ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု

  အားလုံးပဲ မင်္ဂလာပါ။ ပို့စ်တင်ချင်တာလည်း အရမ်းကြာနေပါပြီ။ ဘာတင်ရမှန်းမသိတာလည်း အရမ်းကြာနေပါပြီ။ အန်တီစနိုးရဲ့ စာကူးချဖူးတဲ့အကြောင်းကို ဖတ်ပြီးသကာလမှာတော့ ကျွန်မ ဆယ်တန်းဘဝလေးကို သွားသတိရမိတယ်။ ကျောင်းဖွင့်ရာသီလည်း ရောက်တော့မယ်ဆိုတော့ ကျွန်မရဲ့ ဆယ်တန်းကျောင်းသူဘဝလေးကိုပဲ အမှတ်တရ ပြန်ရေးမိလိုက်ပါတယ်။   ဆယ်တန်းအကြောင်းကို ပြောဖို့ဆိုရင် ကိုးတန်းက အရင်စရမယ် ထင်ပါတယ်။ ကျွန်မတို့ဆီမှာ ငါးတန်းကနေ ကိုးတန်းအထိ ကျောင်းဆရာမတွေရဲ့ စာသင်ဝိုင်းတွေ ရှိပါတယ်။ မနက်ကျောင်းမသွားခင်နဲ့ ညနေကျောင်းဆင်းချိန်ဆို တစ်အိမ်အိမ်မှာ စုပြီး သင်ကြတာပေါ့။ တစ်နှစ်မှာ သုံးဝိုင်းလောက်တော့ သင်ကြပါတယ်။ ကျောင်းကသင်တဲ့ ဆရာတွေအကုန်နီးပါး သင်ပါတယ်။ ကျွန်မ မှတ်မိသလောက်တော့ မေးခွန်းမရပါဘူး။ အရေးကြီးတာတွေကိုတော့ ပိုကျက်ဖြစ်တာပေါ့။ ကျွန်မလည်း ငါးတန်းကနေ ရှစ်တန်းအထိ ကျောင်းကျူရှင်ဝိုင်းကို တက်ပါတယ်။ ကျူရှင်ကပြန်ရင် အိမ်နားက ဆရာမအိမ်မှာ … Continue reading ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု