ရ ရက် မေ ၂၀၁၄

ဇီဇီMay 7, 20141min65641

ဟိုးရှေးရှေးတုန်းက တဲ့။ ဗေတားဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်တဲ့။
သူ့မှာတဲ့။ အမ ရ ယောက်ရှိတယ်တဲ့ကွယ်။

😀
အမတွေကြားနေခဲ့ရတော့ လူက ပျော့သလိုလို နွဲ့သလိုလို နဲ့ ချွဲနွဲ့ပြီး အမတွေကြားထဲ လူလည်လုပ်ပြီး ညာစားနေတာပေါ့။  :mrgreenn:
ဘယ်လောက်များ ညာစား၊ လှည့်စား၊ လိမ်စား၊ ချွဲစား၊ တစ်နပ်စား၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား လုပ်တုန်းဆို (မှတ်ပလားးး နာ့ ကို အစားပုတ်လို့ ပြောဦးးးးး)   :mrgreenn:

အမကြီး မွမွပြုံးဟာ ဗေတား နာမည် ကြားရုံနဲ့ သွေးတက်တတ်လို့ သီလရှင်ကျောင်းကဘူးစင်အောက်မှာ နေချာရယ်ဘူးသီး အလှနဲ့ နေရတာပဲ အေးချမ်းတယ် ဆိုပြီး ရှောင်နေသတဲ့။  :mrgreenn:

 
ဒုတိယ အမဖြစ်တဲ့ အမသဲကတော့ ဗေတား ရှုပ်သမျှ လိုက်ရှင်းရလွန်းလို့ စိတ်ရှုပ်ပြီး မတော်တဲ့ အင်္ကျီတွေ ဝတ်မိပြီး သူ့ကိုယ်သူ့ ဝဝ လာတယ်လို့ ဂယောင်ခြောက်ခြားဖြစ်နေတယ်လေ။ :mrgreenn:

 
တတိယ အမဖြစ်တဲ့ မမဝူးကတော့ ဗေတား သင်္ကြန်ကဲရင် ရှင်းရမဲ့ အရေးကြိုတွေးပြီး ကြောက်လွန်းလို့ တရားစခန်းလိုလို မယ်သီလရှင်ဝတ်မလိုလို ကြံစည်ပြီးမှ ဘာမှ မလုပ်ဖြစ်ပဲ ဆံပင်တစ်ဝက်လောက် ဖြူသွားတာသာ အဖတ်တင်သတဲ့။  :mrgreenn:

 
အမ ၄ ကတော့ မမခွစ် ပေါ့။ သူ့ခမျာ ဗေတား အမ ဖြစ်ကြောင်း မျက်နှာမပြရဲလို့ သူ့ပလိုဖိုင်းပစ်ချာတွေကို ငှက်တွေ တင်လိုက် ဝါးတားတားတွေ တင်လိုက်နဲ့ တင်တတ်သတဲ့။ ကြောက်ပုံများပြောပါတယ်။ :mrgreenn:

 
အမ ၅ ဖြစ်တဲ့ မမနှင်းကတော့ ဗေတားရှုပ်သမျှ ဒိုင်ခံရှင်းမဟဲ့ ဆိုပြီး တစ်ခါသားရှင်းလိုက်တာ ဗေတား အချစ်တော် ကျောက်ခဲကြီးကို ပိုက်မိပြီး ရွာထဲကို မလည်နိုင်တော့ဘူးတဲ့ကွယ်။  :mrgreenn:

 
အမ ၆ ဖြစ်တဲ့ မမဝေကတော့ ဗေတားနားမှာ မနေရပြီးရော ဆိုပြီး ကိုးကျင်းကိုးကျောင်းသွားနေလိုက်တာ ရှမ်းပြည်ကို တောင်ပိုင်းရော မြောက်ပိုင်းရောကွယ် နှံ့ခဲ့တယ်။ ငိငိငိ။  :mrgreenn:

 
အမ ရ ဖြစ်တဲ့ မမချွိကတော့ ဒင်းကို မိန်းမ ပေးစားမလို့ လိုက်ရှာရင်း ရှာရင်း ဗေတား အတွက် မိန်းမမရပဲ မမချွိ အတွက် အချစ်တော်တွေချည်းပဲ ရနေသတဲ့ အာ့ကြောင့် ယောက်ကျားပေးစားဖို့တောင် မရှာရဲရှာတော့ဘူးကွဲ့ (ခိခိ၊ တကွက်မှ ပေးမစားဘူးမှတ်!!)  :mrgreenn:

