းသီး၊ တရုပ်ဇီးသီးကြီး စသည့်

အဆင်ပြေရာ သစ်သီးတို ့ကို ဗိ်ုက် ဆာတဲ့အခါတိုင်း ထမင်းလွတ်စားပေးရမှာဖြစ်ပါတယ်။

သောက်ရေကိုတော့ အနည်းဆုံး ဖန်ခွက် ၆-ခွက်မှ ၈-ခွက်အထိ သောက် ပေးပါ။ (ပထမနေ ့မှာ ဌက်ပျောသီး စားခွင့်မရှိပါဘူးရှင်)
ဒုတိယနေ ့
————
ဒီနေ ့မှာတော့ ပန်းဂေါ်ဖီစိမ်း(ခေါ်)ဘရိုကိုလီ၊ မုန်လာဥနီ၊ ပဲသီးအမျိုးမျိုး၊ သခွားသီး၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက်(သို ့မဟုတ်)ပြုတ်၍(သို ့မဟုတ်)အပူပေးကာ ဟင်းချို/စွပ်ပြုတ်ဖြစ်ဖြစ် နှစ်သက်သလို စားနိုင်ပါတယ်။ ။

သို ့သော် ဆီ (လုံးဝ) မထဲ့ပါနဲ ့။ ဒုတိယရက်မှာ အာလူးကို ရှောင်နိုင်လေကောင်းလေးပါ။

အကယ်၍ အားလူးစားချင်စိတ်ရှိပါက ပြုတ်၍ နံက် စာအဖြစ်သာစားပါ။ (ပထမနေ ့အတိုင်း ရေသောက်ဖို ့မမေ့ပါနဲ ့)
တတိယနေ ့
————-
ဒီနေ ့အတွက် သစ်သီးဝလံ နဲ ့ဟင်းသီးဟင်းရွက်တွေကို တလှည့်စီစားလို ့ရပါပြီ။ ဒါပေမယ့် အာလူးတော့ မစားပါနဲ ့ဦး။

နံက်စာ ကို သစ်သီးဝလံစားပါ။ နေ ့လည်စာကို ဟင်းသီးဟင်းရွက်စားပါ။

ညနေပိုင်း အဆာပြေ သစ်သီးထပ်စားပြီးနောက်၊ ညစာကိုတော့ ဟင်းသီးဟင်းရွက်တွေရော သစ်သီးဝလံများပါ ၂-မျိုးရောစားနိုင်ပါတယ်။ (ပထမနေ ့အတိုင်း ရေသောက်ဖို ့မမေ့ပါနဲ ့)
စတုတ္ထနေ ့
———–
ဒီနေ ့ကတော့ ပျော်စရာနေ ့လေးပါဘဲ။ တနေ ့တာလုံးအတွက် ဌက်ပျောဌက်ပျောသီး ၈-လုံးအထိစားလို ့ရပြီး၊

နွားနို ့၃-ခွက် အထိ သောက်ခွင့်ရှိပါတယ်။ နံက်စာ၊ နေ ့လည်စာနဲ ့ ညစာတွေကို ဌက်ပျောသီး ၂-လုံးနဲ ့၊ နွားနို ့ ၁-ခွက် စီသောက်ပေးပါ။

ညနေစာကိုတော့ အဆာပြေ ဌက်ပျော်သီး ၂လုံးလောက်စားပေးနိုင်ပါတယ်။ (ပထမနေ ့အတိုင်း ရေသောက်ဖို ့မမေ့ပါနဲ ့)
ပဉ္စမနေ ့
———
ဒီနေ ့မှာတော့ ခရမ်းချဉ်သီးမှည့်(အလုံးကြီးကြီး) ၁၀-လုံးနဲ ့ ထမင်း ပန်းကန်လုံးသေး ၁-ခွက် စားလို ့ရပါတယ်။

ထမင်း ပန်းကန် လုံးသေး ၁-ခွက်ကို နေ ့လည်စာအဖြစ် စားပြီး၊ နံက်/နေ ့လည်/ညစာတွေအတွက်

ခရမ်းချဉ်သီး ၁၀-လုံးကို အဆင်ပြေသလို စား နိုင်ပါတယ်။ ပဉ္စမနေ ့က ရေတိုးသောက်ပေးရမယ့် နေ ့ဖြစ်လို ့

ယခင်သောက်ရေ ဖန်ခွက် ၈-ခွက်မှ ယခု ၁၂-ခွက်အထိ သောက် ပေးရပါမယ်။
ဆဌမနေ ့
———-
ဒီနေ ့မှာလည်း နေ ့လည်စာကို ထမင်းပန်းကန်လုံးသေး ၁-ခွက် စားလို ့ရပါတယ်။

သို ့သော် သစ်သီးဝလံတို ့စားခွင့်မရှိပါဘူး။ ဒုတိယနေ ့ကအတိုင်း ဟင်းသီးဟင်းရွက်တွေကိုတော့ အလုံအလောက်စားပေးနိုင်ပါတယ်။

(ပဉ္စမနေ ့ပမာဏအတိုင်း ရေများများ တိုးသောက်ဖို ့မမေ့ပါနဲ ့)
သတ္တမနေ ့
————-
(အားတင်းထားနော် နောက်နေ ့ကစလို ့ကိုယ်ကြိုက်တာ အစားစုံ စားလို ့ရပြီလေ) ပျော်စရာနေ ့ကြီးပါ။

ဒီနေ ့မှာတော့ ထမင်း ပန်းကန်လုံးသေး ၁-ခွက်စာ အပြင်၊ ဟင်းသီးဟင်းရွက်တွေနဲ ့ သစ်သီးဝလံတွေပါ စားခွင့်ရှိပါတယ်။

မှန်ကြည့်လိုက်ပါဦး သင့် မျက်နှာအသားအရေပိုကောင်းလာပြီး ယခင်ကထက် ပိုမိုဝင်းပနေတာကိုတွေ ့ရပါလိမ့်မယ်။

ကိုယ်အလေးချိန် ချိန်ကြည့်တဲ့အခါ မှာလည်း အနည်းဆုံး ၆-ကီလိုလောက် ကျသွားတာမို ့

ဒါဟာ သင့်ရဲ ့ မဆုတ်မနစ် ဇွဲရှိရှိဖြင့် ကြိုးစားအားထုတ်မှု ရလာဘ်တွေ ဖြစ်ပါတယ်။

ပေါက်ပေါက် (Ref : American Health Digest )
—————————————————-
http://www.facebook.com/health.beauty.mm
ကျန်းမာရေးနှင့် အလှအပရေးရာမှ
တဆင့်ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

 

——————————————————————————————————————————————–

 

Q .  •*¨နန်းတော်ရာသူ •*¨

ဆာဂျရီလုပ်ထားရင်သေရင်ချက်ချင်းပုပ်တယ်ဆိုတာဟုတ်ပါသလား။ သာမန်ဗိုက်ခွဲထားရင်ကော သေရင်ချက်ချင်းပုပ်ပါသလား။
သေပြီးနောက်ကိုယ်ခန္ဓာကိုလှူနိုင်ဖို့ ဘယ်လိုပြင်ဆင်သင့်ပါသလဲ သိချင်နေတာကြာပါပြီ။

 

———————

 

A .  padonmar

မဆီမဆိုင် မမနန်းရယ်၊
ဆာဂျရီလုပ်ထားတာနဲ့ ဘာလို့ မြန်မြန်ပုပ်ရမှာလဲ၊ပုပ်စရာတခုလျော့သွားလို့ ပုပ်ချိန်တောင် နှေးရအုံးမယ်။
ရန်ကုန်မှာတော့ ရေခဲတိုက်ထဲ ထည့်တော့ ပုပ်တာမသိသာဘူး။
နယ်တွေမှာတော့ သိသာတယ်။
ဒါကြောင့် ဘုန်းကြီးပျံတွေဆို ဗိုက်ခွဲ ကလီစာတွေထုတ်ထားရင် ရရက်စသည် ထားလို့ရသွားတယ်။
ဖော်မလင် ထိုးထားရင်လည်း အပုပ်နှေးတယ်။
သေပြီး ရိုးရိုးထားတာချင်းမှာလည်း မသေခင် လေဖြတ်တာတို့ ဖောယောင်နေတာတို့ဆို မြန်မြန်ပုပ်နံ့ထွက်တယ်။
ပုံမှန်ဆို သေပြီး ၃နာရီလောက်မှာ တောင့်တင်းလာပါတယ်။
(Rigor Mortis)လို့ခေါ်တယ်။ပြီးရင်တော့ တဖြည်းဖြည်း ပုပ်ဖို့ စလာတာပါပဲ။
(အင်း…ဒီကွန်မန့်ကတော့ မွှေးနေမှာပဲ)

 

———————————————————————————————————————————————-

မျက်စိကျန်းမာရေး

 

Q –  Crystalline

ကိုအလင်းဆက်ရှင့်…
ကျမသိလိုတာက ရန်ကုန်မှာ ကုသိုလ်ဖြစ်.. မျက်စိခွဲစိတ်တဲ့ ဆေးခန်းတွေဘာတွေရှိလား သိချင်ပါတယ်…

နယ်ဖက်က ကလေးမလေး တစ်ယောက်ခွဲစိတ်ချင်လို့ပါ… ဆေးခန်းတွေမှာခွဲစိတ်ဖို့.. ပိုက်ဆံလည်းမတတ်နိုင်တဲ့အတွက်..

စရိတ်စက နည်းနည်းနဲ့ ကုသလို့ရမယ့်နေရာရှိမရှိသိလိုပါတယ်..

 

—————-

A .1 – alinsett(gazette)

 

စရိတ်နည်းနည်း သက်သက်သာသာနဲ့
ကုသပေးတဲ့နေရာတွေရှိပါတယ်ခင်ဗျ

သိသလောက်တော့
မြောက်ဥက္ကာ မေဓါဝီဆေးရုံမှာလည်း ကုသပေးပါတယ်
ဦးကျော်သူတို့ဆီမှာလည်း ကုသပေးပါတယ်။
ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး(မင်္ဂလာတောင်ညွန့်)မှာလည်း စရိတ်သက်သာစွာ ကုသနိုင်ပါတယ်။
မျက်စိဆေးရုံကြီးမှာတော့ ကျနော်ကိုယ်တိုင် မျက်စိကုဖူးပါတယ်။
ခွဲစိတ်ရတာတော့မဟုတ်
သာမန်အသေးစားကုသမှုပါ
အဲဒီတုန်းကတော့ စေတနာကြေးပဲ ပေးရပါတယ်။
လိုအပ်တဲ့ဆေးကိုတော့ ဆေးရုံရဲ့ သက်သာဆိုင်က ဝယ်ယူရပါတယ်
သမိုင်းလမ်းဆုံက ကြံ့တွေဖွတ်တွေ တည်ထောင်ထားတဲ့ ဖြိုးဆိုလား
ဆေးခန်းမှာလည်း တနင်္လာ သောကြာ နှစ်ရက်ကို အခမဲ့ကုသပေးတယ်လို့ သိရပါတယ်။

 

———————–

 

A . 2 – nozomi

ဇီဝိတဒါနသံဃဆေးရုံမှာလဲ အခမဲ့ ( သို့) သက်သာသောနှုံးနဲ့ ခွဲပေးနေတာရှိတယ်

 

————————————————————————————————————————————————

 

နှင်းဆီပင်လေး

Q .  lu lu

တစ်ခုလောက်မေးစမ်းချင် ရဲ ့
နှင်းဆီပန်းပင် အတွက် ဘယ်လို အာဟာရ တွေကြွေးရပါသလဲ
လုလု နှင်းဆီ ပင် တွေစိုက်ထားတာ ကြီးထွာမှုအားနဲနေလို ့
ဘာလုပ်ပေးရမလဲ

————————-

A . 1 – ကေဇီ

@ Lu Lu

အဝတ်သန့်သန့်လျှော်ပြီးထားတဲ့ ဆပ်ပြာမှုန့်ရေ လောင်းလိုက်။
အကုန် အကျသက်သာအောင်။အဖူးတွေကို ပိုးမကိုက်စေချင်ရင် ကြက်ဥခွံ့စွပ်ထားးး
ကုန်နိုင်ရင် ဘားပလက် ကျွေးးး

နောက် နှင်းဆီ က အပွင့် မပွင့်တဲ့ ကိုင်းတို့ ကျိုးသွားတဲ့ ကိုင်းတို့ ကို အားမနာနဲ့ ဖြတ်ပစ်။
နို့မို့ အမြစ်က သယ်ပေးတဲ့ အာဟာရကို သူတို့ပါ ပေးနေရတာ။။

I am serious.

————————–

A . 2 –  Ma Ma

နှင်းဆီပင်အတွက် အလွယ်ကူဆုံး အကောင်းဆုံးအားဆေးက ဆန်ဆေးရည်  ပါပဲ။
နေ့စဉ် ထမင်းချက်တဲ့အခါ ရတဲ့ ဆန်ဆေးရည်နဲ့ ပန်းပင်ကို လောင်းပေးရင် အခြား ဘာအားဆေးမှ ထည့်ဖို့မလိုပါဘူး။
ဆပ်ပြာရည်ကတော့ ပိုးသတ်ဆေးအစားသုံးတဲ့သဘောပါ။ :)

 

——————————————————————————————————————————————————

 

 

လေယာဉ်လက်မှတ်ကိစ္စ

 

Q . 1 – Ma Ma

လေယာဉ်လက်မှတ်ဈေး သိချင်နေတာနဲ့ အတော်ပဲ။
စ လုံး သွားဖို့ လေယာဉ်လက်မှတ်ဝယ်ချင်တယ်။
အသက်သာဆုံးနည်းနဲ့ ဘယ်လိုဝယ်ရမလဲ။ :boss:

————————–

A . 1 –  sorrow

 

တီတီမမရေ …လက်ရှိ စလုံးကို သွားနေတာ အောက်ပါအတိုင်းရှိပါတယ်ဗျ ။

1) စင်ကာပူလေကြောင်း ( SQ )
2) ပိုးသားလေကြောင်း ( MI )
3) ရွှေမြန်မာလေကြောင်း ( GMA )
4) မြန်မာ့လေကြောင်း ( 8M)
5) ကျားလေကြောင်း ( TR )
6)ဂျက်လေကြောင်း ( 3K)

ဈေးသက်သာတာရွှေးချယ်လိုရင်ဖြင့် ( ရွှေမြန်မာ ။ ကျား ။ ဂျက် စသော စရိတ်နည်း လေကြောင်းလိုင်းများကို ရွှေးချယ်စေလိုကြောင်း )

သို့သော် စရိတ်နည်းလေကြောင်းလိုင်းများ၏ ထုံးစံအတိုင်း
1) သွားပြန် ရက်အတိအကျ သတ်မှတ်ရခြင်း
2) ဝန်စည်စလှယ်ဖိုး ထပ်မံပေးဆောင်ရခြင်း
3) ရက်ပြောင်းလိုလျှင် ရက်ပြောင်းကြေးနှင့် ဒဏ်ကြေးထပ်မံပေးဆောင်ရခြင်း

အဲ့တာလေးတွေကတော့ရှိကြောင်း ဈေးနှုန်း အားဖြင့် အစိမ်း 150 -200 ခန့်သွားမည့်ရက်ပေါ်မူတည်ပြီး အပြောင်းအလဲရှိပါကြောင်း ။

မှတ်ချက် ။ မြန်မာလေကြောင်း အထူးဈေးချထားပေးပါသည် ။ 205 ကျပ် ( 14 ရက်အတွင်း ရက်ချိန်းနိုင်သည် ) ။ GMA လေယဉ်မယ်လေးများ တော်တော်ချောသည် ။ ဟိုလေကြောင်းလိုင်းမှ aisle နှင့်ပင် မဆန့်သော လေယဉ်မယ် ဝဝကြီးများလိုမဟုတ် ….အဟိဟိ

———————————————————————————————————————————-

Q . 2 – ကေဇီ

ညီညီတာလေး လိုက်တာ ဘယ် လေကြောင်းတုန်းးး

————-

A . 2 – sarrow

အပြည်ပြည်ဆိုင်ရာ မြန်းကျန့်လေကြောင်း မှာလုပ်သွားတာ…

————————————————————————————————————————————————–

 

 

ဘဏ်ကိစ္စ

 

 Q – မိုက်ကယ်ဂျော်နီအောင်ပု

. ဘဏ်မှာငွေထည့်ထားရင် အတိုးဘယ်လောက်ရနိုင်သလဲဗျာ
.အနည်းဆုံးဘယ်လောက်ထည့်လို့ရတယ်
. ကိုယ်လိုတဲ့အချိန်ပြန်ထုတ်လို့လွယ်မလွယ်
. ဘဏ်မှာငွေအပ်တာ လုပ်သင့်မသင့်
. ဘယ်ဘဏ်မှာ ဘယ်လိုပုံစံက ပိုကောင်းတယ် ဘါညာကွိကွ

——–

A . 1 –  ဦးဦးပါလေရာ

.ဘဏ်မှာ ငွေစုစာရင်း ၈% စာရင်းသေအပ်ငွေ ၈-၁၀% ရနိုင်ပါတယ်
.စာရင်းစဖွင့်ရင်အနည်းဆုံး ၁၀၀ဝ ကျပ်ထည့်ရမှာဖြစ်ပြီး စာရင်းထဲမှာ အနည်းဆုံး၃၀ဝ ကျပ်ချန်ရပါမယ်
.ကိုယ်လိုတဲ့အချိန်ပြန်ထုတ်ဖို့ဆိုတာ ဘဏ်အမျိုးမျိုးအပေါ်မှာနဲ့ အခြေအနေအပေါ်မှာ မူတည်ပါတယ်။

အခုတော့ ဘာမှမဖြစ်သေးတော့ ဘယ်ဘဏ်ဖြစ်ဖြစ်လွယ်ပါတယ်။
.မြန်မာပြည်ကဘဏ်တွေမှာငွေအပ်တယ်ဆိုတာ ပိုက်ဆံဒီအတိုင်းထားရမှာ များလို့ ရှုပ်လို့ ခက်လို့ အပ်ကြရတာပါ။

အတိုးလိုချင်လို့လဲ အပ်တာရှိပေမယ့် ရတာနဲ့ ကာမိပါ့မလားဆိုတာ လူအပေါ်မူတည်ပါတယ်။

ဒီမှာ ဘဏ်ထဲငွေထည့်ပြီး နိုင်ငံခြားမှာလို သုံးစရာရှိတိုင်း ကဒ်နဲ့ ချက် နဲ့ ရှင်းလို့မရပါဘူး။

ငွေရှင်းစရာရှိတော့ ကိုယ်တိုင်ဘဏ်ကငွေသွားထုတ်ပြီး ကူလီနဲ့ထမ်း ကားနဲ့သယ်ပြီး ရှင်းရတာပါ။

.ဘယ်ဘဏ်က ဘယ်လိုဆိုတာနဲ့ပတ်သက်လို့
.-မဆုံးချင်ရင် MICB
.-မြန်ချင်ရင် CB
.-နေရာတစ်ကာမှာ ငွေထုတ်ငွေသွင်းချင်ရင် KBZ
.-ဘဏ်ထဲမှာ တစ်ရေးအိပ်ချင်ရင် MOB
.-ဘဏ်ထဲ ကော်ဖီသောက်ပြီး ကာရာအိုကေ ကြည့်ချင်ရင် MAB
.-ဘဏ်စည်းထဲမှာ ငွေစက္ကူအတုပါလာမှာမကြောက်ရင် …… အဲ… အဲဒါလေးတော့ ပြောလို့မဖြစ်ဖူးထင်ပါရဲ့….

————–

A . 2 –  ကထူးဆန်း

saving account က တစ်ပါတ်မှာ တစ်ခါဘဲ ထုတ်ပေးပါတယ် ။
current account ကတော့ cheque နဲ့ ကြိုက်သလောက်ထုတ်လို့ ရပါတယ်

ဆိုတော့ current account ကို saving account နဲ့ ချိတ်ဆက်ထားမှ လိုချင်တဲ့ အချိန်ပြန်ထုတ်လို့ လွယ်ပါတယ် ။
USD account ကတော့ တစ်နေ့မှusd တစ်သောင်းထက်ပိုမထုတ်ပေးပါဘူး ။

usd account မှာ saving မရှိဘူးထင်ပါသည် ။ သို့သော် ကိုယ့် usd account ထဲ က ဒေါ်လှတွေ ကို

အဲ့ဒီ့နေ့ မြန်မာငွေ ပေါက်ဈေးနဲ့ လဲထုတ်မယ် ဆိုရင်တော့ အကုန်ပြောင်အောင်လည်း သတ်မှတ်ဈေး နဲ့ လဲထုတ်လို့ ရပါသည် ။
ဦးဦးပါရဲ့ အဲ ကိုဖြေကြည့်ရရင် ADB ဆို မှန်မလားဟင် ….

————————————————————————————————————

 

အခွန်ကိစ္စ

 

Q .  ပန်း စံပါယ်

အခွန်ဆောင်ပြီးငွေ၊ အခွန်ကင်းလွတ်ခွင့်ရတဲ့ငွေနဲ့ ကားဝယ်ရင် အခွန်ကိစ္စက ဘယ်လိုပါလဲ သိပါရစေ။

ဘာကြောင့်လဲဆိုတော့ ကားဝယ်ရင် အခွန်အမည် အမျိုးမျိုးနဲ့ ဆောင်ကြရတယ်ကြားလို့ ရှင်းရှင်းလင်းလင်း သိပါရစေ။

အခြားနိုင်ငံတွေမှာရော ကားဝယ်ရာမှာ ဘယ်လိုစည်းကြပ်မှုတွေရှိလဲဆိုတာလည်း သိပါရစေ။

နောက်တစ်ခုသိချင်တာက တစ်နှစ်ဝင်ငွေ သိန်း ၂ဝ ဆိုရင် အခွန်ကင်းလွတ်တယ်ဆိုတော့

အဲဒီမှာ အစိုးရဆီ တရားဝင် ဝင်ငွေခွန်ကြေငြာထားခြင်းမရှိတော့ တရားဝင်ငွေဖြူ ဟုတ်မဟုတ်ဆိုတာ သိချင်ပါတယ်။

နောက်ပြီး သိန်း ၅ဝ ရတဲ့သူကလည်း ကြေငြာထားခြင်းမရှိတော့ ငွေဖြူ မဟုတ်တာတော့ သေချာတယ်။ အချို့ဝန်ထမ်းတွေက တရားဝင်ဖြစ်ချင်တယ်။ ဝင်ငွေခွန် ဆောင်ချင်ကြတယ်။ သို့သော်လည်း လုပ်ငန်းရှင်တွေဘက်က တရားဝင်မလုပ်ကြဘူး။

ကုမ္ပဏီဘက်က မလုပ်တော့ ဝန်ထမ်းတွေအနေနဲ့ ဝင်ငွေကို တရားဝင်ဖြစ်အောင် ဘယ်လိုမှလုပ်လို့မရဘူး။

အဲဒီလိုတရားဝင်လုပ်ရင် သူတို့လဲအခွန်နဲ့ အတော်ထိတော့မှာလေ။ နောက် အခြား အကြောင်းအချက်တွေလည်း ရှိမှာပေါ့။

မိမိလုပ်အားခကို အခွန်ဆောင်ပြီး တရားဝင် ဝင်ငွေဖြစ်အောင် ဘယ်လိုလုပ်ရပါ့မလဲမသိ။ အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေက ဝန်ထမ်းလစာကို တရားဝင် အမှန်အတိုင်းဖော်ပြ ကြေငြာနိုင်ဖို့ကို အဘယ်ကဲ့သို့ လုပ်ဆောင်မည်နည်းသိချင်စမ်းပါဘိ။

 

——————————–

 

A . 1 – kai

ယူအက်စ်မှာတော့.. အခွန်ဆောင်ထားငွေ (ငွေဖြူ)နဲ့ကားဝယ်ရင်လည်း.. အခွန်ထပ်ဆောင်ရမှာပဲ..
ကုန်ဝယ်တဲ့အခွန်လေ..။
ကားမှမဟုတ်.. ငွေဖြူနဲ့.. ဘာဝယ်ဝယ်.. ဝယ်ခွန်ထပ်ပေးရပါတယ်..။
သာမန်အားဖြင့် ကုန်ဝယ်ခွန်က၁ဝရာခိုင်နှုန်းပါ..။
သာမန်အားဖြင့်… ယူအက်စ်မှာ..လူတယောက် ငွေ၁၀ဝ ဝင်ငွေရှိရင်.. ၅ဝကျော်..၅၁-၂လောက်ကအစိုးရကို

အခွန်အဖြစ်သေချာပေါက်(သေချာပေါက်) ပေးရပါတယ်..။
အဲဒီငွေနဲ့.. အမေရိကားအစိုးရ ကမ္ဘာမှာလူတွင်ကျယ်လုပ်နေတာဖြစ်ပါကြောင်း..။

ကားဝယ်ရင်.. တလုံးထဲတခဲထဲ.. ရော့ ၃သောင်းဆို.. မပေးကြပဲ.. အကြွေးယူပေးပါတယ်..။
ဥပမာ။ ၃သောင်းတန်ကားဝယ်မယ်ဆို.. ၁သောင်းကို လက်ငင်းပေးမယ်..။ ကျန်၂သောင်းကို ..အတိုးနဲ့ငွေချေးပြီး.. တလ ၄၀ဝ နဲ့.. ၅နှစ်ဆပ်မယ်.. စသဖြင့်ပေါ့…။
ငွေလှုပ်တိုင်း..လှုပ်တိုင်း.. အခွန်က ကပ်ကပ်ပါပါတယ်..။
=
လုပ်ငန်းရှင်က.. စုစုပေါင်းဝင်ငွေထဲက..အမြတ်ပြပြီးအမြတ်ထဲက အခွန်ဆောင်ရတဲ့..ရာခိုင်နှုန်းနဲ့..

စုစုပေါင်းဝင်ငွေထဲက.. ဝန်ထမ်းလစာတွေနှုတ်.. ပြီးမှအခွန်ဆောင်ရတဲ့.. အချိုးရာခိုင်နှုန်းမတူပါ..။
ဒါကြောင့် ..ယူအက်စ်မှာ.. အမြတ်ငွေတက်တာနဲ့အမျှ.. ဝန်ထမ်းတွေကိုတိုးခန့်တယ်..။

အခွန်ကို တဝက်..လုပ်ငန်းရှင်က ဝင်ဆောင်ပေးတယ်..။ စသဖြင့်လုပ်ကြပါကြောင်း…။
အခွန်စနစ်မှန်သွားတာနဲ့အမျှ.. တိုင်းပြည်တိုးတက်လာမှာဖြစ်ပါကြောင်း..။ :mrgreen:

 

—————————

 

A . 2 –  ဦးကြောင်ကြီး

ဝန်ထမ်းလစာပေးတိုင်း တစုတစည်းထဲ ရီပို့တင်ရတဲ့စနစ်ရှိလျင် ဘယ်သူဘယ်လောက်ရလို့ ဘယ်လောက်ဆောင်ရမည်ဆိုတာ ရှင်းသွားပါမည်။

ယနေ့အိုင်တီခေတ်မှာ ဒီလိုပဲလုပ်ကြသလေ..။ အစိုးရဝန်ထမ်းများ ဖက်စပ်ဝန်ထမ်းလစာများ အဲလိုပဲ လုပ်ကြပါသည်။

လစာပေးထဲက အခွန်၊ ဖူလုံကြေး ဘာညာကွိကွ တခါထဲဖြတ်ထားပြီး ဘဏ်မှာသွားဆောင်၊

ကျန်ငွေကို ဝန်ထမ်းကို ချက်ထုတ်ပေး.. ဘဏ်စနစ်ဖွင့်ဖြိုးဖို့ မြန်နှုန်းမြင့်အင်တာနက် ထွန်းကားဖို့လိုသည်။

တခုရှိတာ တရားမဝင်ခန့်ထားရင် ချက်လက်မှတ်နဲ့မပေးပဲ ငွေသားချည်းပေးလျင်တော့ လိုက်ရခက်မြီ။

အချို့လုပ်ငန်းရှင်များက အလုပ်သမား ဥပဒေကိုကြောက်လို့ တမင်စာရင်းမသွင်းဘဲနေတာလည်း များစွာရှိသည်။

 

————————————————————————————————————————————————-

Q – ပန်းစံပယ်

” မှတ်​ချက်​..နိုင်​ငံသားမည်​သူမဆို အ​ခြေပစ္စည်​းတစ်​ရပ်​ရပ်​ ဝယ်​ယူခြင်​း တည်​​ဆောက်​ခြင်​း ရယူခြင်​း အတွက်​

တစ်​ဦးလျှင်​ တစ်​ကြိမ်​သာခံစားခွင်​့ရှိသည်​ ” ဆိုတာ ဘယ်​လိုမျိုးပါလဲ သိပါရ​စေ။
ဥပမာ နိုင်​ငံခြားသွားြပြီးအလုပ်​လုပ်​တဲ့သူတစ်​​ယောက်​ ရဲ့ လစာနဲ့ သူ့နာမည်​နဲ့အိမ်​ဝယ်​တယ်​ အခြားတစ်​​ယောက်​က ကားဝယ်​တယ်​ ဆိုပါ​တော့။

အခွန်​ကင်​းလွတ်​တဲ့ လစာ​​ငွေနဲ့ဝယ်​တာလည်​းဖြစ်​တယ်​ သူ့နာမည်​နဲ့ ဝယ်​ထားတဲ့အိမ်​/ကားလည်​း အခြားမရှိ​သေးဘူးဆိုရင်​

အခွန်​ကင်​းလွတ်​တယ်​ဆိုတဲ့သ​ဘော ဟုတ်​ မဟုတ်​ သိပါရ​စေ။

—————–

A – ဦးဦးပါလေရာ

.အခုမေးတာ အခြေပစ္စည်းနဲ့ပါတ်သက်ပြီး နှုံးထားလျှော့ပေါ့ထားတဲ့ အခွန်ကိစ္စဖြစ်မယ်ထင်ပါတယ်။

 

.အခြေပစ္စည်းဆိုရာမှာ အိမ်၊ မြေ၊ တိုက်ခန်း တွေကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ ကား မပါ ပါ။
.အခွန်ဆောင်ထားတဲ့ သို့မဟုတ် အခွန်ကင်းလွတ်ခွင့်ရထားတဲ့ ငွေဖြူနဲ့ ဝယ်တာတွေမပါပါ။ အဲဒီငွေမျိုးတွေနဲ့ ကြိုက်သလောက်ဝယ် – တံဆိပ်ခေါင်းခွန် သာကျသင့်မှာ ဖြစ်ပါတယ်။
.ဝင်ငွေရလမ်းမဖေါ်ပြနိုင်တဲ့ ငွေမည်းနဲ့ဝယ်ရင် အခုအသစ်သတ်မှတ်ထားတဲ့ နှုံးနဲ့ တစ်ကြိမ်သာ စည်းကြပ်မှာဖြစ်ပြီး နောက်အကြိမ်တွေအတွက်တော့ အခွန်ဥပဒေပါ အချိုးအစားအရ အချိုးကျစည်းကြပ်မယ် လို့ ဆိုလိုပါတယ်။
.ဒါကြောင့် ငွေမည်းနဲ့ဝယ်မှာဖြင့်သိန်း ၁၅၀၀/ သိန်း၃၀၀ဝ အတွင်းဝယ်ရင် အတန်ဆုံးဖြစ်ပါတယ်။
.ဒါကြောင့် မန္တလေးမှာ အရင်လို အကွက်ကြီးအရောင်းအဝယ်တွေထက် သိန်း ၃၀၀ဝ ပတ်လည်တွေ အရောင်းအဝယ်လဲဖြစ် အခွန်လဲဆောင်ကြပါတယ်။

—————————————————————————————————————————————-

 

 

အိမ်ထောင်ရေးကိစ္စ

 

Q – ဝင့်ပြုံးမြင့်

အချစ်ရေးကို တာဝန်ယူဖြေရှင်းပေးမည်၊ အထူးသဖြင့် ကွဲကွာရေးကို တာဝန်ယူဖြေရှင်းပေးမည်ဆိုသော မမချွိကို မေးပါရစေ။
ဒီလိုလေ၊ ကိုယ်က မယားကြီးနေရာကဆိုပါတော့၊

ကိုယ့်မှာက သားတစ်ယောက်လည်းရှိပြီ၊ ပြည်ပကိုလည်း ခဏတဖြုတ်ရောက်နေတယ်။

အိမ်ထောင်သက်ကလည်း ဘာမှ မကြာသေးဘူး။ မြန်မာပြည်က ကိုယ့်ယောက်ျားက နောက်တစ်ယောက်နဲ့ မင်္ဂလာဆောင်ဖို့ ကြိုးစားနေတယ်။ မယားကြီးတစ်ယောက်အနေနဲ့ ကိုယ်က ဒီလိုကြီးပေါ်တင်စော်ကားခံရပြီဆိုတော့ မကျေနပ်ဘူး။

သတင်းစာမှာ ဘာညာကွိကွ ထည့်လိုက်တယ်။

ကိုယ့်ယောက်ျားကတော့ သူ့မိဘတွေဆီက အမွေဖြတ်ဆိုတာလုပ်ပြီး နောက်အိမ်ထောင်ထူဖို့ လုပ်လိုက်ပြီ။

အဲဒီမှာ ယောက်ျားက အမွေဖြတ်ဆိုတာ လုပ်လိုက်တော့ ပါရင်းပစ္စည်းဆိုတဲ့အပိုင်းက မရှိတော့ဘူးပေါ့နော်။

လင်မယားကွဲရင် လင်ရဲ့ ပါရင်းပစ္စည်း (သူ့မိဘအမွေ) သုံးပုံတစ်ပုံ မိ်န်းမက ရတယ်လေ။

လက်ထက်ပွားကတော့ တစ်ယောက်တစ်ဝက်ပေါ့။

လောလောဆယ်မှာ သူက အမွေဖြတ်လုပ်ချလိုက်တော့ မယားကြီးက ပါရင်းထဲက ဘာမှ မရတော့ဘူးလား။

တကယ်တော့ ဒီအမွေဖြတ်ဆိုတာချည်းကလည်း တရားမဝင်တော့ သူ့မိဘတွေ သေပြီးရင် အမွေက သူပဲပြန်ရမှာလေ။

အဲတော့ ယောက်ျားရဲ့ ပါရင်းပစ္စည်းတွေအပေါ်မှာ နောက်မယားကသာ အကျိုးကျေးဇူးခံစားခွင့်ရှိသွားတော့မှာပေါ့။

နောက်မယားအနေနဲ့ အမွေမမက်ဘူးဆိုတဲ့ ဂုဏ်သိက္ခာလည်းရ၊ ပစ္စည်းလည်းရ၊ အဲဒီလိုဖြစ်မကုန်ဘူးလား။

တကယ်တော့ ကိုယ်လင်တစ်ယောက်ရဖို့အတွက် သူများ အသိုက်အမြုံကို ဖြိုခွဲနိုင်တဲ့သူ၊

မိန်းမသားချင်း ကို်ယ်ချင်းမစာတဲ့သူ ဟာ နဂိုအခံမှာ မက်ပြီးသားပါ။

အဲတော့ မမချွိသာ မယားကြီးနေရာမှာဆိုရင် ကွာမလား။

————–

A –  ကေဇီ

ငင့်။
ဝင့်။ ဒါက အချစ်ရေးဟုတ်ဘူးလေ။
အိမ်ထောင်ရေးဖြစ်သွားပြီ။
ကြားရတာတော့ ခုလတ်တလောခေတ်စားနေတဲ့ ဟိုမင်းသမီး ကိပ်စနကို အမှတ်ရစေတယ်။
ကျနော့စိတ်နဲ့ ဆိုရင်တော့ အဲဒီ အချိန်မှာဖစ်နေတဲ့ မုဒ် အတိုင်းလုပ်မယ်ဗျ။

 

ပြည်ပမှာ ခဏတဖြုတ်ဆိုတာ အလည်လားးး
အလုပ်လုပ်နိုင်တယ် ဆိုရင်တော့ ဘာပဲပြောပြော အဲဒီ အကြီးအနေနဲ့ အရည်အချင်းလေး ရှိပြီးသားလို့ မှတ်ပါတယ်။
ပိုက်ဆံရှာနိုင်တဲ့ မိန်းမတစ်ယောက်အနေနဲ့ဆိုရင်တော့ ရိုင်းရိုင်းပြောရရင်

အချိန် တို အတွင်း အောက် ဆော့တတ်တဲ့ ယောက်ကျားကို ဆက်ပေါင်းဖို့တော့ အားမပေးချင်။
သူများ အသိုက်အမြုံခွဲသူဟာ သူ့အကျိုးပေးနဲ့ သူသွားမှာမို့ မခံချင်စိတ်နဲ့ တွယ်ကတ်နေမဲ့အစား လက်လွှတ်လိုက်တာကောင်းမလားလို့ပါ။ (ကိုယ့် အရွယ်လည်းရှိတုန်းဆိုရင်ပေါ့။)
တစ်ခါတစ်လေမှာ ကိုယ့်သိက္ခာဟာ လက်လွှတ်လိုက်မှ တက်သွားတာတာ။
ဆွဲထားဖို့ ကြိုးစားရင် သိက္ခာမတက်တဲ့အပြင် အရှုံးသံသရာလည်တတ်တယ်လို့ထင်ပါတယ်။

မြန်မာမှာ ဘာ တောက်တလွဲ အတွေးမှန်းမသိဘူးဗျ။
တစ်ခုရှိတယ်။
ယောင်္ကျားက ပစ်သွားခံရရင်ကို အဲဒီ မိန်းမအပြစ်လို့ အသုံးမကျဘူးလို့ပြောတတ်ကြတာ။
ဒီ ယောင်္ကျားကို မြဲအောင် မဆွဲထားနိုင်ဘူး ဆိုတဲ့ သဘောပေါ့လေ။  အမှန်တော့ ရှက်တတ်ရင် အဲလို ဖောက်ပြန်တဲ့ သစ္စာဆိုတဲ့ အမှန်တရားကို ဖောက်ဖျက်တဲ့သူမျိုးကသာရှက်ရမှာဖြစ်ပြီး
သစ္စာအဖောက်ခံရတဲ့ သူက လုံးးးးဝ လုံးးးးဝ ရှက်စရာမလိုပါဘူးးးလို့ မြင်ပါတယ်။
:-D

