ကျွန်တော်တို့ ရွာထဲမှာ (May 2014)

  မန္တလေး ဂေဇက် ရွာကြီးကို မြို့အဆင့် သို့ မြှင့်တင်ခဲ့ပြီဆိုသော်လည်း ကျွန်တော်တို့ကတော့ ကျေးလက်ရနံ့လေးကိုသာ ပိုမိုမက်မောတွယ်တာနေဖြစ်ကြပါသည်။ ရွာဆိုသော အသုံးအနှုန်းကိုပဲ မြတ်မြတ်နိုးနိုး ဆက်လက်သုံးစွဲချင်ပါသည်။ ရွာထဲတွင် ရေးတင်လာကြသော ပို့စ်များထဲမှ ကောင်းနိုးရာရာပို့စ်လေးများကို ကျွန်တော်တို့က ရွေးထုတ်ကြပြီး အလွတ် သဘော ဝေဖန် ဆွေးနွေးမိကြပါသည်။ ပို့စ်က အရမ်းကြီး မကောင်းပေမယ့် ဝိုင်းပေးကြသော comment များက မိုးပျံနေတတ်တာကိုလည်း ဆွေးနွေးမိကြပါသည်။ ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးကြတာလေးတွေကို ရွာထဲတင်ပြကြ လျှင်ဖြင့် ကောင်းမည်ဟု စဉ်းစားမိ်ကြပါသည်။ သို့ဖြင့် ရွာသူ ရွာသား စုစုပေါင်း ငါးဦး၏ စာပေစကားဝိုင်းလေး ဖြစ်လာရပါသည်။ ပို့စ် ၏ နာမည်ကို ကျွန်တော်တို့ ရွာထဲမှာ ဟုပေးပြီး ကလောင်နာမည်ကို စာကြမ်းပိုး ဟုပေးဖြစ်ကြပါသည်။ … Continue reading ကျွန်တော်တို့ ရွာထဲမှာ (May 2014)