အဆို၊
အက၊
အချက်အပြုတ်၊
အပြောအဆို၊
အသောက်အစား၊
အနင်းအနှိပ်၊
အမြှောက်အပင့်
အလှည့်အပတ် စသော ယောက်ကျားတို့ တပ်အပ်သော မိန်းမတို့ တပ်အပ်သော ပညာရပ်များကို တတ်တာမို့ လိုချင်သူများလည်း ဒီ ရ ယောက်ကိုသာဆက်သွယ်လိုက်ပါ။
အိမ်တိုင်ယာရောက် အလိုက်ပေးပြီး ပို့မည်ဖြစ်ပါသည်။

:mrgreen:

ဟီးဟီးးးး
အပျော်ပါ။
မွေးနေ့ဆုတောင်းရေးမို့ကို ဘယ်က စရမှန်းမသိလို့ ကိုယ့် အမတွေ ညီမတွေကိုပါ လှမ်းခေါ်လိုက်တယ်။

ဒီနေ့ အဘေဆွ@ အဘဆွေ@ ဗေတား@ကူမား(ရ) @ ဆွေ့ ရဲ့ မွေးနေ့။

လိုချင်တာ မှန်သမျှရပါစေ။
ဖြစ်ချင်တာ အကုန်ဖြစ်ပါစေ။
အမြဲတမ်း ကိုယ်ကျန်းမာ၊စိတ်ချမ်းသာနိုင်ပါစေ။

အနော့ကိုလည်း ဟင်းများများချက်ပေးနိုင်ပါစေ။ (ငိငိ၊နောက်တစ်ပတ် စားဖိုမှူးရှိတော့ဘူးး)

ခဏနေရင် လိပ်ဥတူး (အဲလေ) ဘုရားဖူးက ပြန်လာမှ လာလိမ့်မယ်။

 

:s:

41 comments

  • alinsett (gazette)

    May 7, 2014 at 9:22 am

    ပျော်ရွှင်ဖွယ်ရာ
    မွေးနေ့မင်္ဂလာကလေး ဖြစ်ပြီပေါ့ အဘေဆွရေ
    အေးချမ်းပြည့်စုံပါစေခင်ဗျ

    🙂

    • ကူမားရ်

      May 7, 2014 at 9:42 pm

      ကျေးဇူးတင်ပါတယ် ညီလေးအလင်းဆက်ရေ..ငါ့ညီလည်း… အေးချမ်းပြည့်စုံပါစေခင်ဗျာ

  • Kaung Kin Pyar

    May 7, 2014 at 9:26 am

    ဘဆွေ ပျော်ပါစေ…..

    • ကူမားရ်

      May 8, 2014 at 9:14 am

      ကောင်းကင်ပြာကြီး လည်းသာယာပါစေ..ငှက်ကလေးများ တေးဆိုပါစေ..စမ်းချောင်းလေးလည်း စီးဆင်းပါ စေ..
      ကျေးဇူးတွေလဲ တင်ပါစေ..
      ဘဆွေ။

  • ROssI

    May 7, 2014 at 10:00 am


    သူဂ မေခွင် မွေးဒါဂိုး …
    ကြိတ်ကြိတ်တောင်းတဲ့ ဆုဒွေ ပြည့်ပါဇီတော်…

    ခင်တဲ့

    • ကူမားရ်

      May 8, 2014 at 9:21 am

      မိဂီ ငါးချနေတယ် ဆိုလို့ စိတ်ပူနေ တာ..လက်စသတ်တော့ ရှင်က ငါးချနေတာကိုး..
      ကျေးဇူးပါ တော်..ရှင်လဲ စိတ်ချမ်းသာပါဇီ..

  • sorrow

    May 7, 2014 at 10:05 am

    ဘဆွေ…ဖြူဖွေးတူမနဲ့ ဘတ်ဒေးတူတူပဲဗျ….အဲ့ကလေးမလေ …ဆိုးလိုက်တဲ့ရုပ်နှယ့်…..အဟိဟိ

    • ကူမားရ်

      May 8, 2014 at 9:31 am

      နုထွားကြိးနော်..နာတော့မယ် ..နာမဆိုးပါဘူးဟ..ပတ်ဝန်းကျင်မကောင်းတာ..ဟိဟိ.