———————————————————————————————————————————————

 

 

Facebook ကို ဖုန်းနဲ ့သုံးတဲ့ကိစ္စ

 

Q – ဦးကြီးမိုက်

ကွန်ပြူတာနဲ့ ဖွဘုတ်ဖွင့်သုံးရင် သူများကိုပေးတဲ့ကွန်မန့်မှာ ရုပ်ပုံ တင်လို့ရတယ်နော်..
ဖုန်းနဲ့ ဖွဘုတ်သုံးရင်ကော..ကွန်မန့်မှာ ဓါတ်ပုံ ဘိုတင်ရသလဲဗျ…သိသူတွေလမ်းညွှန်ပါအုံး
တကယ်သိချင်လို့ပါ…ကျုပ်သုံးနေတာ HUAWEI C 8825 D ပါ :roll:

——————

A – alinsett(gazette)

ကျနော့်အထင်  ဖုန်းထဲ မှာ လက်ရှိသုံးနေတဲ့ FB app ကို update လုပ်ရမယ် ထင်ပါကြောင်း
FB app က 8.0. လောက်မှာမှ စပြီး  commentထဲ ပုံထည့်လို့ရတယ် ထင်ပါကြောင်း

ကျနော့် အရင် FB app က ပုံထည့်လို့မရပဲ  အခု update လုပ်ပြီးမှ commentတွေထဲ ပုံ ထည့်လို့ရတာ ဖြစ်ပါကြောင်းးး တခြားပို ပြောနိုင်သူတွေ ပြောစေလိုပါကြောင်းး

 

A . 2 – •*¨နန်းတော်ရာသူ •*¨

 

ကွန်ပြူတာနဲ့ ဖွဘုတ်ဖွင့်သုံးရင် သူများကိုပေးတဲ့ကွန်မန့်မှာ ရုပ်ပုံ တင်လို့ရတယ်နော်..
ဖုန်းနဲ့ ဖွဘုတ်သုံးရင်ကော..ကွန်မန့်မှာ ဓါတ်ပုံ ဘိုတင်ရသလဲဗျ…သိသူတွေလမ်းညွှန်ပါအုံး
တကယ်သိချင်လို့ပါ…ကျုပ်သုံးနေတာ HUAWEI C 8825 D ပါ :roll:  ဆိုတာလေးကိုဝင်လျှာရှည်ပါရစေ။

Fb ရဲ့ဗားရှင်းမြင့် ကွန့်မန့်မှာဓာတ်ပုံတင်လို့ရတဲ့ပရိုဗားရှင်းက အင်တာနက်လိုင်းမကောင်းတဲ့လူတွေနဲ့ဖုန်းအနိမ့်တွေအတွက်သိပ်မအိုကေပါ။

ဖိုတိုကွန့်မန့်မှာအိုကေရင်တောင် မတ်စိတွေပြောရတာ ၂ခါ ၂ခါပြန်ရိုက်နေရပါတယ်။
ဒါ့ကြောင့်မို့ Google Play Store မှာ Facebook လို့ရိုက်ပြီး FB ဖိုင်ဆိုဒ် သေးသေးလေးတွေကိုရှာတင်ပါ။
အဲ FB လေးတွေထဲမှာမှ ကျန်တဲ့ FB လေးတွေက စတေးတပ်မှာပုံတွေတင်ဖို့အဆင်မပြေတာမို့

FFF ဆိုတာလေးနဲ့ social color FB ဆိုပြီး ကာလာစုံနောက်ခံလေးနဲ့ F ပုံ လိုဂိုလေး ပါတဲ့ app လေး-ပေါင်း(၂)ခုထဲက ကြိုက်တာကိုရွေးတင်နိုင်ပါတယ်။
စပြီး Login လုပ်ချိန်မှာ နည်းနည်းစောင့်ရပေမယ့်။သုံးနေကျဖြစ်သွားရင်တော့ မြန်လာပါတယ်။
အရမ်းအဆင်ပြေပါတယ်။အီမိုးရှင်းအရုပ်လေးတွေကိုလည်းကုဒ်တွေပဲမပြပဲ ကွန်ပြူတာမှာလိုပဲ အရုပ်တိုင်းပြပါတယ်။

01

 

02

——————————————————————————————————————————————

Q . TNA

ကွန်ပြူတာမှာတတ်ထားတဲ့ ADSL အင်တာနက်လိုင်းကိုဖြုတ်ပြီး ဖုန်းနဲ့ပဲ အင်တာနက်သုံးမယ်ဆိုရင်

ရလာနိုင်တဲ့ ဆိုးကျိုးလေးတွေသိချင်ပါတယ်။

ကွန်ပြူတာကအင်တာနက်ဖြုတ်သင့်မဖြုတ်သင့်၊ ဖုန်းနဲ့ပဲ အင်တာနက်သုံးသင့်မသုံးသင့်အဲ့ဒါလေးသိချင်ပါတယ်။ ဒေါင်းလုပ်ကိုဖုန်းနဲ့ဆွဲတာအဆင်ပြေနိုင်မပြေနိုင်လဲသိချင်ပါတယ်။

ဟွာဝေး ၆၁ဝ ဝယ်သုံးချင်လို့ အဲ့ဒါနဲ့အင်တာနက်အဆင်ပြေနိုင်မပြေနိုင်လဲသိချင်ပါတယ်။

——————

 

A .ROssI

ဖုန်းနဲ့အင်တာနက်သုံးမယ်.. ဖုန်းကို နှိုးစက် နာရီ ..စကတ်ဂျူလာ စသည်ဖြင့် သုံးမယ် သုံးတယ်

(ကျော်တို့လည်းသုံးဖြစ်ပါတယ်)
ဆိုရင်တော့ …ကျန်းမာရေးအရ သိပ်မမိုက်ဘူးရယ်..(ဆြာ့ ဆြာများ လာလင်းပါ…)

အေဒီအက်စ်အယ်လ် လား …အမ်ပီတီကို များများဆဲပါလေ…
ဟိဟ
ကျော် ဖိုက်ဘာသုံးနေတာမေ့တွားဒယ်….

 

 

—————————————————————————————————————————————————-

 

 

ပညာရေးကိစ္စ

 

 

Q – ဝင့်ပြုံးမြင့်

ကျမမှာလည်း သားသမီးပညာရေး မေးစရာရှိတယ်။

ရ နှစ်အရွယ် ကျမသမီးကို တရုတ်စာသင်ပေးသင့်ပါသလား။

ရွာထဲက နိုင်ငံတကာ ဗဟုသုတရှိသူများကို အားကိုးပါတယ်နော်။

ဘာဖြစ်လို့ ကျမ မေးသလဲဆိုတော့ – ဒီခေတ်ကလေးတွေ ၁ဝတန်းအောင်ပြီးရင် တခြားဘာသာစကားသင်တယ်။

ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျာမန် စတာတွေ သင်ကြတယ်။ တရုတ်စာကိုကျတော့ သိပ်မသင်ကြဘူး။

တရုတ်သွေးပါတဲ့သူတွေသာ သင်ကြတယ်။ ကျမစိတ်ထဲမှာ တရုတ်က သိပ်အင်အားကြီးတယ်လို့ ထင်နေတယ်။

ကမာ္ဘ့ နေရာအနှံ့အပြားမှာ သူတို့ ခြေကုပ်ယူထားပြီးပြီလို့ ကျမ ထင်နေတယ်။

ကျမသမီးကို တရုတ်စာသင်ပေးဖို့ စီစဉ်တော့ မောင်နှမဆွေမျိုးတွေက သဘောမတူကြဘူးလေ။

အဆင့်သိပ်မရှိတဲ့ ဘာသာစကား၊ သင်ယူဖို့ ခက်ခဲတဲ့ ဘာသာစကားအတွက် အချိန်ကုန်မခံသင့်ဘူးလို့ သူတို့ကမြင်ကြတယ်။

ပြီးတော့ တရုတ်ကလည်း လူမှုတော်လှန်ရေးဆိုပြီး ခပ်လှုပ်လှုပ်ဖြစ်နေတော့

ရုရှားလမ်းစဉ်နောက်လိုက်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်ဦးမှာပါ လို့ ပြောတဲ့လူကလည်း ရှိနေပြန်တယ်။

ဒီတော့ ကျမ ဇဝေဇဝါဖြစ်ရပြီပေါ့။
ဒုတိယတစ်ချက်က ကလေးကို ဘာသာစကားသင်တာ အသက်ငယ်လေ ကောင်းလေပဲလို့ ကျမယုံတယ်။

ကလေးရဲ့ သင်ကြားမှုစွမ်းရည် အမြင့်ဆုံးရှိနေတဲ့အချိန်၊ ဦးနှောက်တန်ကြေး ကြီးနေတဲ့အချိန်မှာ

မိဘက ရွေးချယ်မှုမှားသွားတဲ့အခါ နစ်နာတယ်လို့ ထင်ပါတယ်။

ငယ်စဉ်မှာ သင်ထားတဲ့ ပညာတစ်ခုက နောင်တစ်ချိန်မှာ အားသာချက်တစ်ခု ဖြစ်မလာဘူးဆိုရင် နစ်နာတာပေါ့နော်။

ဒါကြောင့် ကျမ ရွေးချယ်ချက် မမှားချင်လို့ ရွာထဲက နိုင်ငံတကာ ဗဟုသုတရှိသူတွေကို တိုင်ပင်ကြည့်တာပါ။

တရုတ်စာ သင်ထားတာဟာ တချိန်မှာ အားသာချက်တစ်ခု သေချာပေါက်ဖြစ်လာနိုင်ပါသလား။
တတိယအချက်ကတော့ ကလေးကို တရုတ်စာသင်ပေးရင် အင်္ဂလိပ်စာမှာ ညံ့သွားမလား။
စတုတ္ထအချက်ကတော့ သိတော်မူကြတဲ့အတိုင်း မြန်မာပြည်မှာ တိုင်းရင်းစာသင်ကြရတော့မယ်လေ။

ဧရာဝတီတိုင်းဒေသကြီးကတော့ လွတ်မယ်ထင်တယ်။

အဲဒါ လွတ်မလွတ် မသိဘူး။ သင်သာသင်ရမယ်ဆိုရင်တော့ ကလေးငယ်ငယ်လေးက

မြန်မာစာရယ်၊ အင်္ဂလိပ်စာရယ်၊ တရုတ်စာရယ်၊ တိုင်းရင်းစာရယ် ဆိုရင် ဘာတစ်ခုမှ ချွန်လာတော့မှာ မဟုတ်ဘူး။
ကျမသမီးရဲ့ အနေအထားကတော့ မှတ်ဉာဏ်ကောင်းပါတယ်။

တီထွင်ဉာဏ် သိပ်မရှိဘူး။ ဝေါဟာရ မှတ်မိနိုင်စွမ်းမြင့်ပြီး သချင်္ာ ညံ့ ပါတယ်။

အင်္ဂလိပ်စာ တော်တော်ကောင်းနေပါပြီ။

ဒါကြောင့် တရုတ်စာကို သဘောထားပျော့ပျော့ပျောင်းပျောင်းနဲ့ သင်ပေးမယ့် ဆရာမ နဲ့ သင်ဖို့ စဉ်းစားကြည့်တာပါ။

တရုတ်စာ သင်သင့်ပါသလား။

————

 

A – 1 . Kai

သင်သင့်ပါတယ်လို့အကြံပေးပါတယ်..။
ယူအက်စ်က.. ဗမာစစ်စစ်အမေရိကန်တွေလည်းသင်နေသလို..         အဖြူ-အမေရိကန်စစ်စစ်တွေလည်းသင်နေကြတာ.. တော်တော်များလာတယ်လေ..။
စိနပြည်ကအစိတ်စိတ်ကွဲသွားဦး.. တရုတ်စာကလိုကို..လိုဦးမယ်လို့ယူဆပါတယ်..။
ကျုပ်သမီးလည်း တရုတ်စာတွေ.. သင်ခိုင်းမယ်တွေးတယ်.။                                                                              ခုလောလောဆယ်တော့.. မြန်မာစာသင်နေတယ်..။ :mrgreen:

ကလေးကို ဘာသာစကားသင်တာ အသက်ငယ်လေ ကောင်းလေပဲလို့ သေချာပါတယ်..။                      အသက်ကြီးရင်.. နေးတစ်အသံလည်းမရတေ့ာပါဘူး..
အသိမမှားရင်.. အသက် ၉-၁ဝနှစ်အထက်မှ..ယူအက်စ်ရောက်လာတဲ့ကလေးတွေ..အမေရိကန်အသံထွက်မပီကြဘူး..။ အဲဒီအောက်ပိုင်းက.. နေးတစ်လိုပီကြတယ်..။   ကလေးကို တရုတ်စာသင်ပေးရင် အင်္ဂလိပ်စာမှာ ညံ့သွားမယ်လို့မထင်ပါ..။
ဒီလသတင်းစာရဲ့ ထူးချွန်ကလေးကဏ္ဍမှာ. ဗမာအမေရိကန်ကလေးတယောက်အကြောင်းပါတယ်..။ အဲဒီကလေးက.. ယူအက်စ်မှာမွေးတာ…။ တရုတ်..စပင်းန်စ် ကိုပါသင်နေပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ရေးတတ်တယ်..။  တိုင်းရင်းစာကိုတော့ထူးခြားမှတ်ချက်မပေးလိုပါ..။ လူသိပ်မသုံးတာမို့.. သင်ကိုသင်ရမယ်ဆိုရင်တောင်.. နောက်ဆုံးစာရင်းအဖြစ်.. တို့သင့်ကြောင်း..။ :mrgreen:

with an updated Top 20 list of the most widely spoken languages by “First language” speakers.

Mega languages around the World –List of Chinese, English, Spanish, Arabic, Portuguese, and French speaking countries.
Most spoken Languages of the World – Nations Online Project
http://www.nationsonline.org/oneworld/most_spoken_languages.htm
=
http://en.wikipedia.org/wiki/List_of_languages_by_total_number_of_speakers
=
Bilingual Babes: Teach Your Child A Second Language
http://www.parents.com › … › Development › Language Development‎
Parents
“Kids this age are developing language skills rapidly, and they quickly absorb …

“They can learn to understand new words in two different languages at an …
=
https://linguistlist.org/ask-ling/biling2.cfm
Question: Will my child be bilingual? Will bilingualism affect my child’s intelligence?
Bilingualism does not increase (or decrease) intelligence.

There are bilinguals of all degrees of intelligence, just as there are monolinguals of all degrees of intelligence.

——————————

A – 2 – Zaw Thant

.. ကျွန်တော်ကိုယ်တိုင်လည်း ဒီမေးခွန်းစဉ်စားရတော့မှာမို့လို့ ဝင်ပါလိုက်ဦးမယ် (ကလေးကတော့ ခုမှ မှောက်တုန်းရှိပါသေးတယ်).. .. နောက်တချိန်လို မလိုဆိုတာကတော့ မသေချာဘူး..

ကိုယ့်ကလေးကကြီးလာရင် ပြည်တွင်းမှာပဲ Profession/Own Business တစ်ခုပုံမှန်လုပ်သွားတာဖြစ်နိုင်သလို

စင်ကာပူသွားကျောင်းတက်မယ်၊ အလုပ်လုပ်မယ် နိုင်ငံတကာကလူတွေနဲ့ ဆက်ဆံမယ် ဆိုတာလည်း ဖြစ်လာနိုင်တယ်..

အဲ့တော့ ငယ်တုန်းသင်နိုင်မယ်ဆိုရင်တော့ အရှုံးမရှိပါဘူး..

ခက်တာက အပြိုင်အဆိုင်များလှတဲ့ အခုခတ်ပညာရေးထဲမှာ နောက်ထပ်ဝန်ပိမှာ ဆိုးရတာပဲဗျ..

.. ကျွန်တော့်ကလေးဆိုရင်တော့ သူ့ရဲ့ ကစားချိန်၊ နားချိန် မထိခိုက်ဘူးဆိုရင်တော့ သင်ဖြစ်ဖို့ကြိုးစားမယ်ဗျ..

