ပညာရေးစနစ်ပြုပြင်ဖို့ိဆိုရာဝယ်

သုရွင္June 13, 20141min16515

ပွင့်လင်းမြင်သာသော အကြံပြုချက်များ တောင်းခံရယူခြင်း

မူဝါဒရေးရာကျွမ်းကျင်တဲ့သူတွေ အနေနဲ့ စနစ်တစ်ခုကို ပြုပြင်တော့မယ်ဆိုရင် လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲရေး အကြံပေးချက်တွေ သာထည့်သွင်းစဉ်းစားမှာ မလွဲဧကံ ပဲ ဖြစ်ပါတယ်။ ရုတ်တရပ်အချိန်အတိုအတွင်း နိုုင်ငံခြားတိုင်းပြည်တွေရဲ့ သင်ကြားမှု ပုံစံ ကို မြန်မာနိုင်ငံမှာ ပြောင်းလဲပစ်လိုက်ဖို့ဆိုတာ လွန်စွာမှ လက်တွေ့မဆန်တဲ့ အကြံပြု ချက်မျိုးပဲဖြစ်ပါလိမ့်မယ်။ ပညာရေးစနစ်ပြောင်းလဲဖို့ အကြံပြုချက်များကို တောင်းခံ ရာ မှာ လည်း လက်ရှိတာဝန်ထမ်းဆောင်နေကြသော ဆရာ၊ဆရာမ များသာမက အမြော်အမြင်ရှိသော မည်သည့်ပညာရှင်မဆို အကြံပြုချက်များတင်ပြနိုင်ရန်လည်း လမ်းဖွင့် ထားရန်လိုအပ်ပါသည်။ နှစ်ပေါင်း များစွာ အခြေခိုင်၊ အုတ်မြစ်စွဲနေသောမြန်မာနိုင်ငံ၏ ပညာရေး စနစ်ကို ပြုပြင်နိုင်ရန်မှာလွယ်ကူသောကိစ္စတစ်ခုတော့မဟုတ်ပါချေ။

စိန်ခေါ်မှုများ

ပညာရေးစနစ်တစ်ခုကို ပြုပြင်ရာတွင် စိန်ခေါ်မှုများစွာကြုံတွေနိုင်ပါသည်။ ၎င်းတို့မှာ

•lack of executive support
တာဝန်အရှိဆုံးလူများ၏ ကူညီထောက်ပံ့မှု မရရှိခြင်း

တာဝန်ရှိသည့် အကြီးအကဲ၊ သို့မဟုတ် နိုင်ငံခေါင်းဆောင်များကိုယ်တိုင် ပညာရေးစနစ် ပြောင်းလဲဖို့သည် ဦးစားပေးသင့်ဆုံးကိစ္စဖြစ်သည်ဟု မထင်မြင်၍လည်းဖြစ်နိုင်ပါသည်။ အခြားအရေးကြီးသော ကျန်းမာရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ စီးပွားရေးဏ္ဍ များဖက်တွင် ပိုမို အာရုံစိုက်နေကြ၍ ပညာရေး ကဏ္ဍကို ထိရောက်စွာ ဖိအားပေးဆောင်ရွက်ရန် ပျက်ကွက်နေတတ်ပါသည်။ မရှိမဖြစ် ( immediate action ) ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေဖြစ်ကြောင်းသိရှိရန်လည်း လိုအပ်ပါသည်။