  • TNA

    May 7, 2014 at 11:11 am

    မွေးနေ့ဆုတောင်းကရီလိုက်ရတာဟယ်။ မျက်ရည်တွေတောင်ထွက်တယ်။

    ဒီနေ့ကျရောက်တဲ့ အဘေဆွ@ အဘဆွေ@ ဗေတား@ကူမား(ရ) @ ဆွေ့ ရဲ့ မွေးနေ့မှသည် နောင်နှစ် ပေါင်းများစွာ ခုဒီပိုစ့်ကလေးဖတ်လိုက်ရသလို အမြဲတမ်း ရီစရာမောစရာတွေ နဲ့ပြုံးပျော်ကြည်နူးပျော်ရွှင်နိုင်ပါစေ။

    • TNA

      May 7, 2014 at 3:35 pm

      အတုန်လုံးမှာ နာတယောက်ပဲနီနေဘာလား။ ဘွဆွေဆုတောင်းဘာမွှားလို့လဲမတိ။ ဘွဆွေကိုမပျော်ဇေချင်တူဖစ်မယ်ထင့်။ အဟိ ရန်လှည့်တိုက်လိုက်ဘီ :byee:

    • ဗုံဗုံ

      May 7, 2014 at 3:58 pm

      နီတဲ့သူ ​မွေး​နေ့ရှင်​က ပဒမြား ​ပေးမှာပါတဲ့ ငိုနဲ့ 😛

      • TNA

        May 7, 2014 at 4:58 pm

        ဂယ်လား ဘွဆွေ ပြည်တန်ပတ်တမြားပေးဘာ :mrgreen:

  • ဟုတ်ပါ့… ရယ်လိုက်ရတာ..

    မွေးနေ့မှာ ပျော်ရွှင်ပါစေ ဘဆွေ… ဖြစ်ချင်တာတွေ အမြန်ဆုံးဖြစ်ပါစေ.. ဟိ :mrgreen:

    • ကူမားရ်

      May 8, 2014 at 9:49 am

      ဒမယ် မနု..မောင်တော်ဖျား..မွေးနေ့ကိုဆုတောင်းပတ္တနာ ပို့ပေးတာ ကျေးဇူးတော် တင်သကွဲ့..
      ိုပိုစ့်တော်ဖတ်ပြီး..တအားတော့ရီတော်မမူလိုက် ပါနဲ့ ပြဲတော်မူသွားမစိုးလို့..ပါးစပ်တော်ကြီးပြောပါတယ်..မိမိငဲ့..ခုခိခုခိ

      • TNA

        May 8, 2014 at 5:24 pm

        အောင်မယ်လေး ဗေတားရယ် အကြောင်းပြန်တာကလဲ အပေါ်ကဟဲ့။ စကားလုံးတွေပျောဘာဒယ် :mrgreen:

    • ကူမားရ်

      May 8, 2014 at 9:54 am

      သမော်တီး လုံကလေး..
      ခမည်းတော်မွေးနေ့ ဆုတောင်း အတွက် ကျေးဇူးတော် တင်ရပါတယ် ..ဆုံတော်မူပြီးသောက်တော်မူကြ မလေ ကွယ်..သမီးတော်လည်း ကတုံးတော်ဖြစ်ပြီးကတည်းက သေရည် သောက် သဘင်မဆင်နွဲ တာကြာ တော်မူနေပြီ..
      တစ်ခါလောက်တော့ မူးတော်မူကြဦးစို့..

  • ဗုံဗုံ

    May 7, 2014 at 12:17 pm

    ​မွေး​နေ့ မှာ အူစုံအသည်​းစုံ
    ဒုတ်​ထိုးတပွဲ​လောက်​​ကျွေးပါလား 😉
    ​ပျော်​ရွင်​ပြည်​့စုံပါ​စေ​တော်​

    • ကူမားရ်

      May 8, 2014 at 10:01 am

      ဟော..ဒမှာလည်း သမီးတော် နောက်တပါး….ဆူတောင်းပေဒတော်မူ တာနဲ့မှ မကာမိ…
      မွေးနေမှာ ခမည်းတော်ဖျား ရဲ့ ဥစုံ အသီးစုံ ကို ဒုတ်တော်နဲ့ ထိုးချင်သတဲ့..
      ရာဇအိန်ဒျေ ယွင်းအောင်..သမီးတော် ကြံဆောင် လေလျှော့ သလား..

  • kyeemite

    May 7, 2014 at 1:07 pm

    ဒီနေ့ကျရောက်တဲ့ အဘေဆွ@ အဘဆွေ@ ဗေတား@ကူမား(ရ) @ ဆွေ့ ရဲ့ မွေးနေ့မှသည် နောင်နှစ် ပေါင်းများစွာ လုပ်ချင်တာတွေလုပ်ပြီး ကမာ္ဘပတ်ပျော်ရွှင်နိုင်ပါစေကြောင်း

    • ကူမားရ်

      May 8, 2014 at 10:03 am

      ကို မိုက်.
      ကျေးဇူး တင်ထိုက်လို့
      ွှအပြတ်ကို တင်လိုက်တယ်
      တောင်လိုပုံလိုက်..
      ချစ်သော ဆွေ။

  • kai

    May 7, 2014 at 1:26 pm

    ကျုပ်သမီးမွေးနေ့နဲ့ ၂ရက်ကွာပြီး.. နီနီဝင်းရွှေသမီးမွေးနေ့နဲ့တူတူဖြစ်နေတာပေါ့..
    မင်္ဂလာအပေါင်း.. ခညောင်းပါစေဗျာ… :mrgreen:

    • ကူမားရ်

      May 8, 2014 at 10:11 am

      သဂျီး..
      သမီးနဲ့ လတူ
      နှီနီ့ကလေးနဲ့ ရက် ထပ် လို့
      တစ်သက် မမေ့ဆေး
      ဆုတောင်းပေးရင်းထိုးတာ
      ကျေးဇူးပါ ခင်ဗျာ…

  • Crystalline

    May 7, 2014 at 2:16 pm

    ဘဆွေတို့များ မောင်လေးနေရာမှာနေပြီးနုနေတာ.. :mrgreenn:
    ဘဆွေရဲ့ယနေ့မွေးနေ့မှ.. အသက်၁၀ဝတိုင် ကိုယ်..စိတ်ချမ်းသာ..ကျန်းမာပြီး… စိတ်သွားတိုင်းကိုယ်ပါနိုင်ပါစေလို့… :)) မဆက်သွယ်တဲ့ ၁၀၀ဝ သမားနဲ့ဝေးပြီး…. ၂၀၀ဝ သမားက အိမ်တိုင်ရာရောက်လာဆက်ပါစေလို့.. 😀
    အပိုဆုအနေနဲ့… ဘဝဆက်တိုင်း… ယခုလို့ပျော်ရွှင်အောင်မြင်သော လူပျိုကြီးဘဝ ရလိုက ရပါစေလို့… :loll:

    Best wishes,
    Naw Cryst…

    • ကူမားရ်

      May 8, 2014 at 10:22 am

      အဖရဲ့ ကျေးဇူးတော်…မယ်တော့်ရဲ့ .ချစ်ခြင်းဂရုဏာ..တော်တွေနဲ့ ..မောင်နှစ်မ များက ပေးတဲ့ ဆုမွန်များ ကြောင့် ..အားလုံးပြည့် ပါတယ် မနော်..ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ..
      please forgive my trespasses against you…
      may god be with you..

      with love,
      ဘဆွေ။

  • amatmin

    May 7, 2014 at 3:39 pm

    ဟတ်​ပီး ဘတ်​​ဒေးပါ အဘ​ဆွေ ။
    ဒီရုပ်​ဒီရည်​နဲ့
    ဒိထက်​မကတာ​ဒွေ
    ခန ခန ရဘာ​ဇေ ခင်​ဗျ ။ 😛

    • ကူမားရ်

      May 8, 2014 at 10:28 am

      အမတ်ကြီးရေ.ဆုတောင်းအတွက်…ကျေးဇူးပါညီ..
      အလုပ်များမှန်းတော့သိပါတယ်..အိမ်တော့ ဝင်ပါဦးအားရင်..

  • weiwei

    May 7, 2014 at 5:30 pm

    ဘိလပ်မှာ သူ့ဟာသူနေနေသာ အကောင်းသား …
    ပြည်တော်ပြန်လာကထဲက ဇာတ်စုံတော့တာ ..
    ဗေတားမွေးနေ့မှာ ပျော်ရွှင်ပါစေ …
    များများချက်ပြီး ကျွေးမွေးနိုင်ပါစေ ..