——————————————–

A – 3 – ကထူးဆန်း

လုံးဝ လုံးဝ သင်ပေးသင့်ကြောင်း အဆိုပြုပါတယ် ။

ဘယ်လိုဘဲဖြစ်ဖြစ် ဘယ်လောက်ဘဲ အစိတ်စိတ်အမွှာအမွှာကွဲကွဲ

လူဦးရေ သန်းတစ်ထောင်ကျော်ဆိုတာက ဘယ်နားသွားသွား တွေ့ဦးမှာမို့ လုံဝ မမှားနိုင်ပါ ။

နောက်ပြီး ဘာသာစကားဆိုတာ တစ်ခုနှစ်ခုဘဲ သင်လု့ိရတာ မဟုတ်ပါ

ဆိုတော့ ငယ်ငယ်ထဲက သင်ပေးမဲ့သူရှိရင် အဆင်ပြေရင် ဘယ်ဘာသာမဆိုသင်သင့်ကြောင်းပါ ။
နောက် ကျွန်တော့်ကို သင်တန်းတက်အောင် လျှောက်ပြောခဲ့ရင်တော့မသိဘူး ။

နိုင်ငံခြားက ဘာသာစကားသင်တဲ့ သင်တန်း တစ်ခုက ပြောခဲ့ဘူးပါတယ် ။

ဘာသာစကား နှစ်ခု တတ်သူဟာ သုံးခု လေးခု တတ်ဖို့ ပိုလွယ်ပါတယ် ဆိုပြီးး။

 

တရုတ်ဘေးက နိုင်ငံဆိုတော့ တစ်ရုတ်လိုတတ်ထားတာ လုံးဝ လုံးဝ မှားမည်မဟုတ်ပါ ။

လုံးဝ သင်သင့်ကြောင်းပါ ။ ဥပမာ .. တိုင်းရင်းစကားတတ်တဲ့ ကလေးတွေမှာ တိုင်းရင်းသားစကား မြန်မာစကား အင်္ဂလိပ်စကား ထူးချွှန်စွာ ပြောနိုင်သူတွေ အများကြီးပါ ။

——————————————————————–

A . 4 – padonmar

ကလေးကို တရုတ်စာသင်တာ ထောက်ခံပါတယ်။
ငယ်တုံးကို ပြောတတ်အောင် သင်ရင် မမေ့ပါဘူး။
အန်တီတို့လို အသက်ကြီးမှ သင်ရင် အကုန်မေ့ပါတယ်။ ဝေါ်အိုက်နီလောက်ပဲ မှတ်မိပါတော့တယ်။
သိထားသလောက် အမေရိကားကို ဝင်ရင် ဖြည့်ရတဲ့ Immigration form မှာ တရုတ်လို ဖြည့်ချင်ဖြည့်လို့ရတယ်လို့ ထင်ပါတယ်။သူကြီးမှ သေချာသိပါမယ်။

———————————————————————

A.  5 – twitty

ကလေးအတွက် heavy မဖြစ်ဘူးဆိုရင်တော့ တရုတ်စာ ထပ်မံ သင်ကြားတာကောင်းပါတယ်။

ဘာသာစကားတွေ တတ်ကျွမ်းထားတာဟာ အားသာချက်တရပ်ဖြစ်လာနိုင်တယ် ဆိုပေမယ့် တကယ်တမ်း အဆင့်မြင့် နည်းပညာတွေ လေ့လာဖို့အတွက်က အင်္ဂလိပ်စာသည်သာ အရေးအပါဆုံးပါ။

—————————————————————————————————————————————–

 

ဖုန်းနဲ ့ပိုစ့်တင်တဲ ့ကိစ္စ

 

 

Q – ko six

ဖုန်​းနဲ့ ပို့စ်​တင်​​နေတာ ခု အဆင်​မ​ပြေ​တော့ဘူး
ဘယ်​လို့ တင်​ရတာလဲ
​ပြောပြကြပါဦး အဟီး

——————————–

 

A – alinsett(gazette)

https://myanmargazette.net/195830

 

အဲဒီ လင့်ခ်ထဲ တစ်ချက် သွားကြည့်ပေးပါ ကိုဆစ်ရေ

 

အဆင်ပြေမယ် ထင်ပါတယ် /

 

—————————————————————————————————————————————-

 

ဦးရေပြားနှင့် ကျန်းမာရေးကိစ္စ

 

Q – နန်းတော်ရာသူ

 

အတော်ပဲ မေးချင်နေတာတစ်ခုရှိတယ်
အခုခေတ်မှာ ရှန်ပူတွေရဲ့အပူကြောင့် ခေါင်းတွေမှာသန်းတွေမတွယ်နိုင်ကြတော့ဘူးထင်ထားတာ
အခုရောက်နေတဲ့အရပ်က မိန်းကလေးတော်တော်များများသန်းတွေရှိနေကြပါတယ်
တချို့ဆို ခေါင်းစည်းကြိုးပေါ်တောင်တက်သတဲ့
ကိုယ်ကလဲ ခေါင်းမှန်မှန်လျှော်ဆိုတာကလွဲပြီးအကြံမပေးတတ်ဘူး
အာ့လေးနဲ့ဖွင့်ပါတယ် မေးချင်တာတွေကတော့အများသားပါ

——————————————

A . 1 – တိမ်မည်း

 

ဒီက မိန်းမ မဟုတ်တော့…. ကြားဖူး သမျှလေးနဲ ့ ဖြေသွားမယ်နော်…. သန်းဆိုတာ လျှော်မှရယ်လို ့မဟုတ်ဖူး….
၁. ခေါင်းလျှော်ရည်တခုကို ပုံမှန်စွဲစွဲ မြဲမြဲသုံးသင့်ပါတယ်…..
၂. ခနခန ခေါင်းလျှော်ခြင်းကို လည်း ရှောင်ကျင်သင့်ပါတယ်….
၃. ခေါင်းလျှော်ပြီးရင်လည်း အသေအချာ ခြောက်အောင် လုပ်ပါ…. မဟုတ်ရင် မပူမအေး ဆံပင်သာ သန်းတွေကို ပိုမို ပွားစေတက်ပါတယ်……
၄. တချို ့သန်းတွေဟာ ခေါင်းလျှော်ရည် ခနခန ပြောင်းလျှော်လို ့ ခံနိုင်ရည် ရှိနေတက်ပါတယ်…. အကောင်းဆုံးကတော့ကတုံးတုံးလိုက်ပါ… ဒါဟာ မျိုးရိုး ဗီဇ ပြောင်းနေတဲ့ ကောင်တွေ ကို အလွယ်တကူ နှိမ်နင်းရာ ရောက်ပါတယ်…..

——————————–

A . 2 –zarzarhtwe

 

ဆေးတော့ရှိပါတယ် မနန်းတော်ရာသူ LiceMD တံဆိပ် Gel ပါ၊ (www.LiceMD.com) ကတုံးတုံးလို့ရတဲ့သူ ဆိုရင်တောင်မှ မွေ့ယာ၊ခေါင်းအုံးတွေ၊အခြားဦးထုပ်တွေ ကိုသေချာလျှော်ပြီး နေပူူပူူမှာကြာကြာလှမ်းဖို့လိုအပ်ပါတယ်။

——————————————

A .  3 –kai

ယူအက်စ်မတော့.. ဒီဆေးသုံးတာတော်တော်များတယ်..။
၁၁ဒေါ်လာပေးရပါတယ်..။
Licefreee! Spray Instant Head Lice Treatment
$11.99

 

00

——————————————-

A .  4 – padonmar

 

အဲ့ဒီမေးခွန်းကြီး တွေ့တော့ သန်းသတ်နည်းပြောပြရင်

ပါဏာတိပါတာ တွေ အမှုပတ်နေမစိုးလို့ ရှောင်နေတာ၊ဈေးကြီးပြီး

ဒီမှာမရတာကြီး သဂျီးက ညွှန်းနေတော့ တတ်သည့်ပညာ မနေသာတော့ဘူး။
ဒို့ ဗမာပီပီ ပေါချောင်ကောင်းလေး ညွှန်းပါမယ်။
ဝဲဖြစ်ရင် လိမ်းရတဲ့ Scabicide အဆီရှိပါတယ်။
Scabicide အဆီကို ရေ ကြည်ကြည်နဲ့ ၅ဆရောရင် ဝဲလိမ်းလို့ရပါတယ်။

၁ဝဆ ရောရင် ကြမ်းပိုး၊သန်း သတ်လို့ရပါတယ်။(အဆတွေတော့ မေ့တေ့တေ့ဖြစ်နေပြီ၊ခန့်မှန်းခြေပဲမှတ်ပါ။)
ဟိုးအရင် ဘီပီအိုင်က ဘာစကေဘီ ဆိုပြီး ထုတ်ဖူးပါတယ်။
ဘာစကေဘီက ရေရောပြီး သုံးဖို့ အသင့်ပါ။
အခုခေတ်မှာ Scabicide နာမည်နဲ့ပဲ ပလပ်စတစ်ပုလင်းလေးတွေနဲ့ အသင့်သုံးရောင်းတာရှိပါတယ်။
တပုလင်းမှ ၂၀ဝ လောက်ပဲ ပေးရပါတယ်။(ရေဘယ်လောက်ရောထားမှန်းမသိတော့ ထပ်ရောမနေပါနဲ့တော့)
အဲဒီဆေးကို နာနာလှုပ်ပြီး ဆံပင်တွေကို အုန်းဆီလူးသလို လူးပါ။
နောက် ၃ ရက် ဆက်ပြီး ခေါင်းမလျှော်ပါနဲ့။ ၃ရက်ပြည့်မှ ခေါင်း လျှော်ပါ။
ဝဲဆိုလည်း အဲဒီလိုပဲ ၃ရက်ဆက်လိမ်း၊ရေမထိရ။ပျောက်ကရော။
(ကျမကို ငရဲမင်းကြီးက သန်းသတ်မှုနဲ့ စစ်ရင် သော်သော်လေးက မေးလို့ ဆေးနည်းပေးတာပါ။အလက်ဆင်းခေါင်းပေါ်က သန်းနဲ့ ရန်ငြိုးမရှိရပါဘူးလို့ ဖြေရမယ်၊ရွာသူားတွေ သက်သေလိုက်ပေးကြပါနော်)

———————————————-

Q – 2  snow smile

 

ကို ရင် လေး တွေ ခေါင်း မှာ ပေါက် တဲ့ ဒက် ကို ရော
အဲ့ ဒီ ဆေး သုံး လို ့ ရ ပါ သ လား မ မာ ရေ
နောက် သူ တို ့ ဂုတ် ပ်ိုး မှာ
ပွေး လာ မ သိ အ နီ ဝိုင်း တွေ
အဲ့ ဒါ ရော သုံး လို ့ ရ ပါ သ လား

—————————-

A .  5  – padonmar

 

ခေါင်းမှာပေါက်တော့ ဒက်၊ကိုယ်ပေါ်ပေါက်တော့ ပွေး၊တင်ပါးမှာပေါက်တော့ ဂျွတ်လို့ ခေါ်တယ်။

အတူတူချည်းပါပဲ၊ ဘိုလိုတော့ Ring Worm ခေါ်ပြီး မှို ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါပါ။
Ketoconazole/Fluconazole/Clotrimazole /Griseofulvin စတဲ့ ဆေးတွေ လိမ်းရပါတယ်။

ဈေးကွက်ထဲတော့ Fungiderm/Koniderm/Gentalene-C/Gentrisone စတဲ့ နာမည်မျိုးစုံနဲ့ ရှိပါတယ်။
အရေးကြီးတာက ဆေးကို တနေ့ ၃ကြိမ်လောက်မှန်မှန်လိမ်းရမယ့်အပြင် ပျောက်ပြီး၂ပတ်လောက်ထိဆက်လိမ်းဖို့လိုပါတယ်။
ပျောက်ပြီထင်ပြီး မလိမ်းပဲ ရပ်လိုက်ရင် အရေပြားအောက်မှာ ကျန်တဲ့ မှိုတွေ ပြန်ထလာတတ်ပါတယ်။
ကာကွယ်ရေးက ခေါင်းရိတ်တဲ့ ဘလိတ်ဒါးကို ကိုယ်ပိုင်သီးသန့် သုံးခိုင်းပါ။မနှမျောကြပါနဲ့။
အိပ်ရာခေါင်းအုံး(လူများမှာတော့ ဘီး)သီးသန့်သုံးကြပါ။
လူအများသုံးတဲ့ ပစ္စည်းတွေ ကိုင်မိတိုင်း လက်ဆေးပြီးမှ ကိုယ့်အရေပြား၊ကိုယ့်ခေါင်းကို ထိကိုင်ရင် အကောင်းဆုံး။

———————————————

Q – 3 လုံမလေးမွန်မွန်

 

ဆံပင်အကြောင်း ဝင်မေးဦးမယ်.. အနော်က ခုမှ ဆံပင်ပေါက်ကာစဆိုတော့ တတ်နိုင်သလောက်လေး ထိန်းသိမ်းမယ် စိတ်ကူးပါတယ်..
Chemical ပါတဲ့ ခေါင်းလျှော်ရည်တွေအစား တရော်ကင်ပွန်းပဲ လျှော်မလားလို့…
သိချင်တာက တရော်ကင်ပွန်းက သန်းတွယ်တာတွေ ၊ ဗောက်ထတာတွေများ ဖြစ်လားဟင်င်..

cosmetics တွေထဲတော့ Boots ကို အရမ်းကြိုက်ပါကြောင်း..

——————————–

A – padonmar

 

တရော်ကင်ပွန်းက ဗောက်မတွယ်သန်းမထပါဘူး။

 

————————————————————————————————————————-

 

ကားကိစ္စ  

 

Q – nozomi

သိချင်တာလေး တစ်ခု လဲ မေးကြည့်ချင်ပါတယ်
မြန်မာပြည်မှာ ကားက ညာမောင်းများပါတယ်
ဘယ်မောင်းဆို KIA HYUNDAI တို့လို ကားသစ်တွေပဲ ရှိတာမို့ ဈေးကလဲ မြောက်ပါတယ်
အဲဒါ ဖစ် ဘယ်လ်တာ လို ၁၀ဝ ပတ်လည် ဘယ်မောင်းကားဈေးကွက် ရှိလား သိချင်ပါတယ်

————————–

A – ROssI

 

ဒီထဲ ရှာကြည့် ဦးနိုရေ
http://www.motors.com.mm/

 

————————————————————————————

 

 

 

 

မေးကြ ဖြေကြသူအားလုံးကို….

အထူး…အထူး..ကျေးဇူးတင်ပါတယ်…လို ့….

 

လေးစားစွာဖြင့်….

 

အလင်းဆက် ( Gazette )

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

173 comments

  • ဦးကြောင်ကြီး

    April 28, 2014 at 7:48 am

    ဒါဆို ဗွေဇော်ဦး ပါကင်ဖွင့် မွှားလို့… ဈေးဦးဖောက် ပါရစေ..
    ပါးစပ်ထဲက လျှာကို အရသာခံ စားသောက်ဖို့အပြင် အခြားဘယ်နေရာမှာ ထိထိရောက်ရောက် အာရုံခံ သုံးလို့ရဗာသလဲ ခင်ည….

    • alinsett (gazette)

      April 28, 2014 at 7:52 am

      အတွေ ့အကြုံ ရှိသူတွေထဲက တယောက်ယောက် ဖြေပါလိမ့်မယ်ခည

      :mrgreen:

      ကျနော်တော့ နောက်တစ်နေရာမှာ သုံးလို့ရတယ်လို့သိထားပါတယ်
      အဲ့ဒါကတော့
      လျှာထုတ် ပြောင်ပြတာပါ

      🙂

    • ကေဇီ

      April 28, 2014 at 8:03 am

      ကြောင်တွေ ဆိုရင်တော့ သူ့လျှာသူသုံးပြီး အင်အင်းကုန်းကြတာပဲ။

      😀

  • ကေဇီ

    April 28, 2014 at 8:04 am

    ငင့်။
    သများ ပေါက်ကရ ဖြေလို့ မရဘူးဆိုရင် သများမပါဘူးနော်။
    ဟိ။

    :mrgreenn:

  • ဦးကြောင်ကြီး

    April 28, 2014 at 8:10 am

    ဒါဆို အဝှာကို ဟိုဒင်းနဲ့ ဟိုဟာအတွက် မသုံးဘဲ အခြားဘယ်နေရာမှာ သုံးဂျသေးလဲ…

  • weiwei

    April 28, 2014 at 8:15 am

    အရင်တုန်းကတော့ ဖိုရမ်လုပ် ရွာပြင်ထုတ်တဲ့ ကဏ္ဍတစ်ခု လုပ်ခဲ့ဖူးသေးတယ် ..

  • ကျူပ်မသိလို့ တစ်ခုမေးပါရစေဦး
    အားနွဲ့သူများဆိုတဲ့ အားကြီးသူများသာ ဖြေစေလိုပါတယ်

    မရခင်ကတော့ မဝှေ့တတ်တဲ့ ကျွဲလိုလို
    ဘယ်လောက်သင်သင် စကားမပြောတတ်တဲ့ သာလိကာ၊ ကြက်တူရွေးလို့ဘဝကနေ
    (နောက်တစ်နည်း)
    ပုံတင်ရင်တောင် မလှမှာစိုးလို့ ငါးသလောက်ပြုံးလေးနဲ့
    စကားပြောရင်တောင် အသံထွက်မှာစိုးလို့ သွားခေါလေးကို လက်နဲ့ကာလို့
    လမ်းလျှောက်ရင်တောင် တင်ပါး ဘယ်တစ်ဖက်၊ ညာတစ်ဖက် မညီမှာစိုးလို့
    သေချာအောင် တစ်ချက်ချင်းစီတက်အောင် လမ်းလျှောက်နေရတဲ့
    အပျိုကြီးမမတို့
    ဘာရယ်ကြောင့်များ…

    ရပြီးသွားတော့ စပိန်က ကျွဲရိုင်းတွေလို မြင်မြင်ရာလိုက်ဝှေ့ချင်
    တော်ပါတော့ပြောတာတောင် စက်သေနတ်ကြီးနဲ့ သတ်ကွင်းထဲဝင်လာသမျှ မြင်မြင်ရာပြစ်ချနေသလို
    (နောက်တစ်နည်း)
    ပုံတင်ရင် ယောကျာ်းမပါမှာစိုးလို့ (ယောကျာ်းအကောင့် သီးသန့်သာပြောပါတယ်၊ သူတို့ကတော့ အပျိုလေးလိုပဲ တစ်ယောက်တည်း)
    မလှတဲ့ပုံတွေ တက်လုပ်မိတာများရှိရင်ပြောမဆုံးတော့တာ
    နောက်ဆုံး ဘာမှပြောစရာမရှိရင်တောင်
    ဘာလို့ ပုံတွေခဏခဏချိန်းနေရတာလဲ၊ ဘယ်ကောင်မကို မြှုဆွယ်နေတာလဲလို့
    ကြင်ကြင်နာနာပြောတတ်ကြတဲ့ အိမ်ထောင်ရှင်မိန်းမတွေ
    ဘာလို့ဖြစ်သွားတာလဲငင်??

    ဝါရင့်၊ သဘာရင့်များ ဆရာစားမချန် ( ကိုယ့်သေတွင်းကိုယ်တူးပြီး )
    ဝေမျှကြပါအုန်းလို့။

    ငိငိ

    • ဦးကြောင်ကြီး

      April 28, 2014 at 8:47 am

      ငါမေးဒဲ့လျှာမေးဂွန်းနဲ့ စပ်ဆက်နေသကွဲ့.. လင်နဲ့မယား လျှာနဲ့သွား နင်မသိလေသလား… ကောင်းကောင်း လျှာမကျွေးသရွေ့တော့ ဂျီတိုက်နေဦးမှာဗဲ.. မယုန်ဆမ်းကျိ ငမ်ကျိကျိ… မှတ်ပါလေ ငါးပိ…

    • ရွှေတိုက်စိုး

      April 29, 2014 at 3:49 pm

      အင်းအဲဒါ ငါ့လင်ငါ့လင်ဆိုတဲ့ မမြဲတဲ့ အတ္တဘောကြီးကို ဆွဲလမ်းသွားရှာလို.ပါကွယ်… ကဲ ဒကာလေး တရားမှတ်တရားမှတ်.. ကွဲ.