•insufficient funding
ငွေကြေးမလုံလောက်ခြင်း
ပညာရေးဝန်ကြီးဌာနက ဘက်ဂျက်ပိုတင်သည့် ကိစ္စကို လွတ်တော် ဥက္ကဌ ကရှက်ဖွယ်ဖြစ်ကြောင်း လွတ်တော်တွင် တရားဝင် ပြောကြားလိုက်ပြီးနောက် ပညာရေးဝန်ကြီးဌာန သည် မည်ကဲ့သို့ပညာရေး ကို တိုးတက် အောင်ပြုပြင်ပြောင်းလဲ မှု လုပ်ရမည်ကို စဉ်းစား ရနိုင်တော့မည်မထင်ပါ။ ငွေကြေး ထောက်ခံမှု မရှိသော မည်သည့်ပြုပြင်ပြောင်းလဲမှု သည် အရာထင် သက်ဝင်လိမ့်မည်နည်း။ ပညာရေးဝန်ကြီးဌာန အနေ နှင့် ကလည်း ရရှိလာမည့် ဘက်ဂျက်အတွက် ထိရောက်အောင် အသုံးချနိုင်ဖို့လည်း လိုအပ်ပါသည်။ အကျင့်ပျက် ချစား နေသ၍ တော့ နိုင်ငံတော်က မည်မျှ ငွေပမဏ ချပေးသည်ဖြစ်စေ ပီပီပြင်ပြင်အကောင်အထည် ဖော်လာ န်ုိင်လိမ့်မည် မဟုတ်ပါချေ။
•poor communication
တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်သွယ်ရေးအားနည်းခြင်း
ပညာရေးအဖွဲ့အစည်းတစ်ခုနှင့်တစ်ခုသော်လည်းကောင်း၊ အခြားပြည်ပ တိုင်းပြည်တစ်ခုခု နှင့်သော်လည်းကောင်း အပြန်အလှန်ဆက်သွယ်မှုအားနည်းနေခြင်းသည် ပညာရေးစံနစ်ပြုပြင်ပြောင်း လဲ နိုင်ရန် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြေခံပညာနှင့်အဆင့်မြင့်ပညာနှစ်ရပ်ရှိရာ။ အဆင့်မြင့်ပညာ ကဏ္ဍတွင် ပိုမို၍ ဆက်သွယ်ရေးအားနည်းသည်ဟုမြင်ပါသည်။ တက္ကသိုလ်တစ်ခုနှင့်တစ်ခု ပူးပေါင်း ဆောင်ရွက်မှုမှာ မကြားဖူးလောက်အောင်ပင် ရှားပါးလှပါသည်။ မကြာသေးခင်က တက္ကသိုလ်များကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ပေးရန် ပြင်ဆင်နေကြောင်းကြားသိလိုက်ရပါသည်။ သို့သော် ဝိဇ္ဖာသိပ္ပံတက္ကသိုလ်များ ၊ နည်းပညာတက္ကသိုလ်များ၊ ဆေးတက္ကသိုလ်များ ၊ ရေကြောင်း ၊လေကြောင်း တက္ကသိုလ်များသည် ဝန်ကြီးဌာန တစ်ခုတည်းအောက်တွင် တည်ရှိနေသည်မဟုတ်ကြပေ။ ထိုသို့ တက္ကသိုလ်များ ညွှန်ကြားအုပ်ချုပ်မှုအဖွဲ့ ဖွဲ့စည်းရန် တွင် ဟိုတက္ကသိုလ်က ဒီတက္ကသိုလ်နှင့် မပူးပေါင်းလိုကြောင်း၊ ဆေးကလည်း သည်းခြားရပ်တည်မည် ဖြစ်ကြောင်း သူတစ်လူငါတစ်မင်းလုပ်နေကြသည်ကို လည်းကြားသိရပါသည်။ လွန်စွာမှ စိတ်မကောင်းဖွယ်ပင်ဖြစ်တော့သည်။
•inadequate planning
ပြည့်စုံလုံလောက်သော အားထားဖွယ် အစီအစဉ်မရှိခြင်း
NLD လွတ်တော်အမတ်၊ တရားဥပဒေစိုးမိုးရေးကောင်စီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ပညာရေး စနစ်ကိုပြောင်းလဲရမည်ဟု လွတ်တော်တွင် အဆိုတင်သည်ကို တွေ့ရှိရပါသည်။ သို့သော် မည်ကဲ့ သို့ ပြုပြင်ပြောင်းလဲရမည်ကို မည်သည့်လွှတ်တော်ကိုယ်စားလှယ်ကမှ ခိုင်မာအားထားရသော အစီအစဉ်တစ်ခု ရေးဆွဲတင်ပြနိုင်ခြင်းမရှိကြသေးပါ။ရှိလည်လည်း ပြည်သူကို ချပြနို်င်ခြင်းမရှိသေးပါ။
•lack of technical expertise
ကျွမ်းကျင်သောပုဂ္ဂိုလ်မရှိခြင်း (ရှားပါးခြင်း)
လက်ရှိပညာရေးစနစ်ကို ပြုပြင်နိုင်ရန်မှာ တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့်လုပ်ရန်မဖြစ်နိုင်ပါချေ။ အဖွဲ့အစည်း တစ်ခုတည်းက ပဲ ဆောင်ရွက်လျှင်လည်းမဖြစ်န်ုိင်ပါချေ။ လက်တွေ့တာဝန်ထမ်းဆောင်နေ ကြသော ဆရာ၊ ဆရာမများ၏ အရည်အသွေးကိုလည်း ပထမဦးဆုံးအနေဖြင့်မြှင့်တင်ပေးဖို့ လည်း လို အပ် ပါသေးသည်။ ထိုစီမံကိန်းသည် ဆယ်စုနှစ် တစ်ခု အနည်းဆုံးကုန်ဆုံးမည်ဖြစ်ရကား စနိုင်သမျှ မြန်မြန် စရန်လည်းလိုအပ်ပါသေးသည်။
•user resistance to change
လက်တွေ့တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်းများ၏ ပြောင်းလဲမှုအပေါ် စိတ်သဘောထား(ဆန့်ကျင်စိတ်ထား)
မိမိလုပ်နေသောအလုပ်ကို ဒီအလုပ်က မှားနေတယ်။ ပြုပြင်ပြောင်းလဲပြီးလုပ်ပါ ဆိုလျှင် အနည်းနှင့်အများ မည်သူမဆို အနည်းငယ်တော့ ကသိကအောက်ဖြစ်သွားပေလိမ့်မည်။ ‘ ဘယ်လောက်ဆိုးနေလို့လဲ’ ။ “ ငါတို့ ကို ဝေဖန်ရအောင် သူတို့ကတော့ ဘယ်လောက်လုပ်နိုင်လို့လဲ” “ ငါတို့မွေးထုတ်ခဲ့လို့ အခု တိုင်းပြည်ခေါင်းဆောင် တွေ၊ နိုင်ငံခေါင်းဆောင်တွေ ၊ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေကြတာမဟုတ်လား” စသည်ဖြင့် ထောက်ပြစရာများစွာရှိပါသည်။ ပညာရေးစနစ်မှားယွင်းနေသည် ဆိုသည်ထက် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အကျင့်စာရိတ္တပေါ်သာမူတည်ဟုလည်း ဆင်ခြေပေး၍ရနိုင်ပါသည်။ ကျူရှင်စနစ်၊ ငွေကြေးနှင့် ပစ္စည်းကန်တော့မှု စနစ် မျက်နှာကြီးရာဟင်းဖက်ပါသည့် စနစ်တို့သည် စနစ်မှားနေသည်ဆိုသည်ထက် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အကျင့်စာရိတ္တပေါ်တွင်မူတည်သည်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။ သို့ဆိုလျှင် ပညာရေးစနစ်မှားနေသည်ဟု ပြောသောသူများမှလည်း မည်သည့်နေရာကမှားနေသည် မည်သို့လုပ်ဆောင်သင့် သည်ကို တိကျပြတ်သားစွာထောက်ပြပြောဆိုနိုင်မှ ရလိမ့်မည်ဟုမြင်ပါသည်။ အလွတ်ကျက် ဖြေစနစ်မှသည် မိမိတို့ကိုယ်တိုင်သဘောပေါက်အောင်သင်ကြားပေးသော စနစ်ကို လိုချင်သည် ဟု ဆိုကြပါသည်။ မြန်မာနိုင်ငံမှ ကလေးသူငယ်များသည် ကျောင်းစာတွင်သာ နားလည်သဘောပေါက်ဖို့ ခက်ခဲ နေသည်သာဖြစ်ပါသည်။ ကျောင်းစာမှလွဲ၍ ကျန်သော အတုမြင်အတတ်တင်သည့်နေရာမှာတော့ အခြားနိုင်ငံခြား တိုင်းပြည်များနှင့် သူမသာကို်ယ်မသာပင်ဖြစ်ပါသည်။ နောက်တစ်ချက်စဉ်းစားရန်အချက်မှာ ငွေကုန်ကြေးကျ ဖြစ်သည်။ အမေရိကန်နိုင်ငံ သည်ပင်လျှင် သူ့နိုင်ငံ၏ ပညာရေးအသုံးစားရိတ်အပေါ် ပြန်သုံးသပ် နေကြောင်း VOA သတင်းတစ်ရပ်တွင် ( Asian Countries Top International School Test ) အစီရင်ခံစာတွင်ဖော်ပြထားသည်။ ထိုအစီရင်ခံစာအရ
The US spends about $115,000 to educate each child. That is more than most countries. The Slovak Republic spends less than half that amount, but it and the US had similar test scores.
အမေရိကန်နိုင်ငံသည် သူ၏ ကလေးတစ်ဦးချင်းစီ၏ပညာရေး စားရိတ်ကို တစ်နှစ် အမေရိကန်ဒေါ်လာ တစ်သိန်းတစ်သောင်းခွဲ ခန့်ကုန်ကျခံလျှက်ရှိကြောင်း အမေရိကန် ပညာရေးဝန်ကြီး (Education Secretary Arne Duncan ) က ပြောဆိုသွားသည်။ ထိုပမာဏ သည် ဆလိုဗက်ရီပတ်ဗလစ်နိုင်ငံ ၏ ကျောင်းစားရိတ်ထက် ထက်ဝက်ကျော်များနေသည်ဟုဆိုသည်။ သို့သော် ပညာအရည်ချင်းစစ်ပွဲတွင်မူ အမေရိကန်နှင့် စလိုဗက် တို့သည် အမှတ်တူရ နေကြသည်ဟုလည်းဆိုပြန်သည်။ ထို့ကြောင့် အမေရိကန် သည်ပင်လျှင် သူ့ပညာရေးစနစ်ကို သူပြန်သုံးသပ်နေရလေသည်။ သို့အတွက် ကျွန်တော်တို့ စံထားစရာ ပညာရေးစနစ်တစ်ခုကို အတည်ပြုနိုင်ရန်ပင် ခက်ခဲပါတော့သည်။