    • ကူမားရ်

      May 8, 2014 at 10:48 am

      ဝေကုလျံ…ရှဲရှဲ နီတဲ့ ဟောင်ယိ..
      ဝေါ် ..မေ့ယို ဖော်ဂတ် ယူရွာ ကိုင်း ဒနက်စ်..
      နီ..ရိုက် အဘောက် ဝေါ် ပြည်တော်ပြန်လာတာ..
      နောင်း..ဝေါ်ပုယောက် ဘာလုပ်စားရမှန်းမသိ..
      မေ့ယိုကွမ်းစိ..အမား နားကပ်စားမယ်..
      စတေးလ်..ဝေါ် ကုလျံကို အကြွေးရှိ..
      အဂန်း..ရှဲရှဲနီ ကျဲကျဲ..
      ဝတ် ..သောသော..အိုက်
      ဆွေဝိုင်းကြည်။

  • padonmar

    May 7, 2014 at 10:25 pm

    မလတ်ကိုလည်း အလွမ်းပြေ အောင်
    မလတ်ခေါ်သလိုလေး မောင်လေးအဘ ကိုဆွေ လို့ပဲ ဗေတားကို ခေါ်တော့မယ်။
    `ဒီထက်မက…………..

    ပြောင်နိုင်ပါစေ ´လို့၊(ပြောင်ပြောင်ရောင်ရောင်ရှိတာကိုပြောတာပါ အရပ်ကတို့၊တမျိုးမထင်ပါနဲ့)

    • ကူမားရ်

      May 8, 2014 at 10:53 am

      အမကြီး လုပ်တာ..အရီးကိုလွမ်းသွားပြီ ဗျာ…
      ပြန်လာတာနှုတ်တောင်မဆက်ခဲ့ရဘူး…
      အရိးရေ..ခွင့်လွတ်ပါစေကြောင်းဒီနေရာကတောင်းပန်ပါတယ် ခင်ဗျာ..
      ပေးတဲ့ဆူနဲ့ပြည့် ပါစေရန်နဲ့ အမကြိးလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာ ပါစေရန် ဆုမွန်ကောင်းတောင်းလျှက်..
      မောင်လေး အဘ ကိုဆွေ။

  • Ma Ma

    May 7, 2014 at 10:42 pm

    အမ ရယောက်တောင်ရှိတယ်ဆိုမှတော့ နွဲ့တော့မပေ့ါ။
    (မောင်လေးအဘကိုဆွေအပြစ်မပါ :kwi: )

    ယခုမွေးနေ့မှစ၍ မွေးနေ့ပေါင်းများစွာကို ပျော်ရွှင်ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ပါစေ။

    ဆုတောင်းပေးပြီးပြီ မွေးနေ့ရှင်ကျွေးတာ စားဖို့ပဲ ကျန်တော့တယ်။ :mrgreen:

    • ကူမားရ်

      May 8, 2014 at 11:10 am

      ချစ်သော မမ ခင်ဗျား…
      သူတို့တေ..ဝိုင်းပြီးခါခါးလူး ..ကြက်တောင်စည်း..ဂါဝန် ဝတ်ပေး..လုပ်တာနဲ့ ဗေတားနွဲ့သွားရတာ..
      ဂုတော့ ဗေတား မှာ..ယောက်ျားယူရမလို..မိန်းမယူရမလိုနဲ့ နောက်ဆုံးဘာမှမရရင်တော့.. ဒင်းတို့ ဘက်လှည့်ရမှာပဲ..ငွင်းငွင်း..
      ဆူတောင်း အတွေက်ကျေးဇူးတင်ပါတယ်နောမမ..မုန့်နောက်မှ ကြွေးပါရစေ.

  • ဦးကျောက်ခဲ

    May 8, 2014 at 9:30 am

    မီကျေနပ်ဘူး… ဖုန်းပြောဖြစ်တာတောင် ထုတ်မပြောဘူး…
    ကိုဆွေတျောက်… ကညာပြိုဂျီး ၉ယောက်လောက်နဲ့ တိုင်ပတ်ပါစေ… ခွိ
    😀