  • ဝင့်ပြုံးမြင့်

    April 28, 2014 at 8:41 am

    လူမှုကူညီရေးအတိုင်ပင်ခံကဏ္ဍ တဲ့လား။ သိပ်ကိုရှိသင့်တာပေါ့ အလက်ဇင်းရေ။ ဟိုအရင်က ရီးဒါးစ်ဒိုင်ဂျက်မှာလားမသိ ဒါမျိုးလုပ်ဖူးတယ်။ တဟုန်ထိုးကို နာမည်ကြီးခဲ့တာ။ စပါယ်ရှယ်မေးခွန်းတစ်ခုကြောင့်ပေါ့။ အဖေနဲ့သား ဘယ်သူ့ကို ယူရင်ကောင်းမလဲဆိုတဲ့ မေးခွန်းပါ။ မေးတဲ့လူကလည်း အတည်၊ ဖြေတဲ့လူကလည်း အတည်။ ကမ္ဘာကျော်ခဲ့တဲ့မေးခွန်းပါ။ ထားပါလေ။
    ဒီကဏ္ဍမျိုးက ဒီလိုဂဇက်မှာ တကယ်ကို ရှိသင့်ပြီ။ ဖိုရမ်လို ရွာပြင်ထုတ်ထားတာမျိုး မဟုတ်ဘူး။ အတိုင်ပင်ခံ ကဏ္ဍအဖြစ် ရှိနေသင့်တာပါ။ ပြီးတော့ တစ်ခုခုသိချင်လို့ မေးချင်ရင် အဲဒါကို ပို့စ်တစ်ပုဒ်အဖြစ် တင်ရဦးမယ်ဆိုရင် ဘယ်သူမှ မေးတော့မှာ မဟုတ်ဘူး။ အလက်ဇင်း ပြောသလို ကွန်မင့်ထဲမှာ ဝင်မေးလို့ရရင် မေးကြပါလိမ့်မယ်။ ဖြေတဲ့လူကလည်း ကွန်မင့်ထဲမှာ ဝင်ဖြေ၊ ပြီးတော့မှ အလက်ဇင်း ပြောသလို မော့မော့က မေးခွန်းတွေကို ပို့စ်ထဲ ပြန်ထည့်ပေးရင် ဖတ်ချင်တဲ့လူက လွယ်လင့်တကူ ရှာဖတ်နိုင်တယ်။ တန်ဖိုးရှိတဲ့မေးခွန်းတွေကို သေချာပြန်စဉ်ပြီးထည့်ပေးလိုက်၊ အရွှတ်အနောက်တွေကို ကြာရင် ဖျက်လိုက်၊ အဲဒါဆို ကျစ်ပြီး ဖတ်ရတာ လျင်မြန်သွက်လက်မှာ။
    ကိုယ်က ပစ္စည်းတစ်ခုခု ဝယ်ချင်လို့ အစစ်အမှန်သိချင်ရင်၊ ကိစ္စတစ်ခုခုအတွက် အဆက်အသွယ် သိချင်ရင် ဒီအတိုင်ပင်ခံထဲမှာ ဝင်မေးလိုက်၊ လက်မနှေး ဖြေပေးနိုင်တဲ့လူရှိနိုင်ပါတယ်။ မိသားစုကိစ္စ၊ လူမှုရေးကိစ္စ ဆုံးဖြတ်စရာရှိရင် ရွာထဲဝင်မေးလိုက်ရင် ဆုံးဖြတ်တာလည်း မှန်သွားနိုင်တယ်။ ရွာကလည်း ရွာပိုပီသသွားတာပေါ့။ အချင်းချင်း ရိုင်းပင်းကြပြီဆိုတော့လေ။
    အခု အလက်ဇင်း ပြောတဲ့ကဏ္ဍကတော့ စိတ်ကူးအရမ်းကောင်းနေပြီ။ သူကြီးက စတစ်ကီ ချိတ်မပေးရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ အမေး နွားကျောင်းသား အဖြေ ဘုရားလောင်း ဆိုတာရှိသေးတယ်။ မေးတဲ့လူက အရမ်းတော်နေတော့ ဖြေပေးနိုင်တဲ့လူ မရှိရင် ဘယ်လိုလုပ်မလဲ ဟီး

  • ဝင့်ပြုံးမြင့်

    April 28, 2014 at 8:50 am

    ပြီးတော့လေ ကဗျာပြခန်းက ဖျက်သိမ်းလိုက်တာ သေချာသွားပြီလား။ သေချာပြီဆိုရင် အန်တီပဒုမ္မာ ပြောသလို ဓာတ်ပုံပြိုင်ပွဲတွေ ဘာတွေ မလုပ်နိုင်သေးခင်မှာ ဒါမျိုးလေး တင်ပေးထားရင် သဂျီးကို ကျေးဇူးအကြီးကြီး တင်ပါမယ် ။

    • alinsett (gazette)

      April 28, 2014 at 9:25 am

      ကဗျာပြခန်းကတော့ နားထားတာ သေချာနေပါပြီ။
      ကဗျာချစ်သူအဖွဲ့ကတော့ အလုပ်လက်မဲ့ ရှိနေပါသေးတယ်

      :mrgreen:

  • ဦးဦးပါလေရာ

    April 28, 2014 at 9:54 am

    ပြောခဲ့ဖူးပါတယ်ကွယ်…
    အဲဒီတုန်းကတော့ ဘယ်သူမှ စိတ်မဝင်စားလို့ လေထဲပျောက်သွားသပေါ့…..

    အခု လူငယ်ခြေတက်ကလေးတွေ ကြိုးစားကြမယ်ဆိုရင် ကြိုဆိုပါတယ် ….
    မေးတာမှာရော ဖြေတာမှာပါ တတ်အားသရွေ့ ပူးပေါင်းပါဝင်ပါမယ် နော …

  • Mr. MarGa

    April 28, 2014 at 10:33 am

    ထိုင်ကြည့်လိုက်ဦးမယ် ဟီဟိ

    • alinsett (gazette)

      April 28, 2014 at 10:43 am

      နီလို လူတွေက ထိုင်ကြည့်နေမှတော့ဖြင့်
      ဘာဖြစ်လာတော့မှာဒုန်း

      🙁

      မရဘူး
      ပူးပေါင်းပါဝင်ပေးပါ

      :mrgreen:

  • Ma Ma

    April 28, 2014 at 10:34 am

    အစီအစဉ်လေးက ကောင်းပါတယ်။

    ကြုံတဲ့သူက ကြုံသလို၊ သိတဲ့သူက သိသလို အဖြေပေးကြမယ်ဆိုရင်လည်း ဘယ်သူမှအဖြေမပေးကြတာမျိုး ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။

    ဒါပေမယ့် ဖြေမယ့်အဖွဲ့သီးသန့်ဖွဲ့ထားရင်လည်း တာဝန်ရှိယူနိုင်ကြပါ့မလား။

    တစ်ခုရှိတာက ဒီရွာထဲကသူတွေကလည်း သိတဲ့အတိုင်း အရွှန်းဖောက်ကြတာက များလေတော့ တခါတလေမှာ တကယ်သိချင်လို့ မေးတဲ့သူကို လှောင်ပြောင်သလို ဖြစ်သွားမှာလည်း စိုးမိတယ်။

    ရွာသက်ရင့်နေကြတဲ့၊ ပျော်ပျော်ပါးပါးနေတတ်သူတွေက ကိစ္စမရှိပေမယ့် ….
    တချျို့တလေစိတ်နုတဲ့သူတွေ စိတ်ဆိုးစိတ်ကောက်စရာဖြစ်သွားမှာလည်း စိုးရသေးတယ်။

    ဒါ့ထက် ဒီရွာမှာ ဒီသူငယ် အလိမ္မာဆုံးပဲ။
    ချစ်သောသဂျီး ဆိုလို့ 😀

    • alinsett (gazette)

      April 28, 2014 at 10:51 am

      အန်တီမမ ဆွေးနွေးသွားတာ တွေ . . .
      ဟုတ်ပါတယ် ။ စဉ်းစားစရာပါ။

      တာဝန်ကြီးတစ်ခုလို ထမ်းထားရမယ့်အဖြစ်မျိုး မရှိစေချင်လို့
      ဖြေမယ့်အဖွဲ့ သီးသန့် မဖွဲ ့ထားဘူးဆိုတော့ဂါ. . .

      မေးခွန်းတွေကို ဆိုင်ရာကျွမ်းကျင်တတ်သိသူ/ဖြေနိုင်သူက
      တာဝန်သိ မေတ္တာထား စိတ်ကလေးနဲ့
      မျက်ကွယ်မပြု ဝင်ဖြေပေးဖို့တော့ လိုပါတယ်။
      မျက်ကွယ်တော့ ပြုမထားလောက်ပါဘူး။

      အရွှမ်းဖောက်သွားတဲ့ အဖြေစကားတွေကို comment ထဲမှာပဲ ထားခဲ့ပြီး အပျော်အနေနဲ့ ရှိနေစေပါမယ်။

      အမေးအတွက် တကယ် ထိရောက်တဲ့ အဖြေတစ်ခု နှစ်ခုကို ရွေးထုတ်ပြီး
      ပိုစ့်ထဲ ရွေးထည့်မယ် ဆိုရင်ကော. . . .

      🙂

  • kyeemite

    April 28, 2014 at 10:49 am

    စမ်းကျိပါလေ အိုမိတ်ဆွေ 🙂

    • alinsett (gazette)

      April 28, 2014 at 10:52 am

      အဟိ

      ဆန်းနေတုန်းတော့ စမ်းလို့ကောင်းမယ် ထင်ပါတယ် ဦးကြီး

      :mrgreen:

  • Wow

    April 28, 2014 at 11:17 am

    အစီအစင်ကတော့ကောင်းပါတယ် ဒါပေသိ နာက အတီပေါလို့ကို မရဝူးရယ် :mrgreen:

    • ကေဇီ

      April 28, 2014 at 11:28 am

      နိ ကို မေးရမဲ့ မေးခွန်း နာ တိဒယ်။
      တူညားကို ဘို ချောက်ချရမုန်းတို့
      တူညားကို ပြစ်ပြစ်နှစ်နှစ် ဘို ပြောရမုန်းတို့
      တူညားကို နစ်နစ်နာနာ ဘို လုပ်ရမုန်းတို့ သိပ်တော်တာ။

      :mrgreen:
      နာ့ အတိုင်းပဲ။

      • Wow

        April 28, 2014 at 11:37 am

        အိုက်လို နာမယ်ဆိုးအောင် ပြောပါနဲ့အေ… ပလန် ဘီ… စီ.. ဒီ ထားတတ်တာပါ ..
        ပလန်အေ နဲ့ လျောလျောရှုရှု ပါမလာသူဒွေ အတွက် စီဇင်ထားတာ :mrgreen:

        • alinsett (gazette)

          April 28, 2014 at 11:40 am

          ဒီဂျီးဒေါ်နှစ်ယောက် လည်း ဒီအင်္စီအစဉ်မှာ မပါမဖြစ်ပဲ

          သတင်းအချက်အလက် ရှာဖွေစုဆောင်းတာမှာ အားကိုးရမှာ

          🙂

  • TNA

    April 28, 2014 at 11:37 am

    ဒီအစီအစဉ်လေးကိုကြိုဆိုပါတယ်။ လူငယ်တွေဦးဆောင်ပေါ့။ ဗဟုသုတနဲ့ပြည့်စုံသူများဝင်ဖြေ။ ငါတို့ကတော့ မှတ်ဖွယ်မှတ်ရာများကို မှတ်သားရန်စောင့်ဆိုင်းနေပါမည့်အကြောင်း

    • alinsett (gazette)

      April 28, 2014 at 11:54 am

      တီသဲရဲ ့အတွေးအခေါ်နဲ့ အပြောအဆိုတွေကိုလည်း
      လိုအပ်ပါတယ်

      🙂

  • ROssI

    April 28, 2014 at 12:34 pm

    အဘ အောင်သိမ်းဠင်း တို့ကတော့ လုပ်ဗီ …
    ပီးမှ တခြမ်းနဲ့ မထားခဲ့နဲ့ နော…

    • ကေဇီ

      April 28, 2014 at 12:38 pm

      ဟုတ်တယ်။
      အဲလာပြော။
      သူ စ စပြီး တဂျားနဲ့ နာ ရန်ဖြစ်ရတာ အဖတ်တင်တာပဲ။

      😀

    • alinsett (gazette)

      April 28, 2014 at 12:51 pm

      အဟက်

      ဒါက ဝါသနာလိုဖြစ်နေပြီ။
      အစပျိုးရမယ့် တာဝန် ယူပါရစေ
      ကျန်တာတော့ ပို တာဝန်ယူနိုင်သူတွေလက်ထဲ အပ်ပါရစေ

      🙂

  • မဟာရာဇာ အံစာတုံး

    April 28, 2014 at 1:44 pm

    ရေကန်အသင့်၊ ကြာအသင့် ဆိုသလိုပါပဲ ….။ ခုလို ကျနော့်အတွက် ကသိကအောက်နိုင်လှတဲ့ အချိန်သမယမှာ မေးမြန်းနိုင်တဲ့ ကဏ္ဍလေးတစ်ခုက အဆင့်သင့် ဆီးကြိုလို့ နေပြန်တယ် ..။ ဝမ်းသာလိုက်တာ ဆရာရယ် …။ ကျနော် အခုတလော ပြဿသနာ ခပ်ကြီးကြီးတစ်ခု ဖြစ်နေတယ်ခင်ဗျ။ အဲ့ဒီပြသနာနဲ့ စားလို့မဝင် အိပ်လို့မပျော် ဖြစ်နေတယ် ဆရာ။ အဲ့ဒါလေး ဆရာ ကူညီနိုင်ရင် ကူညီဖြေရှင်းပေးပါဦးနော်။

    ကျနော့်ရဲ့ ပြသနာကတော့ အီးအီးပါတဲ့အခါ ဘာကြောင့် အသံတွေ ပါလာရတာလဲ ???

    အဲ့ဒါပါပဲ ဆရာ …။ ကျနော် ခေါင်းတွေလည်း ကိုက်နေပြီ …။ ကျေးဇူးတင်ပါတယ် ဆရာ …။

    • alinsett (gazette)

      April 28, 2014 at 2:13 pm

      ဟက်ကဲ့

      ကိုက်နေတဲ့ခေါင်း ငါးရံ့ခေါင်းတို့ဘာတို့ကို အသာချထားပြီး ကျနော် ပြန်ဖြေတာကို ဖတ်ပါဦး။
      ——

      မောင်ရင် ပြောတဲ့ အီးအီးပါရင် အသံတွေပါလာတာက
      ကျနော့်အထင်ပြောရရင်
      မောင်ရင် အစာစားတဲ့အခါ အသံတွေပါ ထည့်စားမိလို့ဖြစ်ပါလိမ့်မယ်။

      အသံတွေ ထည့်မစားပဲ ရှောင်လိုက်ပါ
      ပြီးတော့ အီအီးပါတဲ့အခါ နားထဲ ဂွမ်းဆို့ပြီး ပါ ပါ
      ဒါဆိုရင် ဒီပြဿနာ ရှင်းသွားပါလိမ့်မယ်။

      ကလောဘားလည်း ဆွဲဖို့ မမေ့နဲ့ဦး

      :mrgreen:

  • ခင် ခ

    April 28, 2014 at 2:06 pm

    “နောက်ပြောင်ကာမေး အပျော်အပျက်ရေး” အဲလို အဲလို တွေ ဖြစ်လာကြုံလာရင်ရော စိတ်ဆိုးတော်မူကြ မှာလား
    “အမေးတစ်ရာ အဖြေတစ်ခု” ဘဲဖြစ်ခဲ့ရင်ကော ရွာသူားတွေ ကူညီယိုင်းပင်စိတ်မရှိဘူးဆိုပြီး ဝါးလုံးရှည်နဲ့သိမ်းကာပြော မှာလား
    “အမေးပေါ် အမေးဆင့်လို့ အဖြမထွက်နိုင်” ရင်ကော စိတ်ပျက်သွားကြမှာလား
    “အမေးကို သေချာဖြေပေးလိုက်တဲ့အပေါ် ဟာသာနှောပြန်ရေး” ရင်ကော ဖြေသူစိတ်ပျက်ဖွယ်ဖြစ်မလား
    အဲဒီတော့ ကန့်သတ်ချက်နဲ့ မေးပါဆိုရင်လည်း မဖြစ်သင့်ဘူးဆိုနိုင်သလို စည်းလွတ်ဝါးလွတ် မေးချင် ရာမေး ဖြေချင်သလိုဖြေ ထားပြန်တော့ အဖိုးအခမသိဆိုသလိုဖြစ်ပေလိမ့်မည်။
    အင်း စဉ်းစားကြလော့ ကလေးတို့ရေ။

    • alinsett (gazette)

      April 28, 2014 at 3:53 pm

      နောက်ပြောင်ကာမေး အပျော်အပျက်ရေး

      ဒါက လွှတ်တော်အစည်းအဝေးမှ မဟုတ်တာ
      စိတ်ဆိုးတော်မူမယ့်သူ မရှိလောက်ပါဘူး။

      အမေးတစ်ရာ အဖြေတစ်ခု
      အမေးပေါ် အမေးဆင့်ပြီး အဖြေနည်းခဲ့ရင်တော့ ဒီကဏ္ဍ မအောင်မြင်ဘူး လို ့ သတ်မှတ်ပြီး ရှေ ့မဆက် ပဲ ရပ်တန့်ရုံပါပဲ။
      ဒီထက်ပိုပြီး စိတ်ပျက် စိတ်ဆိုးစရာမှ မရှိတာ. . .

      သေချာဖြေပေးသူရဲ့ အဖြေကို ကရော်ကမယ်တော့ ဘယ်သူမှ မလုပ်လောက်ပါဘူး ။

      စည်းလွတ်ဝါးလွတ် ဖြစ်ချင်တိုင်းဖြစ်ပြီး ဒီကဏ္ဍ ကြီး
      တန်ဖိုးမဲ့သွားလောက်အောင်တော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။

      ဘာလို့ဆိုတော့ ဒီလူတွေ ဒီအတွေးအခေါ်တွေက
      လျော့တိလျော့ရဲ တော်၏ရော်ရိ လူတွေ မှ မဟုတ်တာ
      ကစဥ့်ကလျား အတွေးအခေါ်နဲ့ လူတွေမှ မဟုတ်တာ နော်

      :kwi:

  • အတော်ပဲ မေးချင်နေတာတစ်ခုရှိတယ်
    အခုခေတ်မှာ ရှန်ပူတွေရဲ့အပူကြောင့် ခေါင်းတွေမှာသန်းတွေမတွယ်နိုင်ကြတော့ဘူးထင်ထားတာ
    အခုရောက်နေတဲ့အရပ်က မိန်းကလေးတော်တော်များများသန်းတွေရှိနေကြပါတယ်
    တချို့ဆို ခေါင်းစည်းကြိုးပေါ်တောင်တက်သတဲ့
    ကိုယ်ကလဲ ခေါင်းမှန်မှန်လျှော်ဆိုတာကလွဲပြီးအကြံမပေးတတ်ဘူး
    အာ့လေးနဲ့ဖွင့်ပါတယ် မေးချင်တာတွေကတော့အများသားပါ

    • တိမ်မည်း

      April 28, 2014 at 4:12 pm

      ဒီက မိန်းမ မဟုတ်တော့…. ကြားဖူး သမျှလေးနဲ ့ ဖြေသွားမယ်နော်….

      သန်းဆိုတာ လျှော်မှရယ်လို ့မဟုတ်ဖူး….
      ၁. ခေါင်းလျှော်ရည်တခုကို ပုံမှန်စွဲစွဲ မြဲမြဲသုံးသင့်ပါတယ်…..
      ၂. ခနခန ခေါင်းလျှော်ခြင်းကို လည်း ရှောင်ကျင်သင့်ပါတယ်….
      ၃. ခေါင်းလျှော်ပြီးရင်လည်း အသေအချာ ခြောက်အောင် လုပ်ပါ…. မဟုတ်ရင် မပူမအေး ဆံပင်သာ သန်းတွေကို ပိုမို ပွားစေတက်ပါတယ်……
      ၄. တချို ့သန်းတွေဟာ ခေါင်းလျှော်ရည် ခနခန ပြောင်းလျှော်လို ့ ခံနိုင်ရည် ရှိနေတက်ပါတယ်…. အကောင်းဆုံးကတော့ကတုံးတုံးလိုက်ပါ… ဒါဟာ မျိုးရိုး ဗီဇ ပြောင်းနေတဲ့ ကောင်တွေ ကို အလွယ်တကူ နှိမ်နင်းရာ ရောက်ပါတယ်…..