အခြားသော စစ်တမ်းများအရကမ ္ဘာပေါ်တွင်ပညာရေးစနစ်အကောင်းဆုံးမှာ ဖင်လန် (Finland ) နိုင်ငံ ဟု ဆိုသော်ငြားလည်း ၊ ပညာရေးစနစ်အကောင်းဆုံးဟု သတ်မှတ်ထားသောနိုင်ငံ ၂ဝ စာရင်းကို အဆင့်အတန်းသတ်မှတ်ရေး website တစ်ခုဖြစ်သော http://www.rankopedia.com/Countries-With-The-Best-Education-System-In-The-World/Step1/18996/.htm တွင်အောက်ပါအတိုင်းအစီအစဉ် လိုက်သတ်မှတ်ထားပါသည်။
1) Japan
2) Canada
3) United Kingdom
4) Finland
5) Germany
6) France
7) USA
8) South Korea
9) Australia
10) Philippines
11) China
12) New Zealand
13) Singapore
14) India
15) Denmark
16) Sweden
17) Russia
18) Italy
19) Switzerland
20) The Netherlands

သုရှင်(၇-၅-၂၀၁၄)

 

15 comments

  • kai

    June 13, 2014 at 4:07 pm

    အမေရိကားက.. နံပါတ်ရ ပေါ့..
    ဒါပေမယ့် သိပ္ပံနည်းပညာနဲ့.. ကျမ်းမာရေးကဏ္ဍမှာရော..အာကာသနဲ့စစ်ရေးမှာရော..
    ကမ္ဘာ့ဦးဆောင်နိုင်ငံတခုမို့..သူ့ပညာရေးကစွန့်ဦးထီထွင်သူတွေ.. တပြွတ်ပြွတ်မွေးထုတ်ပေးနေနိုင်တာကတော့ သေချာတယ်..။