    • ကူမားရ်

      May 8, 2014 at 11:27 am

      မားရယ်..တို့ရင်ထဲ မှာ သူအမြဲ ရှိနေတာ ပါ..
      သူ့မှာ ပိုင်ရှင်ရှိပြီးသားဆိုတာ သိသိကြီးနဲ့ ဖွင့်ပြောဖို့ အတွက် ဘယ် လိုသတ္တိမျိုးနဲ့ပြောထွက်ပါ့မလဲ..
      သူတို့ နှစ်ယောက် အေးချမ်းသာယာ ဖို့ က သများအတွက် တစ်ဘဝစာ တာဝန်ပါ..နော်
      တို့နှစ်ယောက်ကြားမှာနှစ်ယောက်ထဲ သိခဲ့ ရှိခဲ့တာတွေကို ဘယ်သူမျမသိစေရဘူး လို့ကတိ ပေးရင်း
      တို့ရင်ထဲမှာ တစ်သက်လုံးမျိုသိပ် ထိမ်းသိမ်းသွားပါ့မယ် နော်…..ကလုကလု..
      မားကျောက် အစုတ်ပလုတ် သများကို ဂျောက်ကျ အောင်ဆုတောင်းသွားတယ်..မပြည့်စေ…မပြည့်စေ

      ချစ်သော ဆွေ။

  • Wow

    May 8, 2014 at 10:26 am

    နှစ်မျိုးသုံး အဲလေ နှစ်မျိုးထူးချွန်တဲ့ (အချက်အပြုတ်ရော စီးပွားရှာပါ) ကျွမ်းကျင်တဲ့ မောင်လေး ဗေတားက အမခွန်ယောက်လုံးကို အနစ်နာခံ စပွန်စာထားပီး ရှာကျွေးမာတဲ့….. :mrgreen:

    မွေးနေ့မှာ ဖြစ်ချင်ရာ ဖြစ်ပါစေတော် :boss:

    • ကူမားရ်

      May 8, 2014 at 11:42 am

      ဪ..တော်တော်ချစ်တဲ့ အမ..
      မွေးနေ့မှာ ဖြစ်ချင်ရာ ဖြစ်ပါစေတော်…. တဲ့လားး…ကောင်းပြီလေ..ဆုတောင်းပလိုက်မယ် ..လာလေ့..
      “”‘ဒွင်းသီး အလုံးကြီးကြီး အမွာ ထွားထွား စားရ သောက်ရလိုပါ၏ဘုရားးးး”””” ကဲ ဆဲစမ်း ဗေတားကို..
      အမခွန်ယောက်လုံးကို အနစ်နာခံ စပွန်စာထားပီး ရှာကျွေးမာတဲ့..ရလယ် ..လောလောဆယ်တော့
      ပါးစပ်တော်ကြီးပြုပြင်ရန် နဲ့..ဝိုင်းတော်ကြီးထောင်ရန်..ဒီအမတွေဆီက..အရင်ပေးထား..

      ဆုတောင်းအတွက်..ကျေးဇူး ပါနော် ….ဒွင်းသီး..
      အာ..မှားလို့.သဘောင်္သီး…အဲ..အဲ့လောက်လဲ ငယ်ဘူး..သိဘူးကွာ..ဖစ်ချင်တဲ့ ဆိုဒ် ဖစ်ပလေ့စေ..

  • lu lu

    May 8, 2014 at 12:10 pm

    အ ရှေ့ မှာလည်းပေးထားလိုက်ကြတာစုံစိနေပြီချိုဒေါ့
    ပေးထားကြတဲ့ဆုတွေအတိုင်း တလုံးမကျန် ကြံဆောင် အောင်မြင် ပါစေ လို ့ပဲ ထပ်ဆင့် ဆုတောင်း
    ပေးလိုက်တယ် အဘကိုဆွေ ရေ ကံကောင်းပါစေ
    နော် 🙂

    • ကူမားရ်

      May 8, 2014 at 2:25 pm

      ကျေးဇူးအထူးတင်ရှိရပါတယ် လူလူရေ..ပေးတဲ့ဆုတိုင်းလည်းပြေ့ပါရစေ လိုပ ထပ်ဆင့်ရင်းးး…
      ခင်သော
      ဘဆွေ။

  • Nyo Win

    May 8, 2014 at 12:58 pm

    လိုသောဆု..တောင်းသောဆုနဲ ့ပြည့်စုံပါစေ…မားဆွေ 😛

  • ကူမားရ်

    May 8, 2014 at 2:28 pm

    ကျေးဇူးပါ ကိုညိုခင်ဗျား ….ကိုညိုလည်း ထပ်တူရပါစေရန် ဆုပန်လျက်

  • black chaw

    May 9, 2014 at 12:52 pm

    နီနီဝင်းရွှေ သမီးနဲ့ မွေးနေ့တူသူကြီး
    တစ်ရွာ တစ်ဂျီ ဆောက်နိုင်ပါစေဗျာ…။
    :mrgreen:

Leave a Reply