  • alinsett (gazette)

    April 28, 2014 at 4:22 pm

    မမနန်းတော်ရာသူတော့ စမေးပါပြီ။
    ဖြေနိုင်သူတစ်ယောက်ယောက် ဖြေပေးပါဦး။
    တခြားသူတွေအတွက်လည်း အကျိုးရှိတာပေါ့။

    တကယ်လို့ ဒီကဏ္ဍ ဖွင့်ဖြစ်ခဲ့ရင်
    ဒီ မမနန်တော်ရာသူရဲ့ အမေးနဲ့ အဖြေကို ထည့်သွင်းဖော်ပြပေးထားဖို့ပါ. . . .

    အကြောင်း ညီညွတ်လို ့
    ဖွင့်ဖြစ်ခဲ့ရင်. . .

  • Ko chogyi

    April 28, 2014 at 4:43 pm

    နီ့ဟာက ရွာစီ၊ မစီတော့ မသိဘူး
    ရွာဆူမှာအသေအချာပဲ

    • alinsett (gazette)

      April 28, 2014 at 6:01 pm

      အယ်

      ဆူမှာလားးး
      လက်ဖက်ခြောက်တွေ အဆင်သင့်ဆောင်ထားမှ

      အဟိ

      🙂

      နောက်တာ
      တကယ် ဆူမယ်ဆိုရင်တော့ တကယ် မလုပ်ပါဘူး

  • lu lu

    April 28, 2014 at 4:47 pm

    သိပ်ကောင်းတဲ့ အစီအစဉ်ပါ
    လု မှတော့ မေးချင် တာ တပုံကြီးရှိနေတယ်
    အဟဲ ကွက်တိ ပဲပေါ့

  • အီးးးးကတုံးတုံးခိုင်းဖို့မပြောနဲ့ဒူးခေါက်ကွေးလောက်ဆံပင်တွေကိုတလက်မတောင်မညှပ်တာခက်တယ်
    မှတ်သားစရာတွေတော့မှတ်သွားပါသည်
    တခြားနည်းတွေရှိသေးလားဟင်
    😀

    • zarzarhtwe

      April 28, 2014 at 9:06 pm

      ဆေးတော့ရှိပါတယ် မနန်းတော်ရာသူ LiceMD တံဆိပ် Gel ပါ၊ (www.LiceMD.com) ကတုံးတုံးလို့ရတဲ့သူ ဆိုရင်တောင်မှ မွေ့ယာ၊ခေါင်းအုံးတွေ၊အခြားဦးထုပ်တွေ ကိုသေချာလျှော်ပြီး နေပူူပူူမှာကြာကြာလှမ်းဖို့လိုအပ်ပါတယ်။

      • မှတ်သားစရာပါပဲညီမရေ…၀.ယ်ဖြစ်သည်ဖြစ်စေ မဝယ်ဖြစ်သည်ဖြစ်စေ ဒီလောက်ပြောပြနိုင်ရင်ပဲမဆိုးလှပါဘူး။

  • myat pearl phyu

    April 29, 2014 at 11:15 am

    နာ သိချင်တာရှာလိုက်တိုင်း ဂဇက်က ပိုစ့်တွေ တက်တက်လာတာများပါတယ်..
    အဲ့ အရင်ကဆို ဒိအတိုင်းပဲ ဖတ် ၊ မှတ် ၊ သူများပြောတာတွေကြည့်သွားရုံ လေ့လာသွားရုံပေါ့နော်..
    ကဏ္ဍသပ်သပ်လေး ခွဲထားတော့လည်း မသိတာရှိ မေးရတာလွယ်တာပေါ့နော်…
    ကောင်းပါ၏…

  • ဝင့်ပြုံးမြင့်

    April 29, 2014 at 2:58 pm

    သန်းကိစ္စကတော့ အလွယ်ကလေးပါ။ ခြတို့ ပိုးဟပ်တို့သတ်တဲ့ စပရေးဘူးလေ၊ အိမ်တိုင်းလိုလိုမှာရှိတယ်။ တစ်ဘူးကို ၂၀၀ဝ လောက်ပဲပေးရတယ်။ ယိုးဒယားလို ရေးထားတာဆိုတော့ နာမည်မပြောတတ်ဘူး။ ခြသတ်တဲ့ စပရေးဘူးလို့ပဲ ပြောကြတယ်။ အဲဒီစပရေးဘူးနဲ့ ဦးခေါင်းကို ၄-၅ချက်လောက် တရှူ းရှူ း ဖြန်းပြီး မျက်နှာသုတ်ပုဝါဖြစ်ဖြစ်၊ အဝတ်စဖြစ်ဖြစ် ခေါင်းကို ၅မိနစ်လောက်ပတ်ထားလိုက်ရင် တစ်ခါတည်းနဲ့ ပြီးပါပြီ။ သန်းဥတွေပါ သေတယ်။ စပရေးဘူးနဲ့ဖျန်းချိန်မှာ မျက်လုံးမှိတ်၊ အသက်အောင့်ထားနိုင်ရင်တော့ ကောင်းတယ်နော်။ ဒါပေမယ့်လည်း အန္တရာယ်ကင်းပါတယ်။ ပြီးရင် ခေါင်းလျှော်ချလိုက်ရင် သန်းသေတွေ ပါသွားလိမ့်မယ်။ သန်း လုံးဝပြောင်သွားစေတဲ့နည်းပါ။

    • kai

      April 29, 2014 at 3:58 pm

      အရေပြားကင်ဆာဖြစ်ကုန်ပါဦးမယ်..ဆရာမမျစ်ရယ်..။
      ဆံပင်တွေလည်းပျက်နိုင်ပါတယ်..။
      ယူအက်စ်မတော့.. ဒီဆေးသုံးတာတော်တော်များတယ်..။
      ၁၁ဒေါ်လာပေးရပါတယ်..။
      Licefreee! Spray Instant Head Lice Treatment
      $11.99

      =
      http://www.walgreens.com/search/results.jsp?Ntt=lice

    • အဲ့နည်:ကိုခွေးလေးတွေကိုတော့ကူညီဖူးတယ်မမပြုံးရေ လူကိုတော့အကြံပေးရဲဘူး
      😀
      ပုရုပ်လုံးကိုကြိတ်ပြီးအုန်းဆီနဲ့လိမ်း ခနနေလျှော်ချကြည့်ခိုင်းတာတော့ တော်တော်ကျတယ်ပြောတယ်။နောက်ကျထပ်ရောက်လာဆိုပဲ။
      ထူးဆန်းတာတစ်ခုက အရင်ကသူတို့ဆီမှာသန်းတွေရှိဘူးတဲ့။နာဂစ်ပြီးမှရောက်လာတာဆိုပဲ။အံ့ဘ

  • Zaw Thant

    April 29, 2014 at 3:59 pm

    .. ထောက်ခံပါတယ်.. မေးစရာရှိတိုင်း ဂူးဂဲ သွားမေးတာ international ကိစ္စတွေအတွက် အဆင်ပြေပေမယ့် local ကိစ္စတွေကျတော့ အချင်းချင်းမေးရတာအဆင်ပြေတာပေါ့.. connection နှေးလို့ ဂေဇက်ကြီးတက်မလာတာပဲ ခက်တာ..

    • alinsett (gazette)

      April 29, 2014 at 5:01 pm

      ထောက်ခံသူတွေ ရှိတော့
      အစီအစဉ်အတွက် အားတက်မိပါတယ်ခင်ဗျ

  • သများ စောင့်ဖတ်နေပါတယ်…
    ဒီအစီအစဉ်ကို ထောက်ခံပါတယ်..
    အဲ့ဒါလေး လာပြောတာ..
    ပြန်ပြေးရဦးမယ်… ဝှစ်…

  • MAUNG

    April 29, 2014 at 7:30 pm

    ရဲဘော် ဆက်လုပ် 😉

  • padonmar

    April 29, 2014 at 10:06 pm

    အဲ့ဒီမေးခွန်းကြီး တွေ့တော့ သန်းသတ်နည်းပြောပြရင် ပါဏာတိပါတာ တွေ အမှုပတ်နေမစိုးလို့ ရှောင်နေတာ၊ဈေးကြီးပြီး ဒီမှာမရတာကြီး သဂျီးက ညွှန်းနေတော့ တတ်သည့်ပညာ မနေသာတော့ဘူး။
    ဒို့ ဗမာပီပီ ပေါချောင်ကောင်းလေး ညွှန်းပါမယ်။
    ဝဲဖြစ်ရင် လိမ်းရတဲ့ Scabicide အဆီရှိပါတယ်။
    Scabicide အဆီကို ရေ ကြည်ကြည်နဲ့ ၅ဆရောရင် ဝဲလိမ်းလို့ရပါတယ်။၁ဝဆ ရောရင် ကြမ်းပိုး၊သန်း သတ်လို့ရပါတယ်။(အဆတွေတော့ မေ့တေ့တေ့ဖြစ်နေပြီ၊ခန့်မှန်းခြေပဲမှတ်ပါ။)
    ဟိုးအရင် ဘီပီအိုင်က ဘာစကေဘီ ဆိုပြီး ထုတ်ဖူးပါတယ်။
    ဘာစကေဘီက ရေရောပြီး သုံးဖို့ အသင့်ပါ။
    အခုခေတ်မှာ Scabicide နာမည်နဲ့ပဲ ပလပ်စတစ်ပုလင်းလေးတွေနဲ့ အသင့်သုံးရောင်းတာရှိပါတယ်။
    တပုလင်းမှ ၂၀ဝ လောက်ပဲ ပေးရပါတယ်။(ရေဘယ်လောက်ရောထားမှန်းမသိတော့ ထပ်ရောမနေပါနဲ့တော့)
    အဲဒီဆေးကို နာနာလှုပ်ပြီး ဆံပင်တွေကို အုန်းဆီလူးသလို လူးပါ။
    နောက် ၃ ရက် ဆက်ပြီး ခေါင်းမလျှော်ပါနဲ့။ ၃ရက်ပြည့်မှ ခေါင်း လျှော်ပါ။
    ဝဲဆိုလည်း အဲဒီလိုပဲ ၃ရက်ဆက်လိမ်း၊ရေမထိရ။ပျောက်ကရော။
    (ကျမကို ငရဲမင်းကြီးက သန်းသတ်မှုနဲ့ စစ်ရင် သော်သော်လေးက မေးလို့ ဆေးနည်းပေးတာပါ။အလက်ဆင်းခေါင်းပေါ်က သန်းနဲ့ ရန်ငြိုးမရှိရပါဘူးလို့ ဖြေရမယ်၊ရွာသူားတွေ သက်သေလိုက်ပေးကြပါနော်)

    • snow smile

      April 30, 2014 at 8:24 am

      ကို ရင် လေး တွေ ခေါင်း မှာ ပေါက် တဲ့ ဒက် ကို ရော
      အဲ့ ဒီ ဆေး သုံး လို ့ ရ ပါ သ လား မ မာ ရေ
      နောက် သူ တို ့ ဂုတ် ပ်ိုး မှာ
      ပွေး လာ မ သိ အ နီ ဝိုင်း တွေ
      အဲ့ ဒါ ရော သုံး လို ့ ရ ပါ သ လား

    • အာတီဒုံပြောတဲ့နည်းက ပိုလွယ်ကူအဆင်ပြေလောက်မယ်
      သာမီးလည်းပါဏာတိပါတာသိပ်ကြောက်တာပါ ဘယ်လောက်တောင်ကြောက်လဲဆို ပိုးဟပ်တွေရှိတာတောင် အင်းဆက်ကေလာမဖြန်းဝံ့ဘူး
      😀

      • ဝင့်ပြုံးမြင့်

        April 30, 2014 at 10:30 pm

        သန်းသတ်လို့ ပါဏာတိပါတာကံဖြစ်မယ်၊ ပိုးဟပ်သတ်လို့ ပါဏာတိပါတာကံဖြစ်မယ် ဆိုရင် အဲဒီ ငရဲပြည် အထင်ကြီးစရာကို မရှိတော့ပါဘူးကွယ်၊ စောစောကသွားမလို့ဟာ ခုတော့ အထင်မကြီးလို့ မသွားတော့ဘူး 🙂

  • padonmar

    April 29, 2014 at 10:11 pm

    အဲဒီ အလက်ဆင်း အကြားအမြင်ရနေပြီ၊
    အပေါ်က ပို့စ်ထဲ သေချာပြန်ဖတ်တော့ ဒီဆေးပဲ ညွှန်းပေးထားမိတယ်။

    • alinsett (gazette)

      April 30, 2014 at 6:16 am

      အဟိ
      🙂

      ———

      အန်တီပဒုမ္မာ ညွှန်းတဲ့ဆေး (အဖြေစကား) ကိုလည်း
      ပိုစ့်ရဲ့ အဖြေစာရင်းထဲ ထည့်ပေးပါဦးမယ်။

  • snow smile

    April 30, 2014 at 8:27 am

    ကို ရင် လေး တွေ ခေါင်း မှာ ပေါက် တဲ့ ဒက် ကို ရော
    အဲ့ ဒီ ဆေး သုံး လို ့ ရ ပါ သ လား မ မာ ရေ
    နောက် သူ တို ့ ဂုတ် ပ်ိုး မှာ
    ပွေး လာ မ သိ အ နီ ဝိုင်း တွေ
    အဲ့ ဒါ ရော သုံး လို ့ ရ ပါ သ လား

    • padonmar

      May 2, 2014 at 12:33 am

      ခေါင်းမှာပေါက်တော့ ဒက်၊ကိုယ်ပေါ်ပေါက်တော့ ပွေး၊တင်ပါးမှာပေါက်တော့ ဂျွတ်လို့ ခေါ်တယ်။အတူတူချည်းပါပဲ၊ ဘိုလိုတော့ Ring Worm ခေါ်ပြီး မှို ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါပါ။
      Ketoconazole/Fluconazole/Clotrimazole /Griseofulvin စတဲ့ ဆေးတွေ လိမ်းရပါတယ်။ဈေးကွက်ထဲတော့ Fungiderm/Koniderm/Gentalene-C/Gentrisone စတဲ့ နာမည်မျိုးစုံနဲ့ ရှိပါတယ်။
      အရေးကြီးတာက ဆေးကို တနေ့ ၃ကြိမ်လောက်မှန်မှန်လိမ်းရမယ့်အပြင် ပျောက်ပြီး၂ပတ်လောက်ထိဆက်လိမ်းဖို့လိုပါတယ်။
      ပျောက်ပြီထင်ပြီး မလိမ်းပဲ ရပ်လိုက်ရင် အရေပြားအောက်မှာ ကျန်တဲ့ မှိုတွေ ပြန်ထလာတတ်ပါတယ်။
      ကာကွယ်ရေးက ခေါင်းရိတ်တဲ့ ဘလိတ်ဒါးကို ကိုယ်ပိုင်သီးသန့် သုံးခိုင်းပါ။မနှမျောကြပါနဲ့။
      အိပ်ရာခေါင်းအုံး(လူများမှာတော့ ဘီး)သီးသန့်သုံးကြပါ။
      လူအများသုံးတဲ့ ပစ္စည်းတွေ ကိုင်မိတိုင်း လက်ဆေးပြီးမှ ကိုယ့်အရေပြား၊ကိုယ့်ခေါင်းကို ထိကိုင်ရင် အကောင်းဆုံး။

  • ကေဇီ

    April 30, 2014 at 9:20 am

    သများကတော့ အချစ်ရေးကိုပဲ တာဝန်ယူ ဖြေရှင်းပေးပါရစေ။
    :s:

    ပေါင်းစည်းရေးတော့ ဟုတ်ဘူးးး
    ကွဲကွာရေးးး
    :mrgreenn:

    ရန်ဖြစ်ပြီး ကွဲချင်သလားးး
    သဘောထားမတိုက်ဆိုင်အောင်လုပ်ပြီး ကွဲချင်သလားး
    ရန်သူတွေလို မုန်းတီးပြီး ကွဲချင်သလားးး
    တမြေ့မြေ့ချင်းကွဲချင်သလားးး
    တဖြေးဖြေးချင်း ကွဲချင်သလားးး
    ရုတ်တရက်ကြီး ပြတ်ဆဲသွားချင်သလားးး
    စကားနိုင်လုပြီးမှ ပြတ်ဆဲချင်သလားးး

    သများ ပြောသလို လိုက်လုပ်ပြီး ရင် ပြီးပြတ်သွားစေမယ်လို့ အာမခံပါတယ်။
    သများကတော့ အဲဒါပဲ တာဝန်ယူနိုင်တယ် ဆက်ဆက်။
    :s:

    • alinsett (gazette)

      April 30, 2014 at 11:40 am

      ဒေါ်ဖွားမေကို စိတ်ကုန်တဲ့အခါ
      ဘိုလုပ်ရမဲဆိုတာ အကျန် တောင်းပါ့မယ်ခည

      :mrgreen:

  • moonpoem

    April 30, 2014 at 11:59 am

    ဘာအလုပ်မှ မလုပ်ဘဲ ပိုက်ဆံအများကြီးရတဲ့နည်းကို သိချင်ပါတယ် 🙂

    • alinsett (gazette)

      April 30, 2014 at 12:01 pm

      တိန်

      :mrgreen:

      အဲဒါ . . .
      ကျနော်လည်း သိချင်နေတယ်. .

      :kwi:

  • nozomi

    April 30, 2014 at 2:27 pm

    အားပေးပါတယ်
    သိချင်တာ မေးမယ် သိရင် ဖြေပေးမယ် သူများ အမေးအဖြေတွေ ဝင်ဖတ်နေပါ့မယ်

    သိချင်တာလေး တစ်ခု လဲ မေးကြည့်ချင်ပါတယ်
    မြန်မာပြည်မှာ ကားက ညာမောင်းများပါတယ်
    ဘယ်မောင်းဆို KIA HYUNDAI တို့လို ကားသစ်တွေပဲ ရှိတာမို့ ဈေးကလဲ မြောက်ပါတယ်
    အဲဒါ ဖစ် ဘယ်လ်တာ လို ၁၀ဝ ပတ်လည် ဘယ်မောင်းကားဈေးကွက် ရှိလား သိချင်ပါတယ်

  • ဆံပင်အကြောင်း ဝင်မေးဦးမယ်..