    အဲဒါလေး..။

  • ကျောင်းဖွင့်ရာသီစလို့ စာပြန်သင်ဖြစ်တော့ ပညာရေးနဲ့ပတ်သက်ပြီး ပြောစရာတွေ အပြည့်ဖြစ်လာတယ်..
    ပြုပြင်ပြောင်းလဲဖို့ လုပ်နေတယ် ဆိုသော်ငြား (ကိုယ်ပဲ သတင်းမကြည့်လို့လား မသိဘူး) ဘာ plan မှ တိတိကျကျ တက်လာတာမျိုး မမြင်မိဘူး….

    လုံမအမြင်ကတော့ စစ်တမ်းကောက်သင့်တယ်… survey ဆင်းသင့်တယ်.. ပညာရေးမှာ အဓိကနေရာက ပါဝင်နေရတဲ့ ကျောင်းသား၊ မိဘ၊ ဆရာ တွေဆီက အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ အမြင်တွေကို ရနိုင်သမျှ များများစုပြီး အဲဒါတွေပေါ် အခြေခံပြင်ရမှာ.. ပညာရှင်တစ်စုတစ်ဖွဲ့တည်း စည်းဝေးပြီး ပြင်လို့ကတော့ သိပ်ထူးခြားမယ် မထင်ဘူး..

    အာ့ကြောင့် စဉ်းစားနေတာ.. survey လေး တစ်ခု လုပ်မလားလို့… ပါမလားဟင်င်. :mrgreen:

  • alinsett (gazette)

    June 13, 2014 at 5:47 pm

    အညံ့ဆုံးးစာရင်းမှာတော့ နံပါတ်တစ် သို့မဟုတ်
    အညံ့စာရင်းရဲ့ Top Ten ဖြစ်မှာပါ
    အိုဘယ့် မြန်မာ့ပညာရေး

  • Ma Ma

    June 13, 2014 at 8:45 pm

    ဇာဂနာကတော့ ပီမှအာ ကြပါတဲ့။
    https://www.facebook.com/maung.thura.5

    ကိုယ့်အတွေးကတော့ ခက်ခက်ခဲခဲ တီထွင်ကြံဆနေကြမယ့်အစား…..
    ကိုယ့်ထက်ရှေ့ရောက်ပြီး အဆင်ပြေအောင်မြင်နေတဲ့ နည်းလမ်းတွေရှိနေတာ။
    ဆရာတင် (သို့) ပုံတူကူးချ။
    လွယ်လွယ်နဲ့ ရနိုင်တာပဲ။
    လုပ်ချင်စိတ်နဲ့ စေတနာတော့ရှိဖို့ လိုတာပေ့ါ။

    • ဝင့်ပြုံးမြင့်

      June 15, 2014 at 12:31 am

      အန်တီမမပြောတာကို ထောက်ခံပါတယ်။ အခု အင်္ဂလိပ်ကျောင်းတွေမှာ သင်တဲ့သင်ရိုးက USA သင်ရိုးလို့ပြောကြတယ်။ ဟုတ်မဟုတ်တော့ မသိ။ အဲဒါကို ယူပိုင်ခွင့်ရှိသလား မသိဘူး။ ယူပိုင်ခွင့်ရှိရင် ယူသင်ရုံပဲပေါ့။ ဝင်းဒိုးတောင် ဒီတိုင်းယူသုံးနေပြီးတော့။

  • naywoon ni

    June 14, 2014 at 12:06 am

    ကျူရှင်​စနစ်​ ​ဘော်​ဒါစနစ်​ ကန်​့​တော့တဲ့ စနစ်​​ပျောက်​ကွယ်​ပြီး အတန်​းထဲမှာ သင်​ခန်​းစားကို နားလည်​​ကျေညက်​​အောင်​ သင်​​ပေးနိုင်​တဲ့ အဆင်​့​ရောက်​ရင်​​တော်​ပါပြီ ။ တစ်​ခု​တော့ရှိတယ်​ ​အောင်​ချက်​မ​ကောင်​းရင်​ အ​ရေးမယူ​ကြေး : P

  • awra-cho

    June 14, 2014 at 2:49 pm

    ”ငွေကြေးမလုံလောက်ခြင်း
    ပညာရေးဝန်ကြီးဌာနက ဘက်ဂျက်ပိုတင်သည့် ကိစ္စကို လွတ်တော် ဥက္ကဌ ကရှက်ဖွယ်ဖြစ်ကြောင်း လွတ်တော်တွင် တရားဝင် ပြောကြားလိုက်ပြီးနောက် ပညာရေးဝန်ကြီးဌာန သည် မည်ကဲ့သို့ပညာရေး ကို တိုးတက် အောင်ပြုပြင်ပြောင်းလဲ မှု လုပ်ရမည်ကို စဉ်းစား ရနိုင်တော့မည်မထင်ပါ။”
    မဟုတ်ပါဘူးဗျ ဥကဌ က ဆီးဂိမ်း အတွက် ဆရာမ ‌တွေ ပို ့‌ဆောင် စရိတ် ‌တောင်းလို ့ ပြောတာပါ
    ပညာ‌ရေးစရိတ်ကတိုး‌တော့‌ပေးပါတယ်