    အနော်က ခုမှ ဆံပင်ပေါက်ကာစဆိုတော့ တတ်နိုင်သလောက်လေး ထိန်းသိမ်းမယ် စိတ်ကူးပါတယ်..
    Chemical ပါတဲ့ ခေါင်းလျှော်ရည်တွေအစား တရော်ကင်ပွန်းပဲ လျှော်မလားလို့…
    သိချင်တာက တရော်ကင်ပွန်းက သန်းတွယ်တာတွေ ၊ ဗောက်ထတာတွေများ ဖြစ်လားဟင်င်..

    cosmetics တွေထဲတော့ Boots ကို အရမ်းကြိုက်ပါကြောင်း.. 🙂

    • padonmar

      May 2, 2014 at 12:35 am

      တရော်ကင်ပွန်းက ဗောက်မတွယ်သန်းမထပါဘူး။အံစရာလိုပဲ ချွဲတတ်ပါတယ်။

  • ဝင့်ပြုံးမြင့်

    April 30, 2014 at 10:54 pm

    ကျမမှာလည်း သားသမီးပညာရေး မေးစရာရှိတယ်။ ရ နှစ်အရွယ် ကျမသမီးကို တရုတ်စာသင်ပေးသင့်ပါသလား။ ရွာထဲက နိုင်ငံတကာ ဗဟုသုတရှိသူများကို အားကိုးပါတယ်နော်။ ဘာဖြစ်လို့ ကျမ မေးသလဲဆိုတော့ – ဒီခေတ်ကလေးတွေ ၁ဝတန်းအောင်ပြီးရင် တခြားဘာသာစကားသင်တယ်။ ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျာမန် စတာတွေ သင်ကြတယ်။ တရုတ်စာကိုကျတော့ သိပ်မသင်ကြဘူး။ တရုတ်သွေးပါတဲ့သူတွေသာ သင်ကြတယ်။ ကျမစိတ်ထဲမှာ တရုတ်က သိပ်အင်အားကြီးတယ်လို့ ထင်နေတယ်။ ကမာ္ဘ့ နေရာအနှံ့အပြားမှာ သူတို့ ခြေကုပ်ယူထားပြီးပြီလို့ ကျမ ထင်နေတယ်။ ကျမသမီးကို တရုတ်စာသင်ပေးဖို့ စီစဉ်တော့ မောင်နှမဆွေမျိုးတွေက သဘောမတူကြဘူးလေ။ အဆင့်သိပ်မရှိတဲ့ ဘာသာစကား၊ သင်ယူဖို့ ခက်ခဲတဲ့ ဘာသာစကားအတွက် အချိန်ကုန်မခံသင့်ဘူးလို့ သူတို့ကမြင်ကြတယ်။ ပြီးတော့ တရုတ်ကလည်း လူမှုတော်လှန်ရေးဆိုပြီး ခပ်လှုပ်လှုပ်ဖြစ်နေတော့ ရုရှားလမ်းစဉ်နောက်လိုက်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်ဦးမှာပါ လို့ ပြောတဲ့လူကလည်း ရှိနေပြန်တယ်။ ဒီတော့ ကျမ ဇဝေဇဝါဖြစ်ရပြီပေါ့။
    ဒုတိယတစ်ချက်က ကလေးကို ဘာသာစကားသင်တာ အသက်ငယ်လေ ကောင်းလေပဲလို့ ကျမယုံတယ်။ ကလေးရဲ့ သင်ကြားမှုစွမ်းရည် အမြင့်ဆုံးရှိနေတဲ့အချိန်၊ ဦးနှောက်တန်ကြေး ကြီးနေတဲ့အချိန်မှာ မိဘက ရွေးချယ်မှုမှားသွားတဲ့အခါ နစ်နာတယ်လို့ ထင်ပါတယ်။ ငယ်စဉ်မှာ သင်ထားတဲ့ ပညာတစ်ခုက နောင်တစ်ချိန်မှာ အားသာချက်တစ်ခု ဖြစ်မလာဘူးဆိုရင် နစ်နာတာပေါ့နော်။ ဒါကြောင့် ကျမ ရွေးချယ်ချက် မမှားချင်လို့ ရွာထဲက နိုင်ငံတကာ ဗဟုသုတရှိသူတွေကို တိုင်ပင်ကြည့်တာပါ။ တရုတ်စာ သင်ထားတာဟာ တချိန်မှာ အားသာချက်တစ်ခု သေချာပေါက်ဖြစ်လာနိုင်ပါသလား။
    တတိယအချက်ကတော့ ကလေးကို တရုတ်စာသင်ပေးရင် အင်္ဂလိပ်စာမှာ ညံ့သွားမလား။
    စတုတ္ထအချက်ကတော့ သိတော်မူကြတဲ့အတိုင်း မြန်မာပြည်မှာ တိုင်းရင်းစာသင်ကြရတော့မယ်လေ။ ဧရာဝတီတိုင်းဒေသကြီးကတော့ လွတ်မယ်ထင်တယ်။ အဲဒါ လွတ်မလွတ် မသိဘူး။ သင်သာသင်ရမယ်ဆိုရင်တော့ ကလေးငယ်ငယ်လေးက မြန်မာစာရယ်၊ အင်္ဂလိပ်စာရယ်၊ တရုတ်စာရယ်၊ တိုင်းရင်းစာရယ် ဆိုရင် ဘာတစ်ခုမှ ချွန်လာတော့မှာ မဟုတ်ဘူး။
    ကျမသမီးရဲ့ အနေအထားကတော့ မှတ်ဉာဏ်ကောင်းပါတယ်။ တီထွင်ဉာဏ် သိပ်မရှိဘူး။ ဝေါဟာရ မှတ်မိနိုင်စွမ်းမြင့်ပြီး သချင်္ာ ညံ့ ပါတယ်။ အင်္ဂလိပ်စာ တော်တော်ကောင်းနေပါပြီ။ ဒါကြောင့် တရုတ်စာကို သဘောထားပျော့ပျော့ပျောင်းပျောင်းနဲ့ သင်ပေးမယ့် ဆရာမ နဲ့ သင်ဖို့ စဉ်းစားကြည့်တာပါ။ တရုတ်စာ သင်သင့်ပါသလား။

    • kai

      April 30, 2014 at 11:32 pm

      သင်သင့်ပါတယ်လို့အကြံပေးပါတယ်..။
      ယူအက်စ်က.. ဗမာစစ်စစ်အမေရိကန်တွေလည်းသင်နေသလို.. အဖြူ-အမေရိကန်စစ်စစ်တွေလည်းသင်နေကြတာ.. တော်တော်များလာတယ်လေ..။
      စိနပြည်ကအစိတ်စိတ်ကွဲသွားဦး.. တရုတ်စာကလိုကို..လိုဦးမယ်လို့ယူဆပါတယ်..။
      ကျုပ်သမီးလည်း တရုတ်စာတွေ.. သင်ခိုင်းမယ်တွေးတယ်.။
      ခုလောလောဆယ်တော့.. မြန်မာစာသင်နေတယ်..။ :mrgreen:

      ကလေးကို ဘာသာစကားသင်တာ အသက်ငယ်လေ ကောင်းလေပဲလို့ သေချာပါတယ်..။
      အသက်ကြီးရင်.. နေးတစ်အသံလည်းမရတေ့ာပါဘူး..
      အသိမမှားရင်.. အသက် ၉-၁ဝနှစ်အထက်မှ..ယူအက်စ်ရောက်လာတဲ့ကလေးတွေ.. အမေရိကန်အသံထွက်မပီကြဘူး..။ အဲဒီအောက်ပိုင်းက.. နေးတစ်လိုပီကြတယ်..။

      ကလေးကို တရုတ်စာသင်ပေးရင် အင်္ဂလိပ်စာမှာ ညံ့သွားမယ်လို့မထင်ပါ..။
      ဒီလသတင်းစာရဲ့ ထူးချွန်ကလေးကဏ္ဍမှာ. ဗမာအမေရိကန်ကလေးတယောက်အကြောင်းပါတယ်..။ အဲဒီကလေးက.. ယူအက်စ်မှာမွေးတာ…။ တရုတ်..စပင်းန်စ် ကိုပါသင်နေပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ရေးတတ်တယ်..။

      တိုင်းရင်းစာကိုတော့ထူးခြားမှတ်ချက်မပေးလိုပါ..။
      လူသိပ်မသုံးတာမို့.. သင်ကိုသင်ရမယ်ဆိုရင်တောင်.. နောက်ဆုံးစာရင်းအဖြစ်.. တို့သင့်ကြောင်း..။ :mrgreen:
      =
      with an updated Top 20 list of the most widely spoken languages by “First language” speakers. Mega languages around the World – List of Chinese, English, Spanish, Arabic, Portuguese, and French speaking countries.
      Most spoken Languages of the World – Nations Online Project
      http://www.nationsonline.org/oneworld/most_spoken_languages.htm
      =
      http://en.wikipedia.org/wiki/List_of_languages_by_total_number_of_speakers
      =
      Bilingual Babes: Teach Your Child A Second Language
      http://www.parents.com › … › Development › Language Development‎
      Parents
      “Kids this age are developing language skills rapidly, and they quickly absorb … “They can learn to understand new words in two different languages at an …
      =
      https://linguistlist.org/ask-ling/biling2.cfm
      Question: Will my child be bilingual? Will bilingualism affect my child’s intelligence?
      Bilingualism does not increase (or decrease) intelligence. There are bilinguals of all degrees of intelligence, just as there are monolinguals of all degrees of intelligence.

      • ကထူးဆန်း

        May 1, 2014 at 11:18 am

        လုံးဝ လုံးဝ သင်ပေးသင့်ကြောင်း အဆိုပြုပါတယ် ။ ဘယ်လိုဘဲဖြစ်ဖြစ် ဘယ်လောက်ဘဲ အစိတ်စိတ်အမွှာအမွှာကွဲကွဲ လူဦးရေ သန်းတစ်ထောင်ကျော်ဆိုတာက ဘယ်နားသွားသွား တွေ့ဦးမှာမို့ လုံဝ မမှားနိုင်ပါ ။ နောက်ပြီး ဘာသာစကားဆိုတာ တစ်ခုနှစ်ခုဘဲ သင်လု့ိရတာ မဟုတ်ပါ ဆိုတော့ ငယ်ငယ်ထဲက သင်ပေးမဲ့သူရှိရင် အဆင်ပြေရင် ဘယ်ဘာသာမဆိုသင်သင့်ကြောင်းပါ ။
        နောက် ကျွန်တော့်ကို သင်တန်းတက်အောင် လျှောက်ပြောခဲ့ရင်တော့မသိဘူး ။ နိုင်ငံခြားက ဘာသာစကားသင်တဲ့ သင်တန်း တစ်ခုက ပြောခဲ့ဘူးပါတယ် ။ ဘာသာစကား နှစ်ခု တတ်သူဟာ သုံးခု လေးခု တတ်ဖို့ ပိုလွယ်ပါတယ် ဆိုပြီးး။

        တရုတ်ဘေးက နိုင်ငံဆိုတော့ တစ်ရုတ်လိုတတ်ထားတာ လုံးဝ လုံးဝ မှားမည်မဟုတ်ပါ ။ လုံးဝ သင်သင့်ကြောင်းပါ ။ ဥပမာ .. တိုင်းရင်းစကားတတ်တဲ့ ကလေးတွေမှာ တိုင်းရင်းသားစကား မြန်မာစကား အင်္ဂလိပ်စကား ထူးချွှန်စွာ ပြောနိုင်သူတွေ အများကြီးပါ ။

        • ဝင့်ပြုံးမြင့်

          May 1, 2014 at 6:22 pm

          သဂျီ းနဲ့ ကထူးဆန်း
          ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စိတ်ထဲမတင်မကျဖြစ်နေတာ ခုမှပဲ စိတ်ရှင်းရှင်း ဆက်ဒိုးရတော့မယ်။ ကထူးဆန်း ပြောတာ မှန်ပါတယ်။ တရုတ်ပြည်ကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်လည်း တရုတ်လူမျိုး သန်းတစ်ထောင်က ကမာ္ဘပေါ်မှာ အင်အားကောင်းကောင်းနဲ့ ရှိနေမှာပဲဟာ ။ အိမ်နီးချင်းတွေဆိုတော့ ကြောက်ရတယ်။

        • padonmar

          May 2, 2014 at 12:39 am

          ကလေးကို တရုတ်စာသင်တာ ထောက်ခံပါတယ်။
          ငယ်တုံးကို ပြောတတ်အောင် သင်ရင် မမေ့ပါဘူး။
          အန်တီတို့လို အသက်ကြီးမှ သင်ရင် အကုန်မေ့ပါတယ်။ ဝေါ်အိုက်နီလောက်ပဲ မှတ်မိပါတော့တယ်။
          သိထားသလောက် အမေရိကားကို ဝင်ရင် ဖြည့်ရတဲ့ Immigration form မှာ တရုတ်လို ဖြည့်ချင်ဖြည့်လို့ရတယ်လို့ ထင်ပါတယ်။သူကြီးမှ သေချာသိပါမယ်။

        • kai

          May 2, 2014 at 5:06 pm

          ကယ်လီဖိုးနီးယားရဲ့ရုံးသုံးမှာကိုက.. အင်္ဂလိပ်နဲ့..စပင်းနစ်၂မျိုး ဥပဒေနဲ့ပြဌာန်းထားတာမို့.. စပင်န်းနစ်စာနဲ့ရေးထားတဲ့စာရွက်တွေ.. အင်္ဂလိပ်လိုနဲ့တွဲတွေ့ရတတ်ပါတယ်..
          အဲဒီအတိုင်းပဲ.. သန်းခေါင်စာရင်းကောက်တော့.. လူဦးရေအမျိုးအစားအလိုက်အုပ်စုတွေခွဲတာမို့.. အဲဒီလူမျိုး(နိုင်ငံသား)တွေအနေများတဲ့.. ဒေသ… ရပ်ကွက်တွေမှာ.. ဆိုင်ရာဘာသာစကားနဲ့.. ရုံး..အလုပ်စာရွက်တွေထားပေးရ(ရ)ပါတယ်..။

          မြန်မာတွေအနေများတဲ့.. ရပ်ကွက်တွေမှာ..တရုတ်တွေလည်းများတာမို့.. ရုံးစာတွေ.. ကားလိုင်စင်ရုံးတွေ.. ဘဏ်တွေမှာ.. တရုတ်လိုရေးထားတာတွေအများကြီးပါ..
          အင်္ဂလိပ်လိုတောင်…တတ်ဖို့မလို..။ :mrgreen:

          အမေရိကားထဲအဝင်.လဝက.ဖေါင်ဖြည့်တာမှာလည်း.. မှတ်မိသလောက်.. တရုတ်..ဂျပန်.. ဗီယက်နမ်တောင်ရှိတယ်ထင်တာပဲ..။

    • twitty

      May 2, 2014 at 10:20 am

      ကလေးအတွက် heavy မဖြစ်ဘူးဆိုရင်တော့ တရုတ်စာ ထပ်မံ သင်ကြားတာကောင်းပါတယ်။ ဘာသာစကားတွေ တတ်ကျွမ်းထားတာဟာ အားသာချက်တရပ်ဖြစ်လာနိုင်တယ် ဆိုပေမယ့် တကယ်တမ်း အဆင့်မြင့် နည်းပညာတွေ လေ့လာဖို့အတွက်က အင်္ဂလိပ်စာသည်သာ အရေးအပါဆုံးပါ။

    • Zaw Thant

      May 2, 2014 at 3:24 pm

      .. ကျွန်တော်ကိုယ်တိုင်လည်း ဒီမေးခွန်းစဉ်စားရတော့မှာမို့လို့ ဝင်ပါလိုက်ဦးမယ် (ကလေးကတော့ ခုမှ မှောက်တုန်းရှိပါသေးတယ်)..

      .. နောက်တချိန်လို မလိုဆိုတာကတော့ မသေချာဘူး.. ကိုယ့်ကလေးကကြီးလာရင် ပြည်တွင်းမှာပဲ Profession/Own Business တစ်ခုပုံမှန်လုပ်သွားတာဖြစ်နိုင်သလို စင်ကာပူသွားကျောင်းတက်မယ်၊ အလုပ်လုပ်မယ် နိုင်ငံတကာကလူတွေနဲ့ ဆက်ဆံမယ် ဆိုတာလည်း ဖြစ်လာနိုင်တယ်.. အဲ့တော့ ငယ်တုန်းသင်နိုင်မယ်ဆိုရင်တော့ အရှုံးမရှိပါဘူး.. ခက်တာက အပြိုင်အဆိုင်များလှတဲ့ အခုခတ်ပညာရေးထဲမှာ နောက်ထပ်ဝန်ပိမှာ ဆိုးရတာပဲဗျ..

      .. ကျွန်တော့်ကလေးဆိုရင်တော့ သူ့ရဲ့ ကစားချိန်၊ နားချိန် မထိခိုက်ဘူးဆိုရင်တော့ သင်ဖြစ်ဖို့ကြိုးစားမယ်ဗျ..

      • ဝင့်ပြုံးမြင့်

        May 4, 2014 at 1:25 am

        Twitty နဲ့ ကိုဇော်သန့် ပြောသလို ခလေးအတွက် ဝန်မလေးရအောင်လို့တော့ ကြံဖန်ပေးထားပါတယ်။ ဒီခေတ်ခလေးတွေ အတော်သနားဖို့ကောင်းတယ်။ ကျူ ရှင်ကို မဖြစ်မနေတက်နေကြရတယ်။ မတက်လို့မဖြစ်ဘူးလေ၊ လူတစ်ယောက်ဟာ အလွန်ဆုံး ၄နာရီပဲ စကားပြောနိုင်တယ်လို့ ဖတ်ဖူးတယ်။ လက်တွေ့မှာ ၂နာရီလောက် ပြောရရင်ကို အာပေါက်သွားပြီ။ ဆရာမတွေဟာ ကျူရှင်မှာ အာပေါက်အောင် ပြောထားပြီးပြီဆိုတော့ ကျောင်းမှာ သိပ်စကားမပြောနိုင်ကြတော့ဘူး။ ဒါကြောင့် ခလေးတွေကို ကျူ ရှင်ထားတာ မှန်ပါတယ်။ ကျမကတော့ ခလေးကို ကျူ ရှင်မထားပါဘူး။ အိမ်မှာပဲ ကိုယ်တိုင် နည်းနည်းသင်ပေးရုံနဲ့ လုံလောက်ပါတယ်။ ဒါကြောင့် ခလေးကို ဟဲဗီး မဖြစ်စေဘဲ တရုတ်စာကို ပျော်ပျော်ပါးပါး တတ်သွားအောင် လုပ်ပေးမှာပါ။

        • ဦးကြောင်ကြီး

          May 5, 2014 at 12:09 pm

          အင်္ဂုလိစာကိုပဲ အရေးအဖတ်အပြော ပျံလံနေအောင် လုပ်ပေးဖို့ အဓိကပါ အမ်တီပြုံးရယ်..။ တီလုပ်ပါတတ်တော့ ပိုကောင်းတာပေါ့… သို့သော် တခုကို အဓိကရွေးဂျေးဆို သခင်ဂျီးတွေစာက ဘွတက်လမ်းအတွက် အခရာကျပါတယ်။ အရေးအဖတ်သာမက အပြောပါသွက်ဖို့ မှန်ဖို့ဆိုတာ တကယ်တမ်းမှာ မလွယ်လှဘူး.. အချိန် ပိုက်ပိုက် ရင်းနှီးမြှုပ်နှံမှရတာ…. သဂျီးနဲ့အနော်နဲ့ အင်္ဂလိပ်လိုပေါရင် အမေရိကန်တွေ နားမလည်၊ အမေရိကန်လိုပေါလျင် အင်္ဂလိပ်တွေနားမလည်… အဲလိုဖစ်နေမယ်..