  • Foreign Resident

    June 15, 2014 at 9:18 am

    ( အင်းးးး ၊ ကိုယ်သိပ် မကျွမ်းကျင်တဲ့ ကိစ္စမှာ ဝင်ရွှီးလိုက်ဦးမှ ၊ ဟီ ဟိ )

    ဝင့်ပြုံးမြင့် says:
    ” အခု အင်္ဂလိပ်ကျောင်းတွေမှာ သင်တဲ့သင်ရိုးက USA သင်ရိုးလို့ပြောကြတယ် ”

    မပြုံး ရေ ။

    အခု ရန်ကုန်မှာ နာမည် အရှိဆုံး နှင့် ဈေးအကြီးဆုံး ကျောင်း ၂ ခု ရှိပါတယ် ။
    Diplomatic School နှင့် International School ( Yangon ) ပါ ။
    အဲဒီ ၂ ကျောင်း မှာ ၊ တစ်ကျောင်းက အင်္ဂလိပ် သင်ရိုး ပါ ။
    နောက် တစ်ကျောင်းက U S သင်ရိုး ပါ ။
    မိဘတွေက ကိုယ့်သားသမီးကို ၊ ဘယ်နိုင်ငံ တက္ကသိုလ်ကို ပို့မလဲပေါ်မူတည်ပြီး ၊
    အင်္ဂလိပ် သင်ရိုး ကျောင်း ၊ U S သင်ရိုး ကျောင်း ၊ ရွေးထားကြတာပါ ။

    အကြမ်းဖျင်း ပြောရရင် ( အကြမ်းဖျင်း နော် ) ၊
    U S သင်ရိုး ကျောင်းကပြီးရင် ၊ U S တက္ကသိုလ် တစ်ခုတည်း အတွက်သာ အဆင်ပြေပြီး ၊
    အင်္ဂလိပ် သင်ရိုး ကျောင်းကပြီးရင်တော့ အင်္ဂလန် ၊ ဩစတေလျှ ၊ ကနေဒါ ၊
    နယူးဇီလန် ၊ မလေးရှား ၊ စင်္ကာပူ ၊ အိန္ဒိယ နှင့် အင်္ဂလိပ် ဓနသဟာယ အဖွဲ့ဝင် ၊
    ၅၃ နိုင်ငံ ( Commonwealth Countries ) အားလုံးက လက်ခံပါတယ် ။

    အဲဒီတော့ကာ ၊ နောက်ပိုင်းမှာ အင်္ဂလိပ် သင်ရိုး ကိုဘဲ ပိုပြီး လူကြိုက်များလာပါတယ် ။

    အင်္ဂလိပ် သင်ရိုး ပိုပြီး လူကြိုက် မကြိုက် သိသာတဲ့ အချက်ကတော့ ၊
    အင်္ဂလိပ် သင်ရိုး ရဲ့ အင်္ဂလိပ်စာ စာမေးပွဲ IELTS နှင့် ၊
    အမေရိကန် သင်ရိုး ရဲ့ အင်္ဂလိပ်စာ စာမေးပွဲ TOEFL ၊
    ဘယ်ဟာကို လူဖြေများသလဲ လူသိများသလဲ ကြည့်ယုံနှင့် အဖြေက ရှင်းနေပါတယ် ။

    အဲဒီတော့ကာ ၊ မြန်မာ ပညာရေး စံနစ် ကို ၊
    နိုင်ငံခြားက သင်ရိုး တစ်ခုကို ကူးချတော့မယ် ဆိုရင် ၊
    ကျနော် ကတော့ အင်္ဂလိပ် သင်ရိုး ကို သုံးစေချင်တာပါဘဲ ။

    ဖြစ်နိုင်ရင် မြန်မာ နိုင်ငံ ကို ၊ အင်္ဂလိပ် ဓနသဟာယ အဖွဲ့ ( Commonwealth ) ထဲ ၊
    ပြန်ဝင်စေချင်တာပါဘဲ ။

    အဲဒီ အင်္ဂလိပ် ဓနသဟာယ အဖွဲ့ ( Commonwealth ) ထဲ ပြန်ဝင်ရင် ၊
    သူတို့ရဲ့ Standard ပညာရေး စည်းကမ်း တွေ ကို လိုက်နာရသဗျ ။
    ( အဲဒီ အခါကျရင် အင်္ဂလန် အစရှိတဲ့ နိုင်ငံတွေ ဆီကနေ အကူအညီတွေလဲ ရသဗျ )

    အဲဒီ အခါကျရင် ၊ မြန်မာ နိုင်ငံ က ပြီးတဲ့ ၊ အတန်းကျောင်း တွေ ၊ တက္ကသိုလ် ဘွဲ့တွေကို ၊
    အဲဒီ ဓနသဟာယ အဖွဲ့ ( Commonwealth ) ဝင် နိုင်ငံတွေက ၊ အသိအမှတ် ပြုလိမ့် မဗျ ။

  • သုရှင်

    June 15, 2014 at 10:09 am

    Mr. Foreign Resident ပြောတာကတော့ အဆင်ပြေသဗျ။
    သို့ပေမယ့် အခမဲ့ပညာရေးစနစ် အနေနဲ့ ကတော့ ဘယ်နိုင်ငံရဲ့ Standard ကိုမှ မျှော်မှန်းလို့ မရနိုင်ဘူးခင်ဗျ။

  • မီ မီ

    June 15, 2014 at 1:01 pm

    မူ/ပြ တစ်ဦးကို လစာ ၃၀၀၀၀ဝ ပေးရင်
    ပညာရေး သင်ကြားရေး တိုးတက်လာမှာပါရှင် ။
    ရှင်တို့လို လူတော်တွေ ပညာရေးလောကထဲရောက်လာကြမှာပေါ့

  • Foreign Resident

    June 15, 2014 at 2:24 pm

    သုရှင် says:
    ” အခမဲ့ပညာရေးစနစ် အနေနဲ့ ကတော့
    ဘယ်နိုင်ငံရဲ့ Standard ကိုမှ မျှော်မှန်းလို့ မရနိုင်ဘူးခင်ဗျ ”

    ကို သုရှင် ရဲ့ ။

    ပြောရရင် ၊ အဘ တို့ ဩစတေလျှ နိုင်ငံမှာ ၊
    Public School အစိုးရကျောင်း တွေ အားလုံးက အခမဲ့ ပညာရေး ပါခမျ ။
    ( ဆင်းရဲတဲ့သူတွေကို ဆိုရင် ယူနီဖေါင်း ဖိနပ် လွယ်အိတ် က အစ ထောက်ပါတယ် )

    အဓိက ကတော့ ၊ မြန်မာပြည် ရဲ့ အခမဲ့ ပညာရေး အဆင့် မြင့်မမြင့်ဟာ ၊
    ပညာရေး ကဏ္ဍ ကို ၊ အစိုးရက ဘယ်လောက် အလေးထားတယ် ပေါ်မှာ မူတည်ပါတယ် ။

    ဟိုး အရင်တုန်းက အဘ Post တစ်ခုက Data ကိုဘဲ လွယ်လွယ် ယူသုံး ပါရစေ ။
    ” Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၂ ) ( ဇလုပ်မတိုက်ပစ်ပါနှင့် ) ”
    —http://myanmargazette.net/76295—

    2011 ခုနှစ် အတွက် မြန်မာ ဘတ်ဂျက် သုံးစွဲမှု မှာ
    မြန်မာ လူဦးရေ 50 သန်း အတွက်
    ဘတ်ဂျက် သုံးစွဲမှု စုစုပေါင်း ကျပ် 7983000 သန်း ။

    ကျန်းမာရေး က 1.30 % = ကျပ် 103779 သန်း
    ပညာရေး က 4.13 % = ကျပ် 329698 သန်း
    ကာကွယ်ရေး က 23.60 % = ကျပ် 1883988 သန်း

    ပြောရမယ် ဆိုရင် ၊ အဲဒီ 2011 ခုနှစ် အတွက် ၊ Australia ဘတ်ဂျက် သုံးစွဲမှု မှာ ၊
    ဘတ်ဂျက် ရဲ့ 8 % ကိုဘဲ ကာကွယ်ရေး အတွက် သုံးခဲ့ပါတယ် ။
    ( မြန်မာပြည် က 23.60 % နော် ၊ ယှဉ်ကြည့်ပါ )

    —http://en.wikipedia.org/wiki/2011_Australian_federal_budget—

    အဲဒီတော့ကာ ၊ ကာကွယ်ရေး ဘတ်ဂျက် ထဲက သုံးပုံ တစ်ပုံ လောက်ကို လျော့ပြီး ၊
    ပညာရေး ဘတ်ဂျက် ထဲကိုသာ ပြောင်းပေးနိုင်လို့ ရှိရင် ၊
    အဘ တို့ မြန်မာပြည် ရဲ့ ပညာရေး ထောင်တက်သွားမှာ ၊
    နိုင်ငံတကာ ကို ယှဉ်ဘောင်တန်းယုံတင်မကဘူး ၊
    လက်မတောင် ထောင်နိုင်ဦးမှာ ၊ သေချာပေါက်ပေါ့ကွယ် ။

    မလုပ်လို့ မဖြစ်တာပါကွယ် ၊ တကယ် လုပ်ရင် အဟုတ် ဖြစ်နိုင်ပါတယ် ။

  • အရီးခင်

    June 15, 2014 at 4:38 pm

    ကိုသုရှင်
    တကယ်ဘဲ ပညာရေး ကို ဝေဖန်ရရင် အစိုးရပံ့ပိုးမှု လဲ လိုပါတယ်။
    ဒါကတော့ တကဲ့ အခြေခံပေါ့။
    ဒါပေသည့် အဲဒီနောက်မှာ ကျွန်မတို့ ငယ်ငယ်ကကျောင်းတွေမှာ သုံးလေ့ရှိတဲ့ “မိဘ၊ ဆရာ၊ကျောင်းသား” သုံးပွင့်ဆိုင် မပေါင်းနိုင်ရင်လဲ ကလေးတွေ ပညာရေး နိမ့်ပါတယ်။
    ယူကေ မှာလဲ GCSE ပြီးသည်အထိ အလကားပါ။
    ဒါပေမဲ့ GCSE Result ထွက်တိုင်း ထိပ်ဆုံးမှာ အမြဲရှိနေတာ က အစိုးရကျောင်းမဟုတ်တဲ့ Private ကျောင်း တွေက ကျောင်းသားတွေပါ။
    ပြီးတော့ သူဌေးရပ်ကွက်လို့ ခေါ်နိုင်တဲ့ အိမ်ဈေးကြီးကြီး ရပ်ကွက်မှာရှိတဲ့ ကျောင်း က ကျောင်းသားတွေ။
    အောက်ဆုံးမှာတော့ ရပ်ကွက်စုတ်စုတ် မှာရှိတဲ့ ကျောင်းက ကျောင်းသားတွေ။
    ဒီတော့ တော်ရုံ ကိုယ့်ကလေး ပညာရေး ကို ဦးစားပေးတတ်ရင် Private ကျောင်းမထားနိုင်ရင် နာမည်ကြီးကျောင်း ရှိတဲ့ နေရာတွေ ကို ပြောင်းကြပါတယ်။
    ဒီလို အတွေးရှိတဲ့ မိဘ တွေ က ကလေးတွေ ပညာရေး ကို ပံ့ပိုးနေတာသေချာမှတော့ ဒီကလေး ရဲ့ ပညာရေးက အနည်းနဲ့အများ ကောင်းကိုကောင်းပါတယ်။
    အဲဒီလို မိဘတွေ ရဲ့ ကလေး တွေ ကို သင်ရတဲ့ ဆရာတွေ ဟာလဲ တော်ရုံ ပေါ့ပေါ့ဆဆ မလုပ်ရဲတော့ဘူး။
    အားလုံး က အချိတ်အဆက် နဲ့ ထိန်းထားတာပါ။
    မြန်မာပြည်မှာတော့ ကလေး ကို ကျူရှင်စရာတွေဆီ ထိုးအပ်ပြီး မိဘချင်း က ကားပြိုင်၊ အိမ်ပြိုင်၊ ခရီးသွားပြိုင်၊ အဝတ်အစားပြိုင် နေတာတွေ များနေသလားလို့။
    အစိုးရ က ပညာရေး ကို ပံ့ပိုးတာ က အဓိက လိုတာ မငြင်းပါဘူး။
    သို့ပေသည့် ကလေးပညာရေးဆိုတာ မိဘ မှ အားကြိုးမာန်တက်မပါရင် တော်ရုံ တကဲ့ အောင်မြင်မှု မရနိုင်ပါဘူး။

  • ဝင့်ပြုံးမြင့်

    June 17, 2014 at 12:15 am

    The US spends about $115,000 to educate each child. အဲဒါက တစ်နှစ်စာ ဟုတ်ပါ့မလား။ တစ်နှစ်စာ အတွက်ဆို သိပ်များနေမှာပေါ့။
    —-
    ဘဖောကိုလည်း အံ့ဩပါတယ်။ ဘဖောကို ကိုယ်ပိုင်သားသမီးမရှိ၊ အုပ်ထိန်းသူနဲ့နေနေဆဲ လူပျိ ု ကြီးလို့ သိထားတာ။ ကိုယ်ပိုင်သားသမီးမရှိဘဲနဲ့ ပညာရေးအကြောင်းနှံ့စပ်နေတာကို အံ့ဩတာ။ မျှစ်မတို့တောင် ဒီလောက်မသိ။ ပြီးတော့ တွေးပုံခေါ်ပုံကလည်း အရမ်းတိကျတယ်။
    F R says: ( ဖြစ်နိုင်ရင် မြန်မာ နိုင်ငံ ကို ၊ အင်္ဂလိပ် ဓနသဟာယ အဖွဲ့ ( Commonwealth ) ထဲ ၊
    ပြန်ဝင်စေချင်တာပါဘဲ ။
    အဲဒီ အင်္ဂလိပ် ဓနသဟာယ အဖွဲ့ ( Commonwealth ) ထဲ ပြန်ဝင်ရင် ၊
    သူတို့ရဲ့ Standard ပညာရေး စည်းကမ်း တွေ ကို လိုက်နာရသဗျ ။
    ( အဲဒီ အခါကျရင် အင်္ဂလန် အစရှိတဲ့ နိုင်ငံတွေ ဆီကနေ အကူအညီတွေလဲ ရသဗျ )
    အဲဒီ အခါကျရင် ၊ မြန်မာ နိုင်ငံ က ပြီးတဲ့ ၊ အတန်းကျောင်း တွေ ၊ တက္ကသိုလ် ဘွဲ့တွေကို ၊
    အဲဒီ ဓနသဟာယ အဖွဲ့ ( Commonwealth ) ဝင် နိုင်ငံတွေက ၊ အသိအမှတ် ပြုလိမ့် မဗျ ။)

    • Foreign Resident

      June 17, 2014 at 6:21 am

      ဝင့်ပြုံးမြင့် says:
      ” ဘဖော ကိုလည်း အံ့ဩပါတယ်။
      ကိုယ်ပိုင်သားသမီးမရှိဘဲနဲ့ ပညာရေးအကြောင်းနှံ့စပ်နေတာကို အံ့ဩတာ။
      မျှစ်မတို့တောင် ဒီလောက်မသိ။ ပြီးတော့ တွေးပုံခေါ်ပုံကလည်း အရမ်းတိကျတယ် ”

      ဒီလောက်လဲ မဟုတ်ရပါကွယ် ။ နီးစပ်လို့ပါကွယ် ။
      ခရိုနီ နှင့် နီးစပ်တဲ့သူက ခရိုနီ အကြောင်းသိပြီး ၊
      လယ်သမား နှင့် နီးစပ်တဲ့သူက လယ်သမား အကြောင်းသိသလိုပေါ့ ။