    • alinsett (gazette)

      May 1, 2014 at 11:32 am

      ပတ်တာအိတ်နဲ့ မိတ်စကပ် မေးမို့လား
      ဖြေလိမ့်မယ် မမဂျီး

      အဟိ

      :mrgreen:

  • ko six

    May 2, 2014 at 12:18 pm

    ဖုန်​းနဲ့ ပို့စ်​တင်​​နေတာ ခု အဆင်​မ​ပြေ​တော့ဘူး
    ဘယ်​လို့ တင်​ရတာလဲ
    ​ပြောပြကြပါဦး အဟီး

  • kyeemite

    May 2, 2014 at 3:27 pm

    ကွန်ပြူတာနဲ့ ဖွဘုတ်ဖွင့်သုံးရင် သူများကိုပေးတဲ့ကွန်မန့်မှာ ရုပ်ပုံ တင်လို့ရတယ်နော်..
    ဖုန်းနဲ့ ဖွဘုတ်သုံးရင်ကော..ကွန်မန့်မှာ ဓါတ်ပုံ ဘိုတင်ရသလဲဗျ…သိသူတွေလမ်းညွှန်ပါအုံး
    တကယ်သိချင်လို့ပါ…ကျုပ်သုံးနေတာ HUAWEI C 8825 D ပါ 🙄

    • alinsett (gazette)

      May 2, 2014 at 3:37 pm

      ကျနော့်အထင်
      ဖုန်းထဲ မှာ လက်ရှိသုံးနေတဲ့ FB app ကို update လုပ်ရမယ် ထင်ပါကြောင်း
      FB app က 8.0. လောက်မှာမှ စပြီး
      commentထဲ ပုံထည့်လို့ရတယ် ထင်ပါကြောင်း

      ကျနော့် အရင် FB app က ပုံထည့်လို့မရပဲ
      အခု update လုပ်ပြီးမှ commentတွေထဲ
      ပုံ ထည့်လို့ရတာ ဖြစ်ပါကြောင်းးး

      တခြားပို ပြောနိုင်သူတွေ ပြောစေလိုပါကြောင်းး

      • kyeemite

        May 3, 2014 at 8:43 am

        အလင်းဆက်ရေ..သင့်ခရုပါကွာ..အပ်ဓိတ်လုပ်ကျိလိုက်အုံးမယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 2, 2014 at 4:39 pm

    . ဘဏ်မှာငွေထည့်ထားရင် အတိုးဘယ်လောက်ရနိုင်သလဲဗျာ
    .အနည်းဆုံးဘယ်လောက်ထည့်လို့ရတယ်
    . ကိုယ်လိုတဲ့အချိန်ပြန်ထုတ်လို့လွယ်မလွယ်
    . ဘဏ်မှာငွေအပ်တာ လုပ်သင့်မသင့်
    . ဘယ်ဘဏ်မှာ ဘယ်လိုပုံစံက ပိုကောင်းတယ် ဘါညာကွိကွ

    • ဦးဦးပါလေရာ

      May 4, 2014 at 5:14 am

      .ဘဏ်မှာ ငွေစုစာရင်း ၈% စာရင်းသေအပ်ငွေ ၈-၁၀% ရနိုင်ပါတယ်
      .စာရင်းစဖွင့်ရင်အနည်းဆုံး ၁၀၀ဝ ကျပ်ထည့်ရမှာဖြစ်ပြီး စာရင်းထဲမှာ အနည်းဆုံး၃၀ဝ ကျပ်ချန်ရပါမယ်
      .ကိုယ်လိုတဲ့အချိန်ပြန်ထုတ်ဖို့ဆိုတာ ဘဏ်အမျိုးမျိုးအပေါ်မှာနဲ့ အခြေအနေအပေါ်မှာ မူတည်ပါတယ်။ အခုတော့ ဘာမှမဖြစ်သေးတော့ ဘယ်ဘဏ်ဖြစ်ဖြစ်လွယ်ပါတယ်။
      .မြန်မာပြည်ကဘဏ်တွေမှာငွေအပ်တယ်ဆိုတာ ပိုက်ဆံဒီအတိုင်းထားရမှာ များလို့ ရှုပ်လို့ ခက်လို့ အပ်ကြရတာပါ။ အတိုးလိုချင်လို့လဲ အပ်တာရှိပေမယ့် ရတာနဲ့ ကာမိပါ့မလားဆိုတာ လူအပေါ်မူတည်ပါတယ်။ ဒီမှာ ဘဏ်ထဲငွေထည့်ပြီး နိုင်ငံခြားမှာလို သုံးစရာရှိတိုင်း ကဒ်နဲ့ ချက် နဲ့ ရှင်းလို့မရပါဘူး။ ငွေရှင်းစရာရှိတော့ ကိုယ်တိုင်ဘဏ်ကငွေသွားထုတ်ပြီး ကူလီနဲ့ထမ်း ကားနဲ့သယ်ပြီး ရှင်းရတာပါ။
      .ဘယ်ဘဏ်က ဘယ်လိုဆိုတာနဲ့ပတ်သက်လို့
      .-မဆုံးချင်ရင် MICB
      .-မြန်ချင်ရင် CB
      .-နေရာတစ်ကာမှာ ငွေထုတ်ငွေသွင်းချင်ရင် KBZ
      .-ဘဏ်ထဲမှာ တစ်ရေးအိပ်ချင်ရင် MOB
      .-ဘဏ်ထဲ ကော်ဖီသောက်ပြီး ကာရာအိုကေ ကြည့်ချင်ရင် MAB
      .-ဘဏ်စည်းထဲမှာ ငွေစက္ကူအတုပါလာမှာမကြောက်ရင် …… အဲ… အဲဒါလေးတော့ ပြောလို့မဖြစ်ဖူးထင်ပါရဲ့….
      :mrgreen:

      • ကထူးဆန်း

        May 4, 2014 at 2:26 pm

        saving account က တစ်ပါတ်မှာ တစ်ခါဘဲ ထုတ်ပေးပါတယ် ။
        current account ကတော့ cheque နဲ့ ကြိုက်သလောက်ထုတ်လို့ ရပါတယ် ဆိုတော့ current account ကို saving account နဲ့ ချိတ်ဆက်ထားမှ လိုချင်တဲ့ အချိန်ပြန်ထုတ်လို့ လွယ်ပါတယ် ။
        USD account ကတော့ တစ်နေ့မှusd တစ်သောင်းထက်ပိုမထုတ်ပေးပါဘူး ။ usd account မှာ saving မရှိဘူးထင်ပါသည် ။ သို့သော် ကိုယ့် usd account ထဲ က ဒေါ်လှတွေ ကို အဲ့ဒီ့နေ့ မြန်မာငွေ ပေါက်ဈေးနဲ့ လဲထုတ်မယ် ဆိုရင်တော့ အကုန်ပြောင်အောင်လည်း သတ်မှတ်ဈေး နဲ့ လဲထုတ်လို့ ရပါသည် ။
        ဦးဦးပါရဲ့ အဲ ကိုဖြေကြည့်ရရင် ADB ဆို မှန်မလားဟင် ….

  • ပန်း စံပါယ်

    May 2, 2014 at 7:04 pm

    ” မှတ်​ချက်​..နိုင်​ငံသားမည်​သူမဆို အ​ခြေပစ္စည်​းတစ်​ရပ်​ရပ်​ ဝယ်​ယူခြင်​း တည်​​ဆောက်​ခြင်​း ရယူခြင်​း အတွက်​ တစ်​ဦးလျှင်​ တစ်​ကြိမ်​သာခံစားခွင်​့ရှိသည်​ ” ဆိုတာ ဘယ်​လိုမျိုးပါလဲ သိပါရ​စေ။
    ဥပမာ နိုင်​ငံခြားသွားြပြီးအလုပ်​လုပ်​တဲ့သူတစ်​​ယောက်​ ရဲ့ လစာနဲ့ သူ့နာမည်​နဲ့အိမ်​ဝယ်​တယ်​ အခြားတစ်​​ယောက်​က ကားဝယ်​တယ်​ ဆိုပါ​တော့။ အခွန်​ကင်​းလွတ်​တဲ့ လစာ​​ငွေနဲ့ဝယ်​တာလည်​းဖြစ်​တယ်​ သူ့နာမည်​နဲ့ ဝယ်​ထားတဲ့အိမ်​/ကားလည်​း အခြားမရှိ​သေးဘူးဆိုရင်​ အခွန်​ကင်​းလွတ်​တယ်​ဆိုတဲ့သ​ဘော ဟုတ်​ မဟုတ်​ သိပါရ​စေ။

    • ဦးဦးပါလေရာ

      May 4, 2014 at 5:25 am

      .အခုမေးတာ အခြေပစ္စည်းနဲ့ပါတ်သက်ပြီး နှုံးထားလျှော့ပေါ့ထားတဲ့ အခွန်ကိစ္စဖြစ်မယ်ထင်ပါတယ်။

      .အခြေပစ္စည်းဆိုရာမှာ အိမ်၊ မြေ၊ တိုက်ခန်း တွေကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ ကား မပါ ပါ။
      .အခွန်ဆောင်ထားတဲ့ သို့မဟုတ် အခွန်ကင်းလွတ်ခွင့်ရထားတဲ့ ငွေဖြူနဲ့ ဝယ်တာတွေမပါပါ။ အဲဒီငွေမျိုးတွေနဲ့ ကြိုက်သလောက်ဝယ် – တံဆိပ်ခေါင်းခွန် သာကျသင့်မှာ ဖြစ်ပါတယ်။
      .ဝင်ငွေရလမ်းမဖေါ်ပြနိုင်တဲ့ ငွေမည်းနဲ့ဝယ်ရင် အခုအသစ်သတ်မှတ်ထားတဲ့ နှုံးနဲ့ တစ်ကြိမ်သာ စည်းကြပ်မှာဖြစ်ပြီး နောက်အကြိမ်တွေအတွက်တော့ အခွန်ဥပဒေပါ အချိုးအစားအရ အချိုးကျစည်းကြပ်မယ် လို့ ဆိုလိုပါတယ်။
      .ဒါကြောင့် ငွေမည်းနဲ့ဝယ်မှာဖြင့်သိန်း ၁၅၀၀/ သိန်း၃၀၀ဝ အတွင်းဝယ်ရင် အတန်ဆုံးဖြစ်ပါတယ်။
      .ဒါကြောင့် မန္တလေးမှာ အရင်လို အကွက်ကြီးအရောင်းအဝယ်တွေထက် သိန်း ၃၀၀ဝ ပတ်လည်တွေ အရောင်းအဝယ်လဲဖြစ် အခွန်လဲဆောင်ကြပါတယ်။

      • ပန်း စံပါယ်

        May 5, 2014 at 5:02 pm

        ဦးဦးပါလေရာရေ ကျေးဇူးအများကြီးပါရှင်..။ နောက်ထပ် အခွန်နဲ့ပတ်သက်ပြီး မရှင်းလင်းတာတွေ သိချင်တာတွေရှိပါသေးတယ်။ အခြားသောကိစ္စတွေမှာလည်း မရှင်းလင်းတာ သိချင်တာလေးတွေရှိလို့ အခွင့်အခါသင့်တဲ့အချိန်မှာ မေးပါဦးမယ်ရှင်။

  • ဝင့်ပြုံးမြင့်

    May 4, 2014 at 1:45 am

    အချစ်ရေးကို တာဝန်ယူဖြေရှင်းပေးမည်၊ အထူးသဖြင့် ကွဲကွာရေးကို တာဝန်ယူဖြေရှင်းပေးမည်ဆိုသော မမချွိကို မေးပါရစေ။
    ဒီလိုလေ၊ ကိုယ်က မယားကြီးနေရာကဆိုပါတော့၊ ကိုယ့်မှာက သားတစ်ယောက်လည်းရှိပြီ၊ ပြည်ပကိုလည်း ခဏတဖြုတ်ရောက်နေတယ်။ အိမ်ထောင်သက်ကလည်း ဘာမှ မကြာသေးဘူး။ မြန်မာပြည်က ကိုယ့်ယောက်ျားက နောက်တစ်ယောက်နဲ့ မင်္ဂလာဆောင်ဖို့ ကြိုးစားနေတယ်။ မယားကြီးတစ်ယောက်အနေနဲ့ ကိုယ်က ဒီလိုကြီးပေါ်တင်စော်ကားခံရပြီဆိုတော့ မကျေနပ်ဘူး။ သတင်းစာမှာ ဘာညာကွိကွ ထည့်လိုက်တယ်။ ကိုယ့်ယောက်ျားကတော့ သူ့မိဘတွေဆီက အမွေဖြတ်ဆိုတာလုပ်ပြီး နောက်အိမ်ထောင်ထူဖို့ လုပ်လိုက်ပြီ။ အဲဒီမှာ ယောက်ျားက အမွေဖြတ်ဆိုတာ လုပ်လိုက်တော့ ပါရင်းပစ္စည်းဆိုတဲ့အပိုင်းက မရှိတော့ဘူးပေါ့နော်။ လင်မယားကွဲရင် လင်ရဲ့ ပါရင်းပစ္စည်း (သူ့မိဘအမွေ) သုံးပုံတစ်ပုံ မိ်န်းမက ရတယ်လေ။ လက်ထက်ပွားကတော့ တစ်ယောက်တစ်ဝက်ပေါ့။ လောလောဆယ်မှာ သူက အမွေဖြတ်လုပ်ချလိုက်တော့ မယားကြီးက ပါရင်းထဲက ဘာမှ မရတော့ဘူးလား။ တကယ်တော့ ဒီအမွေဖြတ်ဆိုတာချည်းကလည်း တရားမဝင်တော့ သူ့မိဘတွေ သေပြီးရင် အမွေက သူပဲပြန်ရမှာလေ။ အဲတော့ ယောက်ျားရဲ့ ပါရင်းပစ္စည်းတွေအပေါ်မှာ နောက်မယားကသာ အကျိုးကျေးဇူးခံစားခွင့်ရှိသွားတော့မှာပေါ့။ နောက်မယားအနေနဲ့ အမွေမမက်ဘူးဆိုတဲ့ ဂုဏ်သိက္ခာလည်းရ၊ ပစ္စည်းလည်းရ၊ အဲဒီလိုဖြစ်မကုန်ဘူးလား။ တကယ်တော့ ကိုယ်လင်တစ်ယောက်ရဖို့အတွက် သူများ အသိုက်အမြုံကို ဖြိုခွဲနိုင်တဲ့သူ၊ မိန်းမသားချင်း ကို်ယ်ချင်းမစာတဲ့သူ ဟာ နဂိုအခံမှာ မက်ပြီးသားပါ။ အဲတော့ မမချွိသာ မယားကြီးနေရာမှာဆိုရင် ကွာမလား။ (ဟီး … စိတ်ထဲ ကျလိကျလိ ဖြစ်နေတဲ့ကိစ္စလေး မေးကြည့်တာပါ၊ မဖြေတတ်ဘူးဆိုလည်း ရပါတယ်ချင့်)

    • kai

      May 4, 2014 at 2:58 am

      ဟင်း…ဟင်း…
      သိနေတယ်နော်… သိနေတယ်..
      ကြားထဲ.. အဲဒီကရာတေးသမား.. လာသမ,ရင်.. မျစ်မမရှင်းရမယ်..။

      နောက်တာပါ..
      ပိုသေချာအောင်.. အဲဒီလူကိုအင်တာဗျူးမလား..။ ကလေးအမေကိုဗျုးမလား.. တွေးနေတယ်..။ :buu:

      ကြားထဲ.. ဒီအိုင်ဒီယာရပြီး. စာမျက်နှာသစ်ဖွင့်သူ.. ကိုရင်ဆက်ဆက်တော့.. ၁သိန်းမြန်မြန်ပြည့်ကိန်း…
      ကောင်းပါ၏..။ ကောင်းလှောင့်ပါ၏…။

    • ကေဇီ

      May 4, 2014 at 8:25 am

      ငင့်။
      ဝင့်။ ဒါက အချစ်ရေးဟုတ်ဘူးလေ။
      အိမ်ထောင်ရေးဖြစ်သွားပြီ။
      ကြားရတာတော့ ခုလတ်တလောခေတ်စားနေတဲ့ ဟိုမင်းသမီး ကိပ်စနကို အမှတ်ရစေတယ်။
      ကျနော့စိတ်နဲ့ ဆိုရင်တော့ အဲဒီ အချိန်မှာဖစ်နေတဲ့ မုဒ် အတိုင်းလုပ်မယ်ဗျ။

      ပြည်ပမှာ ခဏတဖြုတ်ဆိုတာ အလည်လားးး
      အလုပ်လုပ်နိုင်တယ် ဆိုရင်တော့ ဘာပဲပြောပြော အဲဒီ အကြီးအနေနဲ့ အရည်အချင်းလေး ရှိပြီးသားလို့ မှတ်ပါတယ်။
      ပိုက်ဆံရှာနိုင်တဲ့ မိန်းမတစ်ယောက်အနေနဲ့ဆိုရင်တော့ ရိုင်းရိုင်းပြောရရင် အချိန် တို အတွင်း အောက် ဆော့တတ်တဲ့ ယောက်ကျားကို ဆက်ပေါင်းဖို့တော့ အားမပေးချင်။
      သူများ အသိုက်အမြုံခွဲသူဟာ သူ့အကျိုးပေးနဲ့ သူသွားမှာမို့ မခံချင်စိတ်နဲ့ တွယ်ကတ်နေမဲ့အစား လက်လွှတ်လိုက်တာကောင်းမလားလို့ပါ။ (ကိုယ့် အရွယ်လည်းရှိတုန်းဆိုရင်ပေါ့။)
      တစ်ခါတစ်လေမှာ ကိုယ့်သိက္ခာဟာ လက်လွှတ်လိုက်မှ တက်သွားတာတာ။
      ဆွဲထားဖို့ ကြိုးစားရင် သိက္ခာမတက်တဲ့အပြင် အရှုံးသံသရာလည်တတ်တယ်လို့ထင်ပါတယ်။

      မြန်မာမှာ ဘာ တောက်တလွဲ အတွေးမှန်းမသိဘူးဗျ။
      တစ်ခုရှိတယ်။
      ယောင်္ကျားက ပစ်သွားခံရရင်ကို အဲဒီ မိန်းမအပြစ်လို့ အသုံးမကျဘူးလို့ပြောတတ်ကြတာ။
      ဒီ ယောင်္ကျားကို မြဲအောင် မဆွဲထားနိုင်ဘူး ဆိုတဲ့ သဘောပေါ့လေ။

      အမှန်တော့ ရှက်တတ်ရင် အဲလို ဖောက်ပြန်တဲ့ သစ္စာဆိုတဲ့ အမှန်တရားကို ဖောက်ဖျက်တဲ့သူမျိုးကသာရှက်ရမှာဖြစ်ပြီး
      သစ္စာအဖောက်ခံရတဲ့ သူက လုံးးးးဝ လုံးးးးဝ ရှက်စရာမလိုပါဘူးးးလို့ မြင်ပါတယ်။
      😀

Leave a Reply