      အဘ သူငယ်ချင်းတွေက သူတို့ သားသမီးတွေကို ၊
      Diplomatic School နှင့် International School ( Yangon ) တွေမှာ ၊
      ထားကြတာကိုး ကွယ့် ။ ဒါကြောင့်ပါ ။

  • Foreign Resident

    June 17, 2014 at 6:39 am

    ဝင့်ပြုံးမြင့် says:
    ” The US spends about $115,000 to educate each child.
    အဲဒါက တစ်နှစ်စာ ဟုတ်ပါ့မလား။ တစ်နှစ်စာ အတွက်ဆို သိပ်များနေမှာပေါ့ ”

    မပြုံး ရဲ့ အဲဒီ ဆောင်းပါးက ဒီ Link မှာဗျ ။
    —http://www.theatlantic.com/education/archive/2013/12/american-schools-vs-the-world-expensive-unequal-bad-at-math/281983/—

    အဲဒီ ဆောင်းပါးက အဓိက ပြောချင်ပုံက ၊
    အမေရိကန် ကလေးတွေ Math မှာ ညံ့ကြတာကိုပါ ။
    ဒါပေမယ့် တိုင်းပြည်တွေရဲ့ ဦးစားပေးမှုကမှ မတူကြတာကိုး ။

    အမေရိကန် ကလေးတွေရဲ့ စွန့်ဦးတီထွင်မှု စွမ်းရည်က ထိပ်တန်း လေ ။
    ( ဥပမာ ။ ။ ဘီလ်ဂိတ် ၊ စတိဗ်ဂျောချ် )
    ကမာ္ဘ မှာ MBA ဘွဲ့ရချင်း တူရင် ၊ အမေရိကန် MBA က တစ်ဆင့်မြင့်သဗျ ။

    American Schools vs. the World: Expensive, Unequal, Bad at Math

    What the latest results of an international test tell us about the state of education in the United States

    The U.S. education system is mediocre compared to the rest of the world, according to an international ranking of OECD countries.

    More than half a million 15-year-olds around the world took the Programme for International Student Assessment in 2012. The test, which is administered every three years and focuses largely on math, but includes minor sections in science and reading, is often used as a snapshot of the global state of education. The results, published today, show the U.S. trailing behind educational powerhouses like Korea and Finland.

    Not much has changed since 2000, when the U.S. scored along the OECD average in every subject: This year, the U.S. scores below average in math and ranks 17th among the 34 OECD countries. It scores close to the OECD average in science and reading and ranks 21st in science and 17th in reading.

    America Is Struggling at Math

    The U.S. scored below the PISA math mean and ranks 26th out of the 34 OECD countries. The U.S. math score is not statistically different than the following countries: Norway, Portugal, Italy, Spain, Russian Federation, Slovak Republic, Lithuania, Sweden, and Hungary.

    On average, 13 percent of students scored at the highest or second highest level on the PISA test, making them “top performers.” Fifty-five percent of students in Shanghai-China were considered top performers, while only nine percent of American students were.

    One in four U.S. students did not reach the PISA baseline level 2 of mathematics proficiency. At this level, “students begin to demonstrate the skills that will enable them to participate effectively and productively in life,” according to the PISA report.

    Even the top students in the United States are behind: This year, the PISA report offered regional scores for Massachusetts, Connecticut, and Florida. Massachusetts, which is a high-achieving U.S. state and which averaged above the national PISA score, is still two years of formal schooling behind Shanghai.

    America Spends a Lot of Money Per Student

    The U.S. ranks fifth in spending per student. Only Austria, Luxembourg, Norway, and Switzerland spend more per student. To put this in context: the Slovak Republic, which scores similarly to the U.S., spends $53,000 per student. The U.S. spends $115,000. The PISA report notes that, among OECD countries, “higher expenditure on education is not highly predictive of better mathematics scores in PISA.”

    Socio-Economic Class Plays a Larger Role in the U.S. Than in Other Countries

    Fifteen percent of the American score variation is explained by socio-economic differences between students. Less than 10 percent of score variation in Finland, Hong Kong, Japan, and Norway is due to socio-economic differences.

    The U.S. also has a lower than average number of “resilient students,” which PISA defines as “students who are among the 25 percent most socio-economically disadvantaged students but perform much better than would be predicted by their socio-economic class.” On average, seven percent of students are considered resilient. Thirteen percent of of students in Korea, Hong Kong, Macao-China, Shanghai-China, Singapore, and Vietnam are “resilient.”

    The Countries That Are Doing Well

    Parts of China, Singapore, Japan, Korea, and Liechtenstein topped the rankings for math, reading, and science. Finland, which is often pointed to as an example of an excellent school system, continued to perform well. However, the country dropped 2.8 points in math, 1.7 points in reading, and three points in science in “annualized changes in score points,” which are the “average annual change in PISA score points since the country’s earliest participation in PISA.”

    The biggest annualized score improvements came from Brazil, Tunisia, Mexico, Turkey, and Portugal. Italy, Poland, and Germany also showed gains since 2003.

    How seriously should we take these dismal findings? Educators around the world have called for tempered reactions to the PISA scores and questioned the usefulness of the tests. Nevertheless, this year’s report—and the United States’ poor math results—may be worth paying attention to for at least one reason. A 2011 study found that PISA scores are an economic indicator: rising scores are a good sign that a country’s economy will grow as well.

Leave a Reply